Ngu's Food Bag

Ngu's Food Bag သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်အမျိုးမျိုး

26/03/2025

ငါနဲ့ပြတ်လို့အသည်းကွဲရင် ဒီသီချင်းနဲ့ကွဲနော်ဆိုပြီး လိုက်စိုးမိုးတဲ့ မင်မင်စိုးမိုး 🥹 #အသည်းကွဲ #ပန်းနုသွေး

တီးးးးး တောင် 🔔🔔🔔Ngu’s Food Bag ကနေ အသစ်ထွက်ရှိလာတဲ့ menu အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေနော် 🥩အမဲသားစစ်စစ်ကို စက်နဲ့ဖုတ်တဲ့အ...
20/02/2025

တီးးးးး တောင် 🔔🔔🔔

Ngu’s Food Bag ကနေ အသစ်ထွက်ရှိလာတဲ့ menu အသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေနော် 🥩

အမဲသားစစ်စစ်ကို စက်နဲ့ဖုတ်တဲ့အရသာမကြိုက်သူများအတွက် မီးသွေးလေးနဲ့ စိန်ပြေနပြေဖုတ်ထားတဲ့ မီးခိုးနံ့သင်းသင်းလေးနဲ့ အမဲခြောက်ဖုတ်ဆီစိမ် မွှေးမွှေးလေး မင့်ဆီရပါပြီရှင့်။

မီးမွှေးဖို့ ဖုတ်ဖို့မလွယ်ကူတဲ့ ရန်ကုန်လိုနေရာမျိုးမှာ အိမ်ကအမေဖုတ်ကျွေးတဲ့ မီးခိုးနံ့သင်းသင်းလေးနဲ့အမဲသားခြောက်အရသာလေးစားချင်ရင်တော့ မင့်ဆီလာမှာလိုက်ပါရှင့်။
(တယောက်ထဲနေရတဲ့ မင့်အတွက်တော့ တကယ့်ရွှေဥလေးဥပေးတဲ့ ငန်းလေးတွေ့လိုက်ရသလိုပဲ ဒီလိုအရသာလေးစားချင်နေတာ ကွက်တိရပြီဆိုပြီး ကျေနပ်နေမိသောလေးပါ 😊)

ငယ်ငယ်ကအရသာနဲ့အတူ ငယ်ဘဝအငွေ့အသက်တွေ ပြန်လည်ရရှိစေမယ့် မီးခိုးနံ့သင်းသင်းလေးနဲ့ အမဲခြောက်ဆီစိမ်လေးကတော့
၅ ကျပ်သားတထုပ် #7500ကျပ်ပါရှင့် 🥩

မင်ကတော့ စရောင်းမယ်ဆိုပြီး အရသာမြည်းတဲ့အဆင့်မှာတင် ၅ကျပ်သားတထုပ်အကုန်ထိုင်စားမိတဲ့အထိ အရသာရှိတဲ့ အိမ်လုပ်အမဲသားခြောက်ဖုတ်လေးပါနော်။
တကယ်ကိုအရသာကောင်းပြီး စျေးလဲတန်တာမို့ တခါလောက်တော့ မြည်းကြည့်ကြပါနော်။ တကယ်ကိုစားကောင်းလို့ပါ။ 😊

အမဲသားလေးကတော့ ပါ။ မကြာခင်ရောက်တော့မယ့် ရမသွာန်လမှာ စဲဟ်ရီစားဖို့ အတွက်ဆိုလဲ ကွက်တိပဲနော်။ 🤍


#အသင့်စားအမဲခြောက်ဆီစိမ်
#မီးခိုးနံ့သင်းတဲ့အိမ်ဖုတ်အရသာ

Hello! မင်”လေ  #ကောင်းထက်စံဆီချက်ခေါက်ဆွဲလေးရဲ့စျေးနှုန်းအပြောင်းအလဲလေး ကိုအသိပေးချင်လို့ပါရှင့် …🍜 ၁ထုပ် ၂၅၀၀ လေးတော့ဖြ...
01/02/2025

Hello! မင်”လေ #ကောင်းထက်စံဆီချက်ခေါက်ဆွဲလေးရဲ့စျေးနှုန်းအပြောင်းအလဲလေး ကိုအသိပေးချင်လို့ပါရှင့် …

🍜 ၁ထုပ် ၂၅၀၀ လေးတော့ဖြစ်သွားပါတယ် 🍜

🥺 စျေးတက်သံကြားရင် သွေးလိုက်တက်တာ မင်”ငုစ်ပါရှင့်။ တကယ်ကိုမလုပ်ချင်ဆုံးက စျေးတက်သွားပါတယ်လို့ပြောရတာပဲ… 🥺

