Chaw Su's Kitchen

Chaw Su's Kitchen သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်မျာ

28/08/2021

Relax Time Coffee Shop 's Menu
Relax Time နှပ်ကော်ဖီဲ
ရှမ်း​ခေါက်ဆွဲ
မြီးရှည်
Sandwich (cheese/Tuna)
Hotdog
ပေါင်မုန့်မီးကင်
ထုံချိုင်းမာလာသုပ်
ကြက်အူချောင်းမာလာ
ဝက်ဂုတ်သားကင်
ကြာဆံချက်

လက်ဖက်ထမင်း (ကြက်ဥ/ကြက်ကြော်)
ထမင်းသုပ်
ပုန်းရည်ကြီးထမင်း
ရခိုင်ငပိထမင်းသုပ်

ကျောက်ပွင့်သုပ်
ဆေးဘဲဥသုပ်
ရှောက်သီးသုပ်
ငါးနီတူခြောက်သုပ်
ငါးဖယ်သုပ်

လက်ဖက်သုပ်
ဂျင်းသုပ်
ပဲကြမ်းသုပ်
မြင်းခွါရွက်သုပ်

စတော်ဘယ်ရီ
ကီဝီ
စပျစ်
နာနတ်
ရပ်စ်ဘယ်ရီ
ဘလူးဘယ်ရီ
သစ်ခွ
သံဗူး
သံပုရာ
ကျောက်ကျော
မန်းကျည်း

15/08/2021

သန့်ရှင်းကျန်းမာ အစားအစာ။ ကျန်းမာရေးနှင့်ညီညွတ်စေရန် အထူးချက်ပြုတ်သည်။

23/07/2021
19 ဇူလိုင် မမေ့နိုင် (၇၄) ကြိမ်မြောက် အာဇာနည်နေ့ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော သူရဲကောင်း အာဇာနည်ခေါင်းဆောင...
19/07/2021

19 ဇူလိုင် မမေ့နိုင်

(၇၄) ကြိမ်မြောက် အာဇာနည်နေ့

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော သူရဲကောင်း အာဇာနည်ခေါင်းဆောင်များအားလုံးတို့အား ရိုသေလေးစားစွာ အလေးပြုအပ်ပါသည်။

၁၉.၇.၂၀၂၁ (အာဇာနည်နေ့)

Photo-crd

18/07/2021

CREDIT
အရမ်းမောနေတဲ့ Oxygen ရှူနေရတဲ့လူနာဟာ အစာစားဖို့ Oxygen ခဏဖယ်လိုက်တာနဲ့ Oxygen ကျပါတယ်။ ရှင်းရှင်းပြောရရင် ရှူထားတဲ့ Oxygen ဖယ်ပြီး ရေသောက်ရင်တောင် Oxygen ကျပါတယ်။ Oxygen မရှူရတဲ့အချိန်ကြာလေ သွေးတွင်း Oxygen ကျလေပါပဲ။

ရောဂါကိုတိုက်နေတုန်း အာဟာရပြည့်မှ ကိုယ်ခံအားကောင်းပြီး နလန်ထတာ မြန်ပါလိမ့်မယ်။ ထမင်း၊ ဟင်း ဘယ်လိုမှမစားနိုင်တဲ့ လူနာကို အာဟာရပြည့်တဲ့ Ensure တို့၊ နို့တို့၊ ကြက်ပေါင်းတို့မှ မကျွေးရင် အာဟာရပြတ်ပြီး ဒုက္ခများပါလိမ့်မယ်။

Oxygen ကျရတဲ့ အကြောင်းရင်းက

(၁) အဆုတ်ဟာ ရင်ခေါင်းထဲမှာ ရှိပါတယ်။

(၂) အဆုတ်ပိုးဝင်တဲ့အခါ အဆုတ်ထဲရောက်နေတဲ့တဲ့ပိုး 🦠 တွေကို ကိုယ်ခံအား (သွေးဖြူဥတွေ) က တိုက်တဲ့အတွက် အဆုတ်ဟာ ရောင်လာပါတယ်။

(၃) ပုံမှန်အားဖြင့် အဆုတ်က (အသက်ရှူလမ်းကြောင်း ခြောက်ကပ်မနေရဘဲ စိုစွတ်နေအောင်) အရည်အနည်းငယ် ထုတ်ပါတယ်။

