FOOD o'clock

FOOD o'clock သန့်ရှင်းလတ်ဆတ်သော Homemade အစားအစာများနှင့်ဒေသစာမျိုးစုံတို့ကို ရောင်းချပါသည်

ကိုယ့်ရဲ့ကျန်းမာရေး မိဘမောင်ဖွားတွေရဲ့ ကျန်းမာရေးကြောင့် ဆိုင်လေးမဖွင့်နိုင် page လေး မ run နိုင်တာကြာပြီနော် အခုတော့ တေ...
12/10/2021

ကိုယ့်ရဲ့ကျန်းမာရေး မိဘမောင်ဖွားတွေရဲ့ ကျန်းမာရေးကြောင့် ဆိုင်လေးမဖွင့်နိုင် page လေး မ run နိုင်တာကြာပြီနော် အခုတော့ တော်တော်လေးအနားယူပြီးပြီ မို့ ဈေးလေးပြန်ရောင်းမယ်နော် နဲနဲချင်းပြန်စမှာမို့ စနေပိတ်ရက်အတွက် အော်ဒါ‌ေကာက်လေးနဲ့ပြန်စပါရစေနော်

အားပေးကြပါအုံးနော်💕💕💕💕
စနေနေ့အတွက်Orderလေးအရင်ကောက်ပါမယ်နော်
အိမ်အရောက်ပို့ဆောင်ပေးမဲ့ဝန်ဆောင်မှုပါရှင်
စမ်းချောင်းတွင်း ၅၀၀
ကုန်းပေါ်နဲ့ spirit ဖက်အခြမ်း ၇၀၀
၅၀၀၀ ဖိုးနဲ့အထက် deli free ပါရှင်

အခြားမြို့နယ်များ
မြို့နယ်အနီးအဝေးလိုက်ပို့ခရှိပါမယ်ရှင်

ဝမ်းတိုဟူးသုတ် 1500
ငါးမျှစ်ချဉ်မီးအုံး 2000
ကြက်ကချင်မီးအုံး2000
ငါး ကင်မွန်းချဉ်မီးအုံး 2000
ဇီးဖြူသီးသနပ်2000
ငါးဖယ်စစ်စစ်ပေါင်း/သုတ်2500
ငါးကြင်းခြစ်ပေါင်းသုတ်1500
ကုလားပဲ အာလူးသုတ်1500
ဆတ်သားခြောက်ချက် 5000
ဆတ်သားခရမ်းသီးနှပ်3000
ဆတ်သားခြောက်စစ်စစ် 25သား15000
ခေါက်ဆွဲနန်းပြား ကြက်သားသုတ်2000
ကြက်သားထောင်း3000
ဆတ်သားထောင်း 5000
ငါးဥချဉ်

မှာယူမယ်ဆို Orderလေးကြိုတင်ထားပေးပါနော်
16ရက်စနေနေ့အတွက်Orderလက်ခံပါတယ်ရှင်
09979452155ကိုဆက်ပြီးမှာပေးပါရှင်
တခုလေးဘဲပြောချင်တာကဈေးတွေကအကုန်တက်တော့ဘူးနဲ့ထည့်ရတာလေးတွေအတွက်ဘူးဘိုး200
လေးတော့ထည့်ပေါင်းပါမယ်နော်
နားလည်ပေးကြမယ်လို့မျှော်လင့်ပါတယ်ရှင့်

မိတ်ဟောင်းမိတ်သစ်များအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်

ချစ်သော customer လေးတို့ရေအခု menu လေးတွေထဲက စားချင်တာလေးများရှိရင် (၂)ရက်ကြိုပြီး အော်ဒါလေးတင်ပေးပါနော် အော်ဒါလေးကြိုတင...
12/07/2021

ချစ်သော customer လေးတို့ရေ
အခု menu လေးတွေထဲက
စားချင်တာလေးများရှိရင်
(၂)ရက်ကြိုပြီး အော်ဒါလေးတင်ပေးပါနော်

အော်ဒါလေးကြိုတင်ပေးထားရင် deli လမ်းကြောင်းလေး ကြိုစီစဉ်လို့ရတာမို့ စမ်းချောင်းမြို့နယ်အတွင်းကို
Deli Free နဲ့ပို့ပေးပါမယ်နော်

