Aung Hlan Moe - Tea House

Aung Hlan Moe - Tea House Tea House

ကဆုန်လပြည့် - ဗုဒ္ဓနေ့ကဆုန်လပြည့်နေ့အကြောင်း🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့် ရက်မြတ်များ🙏🙏🙏🙏🙏🙏🙏🙏...
03/05/2023

ကဆုန်လပြည့် - ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့အကြောင်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

#ကဆုန်လပြည့်နေ့၏
ထူးခြားချက်များမှာ !

(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်
အညီ သုံးလောက ထွဋ်ထား
သဗ္ဗညု မြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့

#ဖွားမြင်တော်မူသောနေ့

#ဘုရားဖြစ်တော်မူသောနေ့

#ပရိနိဗ္ဗာန်စံတော်မူသောနေ့

ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့်၊

#ဤကဆုန်လပြည့်နေ့ ကို -

` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ! ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့
အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်
အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို
အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂ စေတီ ထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်း
လေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး
ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ်လာကို ခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ လ ရာသီ
ပွဲတော်များအနက်၊
ကဆုန်လ ၌ ညောင်ရေသွန်းပွဲ
တော်ကို ရိုးရာပွဲတော်အဖြစ်
အစဉ်အလာ သတ်မှတ်ခဲ့ကြ
ပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိ ဿဘုရားရှင်
၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရ
သော ကုသိုလ်ကြောင့် နတ်ပြည်၌
ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်း
အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌
ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိ ဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရား
ရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါ
မရှိခြင်း၊ သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရ
ပါသည်။

၉။ အထက်ပါအကြောင်းအရာများ
ကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်
သူတော်စင်များအနေဖြင့် နှစ်စဉ်
နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်
တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိ ဿစေတီ
တော်များကို အနေကဇာတင်
ဗုဒ္ဓအဘိသေက မင်္ဂလာသဘင်
ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူး
ကို ဆည်းပူးလေ့ ရှိကြပါသည်။

ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုများကို
ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို
အမှတ်တရ ဆင်နွှဲကြပါသည်။
======================================
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]
တစ်ဆင့်ပြန်လည်ကူးယူဖော်ပြ
ပါသည်။
#မူရင်းရေးသားသူအား လေးစားစွာဖြင့် credit ပေးပါသည်။
🌹🙏🌹🙏🌹🙏🌹🙏🌹🙏🌹

🔰 နှစ်သစ်ဆုတောင်း 🔰ငါသည် သူတစ်ပါး ပျက်စီးအောင် လုပ်တတ်သူ မဖြစ်စေရ၊(ထိုသူများနှင့်လည်း မတွေ့ဆုံလိုရပါ)သူတစ်ပါး၏ ကြီးပွားမ...
17/04/2023

🔰 နှစ်သစ်ဆုတောင်း 🔰
ငါသည်
သူတစ်ပါး ပျက်စီးအောင် လုပ်တတ်သူ မဖြစ်စေရ၊
(ထိုသူများနှင့်လည်း မတွေ့ဆုံလိုရပါ)
သူတစ်ပါး၏ ကြီးပွားမှုကိုသာ လိုလားသူဖြစ်ရပါလို၏။

ငါသည်
သူတစ်ပါး၏ အောင်မြင်မှုကို မနာလိုမဖြစ်စေရ၊
(ထိုသူမ‌များနှင့်လည်း မတွေ့ဆုံလိုရပါ)
ဝမ်းသာနိုင်သူသာ ဖြစ်စေရမည်။

ငါသည်
လူအများကို လှည့်စားဟန်ဆောင်တတ်သူ မဖြစ်စေရ၊
(ထိုသူများနှင့်လည်း မတွေ့ဆုံလိုရပါ)
ဟန်ဆောင်မှုကင်း ရိုးသားပွင့်လင်းသူသာ ဖြစ်စေရမည်။

#ကျေးဇူးတော်ရှင်ပါမောက္ခချူပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ
#မေတ္တာဖြင့်ပြန်လည်စုစည်းမျှဝေခြင်းဖြစ်ပါသည်

အတွေးမှန်အယူမှန်ပြီး လောကအကျိုးသာသနာအကျိုးနိုင်ငံအကျိုးကို ရှေ့ရူပြီး အလုပ်အကိုင် အခွင့်အလမ်း အသိဉာဏ်ပညာများကို ဆထက်ထမ်း...
01/01/2023

အတွေးမှန်အယူမှန်ပြီး လောကအကျိုးသာသနာအကျိုးနိုင်ငံအကျိုးကို ရှေ့ရူပြီး အလုပ်အကိုင် အခွင့်အလမ်း အသိဉာဏ်ပညာများကို ဆထက်ထမ်းပိုးဖြည့်ဆည်းနိုင်ကြပါစေ...အမိမြန်မာပြည်ကြီးလဲ အမြန်အေးချမ်းပါစေ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်🙏🙏🙏

