Lily's Healthy Foods

Lily's Healthy Foods Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lily's Healthy Foods, Health Food Restaurant, Yangon.

ဝါဆိုသင်္ကန်းများ ..ကထိန်သင်္ကန်းတော်များ လိုအပ်ခဲ့ပါက လက်လီ လက်ကား ဈေးနှုန်းမှန်ကန်စွာဖြင့်ရောင်းချပေးနေပါသည်ရှင့်  #တဆင့်ြ...
17/09/2024

ဝါဆိုသင်္ကန်းများ ..ကထိန်သင်္ကန်းတော်များ လိုအပ်ခဲ့ပါက လက်လီ လက်ကား ဈေးနှုန်းမှန်ကန်စွာဖြင့်ရောင်းချပေးနေပါသည်ရှင့်

#တဆင့်ပြန်လည်ရောင်းချချင်သောကိုယ်စားလှယ်ဆိုင်ခွဲများကိုလဲဖိတ်ခေါ်ပါတယ်ရှင့်

Hello .....သူငယ်ချင်းကောင်း အမျိုးတို့ရေ Skincare တဲ့ မမတို့ အတွက် ....Dior Prestige Serum 75ml ၂ဘူးကို Amazing Price နဲ...
27/12/2023

Hello .....သူငယ်ချင်းကောင်း အမျိုးတို့ရေ

Skincare တဲ့ မမတို့ အတွက် ....Dior Prestige Serum 75ml ၂ဘူးကို Amazing Price နဲ့ ရောင်းပေးချင်လို့ပါရှင့်
တဘူးချင်းစီ ခွဲယူလဲ ရပါတယ်ရှင့်

✨နှစ်ပေါင်း 20 ကျော် သုတေသနလုပ်ပြီးမှ ပုလဲ နဲ့ နှင်းဆီတို့နဲ့ဖော်စပ်ထုတ်လုပ်ထားတဲ့ Luxury Serum လေးပါ။ အနံ့ကအစ အရမ်းကောင်းပါတယ်၊ luxury ဆန်တဲ့ နှင်းဆီပန်းနံ့ သင်းသင်းလေးပါ ❤️

✨Revitalizing ( မျက်နှာဆဲလ်အသစ်များကို ပြန်လည်မွေးဖွားအောင်ပြုလုပ်ပေးခြင်း )ကို အဓိကထားပြီး ဖော်စပ်ထားတာကြောင့် မျက်နှာအသားအရည်ပြဿနာတွေကိုလျော့ချပေးပြီး အမြဲနုဖက်နေတဲ့ Skin လေးရရှိအောင် ပြုလုပ်ပေးနိုင်တဲ့ Serum လေးပါ။ Retinoic Acid ထက်တောင် 4ဆပိုအသားအရည်နုပျိုအောင်ကူညီပေးပါတယ်။

အသုံးပြုပြီး တစ်လအတွင်း
✨အရေးအကြောင်းတွေ 28% လျော့ကျစေပါတယ်
✨အသားအရည် လျော့တွဲမှု 27% သက်သာလာစေပါတယ်
✨အသားအရည် 66% ပြန်လည်တင်းရင်းစေပါတယ်
✨ပုံမှန်အသားအရည်ထက် 66% ပိုမိုကောင်းမွန်လာစေပါတယ်
✨မျက်နှာပေါ်ရှိ Cells တွေ 68% ပိုမိုနုပျိုလာစေပါတယ်
ဆိုပြီး brand ဘက်က အာမခံထားတာပါ 💯( product အကြောင်း os page တခုက ကူးယူထားတဲ့အတွက် Crd ပါရှင့် )

အသစ် အစစ် အာမခံပါမယ်
ပစ္စည်း မစစ်ရင် ငွေပြန်အမ်းပါမယ်

မျက်စိလည် လမ်းမှားပြီး အိမ်မှာ သောင်တင်နေတဲ့ ဒီ Serum ၂ဘူးကို စိတ်ဝင်စားတယ်ဆိုရင် အိမ်မှာ လာရောက် စစ်ဆေးဝယ်ယူနိုင်ပါတယ် ...လုံးဝ မထင်မှတ်ထားတဲ့ ဈေးနဲ့ ပေးမှာပါနော်

