Shan Queen

Call Directions Contact the restaurant

Shan Queen Shan Traditional Restaurant u can order online

လွန်ခဲ့တဲ့ (၅)နှစ်က ရှမ်းရိုးရာမိုင်းကိုင်မြေအိုးအကြောင်းသွားရိုက်ထားတာလေးပါမြေအိုးတစ်လုံးဖြစ်လာဖို့ အဆင့်ဆင့်လုပ်ယူရပါတ...
17/10/2026

လွန်ခဲ့တဲ့ (၅)နှစ်က ရှမ်းရိုးရာ
မိုင်းကိုင်မြေအိုးအကြောင်းသွားရိုက်ထားတာလေးပါ

မြေအိုးတစ်လုံးဖြစ်လာဖို့ အဆင့်ဆင့်လုပ်ယူရပါတယ်

ပထမအဆင့်အနေနဲ့ ရွှံ့စေးမြေကို အတုံးလိုက်တူးယူကြပါတယ်တူးယူပြီးသားရွှံ့စေးကို ထော်လာဂျီတွေနဲ့
သယ်ယူကြပြီး ခြောက်သွေ့အောင်
(​ခြောက်​လေ​ကောင်း​လေ)ထားသိုကြရပါတယ်
ခြောက်သွေ့သွားတဲ့ ရွှံ့မြေတွေကို အမှုန့်ဖြစ်အောင်ဖြေးဖြေးခြင်းခွဲယူ ထုချေယူကြပြီး မှုန့်ညက်နေအောင်​ထောင်းရပါတယ်
မှုန့်ညက်ပြီးရင် ​ချောင်းသဲ၊ရေတို့နဲ့သမအောင်နယ်
စေးပြစ်ပျော့ပျောင်းလာအောင်အားစိုက်​ထောင်းကြရပါတယ်
အဲ့လိုအားသွန်ခွန်စိုက်​ထောင်းပါမှအိုးလုပ်ဖို့အတွက်
ရွှံ့စေးမြေကို ရရှိလာတာပါ

ဒုတိယအဆင့်အနေနဲ့ ရွှံ့စေးကို လိုရာပုံသွင်း
အိုးလုပ်ခြင်းဖြစ်ပါတယ်
အိုးတွေကို မခြောက်တခြောက်အနေအထားရောက်တဲ့အခါ လိုချင်တဲ့ဒီဇိုင်းကို ပုံဖော်ယူရပါတယ် နေပူပြင်းရင်
တစ်ရက်လောက်ခြောက်ပြီး အိုးဖုတ်ဖို့အဆင့်သင့်
ဖြစ်စေပါတယ်

တတိယအဆင့်အနေနဲ့ အိုးဖုတ်ဖို့အတွက်နေ့ကောင်းရက်သာရွေးရပါတယ်
တောထဲက ရှာထားတဲ့ အစီးထွက်ပြီး သက်တမ်းရင့်တဲ့ထင်းရှူးသားထင်းကိုသာမီးထိုးပြီး ရွေးထားတဲ့
နေ့ကောင်းရက်ကောင်းမှာ အိုးကိုဖုတ်ရပါတယ်
အိုးဖုတ်ချိန် သုံးရက်ခန့်ကြာမြင့်ပြီး မီးပြင်းပြင်းနဲ့
ဖုတ်ရပါတယ်
အိုးဖုတ်တဲ့အခါ အိုးဖုတ်တဲ့သူရဲ့ စိတ်နေစိတ်ထားပေါ်မူတည်ပြီး ဖြူစင်သူ စိတ်ထားကောင်းသူ သီလရှိသူတွေသာ ဆောင်ရွက်ရပါတယ်လို့ ဒေသခံတွေကဆိုပါတယ်

အကယ်၍ တစ်စုံတစ်ရာမှားယွင်းခဲ့လျင် မီးဖုတ်တဲ့အိုးတွေအကောင်းအတိုင်းတစ်လုံးမှမရဘဲ
တစ်ဖိုလုံးကွဲတတ်တယ်လို့ အယူရှိကြပါတယ်
လေ့လာထားသိသလောက်လေးမျှဝေပေးတာပါ

အိုးဖုတ်တဲ့ရွာလေးက ရှေးဘုရင်ခေတ်ကတည်းက
တည်ရှိနေခဲ့တာဖြစ်ပြီး သူတို့တစ်ရွာလုံး ဆွေမျိုးအစဥ်
အဆက်က လက်ဆင့်ကမ်းခဲ့တဲ့ရိုးရာပညာအမွေနဲ့
ယနေ့တိုင် ထိန်းသိမ်းလုပ်ကိုင်လာကြတာဖြစ်ပါတယ်

မိုင်းကိုင်မြို့ရဲ့နာမည်ကျော်ကြားလှတဲ့ မိုင်းကိုင်တပေါင်းပွဲဘုရားပွဲဆိုရင်ကျင်းပလာတာရှေးဘုရင်လက်ထက်တွေထဲက ဖြစ်ပါတယ်အဲ့ဒီဘုရားပွဲမှာ ရောင်းဖို့အတွက်နဲ့ ဒေသတွင်း အသုံးပြုဖို့အတွက်အိုးတွေကို ပြုလုပ်ကြတာပါ
တစ်နှစ်ပတ်လုံးလဲ အိုးဖုတ်လုပ်ငန်းကိုဆောင်ရွက်ကြတာမျိုးမဟုတ်ပဲ လယ်ယာစိုက်ပျိုးရိတ်သိမ်းပြီးချိန်မှသာ အိုးလုပ်ငန်းကို ဆောင်ရွက်ကြတဲ့အတွက် အမြဲမှာယူဖို့မလွယ်ပါဘူးရှင်

