12/09/2020
💕မယ်ဇလီ နဲ့ သီဟို 💕
Cashew lover လေးတွေအတွက် ဒုတိယမြောက် menu လေးတစ်ခုရွေးထားပါတယ်နော် 🤩
ဘာလေးလဲဆိုတော့ .....
မယ်ဇလီရွက် ဟင်းချိုလေးပါ 🤩
တန်ဆောင်မုန်းလပြည့်နေ့ဆို ဆေးဖက်ဝင်တယ်လို့ နာမည်ကြီးတဲ့ မယ်ဇလီရွက်လေးတွေကို အဖူးမပါဘဲ သီးသန့်ချက်ထားတာပါ
နေရာဒေသအလိုက် ချက်နည်းအမျိုးမျိုး ရှိပေမယ့် မင်မင် ချက်တဲ့နည်းလေးကို ပဲ ပြောပြပေးပါမယ်😍
မယ်ဇလီရွက် (သို့မဟုတ်) အဖူးကို ငါးခူ, ခရမ်းချဥ်သီးတို့နဲ့ အမျိုးမျိုးချက်စားကြပေမယ့် မယ်ဇလီ နဲ့ အလိုက်ဖက်ဆုံးကတော့ သီဟိုဆံ ဆိုတာတော့ ငြင်းလို့မရဘူးနော် ❤
၁. ပထမဆုံး မယ်ဇလီရွက်လေးတွေကို အခါးပေါ့သွားအောင် ပြုတ်ပြီး ခပ်ပါးပါးလေး လှီးထားပါတယ်
၂. ကြက်သွန်ဖြူ, ပုစွန်ခြောက် ကို မညက်တညက် ထောင်းထားပေးပါ
၃. ကြက်သွန်နီ ကို လေးထောင့် အတုံးလေးတွေ လှီးထားပါမယ်
၄. ခရမ်းကစွပ်သီးကို ထောင်းထားပါမယ်
၅. သီဟိုဆံကို ရေဆေးပြီး ပန်းကန် တစ်ခုထဲ ထည့်ထားပြီးရင် စချက်လို့ ရပါပြီ
၆. ဆီ အနည်းငယ်ထည့်ပြီး ကြက်သွန်ဖြူ, ကြက်သွန်နီ , ပုစွန်ခြောက်မှုန့်, မယ်ဇလီ အရွက်ပြုတ်,ခရမ်းကစွပ်သီး, သီဟိုဆံ, ဆား အနည်းငယ် တို့ထည့်ပြီး အကုန်နယ်ပါတယ်
၇. နယ်ထားပြီး ရေနွေးထည့်ချပြီးရင် မီးဖိုပေါ် ၁ နာရီ နီးပါးခန့် နူးအောင်တည်ထားပေးပါ။
ဒါဆိုရင် ထမင်းနှင့် အလိုက်ဖက်ဆုံး ဟင်းတစ်ခွက် ရပါပီရှင်