ငွေပေး‌ချေမှုကို
Kpay
Wave pay
ငွေသားတို့ဖြင့် လက်ခံပါသည်

အားပေးကြတဲ့ Customer အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင်
အားလုံးပဲ နေကောင်းကျန်းမာကြပါစေ
ရောဂါဘယဘေးများမှ ကင်းဝေးကျော်လွှားနိုင်ကြပါစေ

တစ်ပုံချင်းစီရဲ့အောက်မှာ
ဈေးနှုန်းလေးတွေပါပါတယ်နော်

ချစ်သော customer လေးတို့ရေဗမာကြက်စွပ်ပြုတ်ကို ဈေးလေးနည်းနည်းတက်ပါရစေရှင် #ဗမာကြက်စွပ်ပြုတ် တစ်ပွဲ 3000/-ကျပ်ဗမာကြက်စွပ်ပ...
12/07/2021

ချစ်သော customer လေးတို့ရေ

ဗမာကြက်စွပ်ပြုတ်ကို ဈေးလေးနည်းနည်းတက်ပါရစေရှင်

#ဗမာကြက်စွပ်ပြုတ် တစ်ပွဲ 3000/-ကျပ်

ဗမာကြက်စွပ်ပြုတ် မှာမယ်ဆိုရင် သီးသန့်ဒီဖုန်းကိုမှာပေးပါရှင်
09 979452155

ဆိုင်ပိတ်ထားပေမယ့် လာယူလို့ရပါတယ်
Deli ပို့ပေးရမယ်ဆိုရင် 1000 ပါ
Deli လေးတွေလည်း စား၀တ်နေရေးအတွက်သာ ကြောက်ကြောက်နဲ့ပို့ပေးရတာမို့လို့ပါရှင်

ငွေပေးချေမှုကို
K pay
ငွေသား တို့ဖြင့်ပေးချေနိုင်ပါသည်

အားပေးကြတဲ့ Customer အယောက်စီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင်
အားလုံးပဲ နေကောင်းကျန်းမာကြပါစေ
ရောဂါဘယဘေးများမှ ကင်းဝေးကျော်လွှားနိုင်ကြပါစေ

#ဗမာကြက်စွပ်ပြုတ်

09/07/2021

Credit: Dr.Phyo Maung Maung



#ကိုယ်ခံအားမြှင့်အစားအစာ
#အရိုးပြုတ်ရည်


"အရိုးပြုတ်ရည်သောက်ပေးခြင်းဖြင့် ဖျားနာခြင်းမှ လျင်မြန်စွာ သက်သာစေနိုင်"

ခုခံအားမြင့်တင်ဖို့အတွက် တန်ဖိုးအနည်းဆုံးနှင့် အကောင်းဆုံးအစားအစာကို ပြောပါဆိုလျှင် အရိုးပြုတ်ကို ပြောရပါမည်။ အသားမဝယ်နိုင်တဲ့သူတွေအတွက် ကြက်ရိုးဖြစ်ဖြစ်၊ ဝက်ရိုးဖြစ်ဖြစ်၊ အမဲရိုးဖြစ်ဖြစ် ကြိုက်နှစ်သက်ရာ အရိုးတွေနဲ့ အရိုးပြုတ်တစ်ခွက်ချက်လို့ရပါတယ်။

အရိုးပြုတ်ရည်တွေမှာ သတ္ထုဓာတ် နှင့် ဗိုက်တာမင်တွေအပြင် အမိုင်နိုအက်ဆစ်တွေလည်းပါဝင်ပါတယ်။ အရိုးပြုတ်ရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်တွေက လျင်မြန်စွာစုပ်ယူနိုင်တဲ့အပြင် အူနံရံပြုပြင်ကိုလည်း ပြုပြင်ပေးနိုင်ပါတယ်။ ခုခံအားစနစ်ရဲ့ ရာနှုန်းတော်တော်များများကို အူလမ်းကြောင်းရဲ့GALT လို့ခေါ်တဲ့ gut associated lymphoid tissue က ထောက်ပံ့ပေးထားတာပါ။ ဒါကြောင့် အရိုးပြုတ်ရည်က အူလမ်းကြောင်းကောင်းစေပြီး ခုခံအားမြင့်တက်လာစေပါတယ်။

