21/04/2026
ကိုရီးယား က စွပ်ပြုတ်တွေ ထင်မှာစိုးလို့...ဒီစွပ်တွေအကုန် ရန်ကုန် အင်းစိန် က full moon မှာ ရောင်းတာပါ..
ဝက်အူစုံအသားစုံစွပ်တွေ...ပဲငါးပိစွပ်...ကင်ချီစွပ်တွေ...ခေါက်ဆွဲအေးတွေ...
ဒါမျိုး ကိုရီးယားဆန်ဆန် စွပ်ပူပူလေးကို ထမင်းလေးထည့် မွှေပြီး K Drama တွေထဲကလို စားချင်ရင် ...
စွပ်အကုန်လုံးကို ကိုရီးယား လူမျိုး စစ်စစ် ကိုယ်တိုင်ချက်တဲ့ full moon က ကြိုနေပါတယ်။
မြန်မာတွေလာရင်လည်း မီနူးအကုန် 5% OFF ပေးထားပါသေးတယ်။
ဆိုင်လာမယ်ဆို ၁၀ မိုင် မရမ်းကုန်း ပြည်လမ်းမပေါ်ကနေ လာရင် သီရိမင်္ဂလာလမ်း (ဂျပန်လမ်း) ကို တွေ့ပါလိမ့်မယ်။
အဲ့လမ်းထဲဝင်သွားတာနဲ့ လမ်း သုံးခွ တွေ့ပါလိမ့်မယ်။ အဲ့ထဲက မဉ္ဇူလမ်းကို ရွေးဝင်ခဲ့ပါ။ ဘယ်ဘက်မှာ Full Moon Korean Restaurant ရှိပါလိမ့်မယ်ဗျာ။
ထန်းပင်ကုန်း မှတ်တိုင်မှာ ဆင်းရင်ရပါတယ်။
📍အမှတ် (၉၃) ၊ မဉ္ဇူလမ်း ၊ ထန်းပင်ကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
⏰ 10:00 AM - 9:00 PM
☎️ 09 425 311 881