(၄) ပိုးဝင်လို့ ရောင်လာတဲ့အဆုတ်ဟာ အဲ့ဒီအရည်တွေ အများကြီးထုတ်ပါတော့တယ်။

(၅) အဆုတ်ကထုတ်တဲ့ အရည်တွေ၊ ပိုး 🦠 အသေတွေ၊ သွေးဖြူဥအသေတွေ ရောနေတဲ့ အရည်တွေကြောင့် အဆုတ်က အသက်ရှူတဲ့အခါ "ခရူး ခရူး" ဆိုတဲ့ အသံထွက်လာတာပါ။ (ချွဲထတယ်ပေါ့)

(၆) လေပဲရှိရမယ့် အဆုတ်ထဲက လေအိတ်လေးတွေထဲမှာ ချွဲဆိုတဲ့ အရည်တွေပြည့်လာတော့ လူနာက မောကျပ်လာရတာပါ။

(၇) လူနာက ပက်လက်ပဲအိပ်တဲ့အခါ အဲ့ဒီအရည်တွေဟာ စုပြီး ခဲသွားပါတယ်။

(၈) အဲ့လိုခဲသွားတဲ့ အဆုတ်ဟာ လေလုံးဝမဝင်တော့ပါဘူး။ (အဲ့ဒီကနေ Oxygen ကျလာရခြင်းဖြစ်ပါတယ်)
___________

Oxygen ပေးတာများလို့ အဆုတ်ကွဲပြီး နှုတ်ခမ်းပြာသေတယ်

"Covid လူနာကြည့်တဲ့ ဆရာဝန်တွေနဲ့ ရေဝေးကလူတွေပြောတာ Oxygen ပေးတာများလို့ အဆုတ်ကွဲပြီး နှုတ်ခမ်းပြာသေတယ်" ဆိုတဲ့ဟာက တကယ့်ကို ထင်ရာမြင်ရာပြောကြတာပါ။ ဘယ် Covid လူနာကိုမှ ရင်ခွဲစစ်ဆေးမှု မလုပ်တဲ့အတွက် အဆုတ်ကွဲတာ/မကွဲတာ မသိနိုင်ပါဘူး။ နှုတ်ခမ်းပြာရခြင်းက အသက်မရှူနိုင်ခြင်းကြောင့် သွေးတွင်း Carbon Dioxide များပြီး Cyanosis ရနေခြင်းသာ ဖြစ်ပါတယ်။
___________

အရွက်တွေထောင်းကျိတ်ရှူ တိုင်းရင်းဆေးတွေရှူရင် Oxygen မလိုဘူး

မိစ္ဆာကြီးစိုးတဲ့နေရာမှာ Oxygen ရှာရခက်လို့ ဆင်းရဲဒုက္ခရောက်နေရတဲ့ ကောက်ရိုးတစ်မျှင်လည်း အားကိုးတကြီးဆွဲနေရတဲ့ ပြည်သူတွေကို

- မြန်မြန်သေအောင်၊
- မသေသင့်တဲ့လူတွေပါ သေအောင် လုပ်နေကြတာပါပဲ။

Oxygen ရှာရခက်တယ်၊ ရှာလို့မရနိုင်ရင် တကယ်အသုံးဝင်တဲ့ Position ပြောင်းပြောင်းပြီးနေရတဲ့ အသက်ကယ်တဲ့ အကြံပြုချက်တွေထက်ကို ဟိုဟိုဒီဒီ လျှောက်ရှူခိုင်းတာဟာ အဲ့ဒီအမှုန်တွေဟာ အသက်ရှူလမ်းကြောင်းထဲရောက်ပြီး နဂိုက ရောင်ရမ်းနေတဲ့ အသက်ရှူလမ်းကြောင်းကို ပိုပြီး ရောင်စေတဲ့အတွက် လူနာကို ပိုခံစားရစေပြီး အဆုတ်ပျက်စီးမှုကို ပိုပြီးဆိုးစေပါတယ်။

ရေးသာရေးရတာပါ၊ ကျွန်တော်တို့ရေးတာ ဖတ်တဲ့သူက သတ်သတ်၊ အမှုန်တွေရှူပြီးအရွက်ကျိတ်သောက်တဲ့လူက သတ်သတ်ဆိုတာ နားလည်ပါတယ်။ 😰

