Kitchenette

Kitchenette As we all enjoy the moment of having a great taste food, we would like to share that moment with eve

15/05/2022

Oh well !
It's been a long and tiring year.

တင်ချင်ရာတင်ဖို့ရှိပါတယ်။
အဓိက က တင်နေဖို့ပဲလေ။

Content idea ရတာလေးတွေ စိစစ်ပြီး ပြန်လာပါမယ်။

01/02/2021

Whatever it takes .

Welcome to
19/01/2021

Welcome to

18/01/2021

ကျနော့် ရဲ့ page လေး အသက်မဝင်တာ ကြာပြီ မလို့ အကြောင်းအရာ အသစ်လေးတွေကို တတ်နိုင်သလောက် တင်ဖို့ကြိုးစားရင်း နောက်လာမဲ့ ရက်ပိုင်းထဲမှာ ရှိစုမဲ့စု အတွေ့အကြုံလေးတွေ ဖလှယ်ကြမယ်ဗျာ!
‌Keep your heads up and let's have fun!

အားလုံးသော မိတ်ဆွေများ ကျန်းမာချမ်းသာ လာဘ်လာဘတွေရွှင်ပြကြပါစေကြောင်း ဆုတောင်းပါတယ်💯

သူငယ်ချင်း : သားကြီး မင်းဒီနေ့ interview သွားဖြေတယ်    ဆို, အဆင်ပြေလား ?ကျနော်    : အေး ပြေတယ်လေ အေးဆေးပဲ! ရပြီလို့ပဲ တွ...
05/07/2020

သူငယ်ချင်း : သားကြီး မင်းဒီနေ့ interview သွားဖြေတယ် ဆို, အဆင်ပြေလား ?
ကျနော် : အေး ပြေတယ်လေ အေးဆေးပဲ! ရပြီလို့ပဲ တွေးထားတယ်။

မိုးကလည်းအေးအေး အိပ်ယာထဲကွေးရင်းနဲ့ ဗဟုသုတလေးမျှဝေကြရအောင်!Session 2မနေ့ကအကြောင်းအရာလေးကို ပြန်ဆက်မယ်ဗျာ!မီရှယ်လင်ရဲ့ စတ...
04/07/2020

မိုးကလည်းအေးအေး အိပ်ယာထဲကွေးရင်းနဲ့ ဗဟုသုတလေးမျှဝေကြရအောင်!

Session 2
မနေ့ကအကြောင်းအရာလေးကို ပြန်ဆက်မယ်ဗျာ!
မီရှယ်လင်ရဲ့ စတားသတ်မှတ်တဲ့နည်းက အဆန်းဗျ။
မီရှယ်လင်အတွက် ရီဗျူးလုပ်ပေးမဲ့သူတွေကို(အင်စပတ်တာလို့ခေါ်ကြတယ်) မီရှယ်လင်ဘရားသားစ်က ငှားတယ် ပြီးတော့ အကုန်အကျခံပြီး အဲ့ဒီကောင်းလှပါပေ့ဆိုတဲ့ ဖိုင်းဒိုင်းနင်း စားသောက်ဆိုင‌်တွေမှာ လိုက်စားခိုင်းတယ်။ ဖုဒ်ခရစ်ဒစ် ပေါ့ဗျာ။ ဒါပေမဲ့သူတို့က လူသိခံလို့မရဘူး။ မီဒီယာတွေကိုလည်း မပြောရဘူး။ လျှို့ဝှက်အဖွဲ့အစည်းအထာ ဘာညာပေါ့။ ဘယ်လောက်‌ထိလျှို့ဝှက်လဲဆိုရင် အဲ့ဒီအင်စပက်တာလုပ်နေတဲ့သူရဲ့ မိသားစုဝင်တွေတောင် သူဘာလုပ်နေလဲဆိုတာ မသိရဘူး။ ကျနော့်အထင်ကတော့ ကြယ်အဆင့်သတ်မှတ်တဲ့နေရာမှာ မျှတမှုရှိအောင်လို့ လူသိမခံစေချင်တာဖြစ်မယ်။ ‌ဒါပေမဲ့ သူတို့လာပြီဆိုရင် သူတို့မှန်းသိအောင် လုပ်နေကြ အကွက်လေးတွေတော့ရှိတယ်(အဲ့ဒါက Bradley Cooper ရဲ့ Burnt ဆိုတဲ့ ရုပ်ရှင်ထဲမှာပါတယ်။ စိတ်ဝင်စားရင်ရှာကြည့်လို့ရအောင် လင့်ခ် တော့မဟုတ်ဘူး။ ပိုစတာလေးထည့်ပေးထားတယ်၊ Super recommended နော်)

