Htan Padaethar

Htan Padaethar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htan Padaethar, Food Delivery Service, Yangon.

31/12/2022
☀️ အာဇာနည်နေ့ တို့မမေ့ ☀️၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်၊ (၇၅) ကြိမ်မြောက်အာဇာနည်နေ့ မှာ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်၊ ...
19/07/2022

☀️ အာဇာနည်နေ့ တို့မမေ့ ☀️

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်၊ (၇၅) ကြိမ်မြောက်အာဇာနည်နေ့ မှာ

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင်

ကျဆုံးသွားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား

ထန်းပ​ဒေသာမိသားစုမှရိုသေလေးစားစွာ
ဂါရဝပြုအပ်ပါသည်။

☀️အာဇာနည်မျိုး ​သေရိုးမရှိ

 #ဝါဆိုလပြည့်နေ့... - ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ……………………………………………………ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာသန...
12/07/2022

#ဝါဆိုလပြည့်နေ့... -
ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ
……………………………………………………

ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ

သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို တဲ့

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော
ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်

~~~~~~~~~~~~~~~~~~~~~

ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့
စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း
တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု

ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ
ဉာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်
မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏

လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို
တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ် ဣနြ္ဒိယပ
ရောပရိယဉာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။

ပထမဦးစွာဈာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့
ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး
ဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို
မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်
လွန်ခဲ့ပြီဖြစ်၏။

ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား
တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်

သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ
သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့
ခရီးဆက်တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့
ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု
ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း
အား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့
ရောက်ခဲ့ ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏
ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်
အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်
ပင်ဝင်လာတော်မူ၏။

ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်
ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီး
ဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏
ဆည်းဆာညချမ်း ဖြစ်သည်။

သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်

ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်
ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်
တော်မူုလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်
သံ အစတည်း။

ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်
ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ
ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏
နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ
ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်
တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။

ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို
ဟောကြားတော်မူလေသည် ထိုတရားတော်၏
အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ
အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌
အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ
တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်
ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို
ဟောကြားတော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်
ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့
သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား
သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ '' ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌာတု🏵🙏🙏🙏🏵

crd #

မြန်မာ နှစ်ဆန်းတစ်ရက် (၁၇.၄.၂၂)​နေ့မှစ၍မြန်မာနိုင်ငံသူ/သားအ​ပေါင်းစိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီးကံ​ကောင်းခြင်း​တွေနဲ့ပြည့်...
17/04/2022

မြန်မာ နှစ်ဆန်းတစ်ရက် (၁၇.၄.၂၂)​နေ့မှစ၍
မြန်မာနိုင်ငံသူ/သားအ​ပေါင်း
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး
ကံ​ကောင်းခြင်း​တွေနဲ့ပြည့်စုံကြပါ​စေလို့
ထန်းပ​ဒေသာမိသားစုမှ ဆုမွန်​ကောင်း​တောင်းအပ်ပါသည်။"

🌟တ​ပေါင်းလပြည့်​နေ့ မြတ်ဗုဒ္ဓပြည်​တော်ဝင်​နေ့🌟ကမ္ဘာသူ၊သားများအားလုံး​ကပ်ကြီးသုံးပါးမှ ​​ကျော်လွှားနိုင်ပြီးစိတ်ချမ်းသာကိ...
16/03/2022

🌟တ​ပေါင်းလပြည့်​နေ့
မြတ်ဗုဒ္ဓပြည်​တော်ဝင်​နေ့🌟

ကမ္ဘာသူ၊သားများအားလုံး​
ကပ်ကြီးသုံးပါးမှ ​​ကျော်လွှားနိုင်ပြီး
စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့
ရည်မှန်းချက်များပြည့်စုံကြပါ​စေလို့
ထန်းပ​ဒေသာမိသားစုမှဆုမွန်း​ကောင်း​တောင်းအပ်ပါသည်။

🌾​တောင်သူလယ်သမား​နေ့(၂.၃.၂၀၂၂)🌾​ကျေးဇူးရှင် ​တောင်သူလယ်သမားများအားလုံး ဆန်​ရေစပါး​ပေါကြွယ်ဝ၍ တိုးပွားကြပါ​စေ​ကြောင်း ထန်...
02/03/2022

🌾​တောင်သူလယ်သမား​နေ့(၂.၃.၂၀၂၂)🌾

​ကျေးဇူးရှင် ​တောင်သူလယ်သမားများအားလုံး ဆန်​ရေစပါး​ပေါကြွယ်ဝ၍ တိုးပွားကြပါ​စေ​ကြောင်း
ထန်းပ​ဒေသာမိသားစုမှဆုမွန်​ကောင်း​တောင်းအပ်ပါသည်။

🍂 တပို့တွဲလပြည့်​နေ့  (ဩဝါဒပါတိ​မောက် အခါ​တော်​နေ့) 🍂 ကမ္ဘာသူ၊ကမ္ဘာသားအားလုံးနှလုံးစိတ်ဝမ်း​အေးချမ်းပြီးဆန္ဒနဲ့ဘဝတစ်ထပ်တ...
15/02/2022

🍂 တပို့တွဲလပြည့်​နေ့
(ဩဝါဒပါတိ​မောက် အခါ​တော်​နေ့) 🍂

ကမ္ဘာသူ၊ကမ္ဘာသားအားလုံး
နှလုံးစိတ်ဝမ်း​အေးချမ်းပြီး
ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျ၍
ရည်မှန်းချက်များအားလုံးပြည့်စုံကြပါ​စေလို့
ထန်းပ​ဒေသာ မိသားစုမှ
ဆုမွန်​ကောင်း​တောင်းအပ်ပါသည်။

🎇မြန်မာနိုင်ငံရဲ့ လွတ်လပ်​ရေးဖခင်ကြီး          ဗိုလ်ချုပ်​အောင်ဆန်း      (၁၀၇) နှစ်​​မြောက်​မွေး​နေ့အား           ထန်းပ​...
12/02/2022

🎇မြန်မာနိုင်ငံရဲ့ လွတ်လပ်​ရေးဖခင်ကြီး
ဗိုလ်ချုပ်​အောင်ဆန်း
(၁၀၇) နှစ်​​မြောက်​မွေး​နေ့အား
ထန်းပ​ဒေသာ မိသားစုမှ
​လေးစားစွာကြိုဆိုဂုဏ်ပြုအပ်ပါသည်။🎇

✨ ပြည်​ထောင်စု​နေ့✨         ၇၅နှစ်ပြည့်စိန်ရတုပြည်​ထောင်စု​နေ့ကိုထန်းပ​ဒေသာမိသားစုမှလှိုက်လှဲစွာဂုဏ်ပြုကြိုဆိုအပ်ပါသည်။
12/02/2022

✨ ပြည်​ထောင်စု​နေ့✨

၇၅နှစ်ပြည့်
စိန်ရတုပြည်​ထောင်စု​နေ့ကို
ထန်းပ​ဒေသာမိသားစုမှ
လှိုက်လှဲစွာဂုဏ်ပြုကြိုဆိုအပ်ပါသည်။

🏵ပြာသိုလပြည့်​နေ့       ရှင်တစ်​ထောင် အခါ​တော်နေ./                အ​​မေများ​နေ့ 🏵ကမ္ဘာ​ပေါ်မှာရှိတဲ့ အ​မေများအားလုံး ​နေ...
16/01/2022

🏵ပြာသိုလပြည့်​နေ့
ရှင်တစ်​ထောင် အခါ​တော်နေ./
အ​​မေများ​နေ့ 🏵
ကမ္ဘာ​ပေါ်မှာရှိတဲ့ အ​မေများအားလုံး ​နေ့ရက်တိုင်း​ပျော်ရွှင်ချမ်း​မြေ့ကြပါ​စေလို့ ထန်းပ​ဒေသာမိသားစုမှ ဆုမွန်​ကောင်း​တောင်းလိုက်ရပါတယ်။

Address

Yangon

Telephone

+959971077724

Website

Alerts

Be the first to know and let us send you an email when Htan Padaethar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share