Covid ရန်ကင်းဝေးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ။

ဒေါက်တာ ဘုန်းစည်သူလွင်
16.07.2021

ကျေးဇူးပြု၍ ဖတ်ပေးပါ၊ အောက်စီဂျင်မရလည်းမကြောက်ပါနဲ့————ကိုဗစ်ဒဏ်ကိုသူကိုယ်တိုင်ရော ခံစားဖူးပြီး ခုထိ သူကုပေးနေတဲ့ လူနာမျ...
18/07/2021

ကျေးဇူးပြု၍ ဖတ်ပေးပါ၊
အောက်စီဂျင်မရလည်းမကြောက်ပါနဲ့
————
ကိုဗစ်ဒဏ်ကိုသူကိုယ်တိုင်ရော ခံစားဖူးပြီး ခုထိ သူကုပေးနေတဲ့ လူနာများစွာရှိတဲ့ သူငယ်ချင်းဆရာဝန်ရေးထားတာလေးပါ။

🦠👉အောက်ဆီဂျင်ပြတ်လပ်မှု နှင့် COVID ကပ်ရောဂါ👈🦠
================

🚨ဆရာဝန်တစ်ဦးအနေနှင့်၄င်း , အဆုတ်ရောဂါ အပြင်းအထန်ခံစားခဲ့ဖူးသော အတွေ့အကြုံရှိသည့် လူတစ်ဦးအနေနှင့်၄င်း … ကိုယ်တိုင်ဖြတ်သန်းခဲ့သော အမောဖောက်ခြင်း ဝေဒနာကို သက်သာစေမည့် နည်းလမ်းများကို ဒုက္ခခံစားနေသောပြည်သူများဒုက္ခသက်သာစေရန် ဝေမျှခြင်းဖြစ်ပါသည်။

🚨ယခုလတ်တလော COVID -19 ရောဂါကြောင့် အမောဖေါက်ပီးအောက်စီဂျင်မရကြသောလူနာများအတွက် ရည်ရွယ်ပါသည်။

ဇွန်လမှစ၍ မြန်မာနိုင်ငံတွင် COVID တတိယလှိုင်း စတင်ဝင် ရောက်ပါသည်။
စစ်တပ်မှတိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ထားသဖြင့် ပြည်သူလူထုမှာ အားကိုးရမည့် အစိုးရတစ်ရပ်မရှိဘဲကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကပ်ရောဂါကို ရင်ဆိုင်နေရပါသည်။

🚨အောက်စီဂျင်လည်းမရှိ ၊ ဆေးရုံလည်း တက်လို့ အရမ်းခက် တာကြောင့် အိမ်မှာ မောရင်း သေဆုံးကြရတဲ့ လူနာတွေ ...... လျော့ကျစေရန် အလို့ငှါ စေတနာဖြင့် ဤစာကို ရေးသားအပ်ပါတယ်။

⚫️ပထမဆုံး အသိပေးလိုသည်မှာ COVID ရောဂါဖြစ်သူတိုင်း Oxygen မလိုပါ။ ရောဂါဖြစ်သူအားလုံး၏ ၂၀ ရာခိုင်နှုန်းသာ oxygen လိုအပ်ပါသည်။

⚫️ဒုတိယ အသိပေးလိုသည်မှာ COVID ရောဂါဖြစ်သူတိုင်းမသေပါ။ လူနာစုစုပေါင်း၏ ၂ ရာခိုင်နှုန်းသာ သေဆုံးပါသည်။�

➡️အမောဖောက်လူနာအားပြုစုဖို့အောက်ပါအချက်များကိုနားလည်ထားရပါမည်။
အမောဖောက်ခြင်းသည် အကြောင်း ၂ ချက်ကြောင့် ဖြစ်ပါသည်။

