Potae's Kitchen

Call Directions Contact the restaurant

Potae's Kitchen Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Potae's Kitchen, Mingalar Street, Taunggyi.

🌟🌟  ထမင်းစားမြိန်တဲ့ဟင်းအတွဲစပ် 😋😋😋✨ ငါးဖယ်ဆုပ်ချက် 🍅🧅🧄✨ ကြက်ရိုးနဲ့မုန်လာဥဖြူ ဟင်းချို 🍲🍲✨ ငရုတ်သီးဆားထောင်း 🌶️🌶️🌶️ # P...
23/10/2026

🌟🌟 ထမင်းစားမြိန်တဲ့ဟင်းအတွဲစပ် 😋😋😋

✨ ငါးဖယ်ဆုပ်ချက် 🍅🧅🧄
✨ ကြက်ရိုးနဲ့မုန်လာဥဖြူ ဟင်းချို 🍲🍲
✨ ငရုတ်သီးဆားထောင်း 🌶️🌶️🌶️

# Potae’s Kitchen
# Home Cooking
# Fyp

18/10/2026

🌟 ထမင်းဖြူနဲ့ ဝက်သားမုံညှင်းချဉ်ကြော် ✨✨🌶️🧄🥬😋😋

# Potae’s Kitchen
# Home Cooking
# Fyp

🌟 ကြာဇံကြော် 🥢🍜😋  ✨  ညစာအတွက် အရသာရှိပြီး လုပ်ရလွယ်ကူတဲ့ "ကြာဇံကြော်" လေးနော်  🥢✨   ✨ ဒီနေ့တော့ အိမ်မှာရှိတဲ့ ပစ္စည်းလေး...
14/10/2026

🌟 ကြာဇံကြော် 🥢🍜😋

✨ ညစာအတွက် အရသာရှိပြီး လုပ်ရလွယ်ကူတဲ့ "ကြာဇံကြော်" လေးနော် 🥢✨

✨ ဒီနေ့တော့ အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ လွယ်လွယ်ကူကူ ချက်ပြုတ်နိုင်ပြီး စားလို့အရမ်းကောင်းတဲ့ ကြာဇံကြော်လေး ကြော်စားဖြစ်ပါတယ်။

✨✨✨ ရာသီဥတု အပြောင်းအလဲတွေနဲ့ဆိုတော့
Potae’s Kitchen ရဲ့ ချစ်ရတဲ့မိသားစုဝငိတွေအားလုံး ကျန်းမာရေး ဂရုစိုက်ကြပါနော်။

# Potae’s Kitchen
# Home Cooking
# Fyp

🌟 ငါးခေါင်းနဲ့ ဒန့်ဒလွန်ရွက် ဟင်းချို🍲🌟 ငါးဖယ် အစပ်ကြော် 🌶️🧄🧅🌟 ရွှေဖရုံသီးကြော် 🫚🧄🌟 ငါးခေါင်းနဲ့ ဒန့်ဒလွန်ရွက် ဟင်းချို ...
09/10/2026

🌟 ငါးခေါင်းနဲ့ ဒန့်ဒလွန်ရွက် ဟင်းချို🍲
🌟 ငါးဖယ် အစပ်ကြော် 🌶️🧄🧅
🌟 ရွှေဖရုံသီးကြော် 🫚🧄

🌟 ငါးခေါင်းနဲ့ ဒန့်ဒလွန်ရွက် ဟင်းချို 🍲

✨ ရေဆေးသန့်စင်ပြီးသား ငါးခေါင်းကို ညှီနံ့ပျောက်အောင် ဆီ နနွင်းမှုန့်အနည်းငယ် ငရုတ်ကောင်းနဲနဲနဲ့ အရင်ကြော်လိုက်ပါ။
ရေနွေးပွက်ပွက်ဆူနေတဲ့ထဲကို ဂျင်း ကြက်သွန်ဖြူ ထောင်းပြီးထည့် ။ ပီးရင် ဆန်လှော်မှုန့်ထည့် ။ ဆား အရသာမှုန့်ထည့် ခုနကဆီသပ်ထားတဲ့ ငါးခေါင်းထည့် ပြီးရင် ဒန့်ဒလွန်ရွက်လေး ခတ်လိုက်ပါ ။ ရပါပြီနော် ။