အဲ့ဒါကြောင့်ပဲ မီရှယ်လင်စတားရဲ့ သက်ရောက်မှုက တဖြည်းဖြည်း အားကောင်းလာတယ်။ ဘယ်လောက်ထိဖြစ်သွားလဲဆိုရင် မီရှယ်လင်စတားတွေဟာ စားစားသောက်ဆိုင်တစ်ဆိုင်ရဲ့ အောင်မြင်မှု၊ ဂုဏ်သတင်း၊ စီးပွားရေးအတက်အကျတွေကို ဂယက်ရိုက်နိုင်တဲ့အထိ ဖြစ်လာတယ်။ မာကိုပီယာဝိုက်တ် ဆိုတဲ့ စားဖိုမှုးကြီးကတော့ ဒါကို လက်သင့်မခံပါဘူး။ သူ့လောက်မသိ မတတ်ကျွမ်းတဲ့လူတွေက သူ့ကို ဝေဖန်ပြီး အဆင့်တွေသတ်မှတ်တယ်ဆိုတာက အဓိပ္ပါယ် မရှိဘူးလို့ဆိုပြီး ဒဲ့ကြီး တိုက်ခိုက်လိုက်ပါသေးတယ်။ သူကိုယ်တိုင်ကလည်း မီရှယ်လင်စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်ပြီးတော့ အဲ့ဒီလို အဆင့်သတ်မှတ်တာတွေဟာ သူ့ရဲ့ ဖန်တီးမှုစွမ်းရည်ကို ဘောင်ခတ်တယ်ဆိုပြီး မလိုချင်လို့ တရားဝင်ပြန်အပ်နှံထားတဲ့ ပုဂ္ဂိုလ်ကြီးပါ။ (ကြွေတယ်🥺ကျနော်ကတော့, အဲ့ဘဲက အချဉ်တော့မဟုတ်ဘူးနော်!ကြမ်းပါပေ့ဆိုတဲ့ ဂေါ်ဒွန်ကြီးရဲ့ စီနီယာ ဆရာကြီး) သူ့ရဲ့အဆိုအရ 'အရင်ကမီရှယ်လင်ဟာ သိက္ခာပိုင်းအရ ဂုဏ်ယူစရာဖြစ်ခဲ့ပေမဲ့ အခုတော့ အဲ့ဒါဟာ စီးပွားရေးလှည့်ကွက်တစ်ခုပဲ' လို့ဝေဖန်ထားပါတယ်။

အဆုံးသတ်အနေနဲ့ ကျနော့်တစ်ယောက်တည်း အမြင်အရဆိုလည်း မီရှယ်လင်ဟာ တိုင်ယာရောင်းကောင်းအောင် အတွက် တီထွင်ခဲ့တဲ့ ဗျူဟာမြောက်‌စီးပွားရေးပလန်ကြီး တစ်ခုလို့ထင်ပါတယ်။ ဘာပြောပြော မီရှယ်လင်စတားစားသောက်ဆိုင် ၊ မီရှယ်လင်စတားဟင်းပွဲဆို ဘူမသိကိုးမသိသူတွေကလည်း သွားချင်စားချင်ကြမှာပဲလေ။ကျနော်လည်းထိုနည်း၎င်းပေါ့။ ဒါပေမဲ့ သူက ဖိုင်းဒိုင်းနင်းစာ‌းသောက်ဆိုင်တွေချည်းပဲပေးတာမဟုတ်ဘူးဗျ။ လမ်းဘေးအစားအစာတွေကိုလည်း ပေးတယ်။ ဒါတော့ မိုက်တယ်။ မီရှယ်လင်စတား ဘဲကင်၊ မီရှယ်လင်စတား ဝက်စတူး ၊ မီရှယ်လင်စတား ချဉ်ရည်ဟင်း😆ပြောလို့မရဘူးနော် ကိုယ့်လက်ရာက ကိုယ်မသိလိုက်တဲ့အချိန်မှာ နာမည်ကျော်သွားနိုင်တယ်😁ရင်ဘတ်ကြီးနဲ့ ချက်ကြပါဗျာ။အခုချိန်မှာ လူတွေကလည်း အစားအသောက်နဲ့ ပတ်သက်လာရင် စိတ်ဝင်စားမှုမြင့်တက်လာပြီဆိုတော့ ဒီမှာလည်း မီရှယ်လင်စတားသတ်မှတ်ချက်က ရောက်မလာနိုင်ဘူးလို့ပြောလို့မရဘူး။( အကယ်လို့ရှိမယ်ဆိုရင်လည်း ပြော‌ပြပေးပါဗျ၊ကျနော်လေ့လာမှု အားနည်းနေသေးလို့ ကျန်ခဲ့နိုင်ပါတယ်)