လေ့လာထားသလောက် တတ်သလောက်မှတ်သလောက် ရေးထားတာဖြစ်လို့ အမှားပါခဲ့ရင် ဝေဖန်ထောက်ပြ
ဖြည့်စွက်နိုင်ပါတယ်ရှင်

မြေအိုး​ရောင်းချရခြင်းရည်ရွယ်ချက်ကတော့
နောင်လာနောက်သားများ
ရိုးရာလက်မှုပညာအမွေကို ထိန်းသိမ်းကြစေဖို့ နဲ့
ဂုဏ်ယူတတ်ကြစေဖို့ရည်ရွယ်ပါတယ်ရှင်

Shan Queen ​Taunggyi
ရှမ်းရိုးရာဒေါင်းလန်းထမင်းဟင်းနှင့်
မြေအိုးထမင်းပေါင်း
အမှတ် (၁၉၈-၁၉၉)
B လမ်း
လမ်းသွယ် (၄)နှင့်(၅)ကြား
ရွှေတောင်ကြား
(မီးပုံးပျံကွင်းအနီး)
တောင်ကြီးမြို့
📲0️⃣9️⃣4️⃣2️⃣0️⃣6️⃣6️⃣8️⃣6️⃣6️⃣2️⃣

ဆိုင်လာရာလမ်းညွှန် Video ကို
ယခု page နှင့် TikTok Acc တို့မှာ
Pin 📌 ထောက်ထားပါတယ်
Google Map ကနေလဲ Location ထောက်ပြီးလာလဲရပါတယ်ရှင်❤️‍🩹


#တောင်ကြီးမြို့ကိုရောက်ရင်
#ရှမ်းရိုးရာ
#တောင်ကြီးတန်ဆောင်တိုင်

15/10/2026

Feedback တွေ Review တွေဆိုတာ တကူးတက
သွားတောင်းစရာမလိုအောင် ကိုယ့်ကိုအားပေးတဲ့ Customer တွေက သူ့အလိုအလျောက်ပေးပြီးသားပါ
ဆိုင်ဖွင့်ရတဲ့ရည်ရွယ်ချက်လေး အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်လာပြီမို့ ဆက်ကြိုးစားပါ့မယ်ရှင့်💪

13/10/2026

Shan Queen ဆိုင်မှာ လာအားပေးရင်း
Royal Shan Queen Coffee အနံ့လေးကမွှေးလွန်းလို့တဲ့ ဆိုင်မှာလဲသောက် ပါဆယ်လဲဆွဲ အထုတ်တွေလဲဝယ်နဲ့
အားပေးသွားကြတာ ☕️☕️☕️
ကျေးဇူးတင်ပါတယ်ရှင့်🙏🤎

12/10/2026

ကြွပ်ကြွပ်ကြွပ်ကြွပ် ဝါး😋

ကိုယ့်ရှမ်းလူမျိုးတွေရဲ့ ရိုးရာအစားအစာ ဓလေ့ထုံတမ်းယဉ်ကျေးမှု ရှမ်းရိုးရာ အိုးစည်ဗုံမောင်း နှင့် ကိန္နရီ/ရာ ရိုးရာ ဓါးသို...
11/10/2026

ကိုယ့်ရှမ်းလူမျိုးတွေရဲ့ ရိုးရာအစားအစာ ဓလေ့ထုံတမ်း
ယဉ်ကျေးမှု ရှမ်းရိုးရာ အိုးစည်ဗုံမောင်း နှင့် ကိန္နရီ/ရာ ရိုးရာ ဓါးသိုင်းအက တွေသဘောကျနှစ်သက်ပြီး မှတ်တမ်းတင်ချင်တာကို Shan Queen ဆိုင်က
မေတ္တာဖြင့် ကူညီခွင့်ရတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြှောက်မိပါတယ် ကျေးဇူးတင်ပါတယ်ရှင်💚❤️

10/10/2026

လာရောက်အားပေးသွားတဲ့
ဧည့်သည်ရဲ့ Post ကို ပြန်တင်ထားတာပါ
#ၸူမ်းၼမ်ၼမ်ၶႃႈ

#တောင်ကြီးမြို့ကိုရောက်ရင်
#ရှမ်းရိုးရာ

09/10/2026

#သာလီစွပါ
#အဆိုတော်ညီမင်းခိုင်

#ရှမ်းရိုးရာ
#တောင်ကြီးမြို့

Address

No. 198 199 Bet; Lane 4 And 5. B Street Shwetaunggyar
Taunggyi
06011

Opening Hours

Monday 11:00 - 20:00
Tuesday 11:00 - 20:00
Wednesday 11:00 - 20:00
Thursday 11:00 - 20:00
Friday 11:00 - 20:00
Saturday 11:00 - 20:00
Sunday 09:00 - 20:00

Telephone

+959420668662

Website

Alerts

Be the first to know and let us send you an email when Shan Queen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Shan Queen:

Shortcuts

Share