ကိုယ်မတက်နေလဲ ကုန်စျေးနှုန်းကတက်နေတော့ အခုလိုစျေးလေးချိန်းလိုက်ရပါတယ်ရှင့်။ Quality ကတော့သိတဲ့အတိုင်းပဲ #အရသာအရမ်းရှိပါတယ်ရှင့်။
ဆိုင်စားအတိုင်းလေးပါနော် 😋

P.S အထုပ် ၃၀ ကနေစပြီး လက္ကားစျေးလေးရှိတာမို့ တခါထဲများများဝယ်ထားချင်တဲ့သူများ chat box မှာစုံစမ်းပေးပါနော်ရှင့် 🩷

#ကောင်းထက်စံဆီချက်
🩷

နှစ်သစ်ဆုတောင်း 🍀🍀ငြိမ်းချမ်းသောအရပ်မှာနေထိုင်ခွင့်ရ၍ပိုကောင်းတဲ့အနာဂတ်ကိုသာပိုင်ဆိုင်ခွင့်ရပါစေ🍀အပူအပင်ကင်းကင်းအိပ်စက်ပ...
31/12/2024

နှစ်သစ်ဆုတောင်း 🍀

🍀ငြိမ်းချမ်းသောအရပ်မှာနေထိုင်ခွင့်ရ၍

ပိုကောင်းတဲ့အနာဂတ်ကိုသာပိုင်ဆိုင်ခွင့်ရပါစေ

🍀အပူအပင်ကင်းကင်းအိပ်စက်ပြီး အေးချမ်းစွာနိုးထနိုင်ပါစေ

🍀ရင်တွင်းတေးသံကြည်လင်၍ အမုန်းတရားများလည်းကင်းပါစေ

🍀ရရှိသောမေတ္တာချိုမြိန်၍ စိတ်နေမြင့်သူနဲ့သာ ဆုံတွေ့ပါစေ

🍀ထပ်တူမျှတဲ့ချစ်ခြင်းတွေနဲ့ ချစ်သူများလည်းပျော်ရွှင်ပါစေ

🍀ပန်းကလေးများမွှေး စမ်းကလေးများအေးသလို သာယာတဲ့ဘဝကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ 🍀🖤

Hello 🌷အမဲခြောက်ရော ဆီချက်ခေါက်ဆွဲရောက အမြဲရပါတယ်နော် Page active မဖြစ်လဲ chat box ကနေ တကူးတက အမြဲမှာစားနေကျတဲ့ regular ...
24/11/2024

Hello 🌷

အမဲခြောက်ရော ဆီချက်ခေါက်ဆွဲရောက အမြဲရပါတယ်နော်

Page active မဖြစ်လဲ chat box ကနေ တကူးတက အမြဲမှာစားနေကျတဲ့ regular customer လေးတွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🙆‍♀️

စျေး update လေးတွေလဲ ပြောဖို့ရှိလို့ post လေးတင်လိုက်ရတာပါ …

#အမဲခြောက်၁ထုပ် (၁၀သားအပြည့်) - ၁၃၅၀၀ ကျပ်

#ဆီချက်ခေါက်ဆွဲ၁ထုပ် - ၁၉၀၀ ပါရှင့်

ရွှေစျေးကျ ဒေါ်လာစျေးကျပေမယ့် အခြေခံစားသောက်ကုန်တွေမကျသေးတော့လဲ ဒီဒဏ်တွေကို အလူးအလဲခံရတာပေါ့ရှင့်။ အဲ့အပြင် အမဲသားစျေးကလဲ ခေါင်ခိုက်နေတော့ အတက်ချည်းပဲရယ် …

စျေးသည်လဲ ရောင်းရတာအားနာလှပါပြီ 🥺

အောက်က ပုံကတော့အားနာနေတဲ့ မင်မင့်ပုံပါ
လှမ်းတောင်မကြည့်ရဲဖူး တအား အားနာရို့ 🥹

ငုစ်ဖုဘတ်က အမဲခြောက်က တခါမှာစားဖူးရင် regular customer ဖြစ်သွားတတ်တာကို သိပြီးကြပြီလား ‼️‼️‼️အရမ်းစားကောင်းပြီး မွှရွကြွ...
07/06/2024

ငုစ်ဖုဘတ်က အမဲခြောက်က တခါမှာစားဖူးရင် regular customer ဖြစ်သွားတတ်တာကို သိပြီးကြပြီလား ‼️‼️‼️

အရမ်းစားကောင်းပြီး မွှရွကြွပ်မွှေးနေတဲ့ အသင့်စားအမဲခြောက်ဖုတ်လေး ပြန်မှာလို့ရပါပြီရှင့်…
ပါ ☪️ cuz I’m ☪️
လူမျိုးဘာသာမရွေး စားသုံးနိုင်ပါတယ်ရှင့်။