အရိုးပြုတ်ရည်မှာပါတဲ့ အမိုင်နိုအက်ဆစ် glycine က ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်ခုဖြစ်တဲ့ glutathione ထုတ်လုပ်မှုကို အားပေးပြီး oxidative stress ကို သက်သာပါစေပါတယ်။ ဒါကြောင့် အရိုးပြုတ်သောက်ပေးခြင်းဖြင့် ဖျားနာခြင်းမှ လျင်မြန်စွာ သက်သာစေပါတယ်။ အမိုင်နိုအက်ဆစ် glycine က သည်းခြေအရည် နှင့် အစာခြေ အရည် ထုတ်လုပ်မှုကို ကူညီပေးတာကြောင့် အူလမ်းကြောင်းကျန်းမာရေးအတွက်ကောင်းပါတယ်။ အရိုးပြုတ်ရည်သောက်သုံးခြင်းသည် ရေဓာတ်ပြည်လည်ဖြည့်တင်းပေးတာကြောင့် အစာခြေ စနစ် နှင့် ကျောက်ကပ်ကို အကျိုးပြုပါတယ်။ အမိုင်နိုအက်ဆစ် glycine က ကောင်းကောင်းအိပ်ပျော်စေပါတယ်။

အရိုးတွေပြုတ်တဲ့အခါ ဂျင်း နှင့် ကြက်သွန်ဖြူထည့်ပေးပါက ကျန်းမာရေးအတွက် အတော်လေးကောင်းပါလိမ့်မည်။ ဂျင်းမှာ အက်တီအောက်ဆီတန့်အစွမ်း( antioxidants) နှင့် ရောင်းရမ်းခြင်းကိုသက်သာနိုင်စွမ်းရှိပြီး ဂျင်းမှာပါဝငိတဲ့ gingerol, shogaol, paradol , zingerone တွေက ဂျင်းရဲ့ ကျန်းမာရေးအာနိသင်ကို ပေးစွမ်းပါတယ်။ ဂျင်းမှာ မြောက်များစွာသော ဗိုက်တာမင်တွေဖြစ်တဲ့ ဗိုက်တာမင် C၊ ဗိုက်တာမင် B6 နှင့် niacin တွေအပြင် ပိုတက်ဆီယမ်၊ ကော့ပါး၊ မက်ဂနီဆီယမ်၊ ဖော့စရပ်၊ သံဓာတ်၊ ဇင့် အစရှိတဲ့ သတ္တုဓာတ်တွေပါပါဝင်ပါတယ်။ ရောဂါပိုးတွေကိုလည်း သေစေပါတယ်။ နာတာရှည်ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။ အစာမကြေတာအတွက်လည်းကောင်းပါတယ်။

ကြက်သွန်ဖြူဆိုတာ ဆာဖာကြွယ်ဝတဲ့ အစားအစာဖြစ်ပြီး ဆေးပညာဖခင်ကြီး Hippocrates က ကြက်သွန်ဖြူကို ရောဂါပိုးကုသရန် နှင့် နာကျင်မှု သက်သာစေရန် အသုံးပြုတယ်ရေးပါတယ်။ 2016 အကုန်လောက်ထိ ကြက်သွန်ဖြူကို လေ့လာထားတဲ့ လေ့လာမှုပေါင်း 5100 ကျော်ရှိပါတယ်။ ကြက်သွန်ဖြူက လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ရောဂါပိုးဝင်ခြင်း နှင့် ကင်ဆာတွေကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့ leucine, isoleucine, S-allyl cysteine , allicin ပါဝင်တဲ့ပစ္စည်းတွေက ကျန်းမာရေးကို အကျိုးပြုပါတယ်။

ငွေကြေးအတော်အသင့်ပြည့်စုံမည်ဆိုလျှင် လွယ်လွယ်ကူကူဝယ်လို့ရတဲ့ shiitake ( ရှီတာကီ ) မှိုကို အရိုးပြုတ်ထဲထည့်ချက်လို့ရပါတယ်။ မှိုတွေကို စားပေးခြင်းဖြင့် ကိုယ်တွင်းဇီဝပိုး အသိုက်အမြုံကို မျှတစေတယ်။ မှိုပင်မှာ ဘက်တီးရီယား နှင့် ဗိုင်းရပ်စ်ကို တိုက်ပေးနိုင်တဲ့ သဘာဝစွမ်းအင် အမြောက်အများရှိပါတယ်။ ခုခံအားစနစ်ကို ထိရောက်စွာတိုးတက်စေတယ်။ ဒါပြင် ရှီတာကီမှိုမှာ ကင်ဆာဆန့်ကျင်နိုင်စွမ်း နှင့် ခုခံစွမ်းအား မြှင့်တင်နိုင်စွမ်းရှိပါတယ်။ Selenium, ဗိုက်တာမင် A , C , D , E ပါဝင်ပြီး ဗိုင်းရပ်စ်သေစေနိုင်တယ်လို့ ဆိုပါတယ်။