🌟 ငါးဖယ်အစပ်ကြော် 🌶️🧅🧄

✨ ငါးဖယ်ကို အတုံးလေးတွေတုံး ဆား နနွင်း အရသာမှုန့်နဲ့ နယ်နပ်ပီး ဆီနဲ့ ကြွပ်ကြွပ်လေးဖြစ်အောင်ကြော်လိုက်ပီး ဆယ်ထားပါ။
ကြက်သွန်နီ/ ဖြူ ကို ငါးကြော်ထားတဲ့ဆီထဲထည့်ကြော် ငရုတ်သီးထည့်ကြော် ဆား အရသာမှုန့်ထည့်ပီးရင် ရှမ်းနံနံပါးပါးလှီးထားတာ ထည့်ကြော် အနံ့လေးမွှေးလာပီဆိုရင် ခုနက ကြော်ထားတဲ့ ငါးဖယ်လေးတွေ ထည့်ပီးကြော်လိုက်ပါနော် ။

🌟 ရွှေဖရုံသီးကြော် 🫚🧄

✨ ဂျင်းနဲ့ ကြက်သွန်ဖြူများများ

ဆီသပ်ပီး ရွှေဖရုံသီးပါးပါးနှီးထားတာထည့်ကြော်ပါ ပီးရင် ရွှေဖရုံသီးနူးအောင် ရေနဲနဲ့ထည့် အဖုံးအုပ်ပီး ခဏထားပေးလိုက်ပါ။ ရွှေဖရုံသီး နူးပီဆိုရင် ဆား အရသာမှုန့်နဲ့ ပင်စိမ်းလေးအုပ်လိုက်နော် ။

✨ ဒီဟင်းအတွဲစပ်လေးကိုလည်း Potae’s Kitchen ရဲ့ ချစ်ရတဲ့သူ အားလုံး လိုက်ချက်စားကြည်ကြနော် 😋😋😋

✨✨✨အရသာကတော့ ကွက်တိထိမိ ကိုယ်ချက်ကိုယ်ကောင်း 😋😋😋

# Potae’s Kitchen
# Home Cooking
# Fyp

🌟 ဝက်အူနဲ့အသည်း နှပ် 🫚🧄🥩 🌟 မျှစ်နဲ့ချဉ်ပေါင်ရွက်  ဟင်းရည် 🍅🧅🧄🌟 ငပိရည် နဲ့ အတို့မြုပ် အစုံ 🌶️🥕🥬🥒  ✨ လျှာလည်စေမယ့် ဟင်းအတွ...
06/10/2026

🌟 ဝက်အူနဲ့အသည်း နှပ် 🫚🧄🥩
🌟 မျှစ်နဲ့ချဉ်ပေါင်ရွက် ဟင်းရည် 🍅🧅🧄
🌟 ငပိရည် နဲ့ အတို့မြုပ် အစုံ 🌶️🥕🥬🥒

✨ လျှာလည်စေမယ့် ဟင်းအတွဲစပ်လေးနော် ။

Potae’s Kitchen ရဲ့ ချစ်ရတဲ့သူ အားလုံးလည်း ဒီဟင်း အတွဲစပ်လေးကို ချက်စားကြည့်ကြနော် ။
အရသာတွေကတော့ ကွက်တိထိမိ ပဲဲနော် ။ 😋😋😋

# Potae’s Kitchen
# Home Cooking
# Fyp

02/10/2026

🌟 မနက်စာ 😋🍛
🌟 ငါးခြောက် ကိုက်လန်ထမင်းကြော် 🍳🍛

✨ ဟိုး လွန်ခဲ့သော နှစ်များစွာ ကျောင်းတက်တုန်းက အတန်းပြီးရင် နေ့လည်စာကို ကျောင်းကန်တင်းမ် မှာ မစားဘဲ ဘုရားပေါ်က ကော်ဖီဆိုင်မှာ စားတဲ့ အရသာလေးကို လွမ်းလို့ ပြန်ကြော်စားဖြစ်တဲ့ ထမင်းကြော်လေး ….. 😋😋