A. ခန္ဓာကိုယ်သို့ oxygen ပံ့ပိုးမှုနည်းသွားခြင်း
B.ခန္ဓာကိုယ်မှ oxygen ကို အသုံးပြုမှုများသဖြင့် oxygen မလုံလောက်ခြင်း

➡️လူနာအမောဖောက်ခြင်းသက်သာစေရန်
A. ခန္ဓာကိုယ်သို့ oxygen ပံ့ပိုးမှုများလာအောင်လုပ်ဆောင်ရပါမည်။
B. ခန္ဓာကိုယ်မှ oxygen သုံးစွဲမှု တတ်နိုင်သမျှလျှော့ကျအောင်ပြုလုပ်ရပါမည်။

🔹🏮A. Oxygen ပံ့ပိုးမှုနည်းသွားခြင်း ကို ကုစားရန်နည်းလမ်းများ🏮🔹

အဆုတ်မကောင်းလျှင်သော်လည်းကောင်း နှလုံးမကောင်းလျှင်သော်လည်းကောင်း သွေးအားနည်းလျှင်သော်လည်းကောင်း ခန္ဓာကိုယ်သို့ Oxygen ပံ့ပို့နည်းသွားတတ်ပါသည်။

SpO2 90% အောက်ရောက်လျှင် oxygen ရှုရပါမည်။

ယခု မြန်မာနိုင်ငံ သားများကြုတွေ့နေရသည့် အခြေအနေအရ Oxygen မရရှိပါက အောက်ပါကိစ္စများကိုပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အား Oxygen ပံ့ပိုးမှု ပိုများလာအောင် ပြုလုပ်ပါ။

၁။ လူနာကို လေကောင်းလေသန့် ရသည့်နေရာတွင်ထားပါ

၂။ အဆုတ်ထဲ လေဝင်အောင် ဂရုတစိုက် သတိထားပီး ဖြေးဖြေးချင်းရှုပါ။

အသက်ကိုဖြေးဖြေးနှင့်ရှည်ရှည်ရှုပါ။အသက်ရှုရာတွင် မြန်မြန်ရှုလေပိုမောလေဖြစ်တတ်ပါသည်။ ဖြေးဖြေးနှင့်မှန်မှန်ရှုရန်လိုအပ်ပါသည်။ အသက်ရှုခြင်းသည် အဆုတ်ထဲသို့ လေဝင်အောင်လုပ်ခြင်းဖြစ်ပါသည်။ အကြိမ်ရေများများနှင့် တိုတိုရှုခြင်းထက် အကြိမ်ရေနည်းနည်းနှင့် ရှည်ရှည်ရှုခြင်းက အဆုတ်ထဲလေပိုဝင်ပါသည်။ သတိထားပီး အသက်ရှုရပါမည်။
လေကိုဖြေးဖြေးနှင့် ရှည်ရှည်ရှုခြင်းက respiratory muscle များအသုံးပြုမှုကို လျော့ကျစေပါသည်။ လူပိုသက်သာပါသည်

၃။ လူနာအနီးတွင် ဆူညံသံများကို မပြုလုပ်ပါနှင့်၊ အသက်ရှုခြင်း တစ်ခုထဲကိုသာအာရုံစိုက်ရန် လူနာကို သတိပေးပါ။

၄။ ပက်လက်အနေအထားဖြင့် အသက်ရှုခြင်းသည် ပို၍ မောပါသည်( ထိုင်ပီးမှောက်လျှက်အနေအထားဖြင့် နေပါ)

၅။ လူနာ စိတ်အေးလက်အေးဖြစ်နေပါစေ( ကြောက်လန့်တကြားဖြစ်ပီး လူနာရုန်းကန်ပါက အခြေအနေကို ပိုမိုဆိုးဝါးစေပါသည်။ ထို့ကြောင့် ကြုံလာသည့် ပြဿနာကို စိတ်အေးအေးထားပီးရင်ဆိုင်ရန်အရေးကြီးပါသည်။)

၆။ အခန်းအပူချိန်ကို မပူလွန်း မအေးလွန်းဖြစ်နေဖို့လိုပါသည်။(26’C သည် လူအတွက်အကောင်းဆုံးအပူချိန်ဖြစ်သည် )

ရ။ လူနာရှိသောအခန်းအား ပြူတင်းပေါက်များဖွင့်ထားပါ။

၈။ လူနာအနီးတွင် တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်းရှိနေပါစေ