မင်္ဂလာပါ ..အသဲတို့ရေ ❤❤ဗုဒ္ဓဟူးနေ့အတွက် သတင်းကောင်းလေးပေးချင်လို့ပါ ...ပြီးခဲ့တဲ့ တပတ်က ကော်ပြန့်လေးတွေမှာလေ ပုစွန်ဆိုဒ်ပိ...
11/12/2023

မင်္ဂလာပါ ..အသဲတို့ရေ ❤❤

ဗုဒ္ဓဟူးနေ့အတွက် သတင်းကောင်းလေးပေးချင်လို့ပါ ...ပြီးခဲ့တဲ့ တပတ်က ကော်ပြန့်လေးတွေမှာလေ ပုစွန်ဆိုဒ်ပိစိလေးတွေသုံးလိုက်ရတဲ့ အတွက် အခု အပတ် (၁၃.၁၂.၂၀၂၃) ဗုဒ္ဓဟူးနေ့မှာ အရင်ပုံမှန်ဆိုဒ်အတိုင်း ပုစွန်လေးတွေ သုံးပေးမယ်ဆိုတာလေး ပြောပြချင်တာပါရှင့် ❤❤..စားသုံးသူ အချစ်တို့အတွက် အကောင်းဆုံးကိုသာ ပေးချင်တာ မင်မင်တို့ရဲ့ စေတနာပါရှင့် ❤ဆိုတော့ကာ .....ဗုဒ္ဓဟူးနေ့လေးအတွက် ရယ်ဒီဘဲလား ချစ်ဆုံးတို့ရေ ..မျှော်နေမယ်နော်

Hello....သဲလေးတို့ရေ အိပ်နေကြပြီလား ....မင်မင်က ပို့စ်တင်နောက်ကျသွားလို့ sorry ပါနော် ❤ပြောစရာလေး တခု ရှိလို့ပါရှင့် မင်...
07/12/2023

Hello....သဲလေးတို့ရေ အိပ်နေကြပြီလား ....မင်မင်က ပို့စ်တင်နောက်ကျသွားလို့ sorry ပါနော် ❤
ပြောစရာလေး တခု ရှိလို့ပါရှင့် မင်မင်တို့ ကော်ပြန့်မှာလေ သုံးတဲ့ ပုစွန်တွေကလေ ရေငံပုစွန် white or pink ပုစွန်တွေကိုသာ အသုံးပြုပါတယ် ...ဒါပေမဲ့ အခုကာလ လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်တာကြောင့် ပုစွန်ကုန်ကြမ်း ရှားပါးနေတဲ့အတွက် မင်တို့သုံးတဲ့ ပုစွန်တွေကို အသုံးမပြုနိုင်ဘဲ ကန်ပုစွန်ကိုသာ လက်ရှိ အသုံးပြုနေရပါတယ်ရှင့် ...ချစ်သောတို့ရေ ပြောချင်တာကတော့ ပုစွန်လေးတွေ အကောင်သေးပေမဲ့ ပေါပေါများများ အများကြီး ထည့်ပေးလိုက်ပါမယ်ဆိုတာလေးကို request လုပ်ပါရစေနော် ❤❤..ပြောချင်တာလေးလဲ ပြောပြီးပြီဆိုတော့ မနက်ဖြန် ၈.၁၂.၂၀၂၃ ​နေ့အတွက် အော်ဒါမှာချင်ရင် လက်ခံပေးပါအုမ်းမယ်ရှင့်❤ ဒီနေ့မှာပြီး မနက်ဖြန် စားချင်ရင် cb ကစောင့်နေမယ်နော် 😘😘😘
Bacon နဲ့ စားချင်သူတွေ အသဲလေးတို့အတွက် အများကြီး ပိုလုပ်ပေးထားတယ်နော် ❤❤



Hello ...ချစ်သောတို့ရေ ❤ဗီယမ်နမ်ကော်ပြန့်လေးတွေ အော်ဒါ တင်လို့ ရပါပြီရှင့် ...ကျန်းမာရေးနဲ့ ညီညွတ်တာလေးလဲစားချင် ဆန်းဆန်...
05/12/2023