✨ အရသာကတော့ ကွက်တိထိမိ ကိုယ်ချက်ကိုယ်ကောင်း 😋😋😋

# Potae’s Kitchen
# Home Cooking
# Fyp

🌟 ဆေးဘဲဥသုပ် ( ဖီတန်သုပ် ) 🥚🍅🧅🌶️🍋 ✨ ကိုယ်ကတော့ မကြိုက်ဘူး ဒါပေမဲ့ မိသားစုတွေအတွက် သုပ်ပေးဖြစ်တာလေး ။        ✨ ဖီတန် (Pid...
30/09/2026

🌟 ဆေးဘဲဥသုပ် ( ဖီတန်သုပ် ) 🥚🍅🧅🌶️🍋

✨ ကိုယ်ကတော့ မကြိုက်ဘူး ဒါပေမဲ့ မိသားစုတွေအတွက် သုပ်ပေးဖြစ်တာလေး ။

✨ ဖီတန် (Pidan - 皮蛋) ဆိုတာ တရုတ်ဘာသာစကားအခေါ်အဝေါ်ဖြစ်ပြီး၊ မြန်မာလိုတော့ ဆေးဘဲဥ လို့ ခေါ်တာ ဖြစ်ပါတယ်။
အင်္ဂလိပ်လိုလည်း Century Egg သို့မဟုတ် Preserved Egg လို့ ခေါ်ကြပြီး ဘဲဥ (သို့မဟုတ် ကြက်ဥ) ကို ပြာ၊ ဆား၊ ထုံး၊ ရံ့ဖန်နဲ့ စပါးခွံ စတာတွေနဲ့ လပေါင်းများစွာ စိမ်ထား/နှပ်ထားပြီး ပြုလုပ်ထားတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။

✨ ဆေးဘဲဥ (ဖီတန်) မှာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိသလို၊ သတိထားရမယ့် အချက်အချို့လည်း ရှိပါတယ်။

၁။ ကျန်းမာရေးအတွက် ကောင်းကျိုးများ

✨ ပရိုတင်း (Protein) ကြွယ်ဝခြင်း: ကြွက်သားများ သန်မာစေရန်နှင့် ခန္ဓာကိုယ်ဆဲလ်များကို ပြုပြင်ရန် လိုအပ်သည့် ပရိုတင်းဓာတ် မြင့်မားစွာ ပါဝင်ပါတယ်။

✨သတ္တုဓာတ်နှင့် ဗီတာမင်များ ပါဝင်ခြင်း: အထူးသဖြင့် သံဓာတ် (Iron) ပါဝင်မှု မြင့်မားတာကြောင့် သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် A၊ ဗီတာမင် B12၊ ဗီတာမင် D နဲ့ ဖော့စဖရပ်စ် (Phosphorus) တို့လည်း ပါဝင်ပါတယ်။

✨အစာချေစနစ်ကို အထောက်အကူပြုခြင်း: ဆေးဘဲဥ ပြုလုပ်သည့် စိမ်နည်းစနစ်ကြောင့် အယ်လ်ကာလိုင်း (Alkaline) ဂုဏ်သတ္တိ ရှိလာပြီး အစာအိမ် အက်စစ်ဓာတ် လွန်ကဲခြင်းကို သက်သာစေနိုင်ပါတယ်။

✨ သွေးဖိအား ထိန်းညှိပေးခြင်း: အချို့သော သုတေသနများအရ ဆေးဘဲဥထဲမှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်များသည် သွေးဖိအားကို ထိန်းညှိပေးရာမှာ အကူအညီ ဖြစ်စေတယ်လို့ ဆိုပါတယ်။

၂။ သတိထားရမယ့် အချက်များ (ဆိုးကျိုးများ)

✨ ဆားဓာတ် (Sodium) များခြင်း: ဆေးဘဲဥ စိမ်ရာတွင် ဆားနှင့် အယ်လ်ကာလိုင်း ပါဝင်ပစ္စည်းများ အသုံးပြုရသဖြင့် သွေးတိုးရောဂါ သို့မဟုတ် ကျောက်ကပ်ရောဂါ ရှိသူများ အလွန်အကျွံ မစားသင့်ပါ။
✨ ကော်လက်စထရော (Cholesterol): ဘဲဥအနှစ် ပါဝင်သောကြောင့် ကော်လက်စထရော မြင့်မားသူများ အတန်အသင့်သာ စားသုံးသင့်ပါတယ်။
ခဲဓာတ် (Lead) ပါဝင်နိုင်ခြေ: ရှေးရိုးရာနည်းအချို့တွင် ဖြစ်စဉ် မြန်ဆန်စေရန် ခဲအောက်ဆိုက် (Lead oxide) ကို အသုံးပြုတတ်ကြပါတယ်။ သို့သော် ယခုခေတ် စက်ရုံထုတ် သို့မဟုတ် စနစ်တကျ ပြုလုပ်သည့် ဆေးဘဲဥများတွင် Lead-Free (ခဲဓာတ်မပါ) ဟု ရေးသားထားသည်များကို ရွေးချယ်ဝယ်ယူ စားသုံးသင့်ပါတယ် ။