ကဲ...အဲဒီတော့ ဒီနေ့အတွက်တော့ ဒီလောက်နဲ့ပဲရပ်ပါရစေ။ စာဖတ်ပျင်းမဲ့သူတွေအတွက်လည်း ဗီဒီယိုလေးတွေ တင်ဖို့ရှိပါတယ်ဗျ။(စာတန်းထိုးရမှာ ပျင်း‌လို့😒)
ဒီအထိစိတ်ဝင်တစား ဖတ်ပေးတယ်ဆိုရင်ပဲ ကျေးဇူးတင်ပါတယ်ဗျ။

အကယ်လို့သဘောကျနှစ်သက်တယ်ဆိုရင်လည်းမျှဝေပေးကြပါဦး!

အမှားပါမယ်ဆိုရင်လည်း ခွင့်လွှတ်နားလည်ပေးကြဖို့ မေတ္တာရပ်ခံလျက်!

Another week, another knowledge! 😁ဒီတခေါက်ကိုတော့ မီရှယ်လင် လို့ နာမည် ရှိတဲ့ စားသောက်ဆိုင‌်တွေ ဟိုတယ် တွေ အစားအစာ တွေကိ...
03/07/2020

Another week, another knowledge! 😁
ဒီတခေါက်ကိုတော့ မီရှယ်လင် လို့ နာမည် ရှိတဲ့ စားသောက်ဆိုင‌်တွေ ဟိုတယ် တွေ အစားအစာ တွေကို အဆင့်သတ်မှတ်ပေးတဲ့ စနစ်အကြောင်း သိသလောက်လေး ( wiki ကနေပြောပါတယ်😆) မျှဝေချင်ပါတယ်။

Session 1

မီရှယ်လင် ကတော့ အခြားမဟုတ်ပါဘူး။ တိုင်ယာတွေထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းရဲ့ နာမည် ပါ။
အက်ဒူဝက်မီရှယ်လင် နဲ့ အန်ဒရေးမီရှယ်လင် ဆိုတဲ့ညီအကို ၂ ယောက်က အဲ့ဒီ ကုမ္ပဏီ ပိုင်ရှင်တွေ။
ဒီခေတ် ဒီဇိုင်းကာလာဘာညာအနေအထားနဲ့ဆို စွန့်ဦးတီထွင်လုပ်ငန်းရှင်ပေါ့။ ဘာလို့ဆို သူတို့ တိုင်ယာ စရောင်းတုန်းက ဆို ပြင်သစ်ပြည်မှာ ကားဆိုတာ အစီးရေ ၃၀၀၀ ကျော်ကျော်ပဲရှိသေးတာ။ ဒါတောင်ရာဘာဆိုတာကလည်း သူတို့လို နိုင်ငံတွေမှာ ရှိတာမဟုတ်။ အာရှဘက်ကနေ တစ်ဆင့်သွင်းရသေးတာ ပြီးမှ သူတို့ဆီမှာ ထုတ်။ အဲ့လိုနဲ့ ညီအကို ၂ယောက် တိုင်ယာ အရောင်းသွက်အောင် လုပ်တဲ့နည်းက တော့ မီရှယ်လင်ဂိုက်ဒ် ဆိုတဲ့ စာအုပ်ကို ထုတ်ဝေလိုက်တာပါပဲ။ ဘာဆိုင်လို့လဲပေါ့ ဒီစာအုပ်က , တိုင်ယာ အမျိုးအစားတွေရေးထားတာလား ဘာလား ညာလား။
တကယ်တော့ လမ်းညွှန်စာအုပ်ကြီး😒

