World Delivery Service

World Delivery Service Welcome �

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ဆရာသမား ဖိုးဖိုး ဖွားဖွား လူကြီး မိဘ များကို ဂါရဝပြုကန်တော့ရင်း ပျော်ရွှင်...
09/10/2022

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ဆရာသမား ဖိုးဖိုး ဖွားဖွား လူကြီး မိဘ များကို ဂါရဝပြုကန်တော့ရင်း ပျော်ရွှင်ချမ်းမြေ့သော သီတင်းကျွတ်အခါ သမယလေး ဖြစ်ပါစေကြောင်း World Delivery Service မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ🪔🪔🪔 ....

ပစ္စည်းပို့ခါနီးတိုင်း   အပ်ဖို့အတွက် စဉ်စားနေရလား ❓World delivery မှာ  #ရန်ကုန်မြို့တွင်း လူကြီးမင်းတို့ရဲ့ ပစ္စည်းတွေက...
27/01/2022

ပစ္စည်းပို့ခါနီးတိုင်း အပ်ဖို့အတွက် စဉ်စားနေရလား ❓

World delivery မှာ #ရန်ကုန်မြို့တွင်း လူကြီးမင်းတို့ရဲ့ ပစ္စည်းတွေကို မိမိတို့ ပို့ချင်တဲ့မြို့နယ် အရောက် ပို့ပေးနေပါတယ်ရှင်။

2000 ကျပ်ကနေစပြီး မြို့နယ်အလိုက် ဈေးနှုန်းလေးတွေရှိတဲ့အ‌တွက် အသေးစိတ်ကို messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်ရှင်🤩

🤗
15/01/2022

🤗

ကန်စွန်းရွက်ကိုအစိမ်းလိုက်တို့စား၊ ရေနွေးနဲ့ ပြုတ်စား၊ မှိုကန်စွန်းကြော်စား၊ ကန်စွန်းရွက် ချဥ်ရည်ဟင်းလည်း ချက်စားလို့ရသလို ကန်စွန်းရိုးနီကို ချဥ်ဖတ်လုပ်ပြီးတော့လည်း စားတတ်ကြပါတယ်။

ကန်စွန်းရွက်က ဆံကေသာကို အားဖြည့်ပေးပါတယ်။ ဆံပင်ကျွတ်တာကာကွယ်ပေးပြီး ဆံသားကို တောက်ပြောင်စေပါတယ်။ ဝမ်းမှန်စေတဲ့ သဘာဝဓာတ်စာဖြစ်ပြီး အစာခြေဖျက်ရာမှာလည်း အထောက်အကူဖြစ်စေတယ်။ အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်လို့ ဝက်ခြံထွက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် အာဟာရဓာတ်ကြွယ်ဝတဲ့ ကန်စွန်းရွက်ဟာ သွေးအားနည်းရောဂါကာကွယ်ပေးပြီး သံဓာတ်ကြွယ်ဝလို့ သွေးအားနည်းသူတွေအတွက် အထူးသင့်တော်ပါတယ်။ စားသောက်ဆိုင်ကြီးတွေမှာတင်မက လူတန်းစားအားလုံးနီးပါး လက်လှမ်းမှီပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ကန်းစွန်းရွက်ကို ဗားရှင်းမျိုးစုံနဲ့ မရိုးရအောင် ကိုယ်ကြိုက်တဲ့ အရသာကို ချက်စားလို့ရတယ်နော်။

ကန်စွန်းရွက်က ဈေးသက်သက်သာသာနဲ့ ဝယ်ရလွယ်ကူပြီး အရသာကောင်းမွန်တဲ့ ဟင်းပွဲတစ်ပွဲပြင်ဆင်လို့ရတဲ့အတွက် Diet လုပ်တဲ့ သူတွေအတွက်လည်း အထူးသင့်တော်လို့ ကန်စွန်းရွက်ကို စားဖို့မမေ့ပါနဲ့နော်...

