06/06/2024
ဒီနေ့ ဇွန်လ(၆)ရက်နေ့က Noodle Bowl စတင်တည်ထောင်တာ (၄)နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်🥳👏🏻
Noodle Bowl စဖွင့်တဲ့ ရန်ကင်းဆိုင်လေးမှာ ထိုင်စားခဲ့တာ မနေ့တစ်နေ့ကလိုပဲနော်🥰🥰 ရန်ကင်းဆိုင်လေးကနေ အခု ဆရာစံလမ်းဆိုင်ကို တိုးချဲ့ဖွင့်လှစ်တဲ့အထိ အရင်အတိုင်း ကောင်းမွန်ဆဲ အရသာ၊ မီနူးအသစ်အသစ်တွေနဲ့ ဝန်ဆောင်မှုပေးနိုင်ခဲ့လို့ အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ Noodle Bowl ရဲ့ အစဖြစ်တဲ့ ရန်ကင်းဆိုင်လေးကိုလည်း မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေပါတယ်။ ချက်ချင်းပြန်မဖွင့်နိုင်သေးပေမယ့် ရန်ကင်းဆိုင်မှာ စားခဲ့ရတဲ့ အကောင်းမွန်ဆုံး Menu တွေကို ဆရာစံလမ်း Noodle Bowl မှာ လာရောက်သုံးဆောင်နိုင်ပါတယ်ရှင်။
Noodle Bowl ကို (၄)နှစ်ပြည့် Anniversary အထိ အမြဲအားပေးခဲ့ကြတဲ့ Customer များအားလုံးကိုလည်း ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ထပ်မံပြောကြားလိုပါတယ်🙏