11/11/2025
အကြောင်းအရာ။ ။OSဟောင်းနှင့်အသစ်များအားတောင်းပန်စာနှင့်ဖိတ်ခေါ်စာ
သို့..
online shipper or seller များ....မင်္ဂလာရှိသော အင်္ဂါနေ့လေးပါခင်ဗျာ...
ကျွန်တော်ရဲ့ အမေကွယ်လွန်သွားချိန်(၂၈.၂.၂၀၂၅)မှစ၍ ပို့လိုက်..ပါဆယ်မရလိုက်နည်းသွားလိုက်နှင့်မနေ့က(၁၀.၁၁.၂၀၂၅)ထိ delivery service ကိုမရပ်နားသွားအောင် ကျားကန်ကန်ထားခဲ့ပါသည်ခင်ဗျာ...
ဒီကြားကာလထဲ ပြိုလဲခဲ့သည်မှာ အကြိမ်ပေါင်းမနည်း ရှင်သန်ချင်စိတ်ပင် ပျောက်ခဲ့သည်အထိပင်ဖြစ်ခဲ့ပါတယ်ခင်ဗျာ...
ယ္ခုတော့ ပြန်အားတင်း၍ GOAT Delivery service ပြန်လည်လုပ်ကိုင်ပါမည်ဖြစ်သောကြောင့် OSအဟောင်းကော အသစ်များပါပြန်လည်လက်တွဲပေးပါရန် အနူးညွှတ်တောင်းပန် ဖိတ်ကြားအပ်ပါသည်ခင်ဗျာ...
1way 2way ကစ၍စိတ်ကြိုက်ပြန်လည်အပ်နှံလို့ရနေပါပြီဆိုတာ သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ..လောလောဆယ် ကြိုရှင်းလေးတော့ မရနိုင်သေးပါခင်ဗျာ...
ဟင်!ဒါဆို ငါတို့က မင်းကိုဘယ်လိုယုံရမလဲဆိုရင် ကျွန်တော်ဒီလုပ်ငန်းလုပ်ကိုင်လာခဲ့တဲ့ ၇နှစ်ကျော် (သိက္ခာနှင့်ကိယ်ကျင့်သီလ)အားအပေါင်ပေးထားမယ်ခင်ဗျာ...ပြီးခဲ့တဲ့နှစ်တွေက လက်တွဲလုပ်ကိုင်လာခဲ့သော delivery companyတွေဖြစ်တဲ့ (Ninja,Bee,CR,RG express, Hello express,Food Pandar..)စသည့် များမှာ မေးလို့ရပါတယ်ခင်ဗျာ ဒါ့အပြင် Os အသေးများနှင့်လက်တွဲလုပ်ကိုင်ခဲ့ဖူးပါတယ်ခင်ဗျာ ငွေကြေးအရှုပ်ရှင်းမရှိခဲ့,ပါဆယ်ပို့ရာတွင်လည်း မိမိဘက်မှ error များကိုတာဝန်ယူဖြေရှင်းပေးခဲ့ပါသည်ခင်ဗျာ..
ဒါကြောင့် လူကြီးမင်းတို့၏ ပါဆယ်များကို မှန်ကန်မြန်ဆန် ပို့ချင်ရင် GOAT Delivery service ကိုHello တစ်ချက်တောက်လိုက်ရုံပါပဲဗျ
အသေးစိတ်သိချင်မေးမြန်းချင်တာများ ရှိလာခဲ့ရင် 09951109537 ကို မနက် ၈နာရီမှစ၍ ည၈နာရီကျော်ကျော်အထိ ဆက်သွယ်မေးမြန်းနိုငိပါတယ်ခင်ဗျာ
(အခက်အခဲတွေကြားကပြန်ရုန်းထရမှာမို့ လူကြီးမင်းတို့ရဲ့အားတွေ ကျွန်တော့်အတွက် လိုအပ်နေကြောင်းပါခင်ဗျ OS အသစ်အဟောင်းများကိုမျှော်နေပါမယ်ခင်ဗျာ)
ဤပိုစ့်ကြောင့် ယက္ခုကာလအရစိတ်အနှောင့်ယှက်တစုံတရာဖြစ်ခဲ့ပါသော် အနူးညွှတ်တောင်းပန်အပ်ပါသည် ခင်ဗျာ😞
ါဆယ်🥲