14/10/2025
Night of Ideas 2025 - Taking Action for Culture
🇲🇲 အတွေးအမြင်ဖလှယ်ညှိနှိုင်းစကားဝိုင်း ၂၀၂၅ - ယဉ်ကျေးမှုဆိုင်ရာ အကောင်အထည်ဖော်ဆောင်ခြင်း
ပါရီရှိ ပြင်သစ်ယဉ်ကျေးမှုဌာနက ၂၀၁၆ ခုနှစ်၌ စတင်ခဲ့သည့် အတွေးအမြင်ဖလှယ်ညှိနှိုင်းစကားဝိုင်းအစီအစဉ်ကို ကမ္ဘာအနှံ၌ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိပါသည်။
ပြင်သစ်နိုင်ငံ၌ အစပြုခဲ့သော်လည်း နိုင်ငံပေါင်း ၁၀၄ နိုင်ငံ၊ မြို့ကြီးပေါင်း ၁၉၀ ၌ မတူကွဲပြားသော အသိပညာပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရာများအပေါ် အတွေးအမြင်ဖလှယ်ညှိနှိုင်းကြသည့် စကားဝိုင်းအစီအစဉ် ကျင်းပလျက် ရှိကြပါသည်။
ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာနသည်လည်း စကားဝိုင်းကို ၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၂ အထိ နှစ်စဉ် ပြုလုပ်ခဲ့ပြီး နှစ်နှစ်တာ ရပ်နားခဲ့ပြီးနောက် ယခု ၂၀၂၅ ခုနှစ်၌ ဆန်းသစ်သော တင်ဆက်မှုအစီအစဉ်တစ်ရပ်ဖြင့် ပြန်လည်စီစဉ်ကျင်းပလျက်ရှိပါသည်။
ယခုနှစ် စတုတ္ထမြောက် စကားဝိုင်း၏ ခေါင်းစဉ်မှာ "ယဉ်ကျေးမှု" ဖြစ်ပြီး အက၊ ဂီတ၊ ရုပ်ရှင်၊ စာပေ၊ ဗိသုကာ အစရှိသည့် သက်ဆိုင်ရာ ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ အနုပညာရှင်များက မြန်မာနိုင်ငံ၌ ယဉ်ကျေးမှုနှင့် အနုပညာ၏ အရေးပါသော အခန်းကဏ္ဍအကြောင်း၊ မတူကွဲပြားပြီး ကြွယ်ဝသည့် ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို အနာဂတ်မျိုးဆက်သစ်များအတွက် ထိန်းသိမ်းခြင်း၊ တိုးပွားစည်ပင်အောင် လုပ်ဆောင်ခြင်းများအကြောင်း အစရှိသည်တို့ကို အခြေခံ၍ အတွေးအမြင်ဖလှယ်ညှိုနှိုင်းသွားကြမည် ဖြစ်ပါသည်။
-----
အတွေးအမြင်ဖလှယ်ညှိနှိုင်းစကားဝိုင်း ၂၀၂၅ - ယဉ်ကျေးမှုဆိုင်ရာ အကောင်အထည်ဖော်ဆောင်ခြင်း
▪️ ပါဝင်ဆွေးနွေးသွားမည့် ပုဂ္ဂိုလ်များ ။ ။ (ဒေါ်) ဂရေ့စ်ဆွေဇင်ထိုက် (ရုပ်ရှင်နှင့် သရုပ်ဆောင်ကဏ္ဍ) | (ဦး) မင်းသန့် (စာပေကဏ္ဍ) | (ဒေါ်) အိသဉ္ဇာနိုင် (ဗိသုကာကဏ္ဍ) | (ဦး) ဇေယျာလင်း (မြန်မာ့ရိုးရာဂီတကဏ္ဍ) | (ဦး) သန့်ဇော် (ခေတ်ပြိုင်အကကဏ္ဍ) | (ဒေါ်) သည်းဦးသဇင် (ခေတ်ပြိုင်သရုပ်ဖော်ပန်းချီကဏ္ဍ)
▪️ စကားဝိုင်းအစပြုဖော်ဆောင်မည့် ပုဂ္ဂိုလ် ။ ။ (ဒေါ်) တင်နီလာဝင်း
