29/05/2022
ညှိုးလျစွာဖြင့် အသိပေးခြင်း😔
လက်ရှိ ဖြစ်ပေါ်နေသည့် လောင်စာဆီအတက်အကျ၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လုံလောက်စွာ ဝယ်ယူ မရရှိခြင်း၊ လောင်စာဆီ တန်ဖိုး အဆမတန် မြင့်မားလာမှုတို့ကြောင့် Vehicle Delivery သီးသန့် ဖြစ်သော ကျွန်တော်တို့ Roadrunner Delivery Service အား ဇွန်လ ၁ ရက်နေ့မှ စတင်၍ ခေတ္တ ယာယီ ရပ်နားမည် ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
အစဉ်တစိုက် ယုံကြည်စွာ အားပေးခဲ့ကြသည့် Customers များ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် လုပ်ငန်းများ ပြန်လည် စတင်ပါက Page ၌ ပြန်လည် ကြေညာသွားမည် ဖြစ်ပါသည်။
ကျွန်တော်တို့ ရပ်နားလိုက်သည် ဆိုသော်လည်း ရက်သက်မှတ်၍ သီးသန့် အော်ဒါ ကောက်မည့် Customer များ အတွက်တော့ Delivery ထွက်ပေးဦးမည် ဖြစ်ပါသည်။ Hotline နှင့် Page Chatbox မှ တဆင့် အသေးစိတ် စုံစမ်း မေးမြန်းနိုင်ပါသည်။ ကျွန်တော်တို့ ပြန်လာခဲ့ပါမည်။