ဒါလေးတကယ် စားကောင်းတယ် order တင်လို့ရတယ်နော်။
14/01/2022

ဒါလေးတကယ် စားကောင်းတယ် order တင်လို့ရတယ်နော်။

Happy Karen New Year ပါ❤️🤍💙ကရင်အမျိုးတို့ရေ🙆
02/01/2022

Happy Karen New Year ပါ❤️🤍💙
ကရင်အမျိုးတို့ရေ🙆


နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ခြင်း၊ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ကံကောင်းခြင်းများပိုင်ဆိုင်ပြီး စီးပ...
31/12/2021

နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ခြင်း၊ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ကံကောင်းခြင်းများပိုင်ဆိုင်ပြီး စီးပွားဥစ္စာ ဒီရေအလားတိုးပွားပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ...🥳🥳🥳

အလိုက်သိပေးတတ်ရတာပေါ့😆
04/12/2021

အလိုက်သိပေးတတ်ရတာပေါ့😆

အန္တရယ်ကြီးမားလာတဲ့ပြန့်လာနေပြီဖြစ်သော အိုမီခရွန် ကိုရိုနာ ဗိုင်းရပ်စ် Omicron B 1.1. 529  တောင်အာဖရိက ဘော့စဝါနာ အင်္ဂလန...
27/11/2021

အန္တရယ်ကြီးမားလာတဲ့ပြန့်လာနေပြီဖြစ်သော အိုမီခရွန် ကိုရိုနာ ဗိုင်းရပ်စ် Omicron B 1.1. 529

တောင်အာဖရိက ဘော့စဝါနာ အင်္ဂလန် ဂျာမဏီ ဥရောပ ဟောင်ကောင် စင်္ကာပူ အိန္ဒိယ သို့ရောက် ရှိနေပြီဖြစ်ပါတယ်။

ဗီဇပြောင်းအလွန်မြန်ဆန်ကူးစက်နူန်းမြန်ပါတယ်။

copy from.VOA tv news

တောင်အာဖရိကမှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်မျိုးကွဲသစ်ဟာ တခြားပိုးအမျိုးအစားတွေထက် ကူးစက်မှု မြန်ဆန်နိုင်တာကြောင့် အန္တရာယ်ရှိတဲ့ အမျိုးအစားအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်လိုက်ပါတယ်။

“B.1.1.529 မျိုးကွဲကို စိုးရိမ်ရတဲ့ ပိုးအမျိုးအစားအဖြစ် သတ်မှတ်ပြီး၊ Omicron လို့ အမည်ပေးထားပါတယ်” လို့ WHO အရေးပေါ်အစီအစဉ်က နည်းပညာဆိုင်ရာအကြီးအကဲ Maria Van Kerkhove က သောကြာနေ့က ပြောဆိုလိုက်တာပါ။

ကနဦး ရရှိတဲ့ အထောက်အထားတွေအရ ဒီပိုးဟာ ကိုဗစ်ရောဂါ ကူးစက်ဖူးတဲ့လူတွေကို ထပ်မံကူးစက်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း ကျွမ်းကျင်သူတွေ တွေ့ရှိချက်တွေကို ဆန်းစစ်လေ့လာအပြီး ထုတ်ပြန်တဲ့ WHO ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မကြာသေးခင် သီတင်းပတ်တွေကစလို့ တောင်အာဖရိကမှာ ကိုဗစ် ကူးစက်မှု တရှိန်ထိုး မြင့်တက်လာချိန်မှာပဲ Omicron လို့ခေါ်တဲ့ ပိုးအမျိုးအစားသစ်ကို တွေ့ရှိခဲ့တာ ဖြစ်ကြောင်းလည်း WHO ကပြောပါတယ်။

ပိုးအမျိုးအစားသစ်ဟာ ဆင့်ကဲဗီဇပြောင်းလဲမှုတွေ အများအပြား တွေ့ရတာကြောင့် စိုးရိမ်စရာ ကောင်းတဲ့ ပိုးအမျိုးအစားအဖြစ် သတ်မှတ်လိုက်တာပါ။ အန္တရာယ်ရှိတဲ့ ပိုးအမျိုးအစားအဖြစ် သတ်မှတ်ခံရတာ ဆဌမမြောက်ဖြစ်တဲ့ Omicron ပိုးအမျိုးအစားကိုတော့ လက်ရှိ ကိုဗစ်ပိုး စမ်းသပ်တဲ့ PCR စနစ်နဲ့ စစ်ဆေးသိရှိနိုင်တယ်လို့လည်း WHO ကပြောပါတယ်။