📌 ၂၀၂၅၊ အောက်တိုဘာ (၁၉)၊ တနင်္ဂနွေနေ့
⏱ ညနေ ၅း၀၀ မှ ည ၈း၀၀
📌 maw yon cafe
📌 စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ ပါဝင်တက်ရောက်နိုင်ပါသည်။ စာရင်းပေးသွင်းရန် မလိုပါ။ ဦးရာလူ ပါဝင်တက်ရောက်နိုင်ပါသည်။
📌 ဆွေးနွေးမှုများကို မြန်မာဘာသာဖြင့် ပြုလုပ်သွားမည် ဖြစ်ပါသည်။
-----
📌 ပါဝင်ဆွေးနွေးသွားမည့် ပုဂ္ဂိုလ်များ
▪️ (ဒေါ်) ဂရေ့စ် ဆွေဇင်ထိုက် (ရုပ်ရှင်နှင့် သရုပ်ဆောင်ကဏ္ဍ)
မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာလောကတွင် ထင်ရှားကျော်ကြားသည့် ဒေါ်ဂရေ့စ် ဆွေဇင်ထိုက်သည် အကယ်ဒမီဆုရ သရုပ်ဆောင်၊ ဒါရိုက်တာတစ်ဦး ဖြစ်ပြီး ရုပ်ရှင်ကားပေါင်း ၂၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ပါသည်။ ယင်းနောက် ရုပ်ရှင်လောကမှ အနားယူကာ လူမှုအကျိုးပြုလှုပ်ရှားမှုများအတွက်လည်းကောင်း၊ မြန်မာ့ရုပ်ရှင်အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်မှုများအတွက်လည်းကောင်း ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။
▪️ (ဦး) မင်းသန့် (စာပေကဏ္ဍ)
ဦးမင်းသန့်သည် မြန်မာစာရေးဆရာတစ်ဦးဖြစ်ပြီး ဝတ္ထုတိုများမှတစ်ဆင့် ဘဝ၏ အမျိုးမျိုးသော ရှုထောင့်များ၊ လူ့သဘောသဘာဝနှင့် သဘာဝတရားတို့ကို စူးစမ်းရှာဖွေရခြင်းကို နှစ်သက်သူ တစ်ဦး ဖြစ်ပါသည်။ ၎င်း၏ မြန်မာဘာသာဖြင့် ရေးသားထားသော ဝတ္ထုတိုပေါင်းချုပ်များကို ၂၀၁၇၊ ၂၀၁၈ နှင့် ၂၀၂၃ ခုနှစ်များတွင် ထုတ်ဝေခဲ့ပါသည်။ ပင်ကိုရေး မြန်မာစာပေ ဖန်တီးမှုများအပြင် F. Scott Fitzgerald ၏ The Great Gatsby ဝတ္ထုကို မြန်မာဘာသာသို့ ဘာသာပြန်ဆိုခဲ့သည့် အတွေ့အကြုံရင့် ဘာသာပြန်စာရေးဆရာတစ်ဦးလည်း ဖြစ်ပါသည်။
▪️ (ဒေါ်) အိသဉ္ဇာနိုင် (ဗိသုကာကဏ္ဍ)
မန္တလေးနည်းပညာတက္ကသိုလ်မှ ဗိသုကာပညာ မဟာဘွဲ့ရတစ်ဦးဖြစ်သူ ဒေါ်အိသဉ္ဇာနိုင်သည် ဒီဇိုင်းဖန်တီးမှု၊ မြို့ပြရေးရာနှင့် အမွေအနှစ်ထိန်းသိမ်းရေးဆိုင်ရာ အတွေ့အကြုံကောင်းများကို လေးနှစ်ကြာ ရှိထားသူ ဖြစ်ပါသည်။ လက်ရှိတွင် "Our Heritage Homes" YouTube စီးရီးအတွက် ဗိသုကာပညာရှင်နှင့် စီမံကိန်းမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
▪️ (ဦး) ဇေယျာလင်း (မြန်မာ့ရိုးရာဂီတကဏ္ဍ)
