Lumbini Tea Room

Lumbini Tea Room Premium Tea Room with Delicious Local Breakfast and Fusion Foods

ဒီနှစ် မွေးနေ့ပွဲလေးကို မိသားစု၊ ချစ်သူနဲ့ သူငယ်ချင်းတွေအလယ်မှာ သီးသန့် အေးအေးဆေးဆေးနဲ့ Aesthetic ဆန်ဆန် ကျင်းပချင်နေပြီ...
24/08/2026

ဒီနှစ် မွေးနေ့ပွဲလေးကို မိသားစု၊ ချစ်သူနဲ့ သူငယ်ချင်းတွေအလယ်မှာ သီးသန့် အေးအေးဆေးဆေးနဲ့ Aesthetic ဆန်ဆန် ကျင်းပချင်နေပြီလား? ✨

Lumbini ရဲ့ Private Event Space မှာ မွေးနေ့ပွဲ ကျင်းပမယ့် မွေးနေ့ရှင်တွေအတွက် မေ့မရနိုင်တဲ့ အထူး လက်ဆောင်လေး ပြင်ဆင်ပေးထားပါတယ်နော်…

🎂 Birthday Celebration Special Offer အနေနဲ့ Lumbini ရဲ့ Private Event ရယူပြီး မွေးနေ့ပွဲ ကျင်းပသူများအတွက် Birthday Cake (၁) လုံး အခမဲ့ လက်ဆောင် ပေးသွားမှာပါ! 🎁✨

သီးသန့် Private Room ရဲ့ Cozy & Elegant Vibe အပြင်အဆင်၊ Main Courses တွေ၊ Signature Drinks တွေနဲ့အတူ မွေးနေ့ရှင်အတွက် အထူး ဖန်တီးပေးထားတဲ့ Cake လေးနဲ့ ဖယောင်းတိုင် မှုတ်ပြီး မေ့မရတဲ့ မွေးနေ့အမှတ်တရတွေကို ဖန်တီးလိုက်ပါ…

အခန်းလေးကြိုတင်ပြင်ဆင်ပြီး မွေးနေ့ Cake လက်ဆောင် စီစဉ်ပေးနိုင်ဖို့အတွက် Lumbini Page Messenger ဒါမှမဟုတ် ဖုန်းနံပါတ်ကနေ အနည်းဆုံး (၂) ရက်ကြိုတင် ဘွတ်ကင်လုပ်ပေးဖို့တော့ မေတ္တာရပ်ခံပါရစေနော်… 📲✨

📍 Location

Lumbini Tea Room, The Secretariat Yangon

Ph - 09 880180082
🗺 Google Map Link - [https://maps.app.goo.gl/QW9PuJGzKRoAst268?g_st=ic](https://maps.app.goo.gl/QW9PuJGzKRoAst268?g_st=ic "smartCard-inline")

Lumbini Tea Room, Wayzayantar

Ph - 09 880180084
🗺 Google Map Link - [https://maps.app.goo.gl/ZKsFEZVPi6uTEhCy7?g_st=ic](https://maps.app.goo.gl/ZKsFEZVPi6uTEhCy7?g_st=ic "smartCard-inline")

ဟင်းပွဲတိုင်းမှာ အပြည့်အဝ ပါဝင်နေတဲ့ Chef ရဲ့ စေတနာ၊ ဂရုတစိုက် စိတ်ကြိုက် ရွေးချယ်ထားတဲ့ လတ်ဆတ်တဲ့ Ingredients တွေနဲ့ သန...
17/08/2026

ဟင်းပွဲတိုင်းမှာ အပြည့်အဝ ပါဝင်နေတဲ့ Chef ရဲ့ စေတနာ၊ ဂရုတစိုက် စိတ်ကြိုက် ရွေးချယ်ထားတဲ့ လတ်ဆတ်တဲ့ Ingredients တွေနဲ့ သန့်ရှင်းသပ်ရပ်မှု… ဒါတွေဟာ Lumbini ရဲ့ လက်ရာတိုင်းကို ထူးခြားဆန်းသစ်နေစေတဲ့ လျှို့ဝှက်ချက်ပါပဲ။ ✨

