Martar Pitu Food House

Martar Pitu Food House Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Martar Pitu Food House, Fast food restaurant, Yangon.

ဝါကျွတ်ပီဆိုတော့ သားသားလေးလား မီးမီးလေးလား🤗
28/10/2022

ဝါကျွတ်ပီဆိုတော့ သားသားလေးလား မီးမီးလေးလား🤗

09/10/2022

#သီတင်းကျွတ်လပြည့်နေ့


သီတင်းကျွတ်လပြည့်နေ့ သည်
ဗုဒ္ဓဝါဒီတို့အတွက်
နေ့ထူးနေ့မြတ်ကြီး တစ်နေ့ ဖြစ်သည် ။
ကဆုန်လပြည့် ဗုဒ္ဓနေ့၊
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့
တို့ကဲ့သို့ပင်

သီတင်းကျွတ် လပြည့်နေ့သည်လည်း မြတ်စွာဘုရားရှင်
တာဝတိံသာ နတ်ပြည်မှ

သင်္ကဿနဂိုရ် ပြည်သို့ ကြွမြန်း ဆင်းသက်တော်မူလာသည့် နေ့ ဖြစ်သဖြင့်

ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။
မြတ်စွာဘုရားသခင် ဆင်းသက်ကြွမြန်း လာသည်ကို ရည်၍ ဘုရားရှင်အား ပူဇော်သည့် အနေဖြင့်
ထိုနေ့တွင် မီးများထွန်းကာ မြင်းမိုရ်ပွဲ ဆင်ယင် ကျင်းပ ခဲ့ကြသည်။



#အဘိဓမ္မာပူဇော်ပွဲ

မြတ်စွာဘုရားရှင်သည်
တာဝတိံသာ နတ်ပြည်၌
မယ်တော်ဖြစ်ဘူးသော
သန္တုဿီတာ နတ်သား ကို အကြောင်းပြု၍

ကုသလာဓမ်မာ၊ အကုသလာဓမ်မာ ၊
အဗျာကတာဓမ္မာ အစရှိသည်ဖြင့် အဘိဓမ္မာ ခုနစ်ကျမ်းကို ဟောတော်မူပြီးနောက် သီတင်းကျွတ်

လပြည့်နေ့တွင် တာဝတိံသာ ၌ ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျက် ထိုနေ့ကို
အဘိဓမ္မာနေ့ ဟူ၍ သမုတ်ကာ
အဘိဓမ္မာပူဇော်ပွဲ ကျင်းပကြလေသည်။



#ဘုရားဆုပန်နေ့

တစ်နည်းအားဖြင့်လည်း သီတင်းကျွတ်လပြည့်နေ့ကို
ဘုရားဆုပန်နေ့.ဟု
ခေါ်နိုင်လေသည်။
အဘယ်ကြောင့် ဆိုသော်

မြတ်စွာဘုရားသည်
တာဝတိံသာမှ ဆင်းသက်လာသောအခါ
ကိုယ်တော်တိုင်
ပတ္တမြားစောင်းတန်း ဖြင့် ဆင်း၍

လက်ျာဖက် ရွှေစောင်းတန်းဖြင့်
နတ်တို့ ခြံရံလိုက်ပါကာ
လက်ဝဲဖက် ငွေစောင်းတန်းဖြင့်
ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာလေသည်။

ထိုသို့ နတ် ဗြဟ္မာမင်းတို့
ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူ လာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကို
ဖူးမြင်ကြရသောအခါ

( ၃၆ ) ယူဇနာ အတွင်း၌ ရှိသော
ပရိသတ် အားလုံးပင် ဘုရားဆုကို တောင်းကြသည် ။
တစ်ယောက်သောသူမျှ ဘုရားဆုကို
မတောင်းသူဟူ၍ မရှိချေ ။
ဤသည်ကို ရည်၍
ဘုရားဆုပန်နေ့ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည် ။