 #ကိုဗစ်မျိုးကွဲOmicron BA.4 / BA.5နဲ့ စဖြစ်လာတာတွေနဲ့ လက်ရှိဆေးရုံဆေးခန်းများရှိ ဖျားနာကုသအတွေ့အကြုံ ဒိီဖက်နိုင်ငံက ကျန...
13/07/2022

#ကိုဗစ်မျိုးကွဲOmicron BA.4 / BA.5နဲ့ စဖြစ်လာတာတွေနဲ့ လက်ရှိဆေးရုံဆေးခန်းများရှိ ဖျားနာကုသအတွေ့အကြုံ

ဒိီဖက်နိုင်ငံက ကျနော်တို့လက်ရှိအလုပ်လုပ်နေတဲ့ ဆေးရုံကို အရေးပေါ်/ပြင်ပလူနာတွေအနေနဲ့ ကိုဗစ်သံသယလူနာတွေ ရှေ့လ Juneလကုန်ကတည်းက ဆက်တိုက်လာနေတာ၊

အဲဒါနဲ့ Fever Clinic/ Suspect Cornerဆိုပြီး အရေးပေါ်အဝင်ဘေးနားမှာ ဖျားနာသူတွေကြည့်ဖို့ သီးသန့်နေရာလုပ်ပြီး ခွဲထုတ်ပစ်လိုက်ရတဲ့အထိ တဖြေးဖြေးများလာတယ်

ကျနော်တို့ထိုင်တဲ့ အခန်းဘေးကပ်လျက်မှာပဲ ပိုးရှိမရှိစစ်ဖို့ နှာခေါင်းတို့ဖတ်ယူတဲ့ Swab roomလုပ်ချလိုက်တော့ နေရင်းထိုင်ရင်း ရှေ့တန်းရောက်သွားတာပဲ၊ သိပ်မကြာလိုက်ပါဘူး၊ ဆေးရုံက ဆရာဝန်တွေ ဝန်ထမ်းတွေ အခုဆို ကူးကုန်ပြီ

လဆန်းကတည်းက ဆေးရုံမှာ တစ်ရက်ကို သံသယလူနာ သုံးလေးငါးဆယ် တွေ့ရတယ်၊ စစ်လိုက်ရင် အနည်းဆုံး တစ်ဝက်ကျော်က Positive ထွက်လာတာပဲ၊ BA.4/ BA.5စပြီး Dominant ဖြစ်ကတည်းက PCR False Negativeနဲ့ Symptomatic caseတွေ အများကြီးရှိတယ်၊ လက်ရှိ US UK EU Mid East Asia အကုန်လုံးမှာ BA.4/5 ရောက်နေပြီ

PCRစစ်လို့ Positiveဆိုပြီး ပိုးတွေ့ရင် ကိုယ်အိမ်ကိုယ်ယာနဲ့ လူနာတွေဆို Vital sign monitor လုပ်နည်းနဲ့ တခြားအရေးကြီးတာတွေ သင်ပေးပြီး Home Quarantineပေးတယ်၊ အိမ်မှာတခုခုဆိုရင် ဖုန်းဆက်မေးလို့ အကူညီတောင်းလို့ရတဲ့ Helplineတွေ Call centerတွေ ချိတ်ပေးလိုက်တယ်

လူတွေအများကြီးစုနေသူ Laborဝန်ထမ်းလိုမျိုးတွေမှာ Pဖြစ်တယ်ဆိုရင်တော့ Quarantine Campတွေဆီကို ပို့ပေးလို့ရတယ်၊ အနည်းဆုံး စဖြစ်တဲ့ရက်ကနေ တစ်ပတ်နေရတယ်၊ Day 6မှာ PCRထပ်စစ်ပေးတယ်၊ Negative ဆို ပြန်လွှတ်တယ်၊ ဆေးလည်းပေးတယ်၊ အစားအသောက်ရောပေါ့၊ အဲဒီမှာထားရင်း အခြေအနေဆိုးလာရင် Covid Treatment Centerတွေ ဆေးရုံတွေမှာ ကုသဖို့ တဆင့်ပြန်ပို့ပေးတယ်

ာတွေဖြစ်လဲဆိုတော်တော်ခံရတယ်၊ Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအ‌နေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ

Day 0 - ကူးစက်ခံရတယ်ဆိုပါတော့

Day 1 - မှာ ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်

Day 2 - တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊ ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်

Day 3 - လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊ ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်

Day 4 - နှာစစီးလာမယ်၊ နှာ‌ရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊ တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ

Day 5 - နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်

Day 6 - တော်ရုံခုခံအားရှိသူတွေက ဒီနေ့မှာ စသက်သာလာမယ်၊ တချို့တွေမှာ PCR Negative ပြန်ပြနိုင်ပေးမဲ့ အစားမစားနိုင်သူ ကိုယ်ခံအားနည်းသူတွေအတွက် ဆက်တိုက်ပွဲဝင်ရပါဦးမယ်၊ ချွဲကြပ်တဲ့ဒဏ်နဲ့အတူ အအေးမိပြီး အဆုတ်ထပ်မရောင်အောင် ဂရုစိုက်ပေးမှ စိတ်ချရပါ့မယ်

