MAY THIRI

MAY THIRI Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MAY THIRI, Restaurant, https://maps. app. goo. gl/S2gZngyGtfokYC77A, Tachileik.

ကောင်းမွန်တဲ့ လူတွေကို ဘယ်တော့မှ နှစ်ခါ ပြန်မရနိုင်ဘူးတဲ့။အသစ်အသစ်သော သူတွေနဲ့ ဆုံရင် ဆုံနိုင်တယ်။ကိုယ့်အပေါ် ကောင်းမွန်...
01/10/2024

ကောင်းမွန်တဲ့ လူတွေကို ဘယ်တော့မှ နှစ်ခါ ပြန်မရနိုင်ဘူးတဲ့။
အသစ်အသစ်သော သူတွေနဲ့ ဆုံရင် ဆုံနိုင်တယ်။
ကိုယ့်အပေါ် ကောင်းမွန်တဲ့ လူတွေကိုတော့ အစားထိုး ပြန်မရတော့ဘူး။
ဒီစကားကို အသက်ကြီးမှ နားလည်လာတယ်။ ငယ်ရွယ်တုန်း အချိန်တွေမှာတော့ ခွဲခွါမှုတွေအပေါ်ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲ့မိတယ်။ လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရခြင်းအပေါ်လည်း သိပ်ပြီး ခံစားပူဆွေးမနေတတ်ဘဲ တစ်ယောက်ထွက်သွားရင် တစ်ယောက် ဝင်လာမှာပေါ့လို့ တွေးခဲ့တာ။
တကယ်တော့ မဟုတ်ဘူး။
ကိုယ်ဆုံးရှုံးလိုက်ရတဲ့သူဟာ ကိုယ့်အတွက် သိပ်ကို ကောင်းတဲ့ လူတစ်ယောက် ဖြစ်နေတတ်တယ်။ သူ့ကို ဆုံးရှုံးပြီးနောက်ပိုင်းမှာ လူတွေအများကြီးနဲ့ ထပ်တွေ့နိုင်တယ်။ ကိုယ့်အပေါ်လည်း ကောင်းချင်ကောင်းနိုင်တယ်။ ဒါပေမဲ့လို့ မတူတော့ဘူး။ လူလည်းမတူတော့သလို၊ ခံစားချက်တွေလည်း မတူတော့ဘူး။
ကိုယ်ဘာပဲ လုပ်လုပ် အမြဲ ပြုံးပြီး ကြည့်နေတတ်သူ၊ ကိုယ်လိုအပ်ချိန်တိုင်းမှာ အမြဲ အနားမှာ ရှိနေပေးတဲ့သူ၊ ကိုယ့်ရဲ့ စိတ်အတက်အကျတိုင်းမှာ မညည်းမညူ ရှိနေပေးတတ်သူ၊ ပြိုလဲချိန်တိုင်းမှာ ဆွဲထူပေးတဲ့သူ... ဒီလိုမျိုး လူတွေဟာ နှစ်ခါပြန်ပြီး မရနိုင်တော့ဘူး။ အစားထိုးလို့လည်း မရဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ ဖြစ်တည်မှုလေးကိုက သူများနဲ့ မတူလို့ပဲ။
နောင်တတွေဆိုတာ နောင်မှ ရတာဆိုတဲ့ စကားကလည်း အမှန်ပဲ။ အဲဒါကြောင့် ကိုယ့်ဘဝမှာ ကောင်းတဲ့ လူတွေနဲ့ ဆုံစည်းရတဲ့အခါ တန်ဖိုးထားပါ။ ရှိနေတုန်းမှာ ချစ်ခင်ကြပါ။
လူကောင်းတွေဟာ နှစ်ခါပြန်မရဘူး မဟုတ်လား။

Address

Https://maps. App. Goo. Gl/S2gZngyGtfokYC77A
Tachileik

Opening Hours

Monday 07:00 - 15:00
Tuesday 07:00 - 15:00
Wednesday 07:00 - 15:00
Thursday 07:00 - 15:00
Friday 07:00 - 15:00
Saturday 07:00 - 15:00

Website

Alerts

Be the first to know and let us send you an email when MAY THIRI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category