Teacher Cafe

Teacher Cafe “ စိတ်ကျေနပ်မှ ငွေရှင်းပါ ”

♦️♦️♦️  မနက်ဖြန် နေ့လည် ( ၁ ) နာရီမှ စတင်ပြီး တမေးထဲ မေးနေကြတဲ့ “ ငါးထမင်းနယ် နဲ့ ရှမ်းထမင်းချဉ် ” ပြန်ရပါပြီ ရှင် 🤗💯 ဝမ...
18/08/2026

♦️♦️♦️ မနက်ဖြန် နေ့လည် ( ၁ ) နာရီမှ စတင်ပြီး တမေးထဲ မေးနေကြတဲ့ “ ငါးထမင်းနယ် နဲ့ ရှမ်းထမင်းချဉ် ” ပြန်ရပါပြီ ရှင် 🤗

💯 ဝမ်းပျက် ၊ ဝမ်းလျှော ရောဂါတွေ ဖြစ်ပွားနေချိန်မှာ ဧည့်သည်တော်များရဲ့ သန့်ရှင်းလတ်ဆတ်မှု နဲ့ စားသမျှ အဟာရဖြစ်ဖို့ တီချယ်တို့ အပြည့်အဝ တာဝန်ယူပါတယ် ရှင် 💯
#ငါးထမင်းနယ်
#ရှမ်းထမင်းချဉ်

💯 Teacher မြောင်းမြ မုန့်ဟင်းခါး ( ဒါမှမဟုတ် ) စင်္ကာပူ ကြက်ဆီထမင်းလား✅ တီချယ်တို့ ဆိုင်မှာ မုန့်ဟင်းခါး စားဖူးတဲ့သူဆို ...
15/08/2026

💯 Teacher မြောင်းမြ မုန့်ဟင်းခါး ( ဒါမှမဟုတ် ) စင်္ကာပူ ကြက်ဆီထမင်းလား

✅ တီချယ်တို့ ဆိုင်မှာ မုန့်ဟင်းခါး စားဖူးတဲ့သူဆို သိတယ် ... အခုထိလဲ ခဏခဏ ရောင်းပေးပါတော့ ဆိုပြီး ပြောကြတယ်

✅ စင်္ကာပူ ကြက်ဆီထမင်းကတော့ မရောင်းဖြစ်တာကြာလို့ အလှူအတွက် အော်ဒါမှာတဲ့ သူတွေကိုတောင် “ လူမရှိလို့ ခဏနားထားရပါတယ် ရှင် ” ဆိုပြီး ပြောထားရတယ်

✅ ( ၂ ) မျိုးစလုံး လုပ်ဖို့ကလဲ လက်ရှိ Menu အများကြီးနဲ့ ဆိုတော့ အဆင်မပြေပြန်ဘူး

🤭 အဲ့ဒီ့တော့... တီချယ်တို့ရဲ့ ဧည့်သည်တွေရဲ့ အကြိုက်ကို လိုက်ပြီးတော့ ဘာရောင်းရမလဲ ဆိုတာကိုပဲ စစ်တမ်း ကောက်လိုက် ပါတော့မယ် ရှင် 🤗

👉 မြောင်းမြ မုန့်ဟင်းခါး ( Or ) စင်္ကာပူ ကြက်ဆီထမင်း 👈

🤗 အချိန်ရခဲ့ရင် ကျေးဇူးပြုပြီး Comment မှာ ရေးပေးခဲ့ နိုင်ပါတယ် ရှင် 🥰🤗

🥩🥦🍄 အရသာက ​ခြောက်ကပ်ကပ်ကြီး ဖြစ်မနေပဲနဲ့ နူးနူးအိအိလေးနဲ့ စားကောင်းတယ် Luxury ဆန်တယ် ဆိုပြီး ( ၂ ) ပွဲ ဆက်တိုက် မှာစားသွ...
14/08/2026

🥩🥦🍄 အရသာက ​ခြောက်ကပ်ကပ်ကြီး ဖြစ်မနေပဲနဲ့ နူးနူးအိအိလေးနဲ့ စားကောင်းတယ် Luxury ဆန်တယ် ဆိုပြီး ( ၂ ) ပွဲ ဆက်တိုက် မှာစားသွားတယ်