မနက်ခင်းကို လန်းဆန်းသွားစေမယ့် Breakfast Range တွေ၊ နေ့လယ်ခင်း မောပန်းသမျှကို ပြေပျောက်စေမယ့် Creamy Soups & Fresh Salads၊ ညနေခင်း Fine Vibe ကို အပြည့်အဝ ပေးစွမ်းနိုင်မယ့် Menu တွေနဲ့အတူ… အအီပြေ သုံးဆောင်ဖို့ Drinks Menu များစွာကို တစ်နေရာတည်းမှာ ပြီးပြည့်စုံစွာ ရရှိနိုင်ပါတယ်။

အမြင်နဲ့တင် သွားရည်ကျစရာ Menu တွေကို

သုံးဆောင်လိုက်တာနဲ့ စိတ်ကို ကျေနပ်သွားစေမယ့် အရသာစစ်စစ်ကို ခံစားဖို့ Lumbini ဆီ အပြေးလှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်! 💜

📍 Location
Lumbini Tea Room, The Secretariat Yangon

Ph - 09 880180082
🗺 Google Map Link - [https://maps.app.goo.gl/QW9PuJGzKRoAst268?g_st=ic](https://maps.app.goo.gl/QW9PuJGzKRoAst268?g_st=ic "smartCard-inline")

Lumbini Tea Room, Wayzayantar

Ph - 09 880180084
🗺 Google Map Link - [https://maps.app.goo.gl/ZKsFEZVPi6uTEhCy7?g_st=ic](https://maps.app.goo.gl/ZKsFEZVPi6uTEhCy7?g_st=ic "smartCard-inline")

မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းအဖွဲ့လိုက်ပဲဖြစ်ဖြစ်၊ ရုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲဖြစ်ဖြစ်… အခြားသူတွေရဲ့ အနှောင့်အယှက် ...
15/08/2026

မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းအဖွဲ့လိုက်ပဲဖြစ်ဖြစ်၊ ရုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲဖြစ်ဖြစ်… အခြားသူတွေရဲ့ အနှောင့်အယှက် မရှိဘဲ သီးသန့် အေးအေးဆေးဆေး စကားပြောရင်း အမှတ်တရကောင်းတွေ ဖန်တီးချင်သူများအတွက် Lumbini ရဲ့ Private Event Space ရှိပါတယ်နော်… ✨🌿

နွေးထွေးလှပတဲ့ Cozy & Elegant Interior အပြင်အဆင်၊ အရသာရှိတဲ့ ဟင်းပွဲတွေနဲ့ Signature Drinks တွေကို စိတ်ကြိုက် သုံးဆောင်ရင်း…
✨ Birthday Celebrations & Anniversaries
✨ Reunions & Family Gatherings
✨ Business Meetings & Corporate Dinners
✨ Bridal Showers & Small Parties
အစရှိတဲ့ ထူးခြားတဲ့ နေ့ရက်တိုင်းအတွက် Budget နဲ့ လူဦးရေအလိုက် Menu Setup များကိုလည်း သီးသန့် စိတ်ကြိုက် ညှိနှိုင်းစီစဉ်ပေးနေပါပြီ။

ကိုယ့်ရဲ့ အမှတ်တရ နေ့ရက်လေးတွေကို Lumbini မှာ ပြီးပြည့်စုံစွာ ကျင်းပဖို့ Private Room လေးကို ကြိုတင် ဘွတ်ကင်လုပ်ထားလိုက်ပါတော့နော်! 📲✨
📍 Location
Lumbini Tea Room, The Secretariat Yangon
Ph - 09 880180082
🗺 Google Map Link - https://maps.app.goo.gl/QW9PuJGzKRoAst268?g_st=ic

Lumbini Tea Room, Wayzayantar
Ph - 09 880180084
🗺 Google Map Link - https://maps.app.goo.gl/ZKsFEZVPi6uTEhCy7?g_st=ic

"ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေကြောင်း မေတ္တာဆု...
29/07/2026

"ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေကြောင်း မေတ္တာဆုမွန်ခြွေအပ်ပါတယ်ရှင် 🙏🏻"
ဒီနေ့ကျရောက်တဲ့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသော ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) အခါသမယမှာ Lumbini Tea Room မိသားစုမှ ချစ်ခင်ရပါသော မိတ်ဟောင်း၊ မိတ်သစ် Customer များအားလုံးနှင့်တကွ မြန်မာသူ၊ မြန်မာသား အပေါင်းတို့အား လှိုက်လှိုက်လှဲလှဲ မေတ္တာပို့သလိုက်ပါတယ် 🙏✨
ဝါဆိုလပြည့်နေ့ဟာဆိုရင် မြတ်စွာဘုရားရှင် တရားဦးဓမ္မစကြာကို စတင်ဟောကြားတော်မူသော၊ သံဃာရတနာ စတင်ပေါ်ပေါက်သော အလွန်မင်္ဂလာရှိတဲ့ အခါတော်နေ့ ဖြစ်တာနဲ့အညီ
💜 ပြုပြုသမျှ အလှူဒါန ကောင်းမှုကုသိုလ်အစုစုတို့ကို စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်ကြပါစေ…
💜 ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာကြပါစေ…
💜 မိသားစုနှင့်အတူ အေးချမ်းသာယာသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်…
မင်္ဂလာရှိသော ဒီနေ့လို ရုံးပိတ်ရက် အခါတော်နေ့မှာ မိသားစု၊ ချစ်ခင်ရသူများနှင့်အတူ အေးချမ်းစွာ အပန်းဖြေဖို့ Lumbini Tea Room မှလည်း နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်နော် 💜
#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့

24/07/2026

ဒီနေ့ ဘာစားရမလဲ စဉ်းစားရခက်နေပြီလား? တစ်ယောက်က အကြော်နဲ့ လက်ဖက်ရည် သောက်ချင်တယ်ပြောပြီး၊ နောက်တစ်ယောက်က Western Food တွေ...
24/07/2026

ဒီနေ့ ဘာစားရမလဲ စဉ်းစားရခက်နေပြီလား? တစ်ယောက်က အကြော်နဲ့ လက်ဖက်ရည် သောက်ချင်တယ်ပြောပြီး၊ နောက်တစ်ယောက်က Western Food တွေ စားချင်တယ်လို့ ငြင်းခုံနေကြတယ်ဆိုရင်တော့... အားလုံးအတွက် အဖြေက Lumbini မှာ ရှိပြီးသားနော်… 🍽

Lumbini မှာဆိုရင် လူကြီးတွေအကြိုက်တွေ့စေမယ့် အရသာအတွဲအစပ်တွေနဲ့ မြန်မာ့ရိုးရာ အဆာပြေမုန့်တွေ၊ မန္တလေးမြီးရှည်၊ နန်းကြီးသုပ်လို Signature အစားအစာတွေကစလို့... လူငယ်တွေအကြိုက် Spaghetti Series၊ Crispy ဖြစ်တဲ့ Fish & Chips နဲ့ Salad မျိုးစုံအထိ Menu တွေ အစုံအလင် ရှိတာမို့ ဘယ်သူလာလာ မငြင်းရက်နိုင်စရာပါပဲ…

ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ကိုယ်ကြိုက်နှစ်သက်တဲ့ အရသာတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် သုံးဆောင်ဖို့ ဒီနေ့ပဲ Lumbini ကို လှမ်းခဲ့ကြစို့နော်! 💜

📍 Location
Lumbini Tea Room, The Secretariat Yangon
Ph - 09 880180082
🗺 Google Map Link - https://maps.app.goo.gl/QW9PuJGzKRoAst268?g_st=ic

Lumbini Tea Room, Wayzayatar
Ph - 09 880180084
🗺 Google Map Link - https://maps.app.goo.gl/ZKsFEZVPi6uTEhCy7?g_st=ic

#မငြင်းရက်နိုင်စရာMenuများ

"မနက်ဖြန် မနက်စာ ဘာစားမလဲ" လို့ မေးရင် မြန်မာလူမျိုးတွေရဲ့ စိတ်ထဲ ပထမဆုံး ပြေးမြင်မိတာ... ဘယ်လောက်စားရစားရ နေ့တိုင်းကျွေ...
23/07/2026

"မနက်ဖြန် မနက်စာ ဘာစားမလဲ" လို့ မေးရင် မြန်မာလူမျိုးတွေရဲ့ စိတ်ထဲ ပထမဆုံး ပြေးမြင်မိတာ... ဘယ်လောက်စားရစားရ နေ့တိုင်းကျွေးရင်တောင် လုံးဝရိုးမသွားတဲ့ မုန့်ဟင်းခါး ပဲ မဟုတ်လားရှင် 🥰