Hello ...ချစ်သောတို့ရေ ❤

ဗီယမ်နမ်ကော်ပြန့်လေးတွေ အော်ဒါ တင်လို့ ရပါပြီရှင့် ...ကျန်းမာရေးနဲ့ ညီညွတ်တာလေးလဲစားချင် ဆန်းဆန်းပြားပြားလေးလဲ စားချင်တယ်ဆိုရင်တော့ Cb သို့ အပြေးကလေးသာ လာခဲ့ပါနော် ..Lily's Kitchen by Lily's Healthy Foods က အိမ်အရှေ့ အရောက်ပို့ဆောင်ပေးဖို့ တာဝန်ယူပါရစေရှင့် ❤
အပတ်စဉ် ဗုဒ္ဓဟူးနေ့ရယ် သောကြာနေ့ရယ်မှာ ကော်ပြန့်လေးတွေ ပို့ပေးပါမယ် ဆိုတဲ့ အကြောင်းလေးလဲ ပြောပါရစေရှင့် ❤❤

Hello သဲလေးတို့ရေ ....အားလုံးအဆင်ပြေ ကျန်းမာကြတယ် ဟုတ် ..❤ကထိန်ရာသီလေးလဲပြီးပြီဆိုတော့ Lily's Healthy Foods  က ဗီယမ်နမ်ေ...
02/12/2023

Hello သဲလေးတို့ရေ ....အားလုံးအဆင်ပြေ ကျန်းမာကြတယ် ဟုတ် ..❤

ကထိန်ရာသီလေးလဲပြီးပြီဆိုတော့ Lily's Healthy Foods က ဗီယမ်နမ်ကော်ပြန့်လေးတွေကို စားသုံးသူ ချစ်ကာကာလေးတွေစီကို အရောက်ပို့ပေးဖို့ ပြန်လာပါပြီရှင့် ❤❤ရယ်ဒီဘဲလားရှင့်

သီတင်းကျွတ်လပြည့်နေ့ဟာ အဘိဓမ္မာစဟောတဲ့နေ့ မဟုတ်ဘူး။ဝါတွင်းသုံးလ ဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကို ပြီးဆုံး၍ နိဂုံးချ...
29/10/2023

သီတင်းကျွတ်လပြည့်နေ့ဟာ
အဘိဓမ္မာစဟောတဲ့နေ့ မဟုတ်ဘူး။

ဝါတွင်းသုံးလ ဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကို ပြီးဆုံး၍ နိဂုံးချုပ်နိုင်ခဲ့တဲ့နေ့..အဘိဓမ္မာ အခါတော်နေ့ဖြစ်တယ်...။

မြန်မာပြက္ခဒိန်အရ သီတင်းကျွတ်လပြည့်နေ့ဟာ ဗုဒ္ဓသာသနာတော်မှာ ထူးခြားတဲ့ လပြည့် နေ့တစ်နေ့ ဖြစ်တယ်။

ဒီလပြည့်နေ့မှာ ထူးခြားတဲ့ အကြောင်းတွေများစွာဖြစ်ခဲ့မည် ဖြစ်သော်လည်း မှတ်တမ်းတင်ထားတာလေးကို ဘုန်းကြီးတို့ မှတ်သားကြရမယ်။

အားလုံးသိတဲ့အတိုင်း ဒီကနေ့က အဘိဓမ္မာတရားပွဲကြီးပြီးဆုံးတဲ့နေ့ဖြစ်တယ်။ဒါကြောင့် “အဘိဓမ္မာအခါတော်နေ့” လို့ သတ်မှတ်ကြတယ်။

အဘိဓမ္မာစဟောတဲ့နေ့ မဟုတ်ဘူး၊ ဝါတွင်းသုံးလ ဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကြီးဟာ ဒီကနေ့မှာဘဲ ပြီးဆုံး၍ နိဂုံးချုပ်နိုင်ခဲ့တယ်။

ဗုဒ္ဓမြတ်စွာက တာဝတိံသာနတ်ပြည်တက်ပြီး
အင်မတန်လေးနက်တဲ့ ဓမ္မသဘာဝတွေကို အသေးစိတ် ဟောခဲ့တယ်။

အဘိဓမ္မာ(၇)ကျမ်းကို ချဲ့ဖွင့်ပြီးနတ်တွေနဲ့ ထိုက်တန်အောင် လေးနက်မှုရှိတဲ့အဘိဓမ္မာ တရားတော်ကြီးကို သုံးလပတ်လုံး ဟောကြားခဲ့တယ်ဆိုတာ ဗုဒ္ဓဘာသာဝင် သူတော်စင်တွေအားလုံး သိကြတယ်။