💯 တီချယ်တို့ရဲ့ အသစ်ထွက်တဲ့ Menu တိုင်းကို ယုံကြည်စိတ်ချစွာနဲ့ စောင့်မျှော်အားပေးကြတဲ့ Loyal Customers တဦးတယောက်စီတိုင်းကို Teacher မိသားစုမှ ကျေးဇူးအထူးပဲ တင်ရှိပါတယ် ရှင် 🥰🤗🙏



🤫 ဘာရယ်မဟုတ်ဘူး 🤗 Pasta အရမ်းကြိုက်လို့ ကိုယ်တိုင်သင်လိုက်တယ် ... စိတ်ကြိုက် အရသာ စမ်းပြီးမှ ပြန်လာမယ် 😉😊 Coming Soon .....
11/08/2026

🤫 ဘာရယ်မဟုတ်ဘူး

🤗 Pasta အရမ်းကြိုက်လို့ ကိုယ်တိုင်သင်လိုက်တယ် ... စိတ်ကြိုက် အရသာ စမ်းပြီးမှ ပြန်လာမယ် 😉

😊 Coming Soon .....

🥦🥩🍖 Steak & Pasta 🍷🥂🍺

09/08/2026

✅ " ခဏတာ ဆွဲဆောင်မှုတွေထက် ... စစ်မှန်တဲ့ အရသာ နဲ့ ရေရှည် ယုံကြည်မှု ရှိတဲ့ Brand တခုဖြစ်ဖို့ ” ဦးစားပေး တည်ဆောက် နေပါတယ် ရှင် 🥰

​ 💯 Signature Menus တစ်ခု ချင်းစီတိုင်းရဲ့ မူလ အရည်အသွေး နဲ့ အရသာကို အထူး ဂရုစိုက် ထိန်းသိမ်းရင်း နဲ့ ကြွရောက်လာကြတဲ့ ဧည့်သည်တော်တိုင်း အတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ အစဉ်အမြဲ ကြိုးစားလျက် ရှိပါတယ်ရှင် 🤗

♦️ တင်္နလာနေ့တိုင်း နေ့လည် ( ၁ ) နာရီမှ ဆိုင်စဖွင့်ပါတယ် ရှင် 😊

🌶️🌶️ Teacher မှာ “ မာလာရှမ်းကော ” တခါမှ မစားဘူးလို့  ( ၁ ) ပွဲ စမ်းမှာတယ် ✅ နောက်ထပ် ဒီလိုမျိုး ( ၂ ) ပွဲ ထပ်ပေးပါဆိုပြီ...
07/08/2026

🌶️🌶️ Teacher မှာ “ မာလာရှမ်းကော ” တခါမှ မစားဘူးလို့ ( ၁ ) ပွဲ စမ်းမှာတယ်

✅ နောက်ထပ် ဒီလိုမျိုး ( ၂ ) ပွဲ ထပ်ပေးပါဆိုပြီး ဒီနေ့အတွက် နောက်ဆုံးပိတ် အကုန်ယူသွားတယ် 💯

✅ စားသောက်ကုန်တွေ အကုန် ဈေးကြီး နေတဲ့အချိန်မှာ ဧည့်သည်တော်တွေများ စိတ်ကျေနပ်စေဖို့ နဲ့ စားသမျှ အဟာရဖြစ်ဖို့ တီချယ်တို့ Teacher Bar & Cafe မှ အပြည့်အဝ တာဝန်ယူပါတယ် ရှင် 💯

ာလာရှမ်းကော

♦️ Teacher Cafe မှာ ထမင်းနဲ့ ပတ်သက်တဲ့ Menu မပါသလောက် နည်းသွားတယ်တဲ့ ♦️ 💯 “ အရင်တုန်းက ငါးထမင်း ၊ ရှမ်းထမင်း ရပြီးမှ အခု...
02/08/2026

♦️ Teacher Cafe မှာ ထမင်းနဲ့ ပတ်သက်တဲ့ Menu မပါသလောက် နည်းသွားတယ်တဲ့ ♦️

💯 “ အရင်တုန်းက ငါးထမင်း ၊ ရှမ်းထမင်း ရပြီးမှ အခုဘာလို့ မရတော့တာလဲ တီချယ်ရယ် ” ဆိုပြီးလဲ မေးကြတယ်❓