ဦးဇေယျာလင်းသည် မြန်မာ့ယဉ်ကျေးမှုလောက၏ ကျွမ်းကျင်ဂီတပညာရှင်တစ်ဦး ဖြစ်ပြီး မြန်မာ့ဂီတတူရိယာ တစ်မျိုး ဖြစ်သော စောင်းကောက်ကို ပိုင်နိုင်စွာ တီးခတ်နိုင်သည့် ပညာရှင် တစ်ဦးလည်း ဖြစ်ပါသည်။ ရိုးရာဂီတပိုင်း၌ သာမက နိုင်ငံတကာဂီတမျက်နှာစာသို့ပါ စောင်းကောက်တူရိယာဖြင့် ဖန်တီးထားသည့် ဂီတရသများ ထိတွေ့ပေးနိုင်ခဲ့ပါသည်။ မြန်မာ့ရိုးရာဂီတကို ခေတ်မီဆန်းသစ်ပြီး ကမ္ဘာ့က အသိအမှတ်ပြုလာသည်အထိ စွမ်းဆောင်လျက်ရှိသူ တစ်ဦး ဖြစ်ပါသည်။
▪️ (ဦး) သန့်ဇော် (ခေတ်ပြိုင်အကကဏ္ဍ)
NFYB Crew (Never Forget Your Beginning) အဖွဲ့၏ အကပညာရှင် ဦးသန့်ဇော်သည် ၂၀၁၂ ခုနှစ်၌ ၎င်း၏ အကလှုပ်ရှားမှုများကို Hip Hop အကဖြင့် စတင်ခဲ့ပါသည်။ သရုပ်ဖော်ကကွက်များမှတစ်ဆင့် ပိုမိုနက်ရှိုင်းသော ခံစားတင်ဆက်မှုများကို ရှာဖွေလို၍ စကားလုံးတိုင်းကို ကိုယ်ဟန်လှုပ်ရှားမှုများမှ အနက်ကောက် ဖော်ပြရန် ရည်ရွယ်ပြီး ကကွက်များ ဖန်တီးလျက် ရှိပါသည်။ ၎င်း၏ အဖွဲ့သည် ဝါသနာတူ၊ ဘဝတူ ခေတ်ပြိုင်အကမိတ်ဆွေများ ပါဝင်ဆင်နွှဲနိုင်ရန်နှင့် အတွေ့အကြုံကောင်းများ ရနိုင်ရန် အကပြိုင်ပွဲများကို အခါအားလျော်စွာ စီစဉ်ကျင်းပပေးလျက်ရှိပါသည်။
▪️ (ဒေါ်) သည်းဦးသဇင် (ခေတ်ပြိုင်သရုပ်ဖော်ပန်းချီကဏ္ဍ)
ဒေါ်သည်းဦးသဇင်သည် ခေတ်ပြိုင်ပန်းချီနှင့် သရုပ်ဖော်ပန်းချီ ပညာရှင်တစ်ဦး ဖြစ်ပါသည်။ နွေးထွေးပြီး ကျယ်ပြန့်သော ရေးဟန်ကို အသုံးပြုလေ့ရှိပြီး အမျိုးသမီးများ၊ အပင်များနှင့် တိရစ္ဆာန်များကို အသေးစိတ်ကျသော လက်ရာများဖြင့် အဓိကထား သရုပ်ဖော်လေ့ရှိကာ မင်၊ ရေဆေး၊ ဆီဆေးများကို အသုံးပြုလေ့ရှိပါသည်။
-----
📌 စကားဝိုင်းအစပြုဖော်ဆောင်မည့် ပုဂ္ဂိုလ်
▪️ (ဒေါ်) တင်နီလာဝင်း
ဒေါ်တင်နီလာဝင်းသည် မြန်မာ့ခေတ်ပြိုင်အနုပညာလောကမှသည် နိုင်ငံတကာပညာရေးအထိ နယ်ပယ်ပေါင်းစုံတွင် ၁၀ နှစ်ကျော် အတွေ့အကြုံရှိသူ တစ်ဦး ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်နိုင်ငံတကာကျောင်းတစ်ကျောင်း၌ ၎င်း၏ နှံ့စပ်ကျွမ်းကျင်မှုများဖြင့် တာဝန်ထမ်းဆောင်လျက် ရှိပါသည်။
----------
----------
🇬🇧 Night of Ideas 2025 - Taking Action for Culture
Launched in 2016 by the Institut français in Paris, it's an annual cultural event that promotes intellectual and cultural exchange.