ဒီပိုးမျိုးသစ် နဲ့ ပတ်သက်ပြီး ကူးစက်မှု အခြေနေ၊ ကာကွယ်ဆေး ထိရောက်မှု ရှိမရှိနဲ့ ကုသနည်းတွေနဲ့ ပတ်သက်ပြီး သေသေချာချာ သိရအောင် စမ်းသပ်စစ်ဆေးဖို့ သီတင်းပတ်နဲ့ချီ ကြာမြင့်နိုင်တယ် လို့လည်း WHO က ပြောပါတယ်။


Cracked heels လို့ခေါ်တဲ့ ခြေထောက်ကွဲတဲ့ရောဂါကတော့ တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ ဆောင်းတွင်းမှာ ပိုအဖြစ်များပါ...
23/11/2021

Cracked heels လို့ခေါ်တဲ့ ခြေထောက်ကွဲတဲ့ရောဂါကတော့ တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပါတယ်.. ဒါပေမဲ့ ဆောင်းတွင်းမှာ ပိုအဖြစ်များပါတယ်.. အဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ အရေပြားခြောက်လို့ ဖြစ်ရတာပါ.. ခြေဖနောင့်ကိုကြည့်လိုက်ရင် အောက်မှာရှိတဲ့ Sole ရဲ့အရေပြားနဲ့ ဘေးပတ်လည်မှာရှိတဲ့ အရေပြားတွေဟာ ဖွဲ့စည်းတည်ဆောက်ပုံ မတူကြပါဘူး.. ဒီနှစ်ခုဆုံတဲ့နေရာမှာ ခြောက်သွေ့နေရင် အပေါ်ကနေ body weight နဲ့ဖိလိုက်တဲ့အခါမှာ ကွဲထွက်သွားတာ ဖြစ်ပါတယ်.. အထူးသဖြင့် callus လို့ခေါ်တဲ့ အသားမာရှိရင် အရေပြားက ထူနေတော့ ပိုကွဲထွက်နိုင်ပါတယ်.. အရေပြားပါးနေရင်တော့ ကွဲခဲပါတယ်..

သာမန်အားဖြင့်တော့ ခြေဖနောင့်ကွဲရောဂါဟာ အမြင်မလှတာကလွဲလို့ သိပ်ဒုက္ခပေးလေ့မရှိပါဘူး.. ဒါပေမဲ့ ပစ်စလက်ခတ်ထားမယ်.. ခြေထောက်သန့်ရှင်းရေးကိုလည်း ဂရုမစိုက်ဘူးဆိုရင် ပိုပြီးကွဲလာပြီးတော့ ရောင်လာတတ်ပါတယ်.. ရောင်တော့ နာလာမယ်.. ပိုဆိုးလာရင် သွေးထွက်လာမယ်.. အဲ့ဒီအခါမှာ လမ်းလျှောက်လို့မရဘူး ဖြစ်လာတတ်ပါတယ်.. အဲ့ဒီအခါမျိုးမှာ ကတ်ကြေးတို့ ဘလိတ်ဓားတို့နဲ့ ခြစ်ထုတ်တာတို့ ဖဲ့တာတို့လုပ်ခဲ့ရင် မေးခိုင်ပိုးဝင်တတ်လို့ လုံးဝမပြုလုပ်သင့်ပါဘူး.. ရိုးရိုးဘက်တီးရီးယားတွေ ဝင်သွားရင်ကို အနာပိုဆိုးလာနိုင်ပါတယ်.. ဒါကြောင့် ကုသလို့လည်းလွယ်ကူတဲ့ ဒီရောဂါကို ပေါ့ပေါ့ဆဆမနေဘဲ အမြန်ဆုံးသက်သာပျောက်ကင်းအောင် ကုသသင့်ပါတယ်..