အကွက်မြင်ချက်ကြီးနော်! အဲ့တုန်းက ကားတစ်စီး စီးနိုင်ဖို့ဆိုတာ ကုဋေရှစ်ဆယ်လောက်ချမ်းသာမှ စီးနိုင်တာမျိုး။ စီးနိုင်တယ် ထားဦး အဲ့တုန်းက ယာဉ်စည်းကမ်း လမ်းစည်းကမ်းကလည်း မရှိ ဘဲဥတွေလည်း မရှိတော့ တိုက်လိုက်မဲ့ဖြစ်ချင်း။ ပြောချင်တာ ဘယ်သူကမှ ဈေးကြီးပေးဝယ်ပြီး အတိုက်မခံနိုင်ဘူးပေါ့။
အဲ့ထဲကမှ လူကြွား လူချမ်းသာ တွေ ဘယ်လောက်ရူးမိုက်လဲဆိုတာ , အများသူတွေ မစီးနိုင်တဲ့ သတ္တဝါကြီးကို စီးပြ, တစ်နာရီကို မိုင်၁၂၀ လောက်မောင်းပြီး အသေခံတဲ့လူတောင်ရှိတယ်။ အဲ့လိုနဲ့ ဟိုနားဒီနားကအတွက်ကတော့ ကားက မသင်‌့တော်ဘူးပေါ့။ စူးစမ်းချင်တဲ့လူတွေ နဲ့ ခရီးဝေးသွားချင်တဲ့ လူတွေအတွက် မော်တော်ကားဟာ မရှိမဖြစ်ပါဆိုပြီး အဲ့စာအုပ်ကြီး ထုတ်လိုက်တာပဲ။ (သေမဲ့သေ လူမမြင်တဲ့နေရာသေရင်အေးတာပဲဆိုတဲ့ အတွေးနဲ့လားမသိ😆)

အယ်.. စာအုပ်က ဘယ်လောက်ပြည့်စုံသလဲဆိုရင်
အခု ဂူဂယ်လ်မက်ပ် နဲ့ နင်လားငါလား ပဲ။ ဒါပေမဲ့ ပြင်သစ်တစ်ပြည်နယ်ပဲ။ အဲ့ညီအကို၂ယောက် ကိုယ်တိုင်လျှောက်သွား လေ့လာပြီး ထုတ်ဝေခဲ့တာ။ လမ်းတစ်လျှောက်တွေ့နိုင်မဲ့ စားသောက်ဆိုင်၊ တည်းခိုခန်း၊ ဘီယာဆိုင်၊ ကားပြင်လို့ရမဲ့နေရာ၊ ဆီထည့်လို့ရမဲ့နေရာ အစုံအစုံပါတယ်။ အဲ့လိုနဲ့ တိုင်ယာတွေလည်း အရောင်းတက်လာလို့လားမသိ နောက်ပြည်နယ်တစ်ခု ဘယ်လ်ဂျီယံ အတွက်ထုတ်တယ်။ အဲ့လိုနဲ့ ပထမကမ္ဘာ့စစ်ဖြစ်တယ်။ အဲ့ကြားထဲတော့ ထုတ်ဝေခွင့် ပိတ်ထားခံရတာပေါ့။ သူတို့က အဲ့ဒီစာအုပ်တွေကို အလကားပေးထားတာနော် အချိန်တစ်ခုမတိုင်ခင်ပေါ့။ ဘယ်လိုလဲဆိုတော့ အန်ဒရေးဆိုတဲ့ သူငယ်လေးက သွားရင်းလာရင်းနဲ့ သူ့ရဲ့ မီရှယ်လင် ဂိုက်ဒ်စာအုပ်ကြီးကို တွင်ခုံ ခုတဲ့ ခုတုံးလုပ်ထားတာတွေ့သွားတော့ ရင်နာသွားတယ်။ ဪလူဆိုတာ အလကားရရင် တန်ဖိုးမထားပါလားဆိုပြီး ဈေးနှုန်းသတ်မှတ်ပြီး ရောင်းတော့တာပဲ။