ဒီကနေ့ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ အဘိဓမ္မာတရားတော်ကြီးဟာ တာဝတိံသာနတ်ပြည်မှာ ပြီးဆုံးလို့ နိဂုံးချုပ်တဲ့နေ့လို့ ပြောရမှာဖြစ်တယ်။ဒါလည်း ထူးခြားချက်တစ်ခုလို့ ဆိုရမယ်။ ။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ
ဝါတွင်းသုံးလ ဆွမ်းစားချိန်ကျတိုင်း လူ့ပြည်သို့
ကြွရောက်ပြီး ဆွမ်းဘုန်းပေးတယ်။

နေ့စဉ်လာရောက်တွေ့ဆုံတဲ့ ရှင်သာရိပုတ္တရာမထေရ်မြတ်အား အဘိဓမ္မာရဲ့ အနှစ်ချုပ်တွေကို ဟောကြားပေးခဲ့တယ်။

ရှင်သာရိပုတ္တရာ အရှင်မြတ်ကလည်း ဥာဏ်ပညာ အလွန်ကြီးမားတယ်။

မြတ်စွာဘုရားအကျဉ်းချုပ်ဟောကြားခဲ့တဲ့ အဘိဓမ္မာတရားကိုမိမိရဲ့ ဉာဏ်ဖြင့် စီစဉ်ပြီး တပည့် ရဟန်းငါးရာကိုထပ်ဆင့်ဟောကြားခဲ့တာ။

အဲဒီ အဘိဓမ္မာတရားတွေရဲ့ အဆုံးသတ်နေ့ကလည်း ဒီနေ့ပဲ။

ဆိုလိုတာကအဘိဓမ္မာတရားတော်သည်နတ်ပြည် မှာဟောတဲ့အဘိဓမ္မာတရား။လူ့ပြည်မှာ ရှင်သာရိပုတ္တရာ၊ဟောကြားတဲ့ အဘိဓမ္မာတရားလို့ နှစ်မျိုးရှိတယ်။

အဲဒီ အဘိဓမ္မာဒေသနာ နှစ်ရပ်စလုံးဟာ ဒီကနေ့ မှာတပြိုင်နက် နိဂုံးချုပ်နိုင်ခဲ့တယ်။

စတင်ပြီးဟောတဲ့နေ့ကို “အဘိဓမ္မာအခါတော်
နေ့”လို့ မသတ်မှတ်ဘဲ ပြီးဆုံးတဲ့နေ့ကို အဘိဓမ္မာအခါတော်နေ့လို့ ဘာလို့ သတ်မှတ်ရသလဲဆိုရင်စဟောတဲ့နေ့က အဘိဓမ္မာတရား ပြည့်ပြည့်စုံစုံဟောရခဲ့သေးတာ မဟုတ်သေးဘူး။

အခုလိုနောက်ဆုံး အဘိဓမ္မာ (၇)ကျမ်းဟောလို့ နိဂုံးအုပ်နိုင်တဲ့နေ့ကို အဘိဓမ္မာအခါတော်နေ့လို့ သတ်မှတ်တာက ပိုပြီးသဘာဝကျတယ်။

များသောအားဖြင့် မှတ်တမ်းတွေထဲမှာမြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်မှာ အဘိဓမ္မာတရား ဟောတဲ့အခါမှာရပ်ဆိုင်းခြင်းမရှိဘဲနဲ့ ဟောတယ်။အသံမစဲဟောတယ်ပေါ့လေ။

အဘိဓမ္မာတရားတော်ကိုပဲဟောတယ်လို့ အများက သိနေကြသော်လည်းရံခါရံခါ တရားနာတဲ့ နတ်တွေအတွက် လိုအပ်တဲ့အချက်တွေကို ထည့်သွင်းဟောသွားတာတွေလည်းရှိတယ်ဆိုတာ ပိဋကတ်စာပေ သဲလွန်စအရသိရှိရတယ်။

အဘိဓမ္မာဟောရင်း ဟောပြောသွားတဲ့တရားတွေ ရှိတယ်ဆို တာ လောမသကယဘဒ္ဒေကရတ္တ သုတ္တန်ဆိုတာ ရှိတယ်။

