22/09/2026
365 Space X Cafe မိသားစု၏ ကလေးငယ်များထံ သွားရောက်လှူဒါန်းခဲ့သည့် ကြည်နူးဖွယ် အမှတ်တရပုံရိပ်များ ✨
365 Space X Cafe မိသားစုမှ မိဘမဲ့ကလေးငယ်များထံ သွားရောက်ပြီး လိုအပ်သည့် ပစ္စည်းများနှင့် အာဟာရဒါနများကို မေတ္တာဖြင့် သွားရောက်လှူဒါန်းခဲ့သည့် အမှတ်တရ ပုံရိပ်လေးများကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဆိုင်ကို စဉ်ဆက်မပြတ် ဝင်ရောက်အားပေးကြတဲ့ ဧည့်သည်တော်ကြီးများ၏ အားပေးမှုမှတစ်ဆင့် အခုလို ကြည်နူးစရာ မေတ္တာအလှူလေးကို ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့ အပြစ်ကင်းစင်တဲ့ အပြုံးလေးများကို မြင်တွေ့ရသလို အားပေးကြသူ ဧည့်သည်တော်ကြီးများလည်း လှူဒါန်းသမျှ ထပ်တူကုသိုလ်ရပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း 365 Space X Cafe မိသားစုမှ မေတ္တာဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။ 🙏🤍