Min Htet

Min Htet Play ground

နေဝင်ချိန်လေးက သိပ်သာယာသလောက် 🌆ခံစားချက်တေကိုလည်း တစ်စ တစ်စ ပုံပေါ်စေတယ် 💫💥လွမ်းဆွေးမှုတေကိုပေါ့💢 😅 # Min Htet
24/10/2023

နေဝင်ချိန်လေးက သိပ်သာယာသလောက် 🌆
ခံစားချက်တေကိုလည်း တစ်စ တစ်စ ပုံပေါ်စေတယ် 💫💥
လွမ်းဆွေးမှုတေကိုပေါ့💢 😅
# Min Htet

တစ်စုံတစ်ယောက်ကို မေ့မရလို့ နာကျင်နေရခြင်း ကိုအခြား တစ်ယောက်ယောက်ကို စိတ်သက်သာရရုံ အသုံးချခဲ့မယ်ဆိုရင်တော့ခင်ဗျားက ဒဏ်ရာ...
04/10/2023

တစ်စုံတစ်ယောက်ကို မေ့မရလို့ နာကျင်နေရခြင်း ကို
အခြား တစ်ယောက်ယောက်ကို စိတ်သက်သာရရုံ
အသုံးချခဲ့မယ်ဆိုရင်တော့
ခင်ဗျားက ဒဏ်ရာတွေကိုမေ့ပစ်နေတာမဟုတ်ဘူး၊နောက်ထပ် တစ်စုံတစ်ယောက်ကို မင်းလက်ဆင့်ကမ်းပေးနေတာပဲ...😌
ရလဒ်ကတော့ ကောင်းမှာတော့ မဟုတ်ဘူးနော်........ 😇

14/06/2023

အလည်တစ်ခေါက်မဟုတ်ပေမဲ့
အလုပ်ကိစ္စနဲ့ တစ်ခါတစ်ခေါက်

04/06/2023

ကျွန်တော်လဲ နာကျင်တတ်ပါတယ် ...

မငိုတတ်ဘူးလို့ ထင်တာလား ... မဟုတ်ဘူးနော် ကျွန်တော်လဲ ကောင်းကောင်းကြီး ငိုတတ်ပါတယ် ဒါပေမယ့် လူရှေ့သူရှေ့တွေမှာ အများကြီး ပြုံးနေတတ်တာက လွဲရင်ပေါ့ ။ ပြီးတော့ သိပ်လဲ အားငယ်တတ်တာ ။ ခင်ဗျားတို့တွေ အားပေးစရာမလိုဘူးလို့ ထင်နေတဲ့လူတစ်ယောက်မှာ သူ့မှာ လဲ ပြောပြစရာတွေ အများကြီး ရှိနေတတ်တယ် ။ ပြီးတော့ ဘာမှမဟုတ်ပါဘူးဆိုပြီး အမြဲတမ်းပြန်ဖြေတတ်တဲ့ လူတစ်ယောက်ကလဲ တကယ်တမ်းကျတော့ နာကျင်နေတတ်ပါတယ် ။

တခြားတစ်ယောက်ရဲ့ အဆင်မပြေမှုတွေကို အမြဲတမ်း နားထောင်ပေးတတ်တဲ့ လူတွေကို မြင်ဖူးတယ်မဟုတ်လား ဒါပေမယ့် သူကိုယ်တိုင်ကျတော့ ဘယ်သူ့ကို ပြောပြရမယ်ဆိုတာမှန်း တကယ်တမ်းကျတော့ မသိဘူး ။ အရာရာကို မြိုသိပ်ထားရင်းက အရာရာကို အဆင်ပြေပါတယ်ဆိုတဲ့ မျက်နှာဘေးနဲ့ ဖြတ်ကျော်နေခဲ့တာ တကယ်တမ်းကျတော့ ပြောစရာစကားတွေ အများကြီးကို ထူးမနေတော့ပါဘူးဆိုတဲ့ အတွေးနဲ့ လည်ပင်းထဲ တစ်စို့နေအောင် ရင်ဘတ်ထဲ ပြည့်ကျပ်နေအောင် သိမ်းထားတတ်တာပါ ။