အဲ့လိုနဲ့ တဖြည်းဖြည်းနာမည်ကြီးလာပြီး နာမည်အရဆုံးကတော့ စားသောက်ဆိုင် အပိုင်းပဲ။ အဲ့မှာ သူတို့အရှေ့မှာ တရာဗယ်လ် ဂိုက်ဒ်ထုတ်တဲ့ ဘိုးအေတွေနည်း အရ ဖိုင်းဒိုင်းနင်းစားသောက်ဆိုင်တွေကို အဆင့်သတ်မှတ်တော့တာပဲ။ စစချင်းကတော့ ကြယ်တစ်လုံးပဲ။ နောက်ပိုင်းကျတော့ ဇီးရိုးစတားကနေ သရီးစတားအထိရောက်လာတယ်။
...... To be continued.

ဒီနေ့အတွက်ကိုတော့ ဒီလောက်ပဲတင်ပါရစေ။ အခုကတော့ ဒီလောက်ပဲ ဖတ်ပေးထားပြီး မဝရင် ဂူဂယ်လ်မှာ ထပ်ရှာပြီး ဖတ်နိုင်ပါတယ်ဗျာ။
အမှားတွေပါခဲ့မယ်ဆိုရင်လည်း ခွင့်လွှတ်နားလည်ပေးကြရန် မေတ္တာရပ်ခံလျက်!

It is time for brain relaxing ! Kitchenette ကနေ ဒီနေ့မျှဝေပေးမဲ့ အကြောင်းအရာလေးကတော့ နာမည်ကြီး celebrity chef တစ်ယောက်ဖြ...
25/06/2020

It is time for brain relaxing !
Kitchenette ကနေ ဒီနေ့မျှဝေပေးမဲ့ အကြောင်းအရာလေးကတော့ နာမည်ကြီး celebrity chef တစ်ယောက်ဖြစ်တဲ့ British မင်းသားကြီး
Jamie Oliver ရဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။

Cooking show တွေကို ကြည့်ရတာသဘောကျတဲ့ လူအများစုကတော့ ကြမ်းကြမ်းတမ်းတမ်း နဲ့ အမြဲခက်ထန်နေတဲ့ GR( Gordon Ramsay ) ကို ပိုသိမှာပါ။ ဘာကြောင့်ဆို ဒီဘဲကြီးရဲ့ Show တွေက Reality show တွေဖြစ်တာကြောင့်ရယ် နာမည်ကြီး အစီအစဉ် တစ်ခုဖြစ်တဲ့ Master Chef လို့ခေါ်တဲ့ Homecook တွေကို professional level ရောက်အောင်မြေတောင်မြှောက်ပေးတဲ့ program မှာ လက်ရှိ Judge တစ်ယောက်ဖြစ်တာကြောင့်လည်းပါပါမယ်။
(နောက်များမှ သူ့ရဲ့ စိတ်ဝင်စားစရာ skill တွေ သူ့အကြောင်းကိုရေးတင်ပါဦးမယ်😁)
Jamie ဟာလည်း Judge team မှာ guest အနေနဲ့ပါဝင်ခဲ့ပါ‌တယ်။
သူက MasterChef Canada နဲ့ MasterChef Australia အစီအစဉ်မှာ ပါဝင်ခဲ့တာပါ။

Oliver ဆီပြန်သွားရအောင်! Oliver ကို England နိုင်ငံ Essex မြို့နယ်ရဲ့ Clavering လို့ခေါ်တဲ့ ရွာလေးမှာ( သူ့ကို jungle ဆန်တယ်ပြောတာလည်း မဆန်းပါဘူးနော့် ဘဲကြီးက ရွာသားဖြစ်နေတာကိုး😆)
ဖေဖေ Trevor နဲ့ မေမေ Sally တို့ကမွေးဖွားခဲ့ပါတယ်။ မွေးချင်းအနေနဲ့ အမတစ်ယောက်သာရှိပြီး Anne-Marie( အဆိုတော် Anne-Marie ဟုတ်မဟုတ်တော့ မသိဘူးဗျ😁)လို့ခေါ်တဲ့ ရှော်တီကြီးပေါ့ဗျာ။ သူ့ရဲ့ cooking passion က အဲ့ဒီထဲကစနေပြီဗျ။ ဘာလို့ဆို ဖေဖေမေမေတို့က The Cricketers လို့ခေါ်တဲ့ စားသောက်ဆိုင်အသေးစားလေးဖွင့်ထားတာကိုး! သူက အသက် ၁၆ မှာ GCSE qualification ၂ ခုနဲ့ ကျောင်းထွက်ခဲ့ပြီးတော့ Westminster Technical College ကိုတက်ခဲ့တာဗျ။(ဒီနေရာမှာ တစ်ခုပြောချင်တာ သူရခဲ့တဲ့ qualification က Art နဲ့ Geology နော်။ နောက်ပြီးတော့ နည်းပညာကျောင်းကိုတက်တာ။ ကျနော်တို့လည်း အဲ့အတိုင်းပဲ ၁၆ ၁၇ ဆိုတာ ရေလည် တိုင်ပတ်တဲ့ အရွယ် ဘာကိုလုပ်ချင်နေမှန်းမသိတာ။ သူလည်း ဒီလိုပဲဖြစ်ခဲ့မယ်ထင်တယ်နော်😅)