Day 7 - ရောက်တာကိုမှ အပေါ်ကလက္ခဏာတွေ ဆိုးဆိုးဝါးဝါးဆက်ခံစားနေရသေးရင် သို့ Swab test Positive ပြနေသေးရင် သို့ အောက်စီဂျင် စကျလာရင်တော့ နီးစပ်ရာ ဆရာဝန်၊ ဆေးရုံဆေးခန်းမှ လိုအပ်‌သည့် အကူအညီ အမြန်ဆုံးရယူဖို့လိုပါတယ်၊ Omicronအစကလို မပေါ့ကြပါနဲ့

တစ်ယောက်တစ်လေမဟုတ်ပဲ လက်ရှိကိုဗစ်ကူးစက်ခံရသည့် လူနာတော်တော်များများမှာ အထက်ပါလက္ခဏာအများစုကို ပြင်းပြင်းထန်ထန်ခံစားရပါတယ်

ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊

Vit C , D, Zinc အစရှိတာတွေနဲ့အတူ အရေးကြီးဆုံးက
ORS ခေါ် လူကြီးတိုင်း ကလေးတိုင်းအတွက်ဓါတ်ဆားပါပဲ၊ သောက်ချင်ချင် မသောက်ချင်ချင် တစ်ရက်ကို 1 to 2 Liter လောက် သောက်လိုက်ပါ၊ ဒီလိုအိမ်မှာ ဆောင်ထားလို့ရသည့် တော်ရုံဆေးတွေနဲ့ မသက်သာရင်တော့ ဆေးခန်းပြပါခင်ဗျာ

ဆီးချိုသမားတွေ အချိုဓါတ် နေ့စဉ်စစ်ကြည့်သင့်သလို သွေးတိုးနှလုံးသမားတွေက သွေးတိုင်းနှလုံးခုန်သတိထားသင့်ပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ဖြစ်ပျက်ပုံချင်း မတူညီနိုင်သည့်အတွက် အိမ်မှာနေရင်း မိမိအခြေအနေကို အားမရဘူးဆို ဆရာဝန်တစ်ယောက်‌ယောက်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး ကျန်းမာရေးအကြံဉာဏ် အကူအညီရယူတာကတော့ စိတ်ချရဆုံး အကောင်းဆုံးပါပဲလို့ နှိုးဆော်ပါရစေ

and respect to bro
Dr. Hadee Maung © July 2022

2021 ခုနှစ်ကုန်ဆုံးပြီး 2022ခုနှစ်ကိုရောက်ရှိတော့မဲ့အချိန်အခါသမယလေးမှာ နှစ်ဟောင်းကကြုံတွေ့ခဲ့ရတဲ့ အကြောင်းအကျိုး၊ အကောင်...
31/12/2021

2021 ခုနှစ်ကုန်ဆုံးပြီး 2022ခုနှစ်ကိုရောက်ရှိတော့မဲ့အချိန်အခါသမယလေးမှာ နှစ်ဟောင်းကကြုံတွေ့ခဲ့ရတဲ့ အကြောင်းအကျိုး၊ အကောင်းအ‌ဆိုးတွေကို ဘဝရဲ့လောကဓံလှိုင်းလုံးအောက်မှာ အကြိမ်ကြိမ်ကြိုးစားရုန်းထနိုင်ခဲ့ကြပြီဖြစ်တဲ့အတွက် အခုလာမဲ့ 2022 ခုနှစ်အတွက် 2021 ခုနှစ်ရဲ့အတွေ့အကြုံများစွာကို အပြန်ပြန်အလှန်လှန်ဆင်ခြင်သုံးသပ်ပြီး 2022ခုနှစ်မှာ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုပွင့်လန်းအောင်ဆောင်ရွက်နိုင်ပါစေရန်နှင့် စိတ္တသုခ ကာယသုခအားလုံးပြီးပြည့်စုံတဲ့ 2022 ခုနှစ်ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙏🙏🙏

#နှစ်ဦးဆုတောင်း

25/12/2021
24/12/2021

မေး။ ။ အသက်က ၂၅ပါ

ပေါင်ချိန်၁၂၀ပါ
ဆီဝမ်းမှန် အိပ်ချိန်မှန်ပါတယ်။
အရင်ကအလုပ်ကြောင့် ကွန်ပျူတာသုံးတာ၊ဖုန်းကြည့်တာများခဲ့ပါတယ်။

ဖြစ်နေတဲ့ရောဂါက

ဦးခေါင်းက အမြဲ တစ်ခေါင်းလုံးခဲနေတယ် နောက်စေ့နားက ပိတ်စို့စို့လိုဖြစိပြီး အကြောကအောင့်တယ်
လည်းပင်းအကြောတွေကလည်းအောင့်တယ် လည်ပင်းရိုးလည်းနာတယ်

ရောဂါဖြစ်တာက ၁နှစ်ရှိပါပြီ
ဦးနှောက်နဲ့အာရုