14/02/2025
စားသုံးသူများအတွက် အလတ်ဆတ်ဆုံး၊ အနူးညံ့ဆုံး၊ အရသာ အကောင်းဆုံးတွေပေးနိုင်ဖို့ဆိုတာ Steak Village ရဲ့ ထာဝရရည်မှန်းချက်တစ်ခုပါ 💯
ဒီနှစ်မှာတော့ ဒီရည်မှန်းချက်လေးကို ပိုပြီးချဲ့ထွင်နိုင်ဖို့ ခြေလှမ်းအသစ်နေနဲ့ Ready to Grill အသင့်ကင်စားနိုင်တဲ့ အရသာနှပ်ပြီးသား အသားထုပ်တွေကို စတင်ဖြန့်ချိခဲ့ပါတယ်။ အကြောင်းကြောင်းကြောင့် Steak Village ဆိုင်တွေကို မလာဖြစ်တဲ့အခါမျိုးမှာ ဖုန်းလေးတစ်ချက်ဆက်ပြီး မှာလိုက်တာနဲ့ Steak Village ရဲ့ အရသာကောင်းလွန်းတဲ့ Steak တွေ ၊ BBQ တွေကို ဒီမှာစားရတဲ့အရသာအတိုင်း ကိုယ့်အိမ်မှာ ကိုယ်တိုင်ကင်စားနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ပေါ့။
အခုအခါမှာတော့ စားသုံးသူတွေအတွက်သာမက ပြန်လည်ရောင်းချချင်သူတွေအတွက်ပါ အလုပ်မရှုပ်တော့ပဲ အသင့်ကင်ပြီးရောင်းနိုင်ဖို့ Greasy to Grill Steak အသားထုပ်များကို လက်လီလက်ကားရောင်းချပေးနေပါပြီ 🔥
Steak Village ရဲ့ Ready to Grill ကို ဘယ်သူတွေ မှာယူသင့်လဲ❓
✅ ငွေအရင်းအနှီးအများကြီး မသုံးပဲနဲ့ တပိုင်တနိုင် Steak ဆိုင်၊ အကင်ဆိုင်လေးတွေကို အရသာလတ်ဆတ်ကောင်းမွန်စွာနဲ့ ဖွင့်လှစ်ရောင်းချလိုသူတွေ ၊
✅ ကိုယ့်ဆိုင်ရဲ့ Menu မှာ အရည်အသွေးကောင်းပြီး အရသာရှိတဲ့ Local Steak Menu အသစ်တွေကို ဘာအလုပ်မှမရှုပ်ပဲ သာသာယာယာလေးထပ်ဖြည့်ပြီး လုပ်ငန်းချဲ့ထွင်ချင်တဲ့ Bar & Restaurant တွေ၊
✅ အသင့်စား ၊ အသင့်ချက် အစားအသောက်တွေကို ပြန်လည်ရောင်းချလိုတဲ့ စားသောက်ကုန်ဆိုင်တွေ
✅ ကိုယ့်ဆိုင်ရဲ့ အမြည်းစုံ ဖြည့်ထားချင်တဲ့ Liquor Shop၊ Convenience store နဲ့ Mini mart တွေပဲဖြစ်ပါတယ်။
✨ဒီထဲမှာမှ Steak ဆိုင်၊ အကင်ဆိုင်လေးတွေ စတင်ဖွင့်လှစ်ချင်သူတွေအတွက်ကိုတော့ ဆိုင်စဖွင့်ဖို့ Planning ဆွဲတာကစပြီး လည်ပတ်စွာဖွင့်လှစ်ရောင်းချနိုင်ချိန်အထိ လက်တွေ့အောင်မြင်ထားတဲ့ အကြံဉာဏ်နဲ့ အတွေ့အကြုံတွေကို မေတ္တာနဲ့ မျှဝေကူညီဝန်ဆောင်ပေးသွားမယ်ဆိုတာလေးလည်း သတင်းကောင်းပါးချင်ပါတယ်ဗျာ။
🌟ဒါ့အပြင် ကိုယ့်ဘာသာသီးသန့်အသစ်မဖွင့်နေချင်တော့ဘူး ၊ Steak Village ရဲ့ နာမည်ရပြီးသား အမည်လေးအတိုင်းပဲ ဆိုင်ခွဲယူဖွင့်ချင်တယ်၊ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုရင်လည်း Steak Village ရဲ့ Set up တစ်ခုလုံးအတိုင်း ဖွင့်လှစ်နိုင်ဖို့ Franchise ပုံစံရော၊ Business to Business ပုံစံရော လက်တွဲသွားနိုင်ပါတယ်ဗျာ။
ကိုယ်က အကင်ဆိုင်ဖွင့်ထားတာဆိုတော့ အကင်ဆိုင်ဖွင့်မယ့်သူချင်း ရိုင်းပင်းချင်တဲ့ စိတ်ထားလေးတစ်ခုပေါ့။ ဘာလို့လဲဆိုတော့ Local Steak ဆိုင်လေးတွေ ပိုပြီး ဖွံဖြိုးအောင်မြင်ဖို့နဲ့ စားသုံသူတွေအတွက် အရသာအရှိဆုံး Steak တွေ နေရာအနှံ့မှာ ရနေစေချင်တဲ့ ရည်ရွယ်ချက်တွေကြောင့်ပါပဲ။
အနူးညံ့ဆုံးနဲ့ အရသာအရှိဆုံး Local Steak အသားနှပ်ပြီးသားအထုပ်တွေကို စားသုံးသူတွေအတွက်ရော ပြန်လည်ရောင်းချလိုသူတွေအတွက်ပါ နိုင်ငံအနှံ့မှာရှိတဲ့ ကားဂိတ်ရောက်တဲ့ ဘယ်မြို့ ၊ဘယ်ဒေသကိုမဆို ပို့ဆောင်ပေးသွားမှာဖြစ်ပြီး ဆိုင်သစ် ဆိုင်ခွဲဖွင့်ချင်သူတွေ၊ လုပ်ငန်းတိုးချဲ့လိုသူတွေအတွက်လည်း အခကြေးငွေ လုံးဝမယူပဲ စလယ်ဆုံး လက်တွဲကူညီသွားမှာမို့လို့ ဒီထက်ကောင်းတာမရှိတော့တဲ့ အခွင့်အလမ်းတွေကို ရယူဖို့ Steak Village ကို အခုပဲဆက်သွယ်လိုက်ပါစို့ဗျာ.. 🥩🍗🍖👌
For Ready to Grill products
☎️ 09790962713
ဆိုင်ဖွင့်ချိန်
နေလည် ၁၂:၀၀ မှ ည ၉:၃၀ အထိ
Steak Village
အမှတ် ၅၂၉၊ ဦးဝိစာရလမ်း၊ ၄၁ ရပ်ကွက်၊ မြောက်ဒဂုံ
09776685122
09895094245
Steak Village - Kyauk Myayng
အမှတ် ၄၂ (ဘီ)၊ သတိပဌာန်လမ်း၊ ကျားကွက်သစ်ရပ်ကွက်၊ တာမွေမြို့နယ်
09676723238
09945232333