အဲ့လိုနဲ့ သူက Neal Street Restaurant မှာ Pastry chef အနေနဲ့ သူ့ career ကိုစလျှောက်တယ်။ အဲ့ဒီမှာ သူ့ရဲ့ cooking style လို့ထိသတ်မှတ်ရတဲ့ Italian cuisine ကိုစထိတွေ့မိတယ်။ သူ့ဆရာကတော့ Antonio Carluccio လို့ခေါ်တဲ့ Italian chef ကြီးဗျ။(အဲ့ဘဲကြီးကတော့ the godfather of Italian gastronomy လို့တောင် အမည်တွင်တဲ့ OBE OMRI ဆုရ chef ကြီးဗျ။စိတ်ဝင်စားရင် Google ခေါက်ကြည့်ပေါ့နော့်)

အဲ့ကနေ River Cafe ဆိုတဲ့ ဆိုင်မှာ sous chef နဲ့ ဝင်လုပ်တယ်။ အဲ့ဒီမှာပဲ Optomen လို့ခေါ်တဲ့ production ရဲ့ ပိုင်ရှင်က သတိထားမိပြီးတော့ 1999 မှာ သူ့ကိုယ်ပိုင် cooking show ဖြစ်တဲ့ The Naked Chef ဆိုတဲ့ series ကို BBC ကနေ ထုတ်လွှင့်ရတဲ့အထိ မြေတောင်မြှောက်ပေးလိုက်ပါတယ်။ အဲ့နောက်မှာ ပဲ UK ရဲ့ Best seller ဆုရတဲ့ စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။ ခေါင်းစဉ်ကလည်း
The Naked Chef ပါပဲ။ သူဟာလည်း OBE ဆုရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ( OBE ဆိုတာကတော့ British Empire ရဲ့ အမြင့်ဆုံးဆုတွေထဲက တစ်ခုပါ။ ) သူ့ရဲ့ Documentary program တစ်ခုဖြစ်တဲ့ Jamie's Kitchen ရဲ့ အောင်မြင်မှုဟာ အဲ့အချိန်က ဝန်ကြီးချုပ် Tony Blair ရဲ့ 10 Downing Street ကို ဖိတ်ခေါ်ခံရတဲ့ထိပါပဲ။
ထပ်ပြီးတော့ Feed me better ဆိုတဲ့ ကျောင်းနေအရွယ် ကလေးတွေကို junk food တွေထက် ကျန်းမာရေးအတွက်ပိုကောင်းတဲ့ အစားအစာတွေးစားဖို့ အတွက် ပညာပေးတဲ့ campaign ကို ဦးဆောင်ခဲ့ပါတယ်။ သူဟာ TED talk ကချီးမြှင့်တဲ့
TED prize ကိုလည်း 2010 မှာရခဲ့ပါသေးတယ်။ သူ့ရဲ့ စိတ်အားထက်သန်မှုကတော့ ကျနော်တို့ generation ရဲ့ စားလေ့စားထရှိနေကြတဲ့ အစားအသောက်တွေ ဟာ ကျန်းမာရေး ထက် အလွယ်တကူ စားလို့ရမဲ့နည်းကို ဦးစားပေးတာကြောင့် လူတွေရဲ့ ဇီဝိန်ကိုအချွေနိုင်ဆုံးဟာ food circle ရဲ့ ချွတ်ယွင်းမှုကြောင့်ဖြစ်တယ်လို့ ယုံကြည်ထားသူပါ။ အဲ့ဒါနဲ့ပတ်သက်လို့လည်း လှုံ့ဆော်မှုတွေ လက်တွေ့ program တွေကို တက်တက်ကြွကြွလုပ်ဆောင်နေသူပါ။