Lumbini ရဲ့ မုန့်ဟင်းခါးကတော့ ဟင်းရည်ပူပူလေးကို တစ်ငုံသောက်လိုက်တာနဲ့ ငါးအနှစ်ရဲ့ ချိုမြိန်မှုနဲ့ ငရုတ်ကောင်းနံ့ သင်းသင်းလေးက နွေးခနဲ ဖြစ်သွားစေမှာပါ။
မုန့်ဖတ်အိအိလေးတွေရယ်၊ အပေါ်က ဖြူးထားတဲ့ အကြော်ကြွပ်ကြွပ်လေးတွေရယ်ကိုမှ သံပရာသီးလေးညှစ်၊ ငရုတ်သီးမွှေထောင်းလေးထည့်ပြီး ရှယ်နယ်ဖတ်စားလိုက်ရင်တော့... ပြောစရာကို မလိုတော့ဘူးနော်…

တစ်နေ့တာလုံး စွမ်းအင်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ မနက်ဖြန်မနက်ခင်းမှာ Lumbini ရဲ့ Signature မုန့်ဟင်းခါးပူပူလေးကို ရှယ်ဆွဲလိုက်တော့! 🤤

📍 Location
Lumbini Tea Room, The Secretariat Yangon
Ph - 09 880180082
🗺 Google Map Link - https://maps.app.goo.gl/QW9PuJGzKRoAst268?g_st=ic

Lumbini Tea Room, Wayzayatar
Ph - 09 880180084
🗺 Google Map Link - https://maps.app.goo.gl/ZKsFEZVPi6uTEhCy7?g_st=ic

#မုန့်ဟင်းခါးရှယ်စားမယ် ုန့်ဟင်းခါး

"အိမ်မှာချက်တဲ့ ငါးဟင်းဆိုရင်တော့ မကြိုက်ဘူး... ဒါပေမယ့် Lumbini က ငါးလက်ချောင်းကြော် ကြွပ်ကြွပ်ရွရွလေးကိုတော့ အမြဲမှာစာ...
22/07/2026

"အိမ်မှာချက်တဲ့ ငါးဟင်းဆိုရင်တော့ မကြိုက်ဘူး... ဒါပေမယ့် Lumbini က ငါးလက်ချောင်းကြော် ကြွပ်ကြွပ်ရွရွလေးကိုတော့ အမြဲမှာစားတယ်" ဆိုတဲ့သူတွေ အများသားရှင်… 😉

ငါးညှီနံ့လုံးဝမရှိဘဲ အပြင်ခွံက ရွှေဝါရောင်သန်းပြီး ဂျွတ်ကနဲ ကြွပ်ရွနေတာရယ်၊ အထဲက ငါးအသားအိအိလေးရယ်က တကယ့်ကို Perfect Match ပါပဲ။ ကလေးတွေတင်မက လူကြီးတွေပါ ပါးစပ်မချနိုင်အောင် စွဲလန်းရတဲ့ အဆာပြေ Snack အမိုက်စားပေါ့။

ဆော့စ်လေးနဲ့ တို့ပြီး တစ်ကိုက်ချင်း ဝါးလိုက်တိုင်း စိတ်တိုင်းကျစေမယ့် Lumbini ရဲ့ ငါးလက်ချောင်းကြော် ကို လာရောက်မြည်းစမ်းကြည့်လိုက်တော့နော်! 🤤

📍 Location
Lumbini Tea Room, The Secretariat Yangon
Ph - 09 880180082
🗺 Google Map Link - https://maps.app.goo.gl/QW9PuJGzKRoAst268?g_st=ic

Lumbini Tea Room, Wayzayatar
Ph - 09 880180084
🗺 Google Map Link - https://maps.app.goo.gl/ZKsFEZVPi6uTEhCy7?g_st=ic

#ငါးလက်ချောင်းကြော်

နန်းကြီးသုပ်ဆိုတာ မန္တလေးသူ/မန္တလေးသားတွေတင် မဟုတ်ဘဲ ရန်ကုန်သူ/ရန်ကုန်သားတွေပါ အသည်းစွဲ နှစ်သက်ကြတဲ့ Menu တစ်ခုပါပဲနော်…...
21/07/2026

နန်းကြီးသုပ်ဆိုတာ မန္တလေးသူ/မန္တလေးသားတွေတင် မဟုတ်ဘဲ ရန်ကုန်သူ/ရန်ကုန်သားတွေပါ အသည်းစွဲ နှစ်သက်ကြတဲ့ Menu တစ်ခုပါပဲနော်… 🥰