အဲဒီဘဒ္ဒေကရတ္တသုတ်အရ အဘိဓမ္မာတရား ဟောတုန်းက ကိုယ် တိုင် နာခဲ့တဲ့ စန္ဒီနနတ် သားကရှင်လောမသကဂိယနဲ့ တွေ့တဲ့အခါမှာ ဘဒ္ဒေကရတ္တသုတ် အနှစ်ချုပ်ဂါထာကို နာခဲ့ရတဲ့အကြောင်းကိုလျှောက်ထားဖူးတယ်။

အဲဒီသဲလွန်စ စကားအရ သုံးလပတ်လုံး
အဘိဓမ္မတရားဟောတယ်လို့ ယေဘုယျအားဖြင့်
ဆိုနိုင်သော်လည်း နတ်တွေရဲ့ စရိုက်ဝါသနာတွေကိုကြည့်ပြီး တရားထူးတရားမြတ် ရစေဖို့အတွက်သုတ္တန် တရားများကိုလည်း ထည့်သွင်းဟောကြားတယ်လို့ ဒီလိုမှတ်သားသင့်တယ်။

အဘိဓမ္မာဒေသနာတော်ဆိုတာဟာ ပရမတ္ထ
တရားလေးပါးကို အခြေပြုတယ်။

သို့သော် အခြေပြုတဲ့ ပရမတ္ထတရားလေးပါးကိုပဲ ရှုထောင့်ပေါင်းမြောက်များစွာကနေ ချဲ့ထွင်ပြီးတော့ ဟောတာ။

အားလုံးသိကြတဲ့အတိုင်း အဘိဓမ္မာ (၇)ကျမ်းမှာ
အကျယ်ဆုံးကျမ်းဟာ “အနန္တနယသမန္တ ပဌာန
”လို့ခေါ်တဲ့ ပဋ္ဌာန်းကျမ်းကြီးပေါ့။

မြန်မာပြည်မှာ ပဋ္ဌာန်းစာအုပ်ကို ပေယျာလ
မြှုပ်ပြီး ပုံနှိပ်ထားတာဖြစ်လို့(၅)အုပ်ပဲရှိတာ။

တကယ်ကတော့ ပေယျာလမမြှုပ်ဘဲ မေးခွန်းနဲ့ အဖြေတွေအားလုံး ထုတ်ဖော်ပြီးစာအုပ်အဖြစ် ပုံနှိပ်မယ်ဆိုရင် အခု ရတနဃရဗိမာန်ကြီးပင် စာအုပ်တွေနဲ့ ပြည့်လျှံသွားနိုင်တယ်။

အဲဒီလောက်ထိ ထုထည်ကြီးမားတယ်လို့ မှတ်သားကြရတယ်။

လောကမှာ ရှိသမျှအကြောင်းတရားတွေကို
ပြည့်ပြည့်စုံစုံ ဟောကြားခဲ့တာ ဒီအဘိဓမ္မာပဲ။

အဘိဓမ္မာ ဆိုတာ အဘိဝိသိဌဓမ္မ ထူးခြားတဲ့ဓမ္မတွေပါဝင်တဲ့ ဒေသနာ၊ သို့မဟုတ် အတိရေကဓမ္မ ပိုပြီးပြည့်ပြည့်စုံစုံ ဟောထားတဲ့ ဒေသနာဖြစ်တယ်။

တနည်းအားဖြင့် ပြောရမယ်ဆိုရင် “အဘိ
” ဆိုတာအလွန်လေးနက်တဲ့။ဓမ္မဆိုတာ သဘာဝတရားဓမ္မများလို့ ဆိုလိုတယ်။

သာမန်ပုဂ္ဂိုလ်တွေက“ငါ၊သူတစ်ပါး၊ ယောက်ျား
၊ မိန်းမ”ဆိုတဲ့ လောကဝေါဟာရအရသာ သိနေကြသော်လည်း မြတ်စွာဘုရားက အဘိဓမ္မာတရားတော်ကို သမ္မုတိသစ္စာပိုင်းက စကားလုံးတွေ များများမသုံးဘဲနဲ့ ပရမတ္ထဆိုက်ထိတဲ့ စကားလုံးတွေ သုံးနှုံးဟောပြသွားတာဖြစ်တယ်။