သူ့ရဲ့ပိုင်ဆိုင်မှု တန်ဖိုးကတော့ စုစုပေါင်း ‌Dollar သန်း သုံးရာ နီးပါးရှိပြီးတော့ ထူးခြားတာကတော့ သူရဲ့ carrer တစ်လျှောက်မှာ Michelin star တစ်ခုမှ မရရှိဖူးတာပါ ( ဒီမှာ Gordon ကြီးကတော့ Michelin star 16 လုံးထိရရှိဖူးပြီးတော့ သူ့ရဲ့ London က Restaurant Gordon Ramsay ဟာဆိုရင် Michelin Star 3 လုံးထိပိုင်ဆိုင်ထားတာပါ)

နဲနဲလည်း များသွားပြီဆိုတော့ စာလေးကို ဒီမှာပဲ အဆုံးသတ်ပါရစေ။ ဒီအထိကို စိတ်ဝင်တစား ဖတ်ပေးခဲ့မယ်ဆိုလည်း ကျေးဇူးအထူးတင်ပါတယ်ဗျာ။
Jamie ရဲ့ Instagram account ကိုလည်း စိတ်ဝင်စားရင် ဝင်ကြည့်လို့ရအောင် link လေးပေးထားခဲ့ပါမယ်။ လက်ရှိမှာ Jamie က Jamie at home ဆိုတဲ့ program ကို သူ့ရဲ့ social media မှာ တင်လေ့ရှိပါတယ်။

https://instagram.com/jamieoliver?igshid=2upkd202sjiz
သူ့ profile link လေးပါ။ ဇနီးသည် Juliette Norton နဲ့အတူ သားသမီး ၅ယောက်ထွန်းကားပြီးတော့ သမီးလေးယောက် သားတစ်ယောက်ပါ။ သမီးလေးတွေက ချောလို့ ဘဲကြီးက လျှိုထားတာတော့ မကြိုက်ပါဘူးနော် 😆 ငမ်းလို့ရအောင် ပုံလေးထည့်ပေးထားတယ်😁

ဒီpost ကတော့ ဒီလောက်ပါပဲဗျာ။
အမှားတွေ ပါခဲ့မယ်ဆိုလည်း ခွင့်လွှတ်တော်မူကြပါရန် မေတ္တာရပ်ခံလျက်!

24/06/2020

Kitchenette ကို like , share နဲ့ interest တွေ
ပေးကြတဲ့ သူငယ်ချင်း မိတ်‌ဆွေ ညီအကိုတွေအားလုံးကို ကျေးဇူးအထူးတင်ပါကြောင်း စကားချီရင်းနဲ့
ကျနော်တို့ Page ‌အကြောင်းကို အကျဉ်း မိတ်ဆက်ချင်ပါတယ်!

Page ထောင်ရခြင်းရဲ့ ပင်မ ရည်ရွယ်ချက်ကတော့
Admin team ရဲ့ တတ်ကျွမ်းသလောက် ပညာကလေးနဲ့ အရသာရှိတဲ့ အစားအသောက်တွေထုတ်လုပ်ပြီး မျှဝေဖို့ပါ။ အခုချိန်က Lockdown
ကာလကနေ နလန်ထူခါစလည်းဖြစ် စီးပွားရေးကလည်း ပြန်လည် လည်ပတ်ကာစ ဒီလို ကာလမှာ အလုပ်ဖြစ်နေတဲ့ စီးပွားရေးတွေလည်း ရှိသေးသလို
ပိတ်လိုက်ရတဲ့ အထိ ဖြစ်သွားတဲ့ လုပ်ငန်းတွေ လည်း ဒုနဲ့ဒေးပါ။ ဒီလိုကာလမှာ online market တွေ ပေါ်လာတာလည်း မနည်းပါဘူး။ အရင်းအနှီးလည်း မများတာတစ်ကြောင်း အခွန်အခ မဆောင်ရတာ တစ်ကြောင်း social media တွေပေါ်မှာ ရောင်းဝယ်ဖောက်ကားလာခဲ့တာဟာ ရိုးရာလို‌ဖြစ်နေပါပြီ။ စကားရှည်တာများသွားပြီ 😜