✨✨✨ လေ့လာမိသမျှ ဗဟုသုတ မျှဝေခြင်းသာ ဖြစ်ပါတယ်နော် ။

သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကို ဂါရဝပြုပါတယ်ရှင့် 🙏🏻🙏🏻🙏🏻

# Potae's Kitchen
# Home Cooking
# Fyp

🌟 မုန်ညှင်းစော 🥬🍅🌟 ဝက်နံရိုးကြော် 🐷🫚🧄🍖🌟 ငရုတ်သီး ကြက်သွန်ဖြူနဲ့ နံနံပင်ထောင်း 🌶️🧄🍋    ဒီဟင်းအတွဲအစပ်လေးက ဘယ်အချိန်စားစား...
28/09/2026

🌟 မုန်ညှင်းစော 🥬🍅
🌟 ဝက်နံရိုးကြော် 🐷🫚🧄🍖
🌟 ငရုတ်သီး ကြက်သွန်ဖြူနဲ့ နံနံပင်ထောင်း 🌶️🧄🍋

ဒီဟင်းအတွဲအစပ်လေးက ဘယ်အချိန်စားစားမရိုးအီတဲ့ ခံတွင်းမြိန်စေတဲ့ ဟင်းပွဲလေးတွေနော် 😋😋😋

✨ မုန်ညှင်းစော 🥬🍅
မင်မင်ကတော့ မုန်ညှင်းစောကို အရိုးပြုတ်ရည်နဲ့ချက်ပါတယ် ။ အရိုးပြုတ်ရေထဲကို ခရမ်းချဉ်သီး ငပိနဲနဲ ကြံသကာနဲနဲ နနွင်းမုန့်အနည်းငယ် ထည့်ပြီးအရည်ကျနေအောင်တည်ပါတယ် ။ ပြီးရင် မုန်ညှင်းထည့် မန်ကျီးမှည့်ရေဖျော်ထားတာလေးထည့် ( အချဉ်ကတော့ မိမိစိတ်ကြိုက်ထည့်နော် ) ၊ ဆား အရသာမုန့်ထည့် ပြီးရင် ( ၂ )နာရီလောက်မီးအေးအေးနဲ့ ချက်ထားပေးရင်ရပါပြီနော် ။ ဟင်းပွဲပြင်တဲ့အခါ မုန်ညှင်းစောဟင်းရည်အပေါ်ကနေ ငရုတ်သီးစိမ်းနဲ့ နံနံပင်တောက်တောက်စင်းထားတာလေး ထည့်လိုက်နော် ။ ဒါဆိုရင်တော့ ကွက်တိထိမိ အရမ်းစားကောင်းသော နော် ။ 😋😋😋
🤓🤓 ဒီဟင်းချက်နည်းကို ကျွန်မက ကျိုင်းတုံသူစစ်စစ်တွေနား သင်ထားတာပါနော် 😁😁( ဤကားစကားချပ် )

🌟 ဝက်နံရိုးကြော် 🍖🫚🧄🐷
✨ ဝက်နံရိုးကို ဂျင်း ကြက်သွန်ဖြူ ကြက်သွန်မြိတ် ငရုတ်ကောင်း ဆား အရသာမုန့် ခရုဆီ ပဲငံပြာရည် အကြည် / အနောက် ဆန်အရက် ဆီအနည်းငယ် တို့နဲ့ နယ်နပ်ပြီး ရေမြုပ်ရုံထည့်ပြီး ရေခမ်းအောင်ပြုတ်လိုက်ပါတယ် ။ ပြီးရင်တော့ ဂျင်းမွကြော်ထားတဲ့ ဆီထဲကို နံရိုးတွေကို မီးအေးအေးနဲ့ ပြန်ကြော်ပေးပါတယ်နော် ။
( ဆန်အရက်ထည့်တာက အသားကိုနူးညံ့နေအောင်လို့ပါ ) 🤓🤓