အဘိဓမ္မာတရားတော်ဟာ သုတ္တန်တွေထက် ပိုပြီးလေးနက်တယ်၊ပိုပြီးပြည့်စုံတယ်။

သုတ္တန်ပါဠိဆိုတာ လူတွေရဲ့ စရိုက် ဝါသနာ
အခြေနေကိုကြည့်ပြီး ဆုံးမသွန်သင်ခဲ့တဲ့ တရား
ဒေသနာတော်များ ဖြစ်တယ်။

အဘိဓမ္မာကတော့စရိုက်ဝါသနာများကို ရှုင့်ခြင်းမပြုဘဲ“ဘယ်လိုသဘာဝတရားတွေ အချင်းချင်း အမှီပြုဆက်သွယ်ပြီး ဖြစ်ကြသလဲ”ဆိုတာကို ရှင်းပြတယ်။

သဘာဝတရားသက်သက် အကျယ်ချဲ့ ဟောထားတာဖြစ်လို့အင်မတန်မှ ထူးခြားတဲ့ ဒေသနာတော်တစ်ရပ်လို့ဗုဒ္ဓဘာသာဝင်တွေအားလုံး တညီတည်း လက်ခံထားကြတယ်။

အဲဒီ အဘိဓမ္မာဒေသနာတော်ကို အကျယ်ချဲ့
ပြီး တာဝတိံသာနတ်ပြည်မှာ မြတ်စွာဘုရား
ဟောတာက တစ်ပွဲ၊ လူ့ပြည်မှာ မြတ်စွာဘုရားဆီကနည်းခံပြီးတော့ ရှင်သာရိပုတ္တရာ ဟောတာက တစ်ပွဲလို့ အဘိဓမ္မာတရားပွဲကြီး နှစ်ပွဲဟာတစ်ပြိုက်နက်ပြီးဆုံးတယ်လို့ ပြောရမယ်။

ဒီကနေ့ လူ့ပြည်ရောက်လာတဲ့ အဘိဓမ္မာတရားတော်ဟာ ရှင်သာရိပုတ္တရာကိုဟောတဲ့ အဘိဓမ္မာတရားလို့ မှတ်ယူရမှာ ဖြစ်တယ်။

“အဘိဓမ်မ ပါစနာမါ နာမ သာရိပုတ်တထရေပ်ပဘ
ဝေါ” အဘိဓမ္မာမှာ အခုလို အစီစဉ်တကျ
“ဝါစနာမဂ္ဂ” ပို့ချတဲ့အစဉ်(သို့မဟုတ်) အဘိဓမ္မာ
လက်ချာဟာ ရှင်သာရိပုတ္တရာ ပေးသွားတဲ့အတိုင်းမှတ်တမ်းတင်ထားတာ ဖြစ်တယ်။

လူသားတွေနဲ့သင့်လျော်ရုံ မကျဉ်းမကျယ် စီစဉ်ထားတဲ့ အဘိဓမ္မာတရား ဖြစ်တယ်။နတ်ပြည်မှာဟောတဲ့ အဘိဓမ္မာတရားကတော့ ဒီထက်ပိုပြီး ကျယ်ဝန်းတယ်။အဲဒီ အဘိဓမ္မာကို မြတ်စွာဘုရား ပြည့်ပြည့်စုံစုံဟောကြားပြီး ဒီကနေ့ပဲ နိဂုံးချုပ်နိုင်ခဲ့တာပါ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု

မင်္ဂလာပါရှင့် ❤❤ယနေ့ အတွက် ချစ်ခင်စွာဖြင့် ၀ယ်ယူအားပေးသော စားသုံးသူ တယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်...
29/09/2023

မင်္ဂလာပါရှင့် ❤❤

ယနေ့ အတွက် ချစ်ခင်စွာဖြင့် ၀ယ်ယူအားပေးသော စားသုံးသူ တယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့် ❤
လက်ဆောင်လေးတွေလဲ ထည့်ပေးလိုက်ပါတယ်ရှင့်...ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်နော်..အဆင်မပြေတာ ရှိရင်လဲ အားမနာဘဲ အကြံပြုပြောပြပေးဖို့ တောင်းဆိုပါရစေရှင့် ..ကျွန်မတို့ Lily's Healthy Foods မှ ရောင်းချပေးနေသော ဗီယမ်နမ်ကော်ပြန့်လေးများကို စဉ်ဆက်မပြတ် ၀ယ်ယူအားပေးသော ကျေးဇူးရှင် စားသုံးသူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်လို့ ထပ်မံပြောပါရစေရှင့် ❤❤