ဒီ page ကိုတော့ နဲနဲလေး ကွဲပြားချင်တာရယ် ကျနော်ကိုယ်တိုင်လည်း ဗဟုသုတ တိုးအောင်ရယ် သိတာလေးတွေလည်း မျှဝေချင်တာရယ် အစားအသောက်နဲ့ ဆိုင်တဲ့ နေရာဖြစ်တာလည်းတစ်ကြောင်း ကျနော်တို့အနေနဲ့ စားစရာတွေချည်းပဲ ရောင်းဖို့မဟုတ်ဘဲ အစားအသောက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ နာမည်ကျော် chef တွေရဲ့ အကြောင်း‌တွေ၊ restaurant တွေ၊ နာမည်ကြီး ဟင်းပွဲတွေ၊ စသဖြင့် အလျဉ်းသင့်ရင်သင့်သလို တင်ပေးသွားမှာဖြစ်လို့ အပျင်း‌လည်းပြေ၊ ဗဟုသုတ လည်းမျှဝေကြရင်း
အပြုသဘောဆောင်တဲ့ အပျော်လေးတွေ ဖန်တီးကြဖို့
သတင်းလက်ဆောင်ပါးချင်ပါတယ်ဗျာ😄

Kitchenette ကိုအားပေးကြမဲ့ ရောင်းရင်းတွေအတွက် Page စစဖွင့်ချင်းအနေနဲ့ Menu အသစ်လေးကိုမိတ်ဆက်ပေးပါရစေ!🥰ဒီတခေါက်မိတ်ဆက်ပေး...
22/06/2020

Kitchenette ကိုအားပေးကြမဲ့ ရောင်းရင်းတွေအတွက် Page စစဖွင့်ချင်းအနေနဲ့ Menu အသစ်လေးကိုမိတ်ဆက်ပေးပါရစေ!🥰

ဒီတခေါက်မိတ်ဆက်ပေးမှာကတော့ အရင်လို appetizer food မျိုးမဟုတ်တော့ပဲ main dish တွေကို အားပေးရမှာပါ။

ဒီတခေါက် Menu list မှာပါဝင်မဲ့ food တွေက-
1.Beef with black pepper sauce - 3500
(တစ်ပွဲကို လူဦးရေ ၂ ယောက် အဝစားလို့ရမှာမလို့
အမိုက်စားကြီးနော်! )😱😱

2.Tom Yum Soup - 2500
( Seafood နဲ့ရသလို ကြက်သားနဲ့လည်း မှာယူလို့ရပါတယ် )👍👍
Food sample က video လေးဖြစ်နေလို့ page myday မှာ ဝင်ကြည့်ပေးပါနော်😎

3.Mala Potato & Sausage - 2000
( ဒါလေး‌ကတော့ side dish ဆိုပေမဲ့ ထမင်းနဲ့တွဲစားလိုက်ရရင်တော့ ရှယ်နော် )😍😍

ထပ်ပြီးတော့လည်း
Fried chicken fillet ကို
အရင်ဈေးနှုန်း 3500 ကနေ အခုဆိုရင်2500 နဲ့ အားပေးလို့ရပါတယ်! ( Sauce ကတော့ optional ပါ )

Seafood salad ကလည်း
ယခင်ဈေးနှုန်း 4500 ကနေ ယခု 3500 နဲ့ ရောင်းပေးမှာဆိုတော့ မြည်းစမ်ကြည့်သင့်တယ်နော်!

Delivery ကြေးကလည်း Downtown မြို့နယ် ၇ခုကို free ဆိုတော့ ပိုတန်တာပေါ့😉

ကျန်မြို့နယ်တွေကိုလည်း အတတ်နိုင်ဆုံးအဆင်ပြေအောင် စီစဉ်ပေးဦးမှာမလို့ chat box မှာလာမေးလို့ရတယ်နော်🤗

Address

Yangon

Telephone

+959699859741

Website

Alerts

Be the first to know and let us send you an email when Kitchenette posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share