✅ ရှေ့တပတ်ထဲမှာ Menu အသစ်ကို ထမင်းလေးနဲ့ တွဲပေးပါ ဆိုပြီး တောင်းဆိုထားတဲ့ ချစ်တွေအတွက်
💯 ငါးထမင်းနယ် နဲ့ ရှမ်းထမင်းချဉ် တို့အပြင်
💯 လဘ္ဘက်ထမင်း သုတ် ၊ ပုန်းရည်ကြီး ထမင်းသုတ် စတဲ့
Menu တွေကိုပါ မကြာခင် ရက်ပိုင်းထဲမှာ မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ် ရှင် 🤗

💯 အရည်သွေးမြင့် ကုန်ကြမ်းများကိုသာ အဓိက အသုံးပြုထားပြီး ၊ မည်သူနဲ့မှ မတူတဲ့ အရသာ ၊ သန့်ရှင်းလတ်ဆတ်မှုအတွက် ဧည့်သည်တော်များ စိတ်ကျေနပ်မှု ရစေဖို့ တီချယ်တို့ အပြည့်အဝ တာဝန်ယူပါတယ် ရှင် 🥰🤗😍

📌 တင်္နလာနေ့တိုင်း နေ့လည် ( ၁ ) နာရီမှ ဆိုင်စဖွင့်ပါတယ် ရှင် 📌

♦️ မာလာရှမ်းကော စားခြင်း၏ ဆိုးကျိုးများဆိုပြီး ဗီဒီယိုဖိုင် တခု ကြည့်လိုက်ရတယ် ♦️♦️ ( ၁ ) သူ့မှာပါဝင်တဲ့ ပြည့်ဝဆီတွေဟာ အ...
30/07/2026

♦️ မာလာရှမ်းကော စားခြင်း၏ ဆိုးကျိုးများဆိုပြီး ဗီဒီယိုဖိုင် တခု ကြည့်လိုက်ရတယ် ♦️

♦️ ( ၁ ) သူ့မှာပါဝင်တဲ့ ပြည့်ဝဆီတွေဟာ အကြိမ်ကြိမ် အသုံးပြုထားတဲ့ အတွက်ကြောင့် နှလုံးသွေးကြောကျဉ်းတာ အပြင် သွေးတိုး ၊ ဆီးချိုရောဂါတွေ ဖြစ်စေပါတယ်တဲ့ ♦️

💯 တီချယ်ကိုယ်တိုင် ပဲဆီစစ်စစ် ( အသစ် ) ကို အသုံးပြုပြီး မာလာအနှစ်ချက်တဲ့ အတွက် ( ဆီ ) နဲ့ ပတ်သတ်ပြီး စိုးစဉ်းမျှ သံသယ ဝင်စရာမလိုပါ 💯

♦️ ( ၂ ) မာလာအနှစ်မှာ ပါတဲ့ ဆား အချိုမှုန့်တွေကြောင့် ရေရှည်မှာ ကျောက်ကပ်ပျက်စီးမယ် ♦️

💯 မာလာအနှစ် သီးသန့်ထိုင်စားရင်တောင် ဆားအရသာမပါလို့ မာလာအနှစ် လာဝယ်ရင် “ အမရေ အိမ်ရောက်ရင် ခရုဆီ နဲ့ ပဲငံပြာရည် နည်းနည်းလေးတော့ လိုက်ပေးပါနော် " လို့ အမြဲမှာရပါတယ် 💯

♦️ ( ၃ ) ငရုပ်သီးကြောင့် အသည်းကင်ဆာနဲ့ အစာအိမ်ရောင်မယ်

💯 ငရုပ်သီး တတောင့်ချင်းစီကို သေချာဆေးကြောသန့်စင်ပြီးမှ ပြုတ်ထားတဲ့အတွက် တချို့ကလေးတွေဆို ကြိုက်လွန်းလို့ အမေတွေကို ပူဆာပြီးတောင် စားကြတယ်
( တန်ဆေးလွန်ဘေး ဖြစ်လို့ အမြဲတမ်းစားတာ ( သို့ ) အစာအိမ်ရောဂါ အခံရှိသူတွေကိုတော့ ရှောင်စေလိုပါတယ် )