Originating in France, it has since expanded globally to 190 cities and 104 different countries. The Institut français de Birmanie (IFB) has successfully hosted the programme every year until 2022. After a two-year break, the programme has been resuming with a cycle of exchanges to stimulate our understanding of the world.
Under this year’s theme, ‘Taking Action’, the fourth edition will focus on culture, bringing together voices from Myanmar's diverse cultural scene. The panellists will explore the vital role of culture in the country and discuss how current initiatives are helping to produce and preserve Myanmar's rich heritage, both tangible and intangible, for future generations.
-----
Night of Ideas 2025 - Taking Action for Culture
▪️ Panellists: Grace Swe Zin Htaik (Cinema) | Minn Thant (Literature) | Ei Thinzar Naing (Architecture) | Zayar Linn (Traditional Music) | Thant Zaw (Contemporary Dance) | Thee Oo Thazin (Contemporary Visual Art)
▪️ Moderator: Tin Nilar Win
📌 Sunday 19 October 2025
⏱ From 5:00 to 8:00 p.m.
📌 maw yon cafe, Downtown Yangon
📌 Free entry
📌 Discussions will be in Myanmar language.
-----
📌 Panellists:
▪️ Grace Swe Zin Htaik (Cinema)
A towering figure in Myanmar's cultural landscape, Grace Swe Zin Htaik is an Academy Award-winning actress and director who starred in over 200 films before retiring to become a devoted social activist, utilising her platform for the preservation of Myanmar’s cinematic heritage.
▪️ Minn Thant (Literature)
Minn Thant is a Burmese writer who loves to explore different dimensions of life, humanity, and nature through his fiction. His Burmese short story collections were published in 2017, 2018, and 2023. In addition to his creative work, he is an experienced translator and has translated The Great Gatsby by F. Scott Fitzgerald into Burmese.
▪️ Ei Thinzar Naing (Architecture)
A Master of Architecture graduate from Mandalay Technological University, Ei Thinzar Naing has four years of comprehensive experience in design, urbanism, and heritage conservation. She is currently an architect and project manager for the "Our Heritage Homes" YouTube series.
▪️ Zayar Linn (Traditional Music)
Zayar Linn stands as a pivotal figure in Myanmar's cultural scene. A renowned master of the Saung-Gauk, he did not stop at mastering the classical tradition; instead, he used his artistry to bring the instrument to international audiences, championing the modernisation and global recognition of traditional Burmese music.
▪️ Thant Zaw (Contemporary Dance)
Thant Zaw, representing NFYB Crew (Never Forget Your Beginning), is a dancer whose journey began in Hip Hop in 2012. He evolved from simply performing to seeking deeper expression, now aiming to interpret every word through his body. As a commitment to the local dance scene, his crew actively organises dance battle events and choreography competitions to ensure that dancers have continuous opportunities to participate and gain experience.
▪️ Thee Oo Thazin (Contemporary Visual Art)
Thee Oo Thazin is a contemporary artist and illustrator from Myanmar. Known for her warm, expansive style, her detailed work, often featuring women, flora, and fauna, is primarily in illustration, though she also uses paint media such as ink, gouache, and oil pastel.
-----
📌 Moderator
▪️ Tin Nilar Win
Tin Nilar Win has over 10 years of experience across diverse fields, from Myanmar’s contemporary art scene to international education, and is currently contributing her expertise at a leading international school in Yangon.