ဒီလိုကာလမှာ တန်ဖိုးနည်းတဲ့ အဖိုးတန်အဟာရတွေကို ဖန်တီးတတ်ရပါမည်။ စားကောင်းအောင်လည်းချက်တတ်ရပါမည်။ လိုအပ်တဲ့ဗဟုသုတတွေလေ့လာပြီး သေချာလိုက်နာ နေထိုင်မည်ဆိုလျှင် ဒီကပ်ဘေးကြီးက လွတ်ကို လွတ်ပါလိမ့်မည်။ အားလုံးကျန်းမာကြပါစေ။

ဒေါက်တာဖြိုးမောင်မောင်
၈.၇.၂၀၂၁

ချစ်သော customer လေးတို့ရေ #မှိုကင်းစင်ငရုတ်ပွအနီအနှစ်သီးသန့်ဆီစိမ်မှိုလုံး၀ကင်းစင်တဲ့ ငရုတ်ပွအနှစ်ဆီစိမ်လေး  #အော်ဒါမှာ...
09/07/2021

ချစ်သော customer လေးတို့ရေ

#မှိုကင်းစင်ငရုတ်ပွအနီအနှစ်သီးသန့်ဆီစိမ်

မှိုလုံး၀ကင်းစင်တဲ့ ငရုတ်ပွအနှစ်ဆီစိမ်လေး #အော်ဒါမှာလို့ရပါပြီနော်

ခြောက်သွေ့ပြီးမှိုကင်းစင်တဲ့ ငရုတ်ပွကို အလယ်ကနေခွဲ မှိုပါတာတွေရှိရင်လုံး၀ဖယ်ထုတ် ပြီးရင် ရေနွေးပွက်ပွက်ဆူအနည်းငယ်စိမ်ပြီး ဆေးပါတယ်

ပြီးတော့ဆားအနည်းငယ် (လုံး၀မငံပါနော် တကယ့်ကိုနည်းနည်းလေးပါ) ထည့်ပြီး ရေခန်းပြုတ်ပါတယ်

ရေခန်းပြုတ်ထားတဲ့ ငရုတ်ပွဖတ်တွေကိုမီးနည်းနည်းနဲ့ရေကုန်အောင် အပူပေးပါတယ်

ပြီးရင်စက်နဲ့ကြိတ်ပြီးနေကြာဆီနဲ့နှံနေအောင်နယ်ပြီး
ဆီကိုမြုပ်နေအောင်စိမ်ထားတာပါ

#တာရှည်ခံဆေးလုံး၀လုံး၀မပါပါနော်
#ငရုတ်ပွအနှစ်သီးသန့်ဖြစ်ပါတယ်နော်
#ကြက်သွန်ဖြူနီတွေမပါပါဘူးရှင်

အပြင်မှာထားရင် ဆယ်ရက်လောက်ခံပါတယ် ရေခဲသေတ္တာထဲမှာတော့လနဲ့ချီပြီးထားလို့ရပါတယ်

ပုံထဲမှာဖန်ပုလင်းနဲ့ထည့်ထားတာပါ
Admin ရောင်းမှာကတော့ပလတ်စတစ်ဘူးနဲ့ပါ
ပုံထဲကလိုဖန်ပုလင်းနဲ့လိုချင်ရင်လည်း၀ယ်ထည့်ပေးပါတယ် ဖန်ပုလင်းဖိုးသီးသန့်ထပ်ဆောင်းပေးရမှာပါ