#ဥပုသ်သီတင်းဆောက်တည်ကြခြင်း

မြတ်စွာဘုရား
သက်ဆင်းတော်မူသည်ကို ဖူးမျှော်ရန် စောင့်နေကြသော လူ အပေါင်းတို့ တောင်းပန်သဖြင့် ရှင်မဟာမေဂ္ဂလာန်က ဘုရားရှင်အား
မည်သည့်အခါ မည်သည့်အချိန်၍ လူ့ပြည်သို့ သက်ဆင်းမည်ကို လျှောက်ထားသောအခါ ဘုရားရှင်က ငါ ဘုရားကို ဖူးမျှော်လိုသူတို့သည့်
ရွာဦးကျောင်းသို့ ဥပုပ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ ကြရမည်ဟု မိန့်ကြားတော်မူသည်ကို ရည်၍
ထိုနေ့ ထိုရက်၌ ဥပုသ်သီတင်း ဆောက်တည်ကြခြင်း ဖြစ်သည် ။



လူ နတ် ဗြဟ္မာ ငရဲသား အားလုံး
တစ်ဦးကို တစ်ဦး မြင်တွေ့ခြင်း

မြတ်စွာဘုရားသခင်သည်
လူ့ပြည်သို့ မဆင်းမီ တာဝတိံသာ နတ်ပြည်၌ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာ ပြတော်မူသည်။

မြတ်စွာဘုရား၏ တန်ခိုးတော်အားဖြင့် စကြဝဠာ တစ်ခုလုံးသည် ဟင်းလင်းပြင် ဖြစ်သွား လေသည်။ ရှင်တော်ဘုရား၏

လောကဝိဝရဏ တန်ခိုးတော်အားဖြင့် လူ နတ် ဗြဟ္မာ ငရဲသားအားလုံးတို့သည် တစ်ဦးကို တစ်ဦး ထင်ရှားစွာ မြင်တွေ့ရလေသည်။



အချုပ်အချယ်တို့မှ
လွတ်ကျွတ်စေသောနေ့


သီတင်းကျွတ်လပြည့်နေ့သည်
ဝါတွင်းသုံးလ၏
နောက်ဆုံးနေ့ဖြစ်သဖြင့်
ဝါဆိုတော်မူကြကုန်သော
သံဃာတော်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ်
သွားလာသီတင်းသုံး နိုင်သည့် အခွင့်အရေးကို ရရှိကြလေသည်။
ဤနေ့အထိ ဝါဆိုကြသည့်
သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြသည်။
လောကီတို့၏ ထုံးစံအရလည်း
အိမ်ယာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှ လွတ်ကျွတ်စေသောနေ့ ဟုဆိုရပေသည်။



အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည်---

ရဟန်းတော်များ ဝါဆိုမှထသောနေ့ ၊

ပဝါရဏာပြုကြသောနေ့၊

-မြတ်စွာဘုရားရှင်သည် တာဝတိံသာ၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး
ဟောကြားတော်မူသည်မှာ
အောင်မြင်စွာ ပြီးဆုံးသောနေ့ ( ဝါ ) အဘိဓမ္မာအခါတော်နေ့ ၊

-နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည် သို့ ဆင်းသက်တော်မူသောနေ့၊

-ဗြဟ္မာ နတ် လူ သုံးဘုံ သူတို့ မြတ်စွာဘုရားအား အတူတကွ ကြည်ဖြူကော်ရော် ပူဇော်ကြသောနေ့ ၊

-လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြာဝဠာတစ်ဝှန်းလုံး
တိုးယိုပေါက်မြင်ကြသောနေ့

စသောဂုဏ်ထူး ဝိသေသ အထူးထူး နှင့် ပြည့်စုံသောနေ့ ဖြစ်သည် ။



(မြန်မာ့စွယ်စုံကျမ်းမှကူးယူဖော်ပြသည်။)
Crd-Khin Htun

ခုတ လော ခေတ်စားနေတဲ့ cake လေးတွေပါရိုးရိုးရှင်းရှင်းလေးနဲ့ အရသာလည်း အထူးကောင်းမွန်တာ အာမခံပါတယ်နော်🎂😘urgent cakeလေးတွေကိ...
01/10/2022

ခုတ လော ခေတ်စားနေတဲ့ cake လေးတွေပါ
ရိုးရိုးရှင်းရှင်းလေးနဲ့ အရသာလည်း အထူးကောင်းမွန်တာ အာမခံပါတယ်နော်🎂

