23/07/2022
*မချစ်နိုင်တော့ဖူးဆိုငါတို့ဆယ်ကမ္ဘာလောက်ဝေးကျတာပေါ့*
=====================================
ဝေးရမှာကိုကြောက်လို့
နင်ဘာပြောပြောငါခေါင်းလေးသာညိတ်ခဲ့တာပါ
ဒါကိုမှနင်ဘက်ကချစ်ခဲ့တာတွေမေ့လိုက်ပါဆိုတော့
ငါရင်ထဲကမ္ဘာပျက်သလိုနာခဲ့ရတာနင်မှမသိနိုင်တာ
နင်အဆင်ပြေပါစေ ကဗျာချိုရေ
ကဗျာချိုရေနင်သိလား
နင်မရှိရင်မဖြစ်ဖူးလို့ပြောခဲ့တဲ့ငါက
အခုနင်မရှိလည်းဖြစ်အောင်တော့နေနေပါတယ်
ဖြစ်သလိုပါပဲဟာ အချစ်ကိုရူးမိုက်ခဲ့တာကိုကငါ့အမှား
နင်ထားခဲ့တာကိုတော့အပြစ်မဆိုတော့ပါဘူး
လိုအပ်ချက်တွေများတဲ့ငါ့ဘဝထဲ
နင်ပျော်အောင်နေခဲ့ပေးတာကိုပဲ ကျေနပ်မဆုံးပါဟာ
ခဏတာလေးကိုတစ်ဘဝလုံးစာထိတွေးပျော်မိခဲ့တယ်
တစ်နေ့နေ့တော့ဝေးမယ်ဆိုတာကြိုတွေးထားခဲ့ရင်
ဒီလောက်အချိန်နဲ့ဆိုငါ့အလွမ်းတွေပြေကောင်းပြေလိမ့်မယ်
အခုတော့ဟာ အခုတော့ .............
လူတွေနင့်အကြောင်းပြောသံငါကြားတယ်ကဗျာချို
ကိုယ်ပိုင်ကားနဲ့လူကိုနင်ယူလိုက်ပြီတဲ့
ငါမငိုတော့ပါဘူး ငါတစ်ကယ်မငိုတော့ဘူး
ငါနဲ့ဆိုနင့်ဘဝကလူပုံအလည်ဘယ်ဂုဏ်ထည်ပါ့မလဲ
ငါနားလည်ပါတယ်ကဗျာချို
တစ်ကယ်ဆိုငါတို့မပတ်သပ်ခဲ့သင့်ဘူး
နင့်ကိုရက်စက်သူလို့ငါသူငယ်ချင်းတွေပြောကျတဲ့အခါ
ငါနင့်ဘက်ကပဲအခါခါကာကွယ်မှာပါ
နင့်အကြောင်းမကောင်းပြောရင်ငါဒီကောင်တွေကို
နရင်းကြီးပဲထဗျင်းမှာနင်မကောင်းတာမှမဟုတ်ခဲ့တာ
ပျော်အောင်သာနေပါကဗျာချို ရာ ..........
ဇာတ်သိမ်းမလှခဲ့လို့လည်းငါမှာနောင်တရစရာမရှိဘူး
နင့်ကိုရူးရူးမူးမူးချစ်ခဲ့ဖူးတယ်
နင်နဲ့အတူရွှေတိဂုံဘုရားကိုအတူတူသွားခဲ့ဖူးတယ်
သစ္စာတွေကိုတော့ငါမယုံတော့ဘူးကဗျာချို
ငါဆိုတဲ့ကောင်အတွက်တဲ့သစ္စာဆိုတာ
ဖြစ်မလာတော့တဲ့အိပ်မက်တွေပါ......
ကျေနပ်စွာနဲ့ပဲငါဘက်ကဖျက်သိမ်းလိုက်တယ်
နင်အဆင်ပြေပါစေ....ကဗျာချိုရေ.....ငါမငိုတော့ဘူးလေ..
===================================
Htet Yan👉Yan Lay