အရေးအကြီးဆုံးကတော့ Foot hygiene လို့ခေါ်တဲ့ ခြေထောက်ကို သန့်ရှင်းအောင်ထားဖို့ ဖြစ်ပါတယ်.. အပြင်ကနေ ပြန်ရောက်ပြီးတိုင်း ခြေထောက်ကို ရေနဲ့ဆေးကြောသန့်စင်ရမှာ ဖြစ်ပါတယ်.. အထူးသဖြင့် ညအိပ်ယာဝင်ခါနီးတိုင်း ရေနဲ့ဆေးကြောသန့်စင်ရပါမယ်.. ဆေးတဲ့အခါမှာ ရေအေးအေးကြီးနဲ့မဆေးဘဲ ရေနွေးနဲ့ဆေးရမှာ ဖြစ်ပါတယ်.. ခြေဖနောင့်ကွဲတာ သိပ်ဆိုးရင် အထူးသဖြင့် အသားမာတွေထူနေရင် ရေနွေးထဲမှာ ကိုယ်ခံနိုင်သလောက်ရှိတဲ့အပူချိန်မှာ ဆားလေးနည်းနည်း ဆပ်ပြာမှုန့်နည်းနည်းထည့်ပြီး ၁၅ မိနစ်လောက်စိမ်ပြီး ခြေထောက်ချင်း ပွတ်ထားပေးနိုင်ပါတယ်.. အဲ့ဒီလိုလုပ်လိုက်ရင် ခြေဖနောင့်ကွဲထဲမှာရှိတဲ့ အညစ်အကြေးတွေဟာ အပြင်ကိုထွက်သွားမယ်.. အသားမာတွေလဲ ပျော့သွားမယ်.. အပေါ်ဆုံးအလွှာတွေလည်း တဖြည်းဖြည်းချင်းကွာကျသွားတဲ့အတွက် အမြန်ဆုံး သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်..

ခြေဖနောင့်ကွဲသူတွေဟာ ဖိနပ်ရွေးချယ်ဝတ်ဆင်မှု မှားယွင်းလို့လည်း ဖြစ်တတ်ပါတယ်.. အထူးသဖြင့် ခွာပါးတဲ့ဖိနပ်မျိုးကို မဝတ်သင့်ပါဘူး.. ခွာမညီတဲ့ဖိနပ်မျိုးကိုလည်း မဝတ်သင့်ပါဘူး.. ခွာနည်းနည်းထူတာဟာ ပိုသင့်တော်ပါတယ်.. အမျိုးသမီးတွေဆိုရင် ဒေါက်မြင့်ဖိနပ် ဝတ်ချင်ရင် ဝတ်နိုင်ပါတယ်.. shoe စီးရင်လည်း ကိုယ်နဲ့ အံဝင်ဂွင်ကျဖြစ်တဲ့ ဖိနပ် size ကို ရွေးဖို့လိုပါတယ်.. ချောင်လွန်းရင်လည်း လမ်းလျှောက်တိုင်း ပွတ်တိုက်မှုဖြစ်ပြီး အသားမာ ပိုတက်တတ်ပါတယ်.. ကြပ်လွန်းရင်လည်း သွေးကောင်းကောင်းမလျှောက်လို့ အနာကျက် နှေးနိုင်ပါတယ်.. ခြေအိတ်နဲ့ shoe နဲ့စီးရင် ခြေထောက်ရေစိုကြီးနဲ့ မဝတ်ရပါဘူး.. ခြေအိတ်လည်း ရေစိုနေရင် သေသေချာချာမခြောက်ရင် မဝတ်သင့်ပါဘူး..

နောက်ထပ် အရေးကြီးတာကတော့ ရေများများသောက်ပေးဖို့ ဖြစ်ပါတယ်.. ခြေထောက်ကွဲရခြင်းရဲ့ အဓိကအကြောင်းက အရေပြားခြောက်သွေ့လို့ ဖြစ်ရတာဖြစ်တဲ့အတွက် ရေများများသောက်မှ အရေပြား ပြန်လည်စိုပြေလာမှာ ဖြစ်ပါတယ်.. ရေဆိုတဲ့နေရာမှာ ရိုးရိုးသောက်ရေထက်စာရင် သဘာဝ Fruit Juice တွေ (ဥပမာ သံပုရာရည်၊ လိမ္မော်ရည်၊ နာနတ်သီးဖျော်ရည်၊ ဖရဲသီးဖျော်ရည်) ကို ပိုသောက်နိုင်လေ ကောင်းလေဖြစ်ပါတယ်..