🌟 ငရုတ်သီး ကြက်သွန်ဖြူနဲ့ နံနံပင်ထောင်း 🌶️🧄🍋
✨ ငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကိုလှော်ပြီးထောင်း ပြီးရင် ဆား အရသာမုန့် နံနံပင်ထည့်ထောင်းပါ။ ( ဒီအထောင်းလေးက မုန်ညှင်းစောနဲ့ အရမ်းလိုက်ဖက်သော နော် )

သင်ဆရာ မြင်ဆရာ ကြားဆရာများအားလုံးကို ဂါရဝပြုပါတယ်ရှင့် 🙏🏻🙏🏻🙏🏻

# Potae’s Kitchen
# Home Cooking
# Fyp

🌟 မြေအိုးငါးခြောက်ချက် ( ငါးခြောက်အညာချက် )🍅🍅🍅🌶🌶 🌶️   ✨ ဒီဟင်းလေးက မင်မင်တို့အိမ်မှာမကြာခဏ ချက်စားဖြစ်တဲ့ ဟင်းလေးနော် ။ ...
25/09/2026

🌟 မြေအိုးငါးခြောက်ချက် ( ငါးခြောက်အညာချက် )🍅🍅🍅🌶🌶 🌶️

✨ ဒီဟင်းလေးက မင်မင်တို့အိမ်မှာမကြာခဏ ချက်စားဖြစ်တဲ့ ဟင်းလေးနော် ။ အသားကြော်လေးရယ် အတို့အမြုပ်အစုံနဲ့ တွဲဖက်စားမယ်ဆိုရင်တော့ ကွက်တိထိမိ ပါနော်။

✨အခု မင်မင်က မတွေ့တာကြာပီဖြစ်တဲ့ အမျိုးတွေအတွက် ချက်ရတာ အရမ်းလွယ်ကူပီး အင်မတန်ထမင်းမြိန်စေတဲ့ ငါးခြောက်အညာချက်နည်းလေး မျှဝေပေးမယ်နော် ။ မင်မင်ကတော့ ဒီဟင်းနဲ့ဆို ထမင်း၂ပန်းကန် အသာလေးပဲ 😁😁😋😋😋

ပါဝင်ပစ္စည်းများ …

- ငါးရံ့ခြောက် ( ငါးခြောက်ကို အတုံးလေးတွေတုံးပီး ရေသေချာဆေးထားပါ )
- ခရမ်းချဉ်သီး ( ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ )
- ငရုတ်သီးစိမ်း ( ငရုတ်သီးစိမ်းကို ဆားအနဲငယ်ထည့်ပီး ထောင်းထားပါ )
- နံနံပင်
- နနွင်း ၊ အရောင်တင်မှုန့် အနည်းငယ်
- ဆား ၊ ဟင်းခတ်မှုန့်
- ဆီ အနည်းငယ်တို့ပါဝင်ပါတယ် ။

ပြုလုပ်ပုံကတော့ ..

ပါဝင်ပစ္စည်းများ အားလုံးကို ချက်မယ့်မြေအိုးထဲ အားလုံးထည့် ရောသမနယ်ပီး မီးအေးအေးနဲ့ လုံးပီးချက်ပေးရပါမယ်နော် ( အဓိက ကတော့ မြေအိုးနဲ့ချက်မှာဖြစ်တဲ့အတွက် မီးအေးအေးလေး စိတ်ရှည်ရှည် ချက်ရပါမယ်နော် ) ။

သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကို ဂါရဝ ပြုပါတယ်ရှင့် 🙏🏻🙏🏻🙏🏻

အမှားပါခဲ့သည်ရှိသော် ခွှင့်လွတ်ပေးကြပါလို့…😊😊

Address

Mingalar Street
Taunggyi
TBL

Telephone

+95941003969

Website

Alerts

Be the first to know and let us send you an email when Potae's Kitchen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Potae's Kitchen:

Shortcuts

Share