သူက သိပ်ရင့်ကျက်တာလေလို့ပြောရင် ပြုံးယောင်လေး သမ်းသွားတာကို သတိထားမိရဲ့လား သူလဲ တကယ်တမ်းကျတော့ ပြိုလဲချင်နေပါတယ် ။ ငါ ပြိုလဲလိုက်ရင်ဆိုတဲ့ အတွေးတွေနောက်မှာ ကိုယ်တစ်ယောက်တည်းဖောက်ပြီး ကိုယ်တစ်ယောက်တည်း လျှောက်ခဲ့တဲ့လမ်းတွေ အလကားဖြစ်သွားမှာစိုးတာရယ် ကိုယ်လဲပြိုရင်လဲ နောက်တစ်ကြိမ် ကိုယ့်ကိုယ်ကိုယ် ပြန်ထူပြီး ပြန်ထားရမယ်ဆိုတာမှန်း သူ သတိထားမိသွားတာ ပြီးတော့ နောက်တစ်ကြိမ် သူ ပြန်ထမလာနိုင်တော့မှာကို တွေးပြီး ပူနေမိတယ် ဆိုပါတော့ ...

မနက်တွေ ထချင်တဲ့အချိန်မှ ထလိမ့်မယ် ညတွေ အိပ်ပျော်ချင်မှ ပျော်လိမ့်မယ် ။ ဘာလုပ်နေလဲဆိုတဲ့ မေးခွန်းတွေကို ဒီတိုင်းပါပဲဆိုတဲ့ အဖြေပဲ ပေးလိမ့်မယ် ။ တကယ်ပါ တချို့ရက်တွေမှာ ဘယ်လို ဘယ်ပုံ ကုန်သွားမှန်းတောင် သူကိုယ်တိုင် သိနေတာ မဟုတ်ဘူး ။ အိပ်ရမယ်ဆိုတဲ့ အသိတွေ ရှိနေတဲ့ကြားက အိပ်မရတဲ့ မျက်လုံးတွေနဲ့ တစ်ညလုံးတွေဝေ ငေးမောချင် ငေးမောနေတတ်တာ ။ New Feed လေးပွတ်မယ် ဖုန်းပြန်ချမယ် Messenger လေးကြည့်မယ် ဘယ် acc မှ မီးမစိမ်းတော့တာကို ကြည့်ပြီး ဘယ်သူ့ကိုမှ စကားပြောရမလဲလို့တွေးတယ် ။ အနည်းအကျဥ်းလေးရှိနေတဲ့ Phone Contact ထဲသွားမယ် အလွတ်ရနေတဲ့ ဖုန်းနံပါတ်လေးကို နှိပ်မယ် ပြီးရင် ပြန်ဖျက်လိုက်ပြီး အိပ်ဖို့ ကြိုးစားမယ် ဒီလိုပဲ ညတွေကို ဖြတ်သန်းဖြစ်လာတာပါ ။

မငိုတတ်ဘူးလို့တော့ ဘယ်ဟုတ်ပါ့မလဲ ... မျက်ရည်တွေကျတတ်သလို ရင်ထဲလဲ ငိုတတ်ပါတယ် ။ အဆင်ပြေပါတယ်ဆိုတဲ့ စကားအဆုံးမှာ ၀ဲသွားတဲ့ မျက်ရည်တွေဟာလဲ အခါခါပါပဲ နာကျင်ရတယ်ဆိုပြီး ရင်ဘတ်လေးကိုဖိ မျက်ရည်တွေ စီးကျပေါ့ မသိရင် ဒရမ်မာကား ရိုက်နေတဲ့အတိုင်းပဲ ဒါပေမယ့် ဒါတွေဟာ လက်တွေ့လေ ... Cut ဆိုပြီး အချက်ပြမယ့် ဒါရိုက်တာ မရှိသလို မျက်ရည်တွေ ချက်ချင်းရပ်သွားဖို့ကျပြန်တော့လဲ အဲ့လာက် မလွယ်တတ်ဘူး ။ တစ်ယောက်တည်း အဆင်ပြေပါတယ်ဆိုတဲ့ စကားဟာ တစ်ယောက်တည်း ဖြစ်သွားပြီးမှပဲ ပြောတတ်လာခဲ့တဲ့ ဘာသာဗေဒတစ်ခုပါ ။ ကျွန်တော်ကိုယ်တိုင်လဲ အဖော်တွေ မက်ပါတယ် ။ ဘယ်သူမှ ရှိမနေတော့လို့သာ ဘယ်သူမှ မလိုပါဘူးဆိုတဲ့ စကားတွေ သုံးရတာပေါ့ ။

