03/06/2026
📢 လေးစားတန်ဖိုးထားရပါသော Customer များရှင်...
City Food Special Restaurant တွင် ဆိုင်အတွင်း ပြင်ဆင်မွမ်းမံမှုများ ဆက်လက်ပြုလုပ်နေပါသောကြောင့် ခေတ္တပိတ်ထားသည့်ရက်အား ထပ်မံတိုးမြှင့်ထားမည်ဖြစ်ပါသည်။
ထို့ကြောင့် ဆိုင်တွင် လာရောက်ဝယ်ယူခြင်း၊ Online Order များအပြင် Food Panda နှင့် Grab Service များကိုလည်း ယာယီရပ်နားထားမည်ဖြစ်ပါသည်။
ပြန်လည်ဖွင့်လှစ်မည့်ရက်အား Page မှတစ်ဆင့် ထပ်မံအသိပေးကြော်ငြာပေးသွားမည်ဖြစ်ပါသောကြောင့် မိတ်ဟောင်းမိတ်သစ် Customer များအနေဖြင့် စောင့်မျှော်အားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အဆင်မပြေမှုများအတွက် အနူးအညွတ် တောင်းပန်အပ်ပြီး အမြဲအားပေးကြသော Customer များအား အထူးကျေးဇူးတင်ရှိပါသည်။ 🙏