ဆီးချိုရောဂါကိုထိန်းချုပ်ပေးနိုင်တဲ့ရွှေပဲသီးဆီးချိုရောဂါ ဝေဒနာရှင်တွေဟာ ရွေးချယ်စားသုံးဖို့ အစားအစာ အမျိုးအစား နည်းပါးလ...
21/11/2021

ဆီးချိုရောဂါကိုထိန်းချုပ်ပေးနိုင်တဲ့ရွှေပဲသီး

ဆီးချိုရောဂါ ဝေဒနာရှင်တွေဟာ ရွေးချယ်စားသုံးဖို့ အစားအစာ အမျိုးအစား နည်းပါးလှပြီး ဆီးချိုရောဂါ စတင် ဖြစ်ပွားချိန်ကနေစလို့ ရှောင်ကြဉ်ရတဲ့ အစားအစာတွေဟာ အများအပြားပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ဆီးချိုဝေဒနာရှင်တွေနဲ့ သင့်တော်တဲ့ အစားအစာတွေထဲကမှ ဆီးချိုကို ထိန်းချုပ်ပေးနိုင်တဲ့အပြင် တခြားသော ကျန်းမာရေး ကောင်းကျိုးများစွာရှိတဲ့ ရွှေပဲသီးအကြောင်းပဲ ဖြစ်ပါတယ်။

(၁) ကယ်လိုရီပါဝင်မှု နည်းပါးတယ်
ရွှေပဲသီးဟာ ကယ်လိုရီပါဝင်မှု နည်းပါးတဲ့ ဟင်းသီးဟင်းရွက်တမျိုး ဖြစ်တာကြောင့် Diet Plan တွေမှာ အများဆုံး ထည့်သွင်းစားသုံးလေ့ ရှိကြပါတယ်။ ရွှေပဲသီး ပန်းကန်လုံး ခပ်ကြီးကြီးတလုံးစာမှာ ကယ်လိုရီ ၃၀ ခန့်သာ ပါဝင်ပြီး အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် ဆီးချိုကို ထိန်းချုပ်ပေးနိုင်ပါတယ်။

(၂) ပရိုတင်းဓာတ် ကြွယ်ဝတယ်

အသားစားသုံးမှု နည်းပါးတဲ့ သူတွေကို အာဟာရပညာရှင်တွေ အကြံပြုစားသုံးစေတဲ့ အစားအစာတွေထဲမှာ ရွှေပဲသီးဟာ တခု အပါအဝင်ပါ။ ပရိုတင်းဓာတ်ဟာ ဆီးချိုဝေဒနာရှင်တွေ အတွက်ရော သာမန်လူတွေအတွက်ပါ အရေးကြီးတဲ့ အာဟာရဓာတ်တမျိုး ဖြစ်ပါတယ်။

(၃) ဗီတာမင်စီ ပါဝင်မှုနှုန်း များပြားတယ်

ဗီတာမင်စီဟာ အစားအစာတွေကနေ သံဓာတ်စုပ်ယူမှုကို အထောက်အကူ ဖြစ်စေတဲ့အပြင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ရွှေပဲသီးမှာ ဗီတာမင်စီ ပါဝင်မှုနှုန်း များပြားတာကြောင့် အနာကျက်မြန်စေတဲ့အပြင် သွေးအားနည်းရောဂါကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

(၄) ပိုတက်ဆီယမ်ဓာတ် မြင့်မားစွာ ပါဝင်တယ်

ရွှေပဲသီးမှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့အပြင် သွေးဖိအားမြင့်တက်ခြင်းကိုလည်း ထိန်းချုပ်ပေးနိုင်တာကြောင့် သွေးတိုးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။


Delivery - ဟုတ် မဖိပါဘူး ဖွဖွလေး သယ်ပြီး ပို့ပေးပါမယ်🥺Photo credit
17/11/2021

Delivery - ဟုတ် မဖိပါဘူး ဖွဖွလေး သယ်ပြီး ပို့ပေးပါမယ်🥺

Photo credit

Address

Yangon

Alerts

Be the first to know and let us send you an email when World Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category