💯 စားပြီးရင် ရေမငတ်ဘူး ၊ အာမခြောက်ဘူး ၊ ခေါင်းမမူးဘူး ၊ ဗိုက်မအောင့်ဘူး 💯

💯 ဘယ်သူနဲ့မှ မတူတဲ့ အနံ့အရသာ နဲ့ ပြီးပြည့်စုံတဲ့ မာလာရှမ်းကော ကောင်းကောင်း တပွဲစားလိုက်ရတယ် ဆိုပြီး စိတ်ကျေနပ်စေရမယ် 💯

💯 သောကြာ ၊ စနေ နဲ့ တနင်္ဂနွေ နေ့လည် ( ၁ ) နာရီကနေ စပြီး တရက်ကို ( ၅ ) ပွဲထဲသာ ရောင်းပါတယ် ရှင် 😊
ာလာရှမ်းကော

28/07/2026

⏰ ၁၂ နာရီ “ ဝါ ” မဝင်ခင်လေး

🌹🌻 ပန်းတွေ ကျန်ခဲ့လို့ မနဲလိုက်ပြန်ပေးရတယ် 🤣😂

♦️ တရက်တုန်းက ... ဧည့်သည့် ပိုက်ဆံရှင်းဖို့ မေ့သွားတာ မတောင်းမိလိုက်လို့တဲ့ ...  ပြောရမှာလဲ အားနာတာနဲ့ တံခါးလေးတောင် ဖွင...
25/07/2026

♦️ တရက်တုန်းက ... ဧည့်သည့် ပိုက်ဆံရှင်းဖို့ မေ့သွားတာ မတောင်းမိလိုက်လို့တဲ့ ... ပြောရမှာလဲ အားနာတာနဲ့ တံခါးလေးတောင် ဖွင့်ပေးလိုက်သေးတယ် တဲ့

♦️ ဒီနေ့တော့ ပိုက်ဆံရှင်းတာ ကျသင့်ငွေထက်ပိုပြီး မှားတောင်း မိလိုက်ပြန်တယ်

♦️ ဆိုင်ကယ် ကယ်ရီနဲ့ ပြန်သွားလို့ အပြေးအလွှား လိုက်ပြန်ပေးတာတောင် မမှီလိုက်ဘူး တဲ့

✅ ကိုယ်ဘက်က မတောင်းမိလိုက်တာ ဘာမှမဖြစ်ပေမဲ့
ဧည့်သည်စီကနေ ပိုတောင်းမိတာပဲ ဖြစ်ဖြစ် ၊ စိတ်ကျေနပ်မှု မရလို့ပဲ ဖြစ်ဖြစ် ကိုယ့်ဘက်က တာဝန်ယူ တာဝန်ခံမှူ ရှိရှိနဲ့ စိတ်ကျေနပ်အောင် ဖြေရှင်းပေးရမယ် လို့ အမြဲမှာထားတယ်

⭕ ဒီနေ့ ညနေ ( ၅ ) နာရီလောက်က Teacher Hot Signature Coffee နဲ့ Orange Juice တခွက်ဖိုးကို ငွေမှားတောင်းမိသွားတဲ့ ဧည့်သည် အကို နဲ့ အမကို တီချယ်ကိုယ်တိုင် အနူးအညွတ် တောင်းပန်ပါတယ် ရှင် 🙏🙏🙏

♦️ ဒီ Post လေးကိုမြင်တာနဲ့ တီချယ်တို့ဆိုင်ကို အချိန်မရွေး လာ​ရောက်ပြီး ( ဒါမှမဟုတ် ) Kpay ကနေ တဆင့် မှားယွင်းငွေအပြင် ၊ တောင်းပန်တဲ့ အနေနဲ့ ကျသင့် Bill ကိုပါ ထပ်ပေါင်းပြီး လက်ခံနိုင်ပါတယ် ဆိုတဲ့ အကြောင်းကို အသိပေး အကြောင်းကြား လိုက်ရပါတယ်ရှင် 🙏🙏🙏

Address

No ( 24 ) , Myin TawThar Street , Tharkayta Township
Yangon
11231

Opening Hours

Monday 13:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959791128394

Website

Alerts

Be the first to know and let us send you an email when Teacher Cafe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category