20/08/2026
ဒီတစ်ခါ နေ့လယ်စာစားဖြစ်ခဲ့တာကတော့ ပြည်ထောင်စုရိပ်သာလမ်းက " FEEL " မှာပါ
သူ့ဆိုင်က အရံဟင်းတော့ free မပေးပါဘူး ငပိရည်နဲ့ တို့စရာရယ် အရည်သောက်ရယ်တော့ပေးပါတယ်
မှာစားခဲ့တဲ့ ဟင်းလေးတွေကတော့ အရသာကောင်းပါတယ် ငါးပြေမဆို ကျောရိုးဆူးတောင်ထုတ်ပေးထားတော့ စားရတာတော်တော်ကိုအဆင်ပြေပါတယ်
စျေးလေးတွေကတော့
- ကြက်အာလူးနဲ့ တစ်ခါပြင် 16500 Ks
- ငါးပြေမ နဲ့ တစ်ခါပြင် 15000 Ks
- ထမင်းဖြူလိုက်ပွဲ 1500 Ks
ကျသင့်ပြီးတော့ အားလုံးကို Tax 5% ပေါင်းပါတယ်