❤6.10.2024❤ နေ့ အတွက် ကြိုတင် orders များ လက်ခံနေပါပြီနော်

Hello❤  I'm coming 😘😘😘TGIF မှာ ဗီယမ်နမ်ကော်ပြန့်လေး စားပြီး သာသာယာယာလေး နေမယ်ဆိုတဲ့ သဲလေးတို့ အတွက် Lily's Healthy Foods...
27/09/2023

Hello❤ I'm coming 😘😘😘

TGIF မှာ ဗီယမ်နမ်ကော်ပြန့်လေး စားပြီး သာသာယာယာလေး နေမယ်ဆိုတဲ့ သဲလေးတို့ အတွက် Lily's Healthy Foods မှ ပြန်လာပါပြီရှင့် ...လူကြီး လူငယ်မရွေး ကလေးပါ မကျန် ကြိုက်နှစ်သက်တဲ့ ကျန်းမာရေးနဲ့လဲ ညီညွတ်တဲ့ ဗီယမ်နမ်ကော်ပြန့်လေးတွေ စားချင်ရင်တော့ မြန်မြန်လေး အော်ဒါတင်ပေးဖို့ တောင်းဆိုပါရစေနော် 😘..တပတ်မှာ တရက်သာ ရောင်းတဲ့ အတွက် သတ်မှတ်ပွဲအရေအတွက်ပြည့်သွားရင်တော့ နောက်ထပ် တပတ်မှသာ ပို့ပေးမည် ဖြစ်ပါကြောင်းကိုလဲ ကြိုတင်ပြောပါရစေနော် ...ပြီးတော့လေ ကျွန်မရဲ့ ချစ်ရသော ကာကာလေးတွေကလေ ကျွန်မတို့ Lily's Kitchen က ချေလိုက်တာ စာလဲ ချက်ခြင်းမပြန်ဘူး .သူ့မုန့်လေး စားရဖို့ စောင့်ရတာလဲ ရက်တွေကို လက်ချိုးရေရတယ်ဆိုပြီး ပြောကြတော့လေ တကယ်ကို စိတ်မကောင်းတာပါ ..ချေလဲ မချေပါဘူးရှင့် အပြင်မှာ ပေါင်းနေကြတဲ့သူတွေဆို သိမှာပါ..ကျွန်မသည် ရုပ်ချောသလောက် သဘောလဲကောင်းပါတယ်နော်😜..အကြာကြီး စောင့်ရတယ်ဆိုတာကလဲလေ ကျွန်မက တပတ်တရက်ကိုမှ ကျွန်မနိုင်တဲ့ ပွဲအရေအတွက်သာ ရောင်းလို့ ပါရှင့်...အဲ့တော့ အကြာကြီးလဲ မစောင့်ချင်ဘူး ဒီနေ့မှာ နောက်ရက်စားချင်ရင်လေ ကျွန်မပို့စ်တင်တာနဲ့ cb ကနေ မြန်မြန်သာလာမှာပေးပါလို့ ....❤❤စောင့်နေမယ်နော်

❤ဒီတပတ် ၂၉.၉.၂၀၂၃ နေ့မှာ အသဲတို့ အတွက် အချိုပွဲလက်ဆောင်လေးတွေ ထည့်ပေးပါမယ်လို့ ပြောပါရစေ ရှင့် ❤

မင်္ဂလာပါ အသဲတို့ရေ လွမ်းနေကြတယ် ဟုတ် ...❤❤❤...မင်မင်တို့ အရောင်းဖွင့်မဲ့ရက်လေးက ရှေ့တပတ်ထဲမှ ဖြစ်မယ်ဆိုတာလေး ကြိုပြောပြတာ...
21/09/2023