😘urgent cakeလေးတွေကိုလည်းအချိန်မှီအမြန်ဆုံးလေးအဆင်ပြေအောင်လည်းလုပ်ပေးပါတယ် 🕛

လိုချင်တဲ့ပုံလေးတွေကိုpage cbမှာလာပြပီးမှာယူပေးပါ

🏠Pick up ကိတ်များအတွက်လည်းစမ်းချောင်းတွင်လာရောက်ယူနိုင်ပါတယ်ရှင့်🚚မြို့တွင်းdeliလည်းပို့ပေးပါတယ်🚚

Anni အတွက် ချစ်သူတွေ အကြိုက် ကိတ်လှလှလေးတွေ လုပ်ပေးနေပါတယ် 🥳အသဲတို့ရဲ့တစ်စုံတစ်ယောက်အတွက်ကို ကြိုတင်ပီးတော့ဖြစ်ဖြစ်urgen...
26/09/2022

Anni အတွက် ချစ်သူတွေ အကြိုက် ကိတ်လှလှလေးတွေ လုပ်ပေးနေပါတယ် 🥳

အသဲတို့ရဲ့တစ်စုံတစ်ယောက်အတွက်ကို ကြိုတင်ပီးတော့ဖြစ်ဖြစ်urgentလိုအပ်ခဲ့ရင်ဖြစ်ဖြစ် ချက်ချင်း လှမ်းမှာလို့ရပါတယ်နော် 🤩

⏰အချိန်မှီအမြန်ဆုံးအလှဆုံးလေး🎂မင်မင်ကဖန်တီးပေးမှာပါရှင့်🙆

ဆယ်သွယ်မှာယူလိုပါကpage cb သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်pick up cakeများအတွက်လည်း
စမ်းချောင်းမြို့နယ်မှာလာရောက်ယူနိုင်ပါတယ်ရှင့်

အားပေးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 💛💛

✳️ဒီရက်ပိုင်း update မလုပ်ဖြစ်ပေမဲ့ ပုံမှန် order လေးတွေတော့ ရှိပါတယ်နော် လိုချင်တဲ့ ဒီဇိုင်းပြောပေးပါ မင်မင်တို့ အနီးစပ...
24/09/2022

✳️ဒီရက်ပိုင်း update မလုပ်ဖြစ်ပေမဲ့ ပုံမှန် order လေးတွေတော့ ရှိပါတယ်နော်

လိုချင်တဲ့ ဒီဇိုင်းပြောပေးပါ မင်မင်တို့ အနီးစပ်ဆုံးတူအောင် ပုံဖော်ပေးနေပါတယ်နော် 🙆

urgent cakeလေးတွေကိုလည်းအချိန်မှီအမြန်ဆုံးလေးအဆင်ပြေအောင်လည်းလုပ်ပေးပါတယ် 🕛

လိုချင်တဲ့ပုံလေးတွေကိုpage cbမှာလာပြပီးမှာယူပေးပါ

🏠Pick up ကိတ်များအတွက်လည်းစမ်းချောင်းတွင်လာရောက်ယူနိုင်ပါတယ်ရှင့်🚚မြို့တွင်းdeliလည်းပို့ပေးပါတယ်🚚

✅ကိတ်မုန့်ဈေးနှုန်း✅

6" cream cake :22000
8"cream cake:24000

Crystal boxနဲ့ထည့်ပေးတာမို့လို့ လက်ဆောင်ပေးရတာအဆင်ပြေပါတယ်ရှင့်ဓါး ဖယောင်းတိုင် ခရင်းပန်းကန်setထည့်ပေးပါတယ်ရှင့်
ပုံမှန်ကိတ်ဆိုရင်blue berry 🫐 fillingနဲ့ထပ်ပေးပါတယ်ရှင့်
တခြားfillingဖစ်တဲ့chocolate 🍫cheese 🧀 strawberry 🍓ဆိုရင်ဈေး3000ပိုယူပါတယ်ရှင့်
Qulaityကောင်းတဲ့ကုန်ကြမ်းတွေသာသုံးပေးထားတာမို့စိတ်ချလက်ချ၀ယ်ယူအားပေးနိုင်ပါတယ်ရှင့်🤗

အားပေးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🙏🙏🙏

Edit - sold outဒါလေး နှစ်ခုပေါင်းမှ ၃ ထုပ်ပဲ ကျန်တော့တာမို့စျေးလျော့ပေးလိုက်ပါတယ်နော်ဘယ်မှာမှမရနိုင်တဲ့စျေးလေးပါ တစ်ထုပ်...
22/08/2022

Edit - sold out

ဒါလေး နှစ်ခုပေါင်းမှ ၃ ထုပ်ပဲ ကျန်တော့တာမို့
စျေးလျော့ပေးလိုက်ပါတယ်နော်
ဘယ်မှာမှမရနိုင်တဲ့စျေးလေးပါ တစ်ထုပ်ကို 5000 ပါ

မင်မင်တို့ page ကနေ ပထမဆုံး japan snack လေးတွေကို စပီး ရောင်းချပေးသွားမှာဖြစ်ပါတယ်😊Japan ကနေ တိုက်ရိုက်တင်သွင်းထားတာမို့...
08/08/2022

မင်မင်တို့ page ကနေ ပထမဆုံး japan snack လေးတွေကို စပီး ရောင်းချပေးသွားမှာဖြစ်ပါတယ်😊

Japan ကနေ တိုက်ရိုက်တင်သွင်းထားတာမို့လို့ စိတ်ချလက်ချ ယုံကြည်စွာ စားသောက်နိုင်ပါတယ်😍

စျေးတွေတက်နေတဲ့ခေတ်မှာ မင်မင်တို့ page ကနေပီး စျေးတန်တန်လေးတွေ ရောင်းချပေးသွားမှာမို့ ကာကာတို့တော့ လုံးဝ လက်လွှတ်မခံသင့်ဘူးနော်😘

100% Authentic guarantee


Fashion Island comestic instock sale

https://www.facebook.com/102564858987116/posts/164732206103714/

အခုတလော ဒီလို cake လေးတွေ ခေတ်စားနေတယ်Bbf အတွက်ပဲဖြစ်ဖြစ် bf ပဲဖြစ်ဖြစ် family ပဲဖြစ်ဖြစ် အမှတ်တရ အနေနဲ့ အရမ်း တန်ဖိုးရှ...
17/07/2022

အခုတလော ဒီလို cake လေးတွေ ခေတ်စားနေတယ်
Bbf အတွက်ပဲဖြစ်ဖြစ် bf ပဲဖြစ်ဖြစ် family ပဲဖြစ်ဖြစ် အမှတ်တရ အနေနဲ့ အရမ်း တန်ဖိုးရှိပါတယ် 🎂🎂🎂

Happy birthday mommy 😘💓
14/07/2022

Happy birthday mommy 😘💓

Happy birthday everyone! 💝I pray all of you 💝
12/07/2022

Happy birthday everyone! 💝
I pray all of you 💝

အစပ် ကြိုက်တဲ့သူတွေအတွက် ဂဏန်းအားလူးမာဆလာနဲ့   ငပိရည် တို့စရာကောင်းကောင်းလေး လာပါပီနော်😋အစပ်ကိုတော့ ကာကာတို့လိုချင်တဲ့ l...
11/07/2022

အစပ် ကြိုက်တဲ့သူတွေအတွက် ဂဏန်းအားလူးမာဆလာနဲ့ ငပိရည် တို့စရာကောင်းကောင်းလေး လာပါပီနော်😋

အစပ်ကိုတော့ ကာကာတို့လိုချင်တဲ့ level အတိုင်းလုပ်ပေးပါတယ် မစပ်ဘူးလားလို့ မထင်ပါနဲ့ ကုလားအော်ပါ အစစ် ထည့်ပေးထားတာမို့လို့ပါ 🥴🥵

🦀🦀🦀
ဂဏန်း အာလူးမဆလာ တစ်ပွဲ-6000ကျပ်
ဂဏန်း ထောပတ်ပေါင်း တစ်ပွဲ-6000ကျပ်
အပျိုကြီး ငပိရည်(ပုစွန်ပါ)+အတို့အမြုပ်အစုံ -3500ကျပ်

Address

Yangon

Opening Hours

Monday 09:00 - 04:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959965136196

Website

Alerts

Be the first to know and let us send you an email when Martar Pitu Food House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Martar Pitu Food House:

Share