ပုံထဲကလိုဟင်းတစ်ခွက်ကို နဲနဲလေးပဲထည့်တာနဲ့အရောင်တက်ပါတယ်

တစ်ဘူး ၃၀၀၀ ကျပ်

အော်ဒါမှာမှ လတ်လတ်ဆတ်ဆတ်ပြုလုပ်ပေးတာပါရှင်
သုံးရက်အတွင်းပို့ပေးပါတယ်

အိမ်ရောက်ငွေချေ
Kpay
Wave pay များဖြင့်လည်းငွေချေလို့ရပါတယ်

ကျွန်းတောလမ်းနှင့်အနီးတဝိုက် deli free
စမ်းချောင်းအတွင်း 500
မြေနီကုန်း 1000

09958097741 သို့ဆက်သွယ်မှာယူနိုင်ပါသည်

အားပေးကြသော customer တစ်ယောက်စီတိုင်းအား
ကျေးဇူးအထူးတင်ရှိပါသည်

ဆိုင်လေးခဏတာပိတ်ထားလို့ အော်ဒါလေးကောက်ပါရစေနော်၁၁.၇.၂၀၂၁(တနဂ်နွေနေ့)အတွက်  #အော်ဒါတင်လို့ရပါတယ်ရှင် #ဗမာကြက်စွပ်ပြုတ်(ပွ...
09/07/2021

ဆိုင်လေးခဏတာပိတ်ထားလို့ အော်ဒါလေးကောက်ပါရစေနော်

၁၁.၇.၂၀၂၁(တနဂ်နွေနေ့)အတွက် #အော်ဒါတင်လို့ရပါတယ်ရှင်

#ဗမာကြက်စွပ်ပြုတ်(ပွဲသေး)

#ဗမာကြက်ကိုဂျင်းကြက်သွန်ဖြူငရုတ်ကောင်းဟင်းခပ်အမွှေးအကြိုင်တွေနဲ့ရေခဲသေတ္တာထဲမှာတစ်ညနှပ်ထားပြီးမှအသီးအရွက် ကြက်ဥပြုတ်တို့နဲ့ရောပြီး နူးနေအောင်ပြုတ်ထားတဲ့


#ကိုယ်ခံအားဖြည့်စွပ်ပြုတ်ပါရှင်

အချိုမှုန့်လုံး၀မသုံးပါ
တစ်ပွဲ 2500/-ကျပ်

ကျွန်းတောလမ်းနှင့်အနီးတဝိုက် deli free
စမ်းချောင်းအတွင်း 500
မြေနီကုန်း 1000

09958097741 သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်

အားပေးကြသော customer တစ်ယောက်စီတိုင်းအားကျေးဇူးအထူး တင်ရှိပါသည်

09/07/2021

ဆိုင်လေးခဏတာပိတ်ထားပေမဲ့ အော်ဒါလေးကောက်ပြီးရောင်းပါရစေနော်

#ကိုယ်ခံအားကောင်းအောင် အားရှိအောင် ကိုယ်လည်းစားမယ် ချစ်တဲ့ခင်တဲ့ မိဘဆွေမျိုးသားချင်း မိတ်ဆွေတွေအတွက်လည်းမှာပေးမယ်ဆို သတိရလိုက်ပါနော်

#ဗမာကြက်ကောင်လုံးသီးစုံအိုးကပ်ပေါင်း
#ဗမာကြက်ကောင်လုံးသီးစုံစွပ်ပြုတ်


#စမ်းချောင်းအတွင်းမည်သည့်‌ေနရာမဆို deli free

#ကြိုတင်အော်ဒါ
#၁၁.၇.၂၀၂၁(တနဂ်နွေနေ့)အတွက်အော်ဒါတင်နိုင်ပါတယ်ရှင့်

#ဗမာကြက်ကောင်လုံးကို
#ဂျင်း
#ငရုတ်ကောင်း
#ဗမာကြက်သွန်ဖြူ
#မုန်လာဥနီ
#ပန်းဂေါ်ဖီပွင့်
#ဂေါ်ဖီထုပ်
#ရှိတာကီမှို(ထီးမှို)
#ကြွက်နားရွက်မှို
#ကြက်သွန်မိတ်
#ဟင်းခတ်အမွှေးအကြိုင်တို့ဖြင့်

ဟင်းသီးဟင်းရွက်များကို ကြက်ကိုယ်လုံးအတွင်းအစာသွပ်ပြီးမှ pressure cooker ဖြင့်ပေါင်းထားတာလေးပါ

#နေကြာဆီအနည်းငယ်ကိုသာသုံးပါသည်
#အချိုမှုန့်လုံး၀မသုံးပါ

#အရသာ(၄)မျိုးရရှိနိုင်ပါသည်
#စွန်တန်အရသာ
#ချဉ်စော်ကားသီးအရသာ
#အဖြူထည်ပေါင်း
#ပဲငံပြာရည်ခရုဆီပေါင်း