မင်္ဂလာပါ အသဲတို့ရေ

လွမ်းနေကြတယ် ဟုတ် ...❤❤❤...မင်မင်တို့ အရောင်းဖွင့်မဲ့ရက်လေးက ရှေ့တပတ်ထဲမှ ဖြစ်မယ်ဆိုတာလေး ကြိုပြောပြတာပါနော် ...မျက်စိနာရာကနေ ပိုးဝင်ပြီး မျက်လုံးသွေးကြောပိစိလေး ပေါက်သွားလို့ ဆရာဝန်က တပတ် သို့ ၁၀ရက် အနားယူဖို့ ငြိမ်ငြိမ်နေဖို့ ပြောထားလို့ပါရှင့် ...သတိတရနဲ့ မေးနေကြတဲ့ ချစ်သောတို့ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်နော် ❤❤ရှေ့တပတ်ထဲတော့ အားသစ်တွေ မွေးပြီး အချစ်လေးတို့အတွက် ပြန်လာပါမယ် ဆိုတဲ့ အကြောင်းလေး လာပြောပြတာပါရှင့် ...အခုရက်ပိုင်း တော်တော်များများ မျက်စိနာနေကြတာမို့ သဲလေးတို့လဲ ဂရုစိုက်နေပါနော် ..လက်ကို ဆေးပြီးမှ မျက်နှာကို ကိုင်တွယ်ပါနော် ..အပြင်ကပြန်လာတာနဲ့ လက်ကို သေချာဆေးဖို့ ကျန်းမာအောင်နေဖို့ မှာပါရစေနော် ❤

I love you all ❤❤❤

မင်္ဂလာပါ ချစ်သောတို့ရေ ...၁၅.၉.၂၀၂၃ (သောကြာနေ့)က Lily's Healthy Foods က ဗီယမ်နမ်ကော်ပြန့်လေးတွေ အရောင်းရပ်ထားမိပါတယ်ရှင့်...
16/09/2023

မင်္ဂလာပါ ချစ်သောတို့ရေ ...

၁၅.၉.၂၀၂၃ (သောကြာနေ့)က Lily's Healthy Foods က ဗီယမ်နမ်ကော်ပြန့်လေးတွေ အရောင်းရပ်ထားမိပါတယ်ရှင့်
မင်မင့်ရဲ့ သမီးလေး (Lily) မျက်စိနာ မျက်စိအောင့်နေလို့ ဒီတပတ်က နားလိုက်တာပါရှင့်
ပို့စ်မတင်လဲ တကူးတက အမှာစာတွေ တင်ပေးတဲ့ အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ် ချစ်သောတို့ရေ .ဒီရက်ပိုင်း ရန်ကုန် မှာ လူတော်တော်များများ မျက်စိနာ နေကြပါတယ် .မျက်စိနာရောဂါက လေကနေတစ်ဆင့် ကူးစက်တက်သလို ၊ မျက်စိနာနေတဲ့လူနာနဲ့ထိတွေ မှု့ကလည်း ကူးစပ်နိုင်တဲ့ Season eye pain ဖြစ်တာကြောင့် လူနာ ကို မျက်စဉ်းခပ်ပေး သည့်အခါ လူနာနှင့် ထိတွေ့သည့်အခါ လက်သေခြာဆေးဖို့ လိုအပ်ကြောင်း ဆရာဝန်များ ညွှန်ကြား ထားပါတယ် ။
လက်ရှိ မျက်စိနာ နေသူသဲလေးတို့ရေ မျက်စိက နူးညံ့တဲ့ အစိတ်အပိုင်းဖြစ်သောကြောင့် မျက်စိ ကို ခဏ ခဏ မပွတ်ရန် ၊ သူများပြောသမျှ ဆေးရွက် များမခပ်ရန် မျက်စိ ဆရာဝန် များ နှင့် ပြသ ဆွေးနွေးတိုင်ပင်သင့် ကြောင်း အသိပေးလိုက်ရပါတယ် ရှင့်...ကျန်းမာရေးအထူးဂရုစိုက်ကြပါနော် သဲလေးတို့ရေ ...22.9.2023 နေ့ကိုတော့ ပုံမှန်အတိုင်း ကော်ပြန့်လေးတွေ ပြန်ပို့ပါမယ်ဆိုတဲ့ အကြောင်းလေးလဲ အသိပေးပါရစေရှင့် ❤
ချစ်သောတို့ အားလုံး ကိုယ်ရော စိတ်ပါ အေးချမ်း ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သပေးလိုက်ပါတယ်ရှင့် 🙏❤

Address

Yangon

Telephone

+95973038306

Website

Alerts

Be the first to know and let us send you an email when Lily's Healthy Foods posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Lily's Healthy Foods:

Share