အထူးသဖြင့် Lumbini မှာဆိုရင်လည်း နန်းကြီးသုပ် စားဖူးသူတိုင်း စိတ်တိုင်းကျပြီး ထပ်ခါထပ်ခါ မှာစားဖြစ်ကြတဲ့အထိကို နန်းကြီးသုပ်အရသာက ထိမိနေတာပါရှင်…

အကြောတင်းတင်း အိအိလေးနဲ့ နန်းလုံးမုန့်ဖတ်ကြီးတွေရယ်၊ အသားအနှစ် ဆိမ့်ဆိမ့်မွှေးမွှေးတွေရယ်ကို အချိုးအစားကွက်တိ နယ်ဖတ်ပေးထားတဲ့ နန်းကြီးသုပ်လေးကိုမှ အပေါ်က ကြက်ဥပြုတ်လေး၊ အကြော်လေးနဲ့ တွဲဖက်ပြီး ရေနွေးကြမ်းလေး တစ်ကျိုက်နဲ့ မြည်းစမ်းလိုက်ရင်တော့ ဘယ်လိုမှ ငြင်းရက်စရာမရှိတဲ့ အရသာပေါ့ 🤤

တစ်လုတ်စားကြည့်ရုံနဲ့တင် လျှာပေါ်မှာတင်မက ရင်ထဲအထိပါ စွဲလန်းသွားစေမယ့် Lumbini ရဲ့ Signature နန်းကြီးသုပ်ကို ဒီနေ့ပဲ လာရောက်မြည်းစမ်းကြည့်လိုက်ပါနော်… 💜

📍 Location
Lumbini Tea Room, The Secretariat Yangon
Ph - 09 880180082
🗺 Google Map Link - https://maps.app.goo.gl/QW9PuJGzKRoAst268?g_st=ic

Lumbini Tea Room, Wayzayatar
Ph - 09 880180084
🗺 Google Map Link - https://maps.app.goo.gl/ZKsFEZVPi6uTEhCy7?g_st=ic

#နန်းကြီးသုပ် #လူကြိုက်အများဆုံး

စကားပြောရင်းဖြစ်ဖြစ်၊ အလုပ်လုပ်ရင်းဖြစ်ဖြစ် တစ်ဂျွတ်ဂျွတ်နဲ့ ဝါးလို့အကောင်းဆုံး Menu တစ်ခု ရှာနေတာလား?‌ဒါဆိုရင်တော့ Lumb...
18/07/2026

စကားပြောရင်းဖြစ်ဖြစ်၊ အလုပ်လုပ်ရင်းဖြစ်ဖြစ် တစ်ဂျွတ်ဂျွတ်နဲ့ ဝါးလို့အကောင်းဆုံး Menu တစ်ခု ရှာနေတာလား?

ဒါဆိုရင်တော့ Lumbini ရဲ့ ကြာစွယ်ကြွပ်ကြော် ကို မြည်းစမ်းကြည့်ဖို့ လိုနေပြီနော်…
ကြွပ်ကြွပ်ရွရွ မွမွလေးနဲ့ တစ်ကိုက်စားလိုက်တိုင်း စိတ်တိုင်းကျစေမယ့်အပြင် ကြာစွယ်ရဲ့ သဘာဝချိုမြိန်မှု အရသာကိုပါ တဝကြီး ခံစားရမှာပါ။

အဆာပြေစားမလား၊ လက်ဖက်ရည်ပူပူလေး (ဒါမှမဟုတ်) ရေနွေးကြမ်းလေးနဲ့ပဲ တွဲမြည်းမလား... ဘယ်လိုစားစား ကွက်တိပဲမို့လို့ ကြာစွယ်ကြွပ်ကြော်လေး စားရင်း အပန်းဖြေဖို့အတွက် Lumbini ကို လှမ်းခဲ့လိုက်တော့နော်! 🤤

📍 Location
Lumbini Tea Room, The Secretariat Yangon
Ph - 09 880180082
🗺 Google Map Link - https://maps.app.goo.gl/QW9PuJGzKRoAst268?g_st=ic

Lumbini Tea Room, Wayzayatar
Ph - 09 880180084
🗺 Google Map Link - https://maps.app.goo.gl/ZKsFEZVPi6uTEhCy7?g_st=ic

#ကြာစွယ်ကြွပ်ကြော်

Address

The Secretariat Yangon, Anawrahta Road
Yangon
11161

Telephone

+959880180082

Website

Alerts

Be the first to know and let us send you an email when Lumbini Tea Room posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category