12000/- ကျပ်

အိုးကပ်အရည်ခန်းပေါင်းတာနဲ့ စွပ်ပြုတ်အရည်ဖြင့်
ကြိုက်နှစ်သက်ရာမှာယူနိုင်ပါသည်

အိမ်အရောက်ငွေချေ
Kpay
Wave Pay တို့ဖြင့်လည်း ငွေချေနိုင်ပါသည်

မှာယူလိုပါက 09 958097741

အားပေးကြသောcustomerအယောက်စီတိုင်းအား ကျေးဇူးအထူးတင်ပါတယ်နော်

ဆိုင်လေးခဏတာပိတ်ထားပေမဲ့ အော်ဒါလေးကောက်ပြီးရောင်းပါရစေနော် #ကိုယ်ခံအားကောင်းအောင် အားရှိအောင် ကိုယ်လည်းစားမယ် ချစ်တဲ့ခင်...
09/07/2021

ဆိုင်လေးခဏတာပိတ်ထားပေမဲ့ အော်ဒါလေးကောက်ပြီးရောင်းပါရစေနော်

#ကိုယ်ခံအားကောင်းအောင် အားရှိအောင် ကိုယ်လည်းစားမယ် ချစ်တဲ့ခင်တဲ့ မိဘဆွေမျိုးသားချင်း မိတ်ဆွေတွေအတွက်လည်းမှာပေးမယ်ဆို သတိရလိုက်ပါနော်

#ဗမာကြက်ကောင်လုံးသီးစုံအိုးကပ်ပေါင်း
#ဗမာကြက်ကောင်လုံးသီးစုံစွပ်ပြုတ်


#စမ်းချောင်းအတွင်းမည်သည့်‌ေနရာမဆို deli free

#ကြိုတင်အော်ဒါ
#၁၁.၇.၂၀၂၁(တနဂ်နွေနေ့)အတွက်အော်ဒါတင်နိုင်ပါတယ်ရှင့်

#ဗမာကြက်ကောင်လုံးကို
#ဂျင်း
#ငရုတ်ကောင်း
#ဗမာကြက်သွန်ဖြူ
#မုန်လာဥနီ
#ပန်းဂေါ်ဖီပွင့်
#ဂေါ်ဖီထုပ်
#ရှိတာကီမှို(ထီးမှို)
#ကြွက်နားရွက်မှို
#ကြက်သွန်မိတ်
#ပဲသီး
#ဟင်းခတ်အမွှေးအကြိုင်တို့ဖြင့်

ဟင်းသီးဟင်းရွက်များကို ကြက်ကိုယ်လုံးအတွင်းအစာသွပ်ပြီးမှ pressure cooker ဖြင့်ပေါင်းထားတာလေးပါ

#နေကြာဆီအနည်းငယ်ကိုသာသုံးပါသည်
#အချိုမှုန့်လုံး၀မသုံးပါ

#အရသာ(၄)မျိုးရရှိနိုင်ပါသည်
#စွန်တန်အရသာ
#ချဉ်စော်ကားသီးအရသာ
#အဖြူထည်ပေါင်း
#ပဲငံပြာရည်ခရုဆီပေါင်း

12000/- ကျပ်

အိုးကပ်အရည်ခန်းပေါင်းတာနဲ့ စွပ်ပြုတ်အရည်ဖြင့်
ကြိုက်နှစ်သက်ရာမှာယူနိုင်ပါသည်

အိမ်အရောက်ငွေချေ
Kpay
Wave Pay တို့ဖြင့်လည်း ငွေချေနိုင်ပါသည်

မှာယူလိုပါက 09 958097741

အားပေးကြသောcustomerအယောက်စီတိုင်းအား ကျေးဇူးအထူးတင်ပါတယ်နော်

ချစ်တဲ့ customer တို့ရေ‌Covid ကြောင့် Stay Home မြို့နယ်တွေလည်းတဖြည်းဖြည်းတိုးလာတာကြောင့်  ဈေးရောင်းတာရက်အနည်းငယ် နားပါအ...
08/07/2021

ချစ်တဲ့ customer တို့ရေ

‌Covid ကြောင့် Stay Home မြို့နယ်တွေလည်းတဖြည်းဖြည်းတိုးလာတာကြောင့် ဈေးရောင်းတာရက်အနည်းငယ် နားပါအုံးမယ်နော်