နာကျင်နေပါတယ်လို့ မ​ဖွင့်ဟဖြစ်တာကလွဲရင် ကျွန်တော်လဲ နာကျင်တတ်ပါတယ် ။ ဒါပေမယ့် အချိန်တွေ ကြာလာလို့ထင်တယ် ပြီးတော့ ကျွန်တော့်အနားမှာ ပျော်ရွှင်ခြင်းတွေက ကြာကြာမနေတတ်လို့ထင်တယ် ။ နာကျင်ခြင်းတွေနဲ့ နည်းနည်းလေး ကျင့်သားရလာရုံပါ ။ အရင်ကလို ငါ နာကျင်နေတာကို မသိဘူးလားဆိုပြီး မဖော်ပြတော့ဘူး ပိုပြီးတော့ သိမ်းထားတတ်လာတယ် ။ အရင်ကလို နာကျင်ရင် မျက်ရည်တွေ မကျတော့ဘူး ပိုပြီးနာကျင်လေလေ ပိုပြီးတော့ တိတ်ဆိုပြီး နေတတ်လာတယ် ။ ဘယ်သူကများ ဂရုစိုက်နေမှာမို့လို့လဲဆိုပြီးတွေးမိရင် ဖြစ်သမျှ အရာရာကို မြိုသိပ်တတ်လာတယ် ။

အမှန်အတိုင်း၀န်ခံရရင် ... သန်မာချင်ယောင်ဆောင်ထားတဲ့ မျက်လုံးတွေ အောက်မှာ အားငယ်တတ်တဲ့ အရိပ်အယောင်တွေရှိတယ် ။ အဆင်ပြေပါတယ်ဆိုတဲ့ စကားလုံးတွေနောက်မှာ ၀ဲသွားတဲ့ မျက်ရည်တွေကို အကြိမ်ကြိမ် ဖုံးခဲ့ရတဲ့ အချိန်တွေ အများကြီးရှိတယ် ။ ငါက ဘာဖြစ်ရမှာလဲဆိုတဲ့ စကားလုံးတွေနောက်မှာ ကျွန်တော်တကယ်ပဲ အဆင်မပြေပါဘူးဆိုတဲ့ စကားတွေကို ဖွင့်ဟမိသွားမှာစိုးလို့ အံကြိတ်ထားတဲ့ နှုတ်ခမ်းတွေရှိတယ် ။ ဒီလိုပါပဲ ... ကျွန်တော်လဲ နာကျင်တတ်တဲ့ လူသားတစ်ယောက်ပါပဲ ။

#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)

မြို့ကြီးပြကြီးမှာ နေရတာထက်တောင်ပေါ်ဒေသမှာနေရတာ ပိုပြီးသဘောကျတယ်။အအေးသောက်ရတာထက်ပူပူနွေးနွေးကော်ဖီတစ်ခွက်ကို သောက်ရတာပို...
30/05/2023

မြို့ကြီးပြကြီးမှာ နေရတာထက်
တောင်ပေါ်ဒေသမှာနေရတာ ပိုပြီးသဘောကျတယ်။

အအေးသောက်ရတာထက်
ပူပူနွေးနွေးကော်ဖီတစ်ခွက်ကို သောက်ရတာ
ပိုပြီးသဘောကျတယ်။

အလှအပပစ္စည်းတွေ ဝယ်စုရတာထက်
စာအုပ်တွေဝယ်စုရတာ ပိုပြီးသဘောကျတယ်။

ဆိုင်အကြီးကြီးမှာ အစားအသောက်တွေ ဝယ်စားရတာထက် လမ်းဘေးနားက ဆိုင်သေးသေးလေးမှာ အစားအသောက်တွေ ဝယ်စားရတာကို
ပိုပြီးသဘောကျတယ်။

ကိုယ့်ပုံစံကလူကြီးဆန်တယ်
ခေတ်ဟောင်းသီချင်းတွေနားထောင်ရတာကြိုက်တယ်
နယ်မြို့လေးတွေကိုချစ်တယ်
ပြီးတော့
လူတစ်ယောက်တည်းကိုပဲ တစ်သက်လုံးချစ်သွားချင်တယ်။


စွန့်ပစ်ခံရခြင်းရဲ့ အရသာကိုကောင်းကောင်းကြီးသိသားတဲ့ သူတစ်ယောက်ဟာချစ်ခြင်းမေတ္တာကို နောက်ထပ်တစ်ကြိမ်ဘယ်တော့မှ မရှာဖွေတော့...
30/05/2023

စွန့်ပစ်ခံရခြင်းရဲ့ အရသာကို
ကောင်းကောင်းကြီးသိသားတဲ့ သူတစ်ယောက်ဟာ
ချစ်ခြင်းမေတ္တာကို နောက်ထပ်တစ်ကြိမ်
ဘယ်တော့မှ မရှာဖွေတော့ဘူး။


30/05/2023

မသောက်တက်တာကခတ်တယ်😕

30/05/2023

need 🥺စနေအမျိုးသမီးလေ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Min Htet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category