၉။ အနံ့အသက်များ မရှိပါစေနှင့်( ညှော်နံ့, ခြင်ဆေးခွေနံ့, မြောင်းပုပ်နံ့, ရေမွေးနံ့ , ဟင်းနံ့ များ သည် အမောဖောက်လူနာအားပိုဆိုးစေပါသည်)

၁၀။ အသက်ရှုလမ်းကြောင်းတွင် ချွဲ သလိပ်များ ပိတ်ဆို့နေပါက လက်ဖြင့်ဖြစ်စေ , Suction Machine ဖြင့်ဖြစ်စေ ဖယ်ရှားပေးပါ။

🔹🏮B. ခန္ဓာကိုယ်မှ Oxygen သုံးစွဲမှုများပြားခြင်းကို လျော့ချရန် 🏮🔹

လူ့ခန္ဓာကိုယ်တွင် Oxygen အများဆုံးအသုံးပြုသည့် ကိုယ်အင်္ဂါများမှာ ဦးနှောက်, နှလုံးနှင့်ကြွက်သားများဖြစ်ကြပါသည်။
ဦးနှောက်နှင့် နှလုံး တို့ သည် oxygen ပြတ်၍မရပါ။
သဘာဝအရ ၄င်းအင်္ဂါများတွင် Oxygen နည်းလာပါက နှလုံးခုံမြန်လာပါမည်၊ အသက်ရှုမြန်လာပါမည်၊ စိုးရိမ်စိတ်ဝင်လာတတ်ပါသည်။
၄င်းအခြေနေတွင် ခန္ဓာကိုယ်မှ Oxygen သုံးစွဲမှုနည်းအောင် အောက်ပါ ကိစ္စများပြုလုပ်ပါ။

၁။ စိတ်အေးအေးထားပါ ၊ စိတ်မပူရန် အရေးကြီးပါသည်၊ မကြောက်ပါနှင့် ( စိတ်အေးချမ်းအောင်နေခြင်းသည် နှလုံးနှင့် ဦးနှောက် Oxygen သုံးစွဲမှုများစွာလျော့ကျစေပါသည်) ( အာနာပါန တရားအားထုတ်ဖူးသူများ ကိုယ်တွေ့သိပါသည်)

၂။လူနာသည် တတ်နိုင်သမျှ ငြိမ်ငြိမ်နေရပါမည်။ လှုပ်ရှားလေ ကြွက်သားများ oxygen ပိုသုံးလေ ပိုမောလေ ဖြစ်ပါသည်။ထို့ကြောင့်ငြိမ်ငြိမ်နေပါ။

၃။ သက်တောင့်သက်သာ အဖြစ်ဆုံးအနေအထားဖြင့်နေပါ။အဝတ်အစားကိုချောင်ချောင်လယ်လယ်ရှိသောချည်သား ဝတ်ဆင်ပါ။

၄။ တတ်နိုင်သမျှစကားမပြောပါနဲ့(စကားပြောလျှင်ပိုမောပါသည်)၊ စကာပြောနေသဖြင့်အသက်ရှုချိန်ကိုလည်းနည်းစေပါသည်။

၅။ လူနာကို အားပေးစကားပြောပါ။

၆။ စိတ်ရှုပ်စရာများမတွေးပါနှင့်၊ စိတ်ငြိမ်အောင် ဘုရားစာတစ်မျိုးရွတ်နေလို့ရပါသည်, အသက်ရှုတာကိုဘဲအာရုံစိုက်ပါ။ “ငါဒီအခက်အခဲကို ကျော်ဖြတ်နိုင်ရမည်”” ကျော်ဖြတ်နိုင်ရမည်” ဟုအကြိမ်ကြိမ်ရွတ်ပါ။

ရ။ လူနာအနီးအသံဆူညံခြင်းမဖြစ်အောင် ဂရုစိုက်ပါ။ ဆူညံခြင်းကြောင့် စိတ်မတည်မငြိမ်ဖြစ်ပါသည်။ စိတ်မတည်ငြိမ်လျှင် ပိုမောပါသည်။