အန္တရာယ်ကင်းကင်းနဲ့ရောင်းပေးနိုင်ဖို့စီစဉ်ပြီးရင်
ဆိုင်ပြန်ဖွင့်မဲ့ရက်ကို အသိပေးပါ့မယ်နော်

ဆိုင်ဖွင့်ကာလ တစ်လခွဲအတွင်း မထင်မှတ်‌ေလာက်‌ေအာင် အရမ်းအားပေးကြ နေ့တိုင်းနီးပါး ကုန်အောင်
ရောင်းရလို့
မိတ်ဟောင်းမိတ်သစ်များအားလုံးကို အထူးအထူးပဲကျေးဇူးတင်ပါတယ်ရှင်

ဆိုင်ပြန်ဖွင့်တဲ့အခါ အားပေးကြပါအုံးနော်

ချစ်သော customer များအားလုံး လိုရာဆ‌န္ဒများအားလုံး ပြည့်၀ပြီး ရောဂါဘေးကပ်ဘေးအမျိုးမျိုးမှ ကျော်လွှားနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့ပါတယ်ရှင်

ချစ်သော customer များရှင်Covid ကြီးကလည်း တစ်နေ့တစ်ခြား ပိုပြီးသတိထားဂရုစိုက်ရတော့မယ့်အခြေအနေဖြစ်တာကြောင့်ချစ်သော custome...
05/07/2021

ချစ်သော customer များရှင်

Covid ကြီးကလည်း တစ်နေ့တစ်ခြား ပိုပြီးသတိထားဂရုစိုက်ရတော့မယ့်အခြေအနေဖြစ်တာကြောင့်

ချစ်သော customer များကို ဘေးအန္တရာယ်ကင်းရှင်းစေချင်တာကြောင့် တတ်နိုင်သမျှ ပါဆယ်သာမှာယူစားသုံးကြဖို့ တိုက်တွန်းပါတယ်ရှင်

Admin တို့အနေနဲ့လည်း ဈေးသွားတဲ့အခါ
ချက်ပြုတ်တဲ့အခါ အထူးဂရုစိုက်သတိထားပြီးချက်ပြုတ်
ပြင်ဆင်နေပါတယ်ရှင်

ပါဆယ်မှာယူစားသုံးတဲ့အခါမှာလည်း တတ်နိုင်သမျှ
Deli ခသက်သာအောင် အချိန်မှီရောက်ရှိအောင်
ပိုပြီးဂရုစိုက်ဆောင်ရွက်ပေးသွားပါမယ်ရှင်

၀ယ်ယူပြီး ကားပေါ်မှာထိုင်စားချင်တဲ့သူတွေအတွက်
ကိုယ့်မိဘ သားချင်း ချစ်သူခင်သူများအတွက် မှာယူပို့ပေးချင်တဲ့ သူများအတွက်လည်း ပါဆယ်ထုပ်ပိုးမှုလေးတွေ ပိုမို သပ်ယပ်အဆင်ပြေအောင် ဆောင်ရွက်စီစဉ်ပေးပါတယ်ရှင့်

ငွေပေးချေမှုကိုလည်း
K Pay
Wave Pay တို့ဖြင့် လက်ခံနေပါတယ်ရှင်

အားပေးကြသော Customer အယောက်စီတိုင်းကို
ကျေးဇူးအထူးတင်ပါတယ်ရှင်
ချစ်သော customer များအားလုံး လိုရာဆ‌န္ဒများအားလုံး ပြည့်၀ပြီး ရောဂါဘေးကပ်ဘေးအမျိုးမျိုးမှ ကျော်လွှားနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့ပါတယ်ရှင်

 ကိုယ်စားချင်တဲ့ ကိုယ်ကြိုက်တဲ့ ဟင်းတွေချက်စားရင်းပိုချက်ပြီး ရောင်းကြည့်တာပါအကြိုက်တူတဲ့သူတွေရှိရင် အားပေးပါနော် #မျှစ်...
05/07/2021



ကိုယ်စားချင်တဲ့ ကိုယ်ကြိုက်တဲ့ ဟင်းတွေချက်စားရင်း
ပိုချက်ပြီး ရောင်းကြည့်တာပါ

အကြိုက်တူတဲ့သူတွေရှိရင် အားပေးပါနော်

#မျှစ်ချိုဆန်လှော်ဟင်း ၁၀၀၀
#ငါးကြီးချဉ်သုပ် ၁၀၀၀
#ဗမာကြက်စွပ်ပြုတ် အချို/ချဉ်စပ် ၂၀၀၀