Quality ရော Quantity ရော ထိမိနေတဲ့ အမဲခြောက် တထုပ်ရဲ့စျေးက #၉၅၀၀ကျပ် (၉ကျပ်သား)

ဘယ်နေရာသွားဝယ်ဝယ် ဒါအရမ်းတန်တဲ့စျေးနော်။
မင်ငု City mart တွေနဲ့ တခြားသော mart တွေမှာ စျေးကွက် survey ကောက်ပြီးပါပြီ။ စျေးတော်တော်ကွာပါတယ်။

ပြီးတော့လေ အခုလက်ရှိ city mart တို့လိုနေရာမျိုးတွေမှာ တင်ထားတဲ့ နာမည်ကြီးတံဆိပ်တွေနဲ့ စက်ရုံတခုထဲပါ။ မင်ငုက mart တွေမှာမတင်တဲ့အတွက် တခြားသော ကုန်ကျစရိတ်တွေမကုန်တာကြောင့် ဒီစျေးနဲ့ရောင်းနိုင်တာပါ။

City martရောက်ရင် စျေးတချက်ကြည့်ကြည့်နော် အဲ့မှာတင်ထားတဲ့ ၅ ကျပ်သားစျေးနဲ့မင်ငုရဲ့ တထုပ်၉ကျပ်သားကျော် ၁၀ ကျပ်သားဝန်းကျင်ရဲ့ စျေးကမတိမ်းတယိမ်းတင်။ ဆိုတော့ ဘယ်လောက်တန်လဲ စဉ်းစားသာကြည့်တော့ 😊
မျက်စိမှိတ်ပြီး မှာချလိုက်လို့ရတယ်။

မှာယူချင်တယ်ဆို hello လိုက်ပါနော် 🩵🍀

ကောင်းထက်စံ ဆီချက်ခေါက်ဆွဲလဲ ရပါတယ်ရှင့်
တထုပ် #၁၈၀၀ကျပ်
(သူ့ချည်းမှာမယ်ဆိုရင် ၅ထုပ်ကစပြီးတော့ ယူပေးပါနော်။)


#ကောင်းထက်စံဆီချက်
#အမဲခြောက်ဖုတ်

Edited - All Sold Out 🍀ဈေးရောင်းဖို့ အပျင်းတစ်တဲ့ဈေးသည် အခုတော့ခံရပြီ။😭😭😭ဈေးသည်ဈေးရောင်းဖို့မေ့နေတာနဲ့ ခေါက်ဆွဲတဖာလုံး e...
13/05/2024

Edited - All Sold Out 🍀

ဈေးရောင်းဖို့ အပျင်းတစ်တဲ့ဈေးသည် အခုတော့ခံရပြီ။😭😭😭

ဈေးသည်ဈေးရောင်းဖို့မေ့နေတာနဲ့ ခေါက်ဆွဲတဖာလုံး exp နီးနေတာ အခုညမှသိတယ်။
#ကောင်းထက်စံဆီချက် ခေါက်ဆွဲကို ဘယ်မှာမှ မရတဲ့ဈေးနဲ့ လျှော့ရောင်းလိုက်ပါတော့မယ်။ 😭

Expired နီးတယ်ဆိုတာလေ မှိုတက်တာတို့ စားမရတော့တာတို့မဟုတ်ပါဖူးရှင့်။ exp ထည့်ထားတဲ့ရည်ရွယ်ချက်က ကြက်သားနဲ့ကြက်သွန်ကြော် မဆိုသလောက်ပုစိလေးပျော့သွားတာကိုပဲပြောတာပါတဲ့။ ကျန်တာက ၁နှစ်ထိ အထားခံပါတယ်နော်။ (ဒိုင်ကိုမေးထားတဲ့ဟာလေး Ss ထည့်ထားပေးပါမယ်။) အခုထိကတော့ လုံးဝ (လုံးဝ) မပျော့‌သေးပါဖူးနော် အခုညစာတင် ဆီချက်လေး ပြုတ်စားထားတာမို့ပြောရဲတာ 🥺
ဒါပေမယ့် stock ဖြတ်လိုက်ချင်လို့ လျှော့ရောင်းလိုက်တော့တာပါ။

တထုပ် ၁၃၀၀ နဲ့ယူလိုက်ပါတော့ရှင့်။ (အရင်မှာထားတဲ့သူတွေလဲ ဒီဈေးနဲ့ပဲယူပါနော်။)
၅ထုပ်တော့ အနည်းဆုံးယူပေးပါနော်။ ကိုရီးယားခေါက်ဆွဲတထုပ်တောင် ၅၀၀၀ နီးပါးပေးရတဲ့ခေတ်မှာ အခုက ၅ထုပ်မှ ၆၅၀၀ ပဲကျမှာရယ်။