၈ ။ ချောင်းဆိုးချင်လာပါက အတတ်နိုင်ဆုံး အားမသုံးပါနှင့် အသာအယာ ဆိုးပါ။

၉ ။ လူနာအသက်ရှု မြန်လာပါက ဖြေးဖြေးနှင့် ရှည်ရှည်ရှုဖို့ ဘေးမှသတိပေးပါ။

မြန်မာပြည်သူပြည်သားများအားလုံး ရင်ဆိုင်ကြုံတွေ့နေကြရသည့် အခြေအနေဆိုး များမှ အမြန်ဆုံးလွတ်မြောက်ကြပါစေ…🙏🙏🙏

Crd-✍️ဒေါက်တာကောင်းမြတ် Ko Kaung Myat

17/07/2021

#ရတနာသုတ်ပရိတ်အဓိဌာန်
187.2021 (တနင်္ဂနွေ)နေ့ မှ 24.7.2021 (စနေ) နေ့အထိ (၇)ရက်
နံနက္(၉:၀၀) သို့ ည (၉:၀၀)နာရီ
ရတနာသုတ်ပရိတ်(၉)ခေါက်ရွတ်ဖက်ပူဇော်ရန်..

ရောဂန္တရကပ်အပေါင်းကင်းလွတ်ကျော်လွှားနိုင်ရန်အတွင် ရတနာသုတ်ပရိတ်အဓိဌာန် ရွတ်ဖတ်ပူဇော်မည်ဖြစ်ပါသဖြင့်
မိတ်ဆွေအပေါင်းမှလည်း ထိုအချိန်တွင်အတူရွတ်ဖတ်ပူဇော်မည့်သူရှိပါက ပါဝင်နိုင်ကြပါရန်
ဖိတ်ခေါ်အပ်ပါသည်။

(၁) ဩကာသဘုရားရှိခိုး
(၂) ငါးပါးသီလခံယူ
(၃) ဘုရားဂုဏ်တော် ၊တရားဂုဏ်တော်၊သံဃာ
ဂုဏ်တော်
(၄) ပန်း ၊ရေချမ်း၊ ဆွမ်းကပ်လှူ
(၅) နတ်ပင့်
မင်္ဂလာသုတ် (၁)ခေါက်
ရတနာသုတ် (၉)ခေါက်
မေတ္တာသုတ် (၁)ခေါက်
(၆)မေတ္တာပို့
(၇)အမျှဝေ

16/07/2021

Don't do following

Covid-19 ကူးစက်ချိန်တွင်

1) သကြားမစားရ
သကြားဇွန်းအနည်းငယ်စားရုံဖြင့် ခန္တာကိုယ် immune system သည် ၅ နာရီခေတ္တရပ်သွားသည်။
ထန်းလျှက်စားနိုင်သည်
ပျားရည်စစ်စစ်စားနိုင်သည်
အုန်းသကြားစားနိုင်သည်။

2) ကော်ဖီ၊ လက်ဘက်ရည်၊ ကိုလာ မသောက်ရ။ ခန္တာကိုယ် ခုခံအား immune system လုပ်ဆောင်မှူ့ကျစေသည်။

3) အရက်မသောက်ရ
4) ဆေးလိပ်မသောက်ရ
အရက် ဆေးလိပ်သည် immune ဆဲလ် အရေအတွက်ကိုကျစေသည်။

credit to Dr Mg Mg Htay

16/07/2021

မနက်ဖြန် မနက် ဆင်မလိုက် သင်္ဘောကျင်း oxygen plant မှ​​ေန၍ oxygen စရနိုင်မယ်ပြောပါသည်။

တနေ့လျှင် Oxygen အိုး ၄၀၀ ရနိုင်မည်ဟုသိရပါသည်။

Crd #
17 July

Covid -19  အတွက်အကောင်းဆုံးဆေးဟာ အိမ်မှာနေခြင်းပါ။ ကျန်းမာရေးအတွက် အာဟာရ ပြည့်ဝတဲ့အစားအသောက်များစားပါ။Photo Credit #
16/07/2021

Covid -19 အတွက်အကောင်းဆုံးဆေးဟာ အိမ်မှာနေခြင်းပါ။ ကျန်းမာရေးအတွက် အာဟာရ ပြည့်ဝတဲ့အစားအသောက်များစားပါ။
Photo Credit #

16/07/2021

အောက်စီဂျင် မရောက်ခင်လေးမှာ ဒီလို လုပ်ထားကြရအော်နော်🥰

အတွဲ ၃- ကိုဗစ်ပိုးမောင်းထုတ်မယ်။
ICU Nurse, UK.

အသက်ရှူရတာမကောင်းတော့ဘူးဆိုတာနဲ့လေ့ကျင့်ခန်းစလုပ်တော့။ အခြေအနေပိုဆိုးတဲ့အထိစောင့်မနေနဲ့။ အောက်စီဂျင်ရှာပေးပါ၊ အိပ်ယာကတောင်မထနိုင်ဘူးဆိုတဲ့အခြေအနေတွေမရောက်အောင်တားဆီးဘို့ အရေးသိပ်ကြီးတယ်ဆိုတာ ခုဆိုလူတိုင်းသဘောပေါက်နေကြလောက်ပြီ။

လေ့ကျင့်ခန်းမလုပ်မီရေနွေးပူပူတဇလုံကို ပုဆိုးတထည်ခေါင်းအုပ်ပြီးနာရီဝက်လောက်ရှူပေးပါ။ ပြီးရင်အဆုပ်လေ့ကျင့်ခန်းလုပ်မယ်။

အဆုပ်လေ့ကျင့်ခန်းအမျိုးမျိုးထဲမှာ သဲအင်းဂူအာနာပါနကတော့ အကြိုက်ဆုံးဘဲ။ စိတ်ရဲ့တည်ကြည်မှုကိုဖြစ်‌စေတယ်။ အကုသိုလ်ကံကိုဖယ်ပေးတယ်၊ ကုသိုလ်ကံကိုပွားစေတယ်။ အဆုပ်ကိုသန့်စေတယ်။

နောက်အဆုပ်လေ့ကျင့်ခန်းတွေကတော့ အနေအထား ၄ မျိုးနဲ့လုပ်ရမယ်။
၁) မတ်မတ်ထိုင် (သို့) မတ်တပ်ရပ်
၂) ဘယ်ဘက်စောင်းအိပ်
၃) ညာဘက်စောင်းအိပ်
၄) မှောက်အိပ်

အသက်ပြင်းပြင်းအဆုပ်အောက်ခြေအထိနှာ‌ခေါင်းက‌‌နေလေဝင်အောင်ရှူသွင်း အသက်၅ စက္ကန့်လောက်နဲနဲအောင့်ထားပြီးရင် ပါးစပ်ကနေလေမှုတ်ထုတ်။ဖ‌ယောင်းတိုင်မီးကိုမှုတ်ညှိမ်းသလိုမှုတ်ထုတ် လေနဲနဲ‌လေးတောင်မကျန်အောင်ညှစ်ပြီးမှုတ်ထုတ်။ အဲဒီနည်းနဲ့ ပုံစံ၄မျိုးလုံးမှာ ၁၀ ကြိမ်စီလုပ်ပေး။ တနာရီတခါမလုပ်နိုင်ရင် နှစ်နာရီတခါလုပ်ပေး။ ၂ နာရီတခါမလုပ်နိုင်ရင် ၃ နာရီတခါလုပ်ပေး။

ချောင်းဆိုးချင်ချင် မဆိုးချင်ချင် ချောင်းကိုတမင်ဆိုးပေးတာလည်း recommendable အဆုပ်လေ့ကျင့်ခန်းတမျိုးပါဘဲ။ ပါးစပ်ပိတ်ပြီးချောင်းဆိုးဘို့တော့ မမေ့နဲ့နော်။ "coughs and sneezes spread diseases, so catch all the germs in your handkerchief."

ကူညီပြုစုနိုင်တဲ့လူရှိရင် ဘေးတိုက်အနေအထား ၂ နဲ့ ၃ မှာ မျက်နှာသုပ်ပုဝါနှစ်ခေါက်လောက်အုပ်ပြီး အဲ့အကူကလက်ခုပ်ကလေးနဲ့အဆုပ်ဘေးဘက်နဲ့‌ကျောဘက်တ‌လျှောက်ကိုခပ်ပြင်းပြင်းတဘက်ကို ၅မိနစ် ပုတ်ပေးပါ။ အဲဒါလည်းအခြေအနေပေါ်မူတည်ပြီးခဏခဏလုပ်နိုင်ရင်ကောင်းတယ်။

အိပ်ရင်ဘယ်တော့မှကျောချမအိပ်ဘို့အရေးကြီးတယ်။ ဘယ်စောင်း (သို့) ညာစောင်းအိပ်ပါ။ အကောင်းဆုံးကတော့ မှောက်အိပ်တာဘဲ။ UK မှာအသဲအသန်လူနာခန်းရောက်လာတဲ့လူနာတွေကိုမှောက်နေဘို့အကြံပေးတယ်။ ပြောတဲ့အတိုင်းလုပ်နိုင်တဲ့လူနာတွေသက်သာလာတယ်။ အကြောင်းအမျိုးမျိုးကြောင့်မှောက်မနေနိုင်တဲ့လူနာတွေ ပိုဆိုးပြီးအသက်ရှူစက်ပေါ်တင်ရတယ်။ တော်တော်များများအိမ်မပြန်နိုင်ကြဘူး။

ရောဂါပိုးမွှားတွေက လှုပ်ရှားနေတဲ့အဆုပ်ကြွက်သားတွေမှာတွယ်ကပ်အိမ်ဖွဲ့နေဘို့ခဲယဉ်းတယ်။ တနည်းပြောရရင် လေ့ကျင့်ခန်းမလုပ်ဘဲ ငြိမ်သက်နေတဲ့အဆုပ်မျိုးဆိုသိပ်ကြိုက်ပေါ့။ ပိုးမွှားတွေချက်ချင်းအိမ်ထောင်သားမွေး မြေးမြစ်တီကျွတ်တွေနဲ့ ဂေဟာဖွဲ့လိမ့်မယ်။ အဲ့ကျရင် အောက်ဆီဂျင်ကျပြီး မလှုပ်နိုင်တော့ဘူး။ အဲ့ဒါကြောင့် ပိုးမွှားတွေအိမ်မဆောက်နိုင်အောင် အဆုပ်လေ့ကျင့်ခန်းများများလုပ်ကြပါ။

အကျဉ်းချုပ် - ၁) ရေနွေးငွေ့ရှူ။ ၂) အဆုပ်လေ့ကျင့်ခန်းတွေလုပ်။ ၃) မှောက်အိပ် (သို့) ဘေးစောင်းအိပ်

ဒါကိုဒုက္ခများတယ်လို့ထင်ရင် ဆက်စဉ်းစားကြည့်လိုက်။
အောက်ဆီဂျင်ရှာရတာ၊ ဆရာဝန်ရှာရတာ၊ ဆရာဝန်အိမ်ပင့်ရတာ၊ ဆရာဝန်သွားတွေ့ရတာ၊ အဆိုးဆုံးကတော့ ကူပါကယ်ပါတောင်မပြောနိုင်ဘဲဝေဒနာခံစားရတာ and so on.

Best wishes to you all.
Crd #

16/07/2021

ားအိမ်တွင်ထားကာကုသနေသူများသိစေရန်

မိမိအိမ်တွင်ကုနေသောcovid လူနာများသည်
Day 7 ,8,9 ကျော်လွန်သွားသည်အထိ oxygen မကျ မမော အဖျားမကြီးတော့ဘူးဆိုလျှင် အကောင်းဘက်သို့ ရောက်ရှိပီဟု မှတ်ယူနိုင်သည်။

Day ကို ရောဂါလက္ခဏာစပြသည့်ရက်မှ စတွက်ရမည်။ဥပမာ စဖျားရက် အနံ့စပျောက်သောနေ့ ကိုယ်လက်ကိုက်ခဲသောရက်မှ စတင်ရေတွက်ပါ။၁၁ ရက်ထိရောက်လျှင် အလွန်စိတ်ချရပေသည်။ ၁၄ ရက်ပြည့်လျှင် သီးသန့်နေထိုင်ခြင်း ပီးဆုံးပါမည်။

( Messenger တွင်အမေးများသောမေးခွန်းအား တဦးချင်း မဖြေနိုင်သောကြောင့်status တင်ပေးလိုက်ပါသည်။)
အားလုံးကျန်းမာချမ်းသာကြပါစေ။.

Dr.ZawLinKo

Address

Yangon

Telephone

+959797379138

Website

Alerts

Be the first to know and let us send you an email when Chaw Su's Kitchen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Chaw Su's Kitchen:

Share

Category