#မျှစ်ချိုဆန်လှော်ဟင်းက တာလပေါမဟုတ်ပါနော်
တာလပေါက အသီးအရွက်စုံပါတယ်
အခုက မျှစ်ချိုနဲ့ဆန်လှော်သက်သက်ကို ပင်စိမ်းလေးအုပ်ထားတာပါ အရမ်းကောင်း

#ဗမာကြက်စွပ်ပြုတ်က ဂျင်း ငရုတ်ကောင်း
ကြက်သွန်ဖြူ ကြွက်နားရွက်မှို ပဲတို့ဟူးနဲ့ ပူပူရှိန်းရှိန်း
လေးနဲ့ အာဟာရလည်းရှိ အရသာလည်းရှိတဲ့ စွပ်ပြုတ်လေးပါနော်

မှာချင်တယ်ဆိုရင်
09958097741

ကိုယ်တိုင်လာ၀ယ်ချင်တယ်ဆိုရင်
အမှတ် 86 ကျွန်းတောလမ်း
ဟသ်ာတလမ်းထိပ် အောင်ချမ်းသာဘုရားလေးဘေးကပ်လျက် အပင်ကြီးနှစ်ပင်အောက်မှာပါနော်

အားပေးတဲ့ customer တစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင်

 #ဒီနေ့ဆိုင်ဖွင့်ပါတယ်နော် #ကြက်သားကော်ရည်ခေါက်ဆွဲ ၁၂၀၀ #ကြက်ပေါင်းကော်ရည်ခေါက်ဆွဲ ၂၅၀၀ #၀က်နံရိုးပေါင်းကော်ရည်ခေါက်ဆွဲ ...
03/07/2021

#ဒီနေ့ဆိုင်ဖွင့်ပါတယ်နော်

#ကြက်သားကော်ရည်ခေါက်ဆွဲ ၁၂၀၀
#ကြက်ပေါင်းကော်ရည်ခေါက်ဆွဲ ၂၅၀၀
#၀က်နံရိုးပေါင်းကော်ရည်ခေါက်ဆွဲ ၂၅၀၀
#၀က်လက်ကော်ရည်ခေါက်ဆွဲ ၂၅၀၀
#၀က်လက်ထမင်းပေါင်း ၂၅၀၀
#၀က်လက်ပေါင်းသီးစုံကြော်နှင့်ထမင်းဖြူ ၂၅၀၀
#၀က်နံရိုးပေါင်းသီးစုံကြော်နှင့်ထမင်းဖြူ ၂၅၀၀
#ကြက်ပေါင်းသီးစုံကြော်နှင့်ထမင်းဖြူ ၂၅၀၀
#၀က်လက်ပေါင်းသီးစုံကြော် ၂၀၀၀
#၀က်နံရိုးပေါင်းသီးစုံကြော် ၂၀၀၀
#ကြက်ပေါင်းသီးစုံကြော် ၂၀၀၀

#ကြက်သားပလာတာ ၁၂၀၀
#ကောက်ညှင်းအုန်းနို့ပြန်ပေါင်း ၁၀၀၀

ကျွန်းတောလမ်း ဟသ်ာတလမ်းထိပ်
အောင်ချမ်းသာဘုရားလေးဘေးကပ်လျက်
အပင်ကြီးနှစ်ပင်အောက်မှာနော်

အပြင်မထွက်ချင်ဘူးဆိုရင် ဖုန်းလေးဆက်လိုက်နော်
09 958097741

ကျွန်းတောလမ်းနှင့်အနီးတဝိုက် deli free
စမ်းချောင်းအတွင်း 500ကျပ်
မြေနီကုန်း 1000ကျပ်

အမြဲအားပေးကြသော customer တစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင်

Address

Yangon
11181

Opening Hours

Monday 11:00 - 19:00
Tuesday 11:00 - 19:00
Wednesday 11:00 - 19:00
Thursday 11:00 - 19:00
Friday 11:00 - 19:00
Saturday 11:00 - 19:00
Sunday 11:00 - 19:00

Telephone

+959958097741

Website

Alerts

Be the first to know and let us send you an email when FOOD o'clock posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share