ဒီဈေးနဲ့ ဒီခေါက်ဆွဲဘယ်မှာမှမရတာမို့ ဝယ်သာအုထားလိုက်ပါတော့ ဈေးသည်ကတော့ငိုနေပါပြီ 😭😭😭 (အရင်းပြုတ် 😭)

ဟဲလို ဟဲလို Review ကောင်းလေးတွေအများကြီးရထားတဲ့ အသင့်စားအမဲခြောက်ဖုတ် (၁၀၀% halal ဖြစ်လို့ လူမျိုးဘာသာမရွေးစားသုံးနိုင်ပ...
12/05/2024

ဟဲလို ဟဲလို

Review ကောင်းလေးတွေအများကြီးရထားတဲ့ အသင့်စားအမဲခြောက်ဖုတ် (၁၀၀% halal ဖြစ်လို့ လူမျိုးဘာသာမရွေးစားသုံးနိုင်ပါတယ်။) နဲ့ ကောင်းထက်စံဆီချက်ခေါက်ဆွဲလေး ပြန်ရပါပြီနော်။

အမဲသားခြောက်ဖုတ် (၉ကျပ်သား) - ၉၀၀၀ ကျပ်
(City mart တွေမှာ ၅ကျပ်သားတောင် သောင်းဂဏန်းနားမှာပါ ပင်ရင်းဒိုင်တူတူပါပဲရှင့်။)

ဆီချက်ခေါက်ဆွဲ ၁ထုပ် - ၁၇၀၀ ကျပ်
(ဆီချက်တမျိုးပဲမှာမယ်ဆို ၅ထုပ်က စယူပေးပါရှင့်။ လူကြီးလူငယ်မရွေး စားသုံးလို့ရအောင် အဓိကထုတ်ထားတဲ့ ဆီချက်ခေါက်ဆွဲပါ။ အချိုမှုန့်မသုံးထားပဲ ပဲဆီမွှေးမွှေးလေးနဲ့ဆိုတော့ အရမ်းစားကောင်းတယ်ရှင့်။)

Hello Hello ✊🌹ငုစ်ဖုဘတ်အက်တမင်လဲ အိပ်ပျော်ရာကနေတကျော့ပြန် နိုးထလာပါပြီရှင်။😁ကုန်စျေးနှုန်းကြောင့် စျေးအပြောင်းအလဲတွေများ...
11/01/2024

Hello Hello ✊🌹
ငုစ်ဖုဘတ်အက်တမင်လဲ အိပ်ပျော်ရာကနေတကျော့ပြန် နိုးထလာပါပြီရှင်။😁

ကုန်စျေးနှုန်းကြောင့် စျေးအပြောင်းအလဲတွေများလို့ Page မှာ ဘာမှတင်မရောင်းဖြစ်ခဲ့ပေမယ့် အနီးအနားက ချစ်သူခင်သူတွေရော မိတ်ဟောင်းကပ်စတန်မာတွေကတော့ Page messenger ကနေရော Acc DM ကနေရော အားပေးနေကြတုန်းပါပဲ။ အားလုံးကိုလဲကျေးဇူးတင်ပါတယ်ရှင်။ 💙

Ngu’s Food Bag မှာရောင်းပေးနေတဲ့ ကုန်စည်(၂)မျိုးရဲ့ စျေးအပြောင်းအလဲလေးတွေကတော့

✅ Ngu’s Food Bag ရဲ့ပင်တိုင်စံမင်းသားကြီးဖြစ်တဲ့ အသင့်စားအမဲခြောက်ဖုတ်- ၁ ထုပ် ၉၀၀၀ ကျပ် (၁၀သားဝန်းကျင်) 💯 Halal ☪️

✅ကောင်းထက်စံဆီချက်ခေါက်ဆွဲ- ၁ထုပ် ၁၇၀၀

♥️ #အပေါ်ကကုန်ပစ္စည်း(၂)မျိုးလုံး၁၀ထုပ်ကနေအဆင့်ဆင့်စျေးသက်သာသွားတဲ့လက်ကားစျေးလဲရှိပါတယ်ရှင့်။

အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေ ✨🌹

10/09/2023

Me when စိတ်ကောက် to my boyfriend 😒

#ဈေးမရောင်းပဲဘာတွေတင်? 🙄
#အမဲခြောက်ရတယ်၉ကျပ်သားတထုပ်၈၀၀၀လာဝယ်

19/08/2023

ယနေ့ခေတ် ဆီစျေးအခြေအနေ in Burma

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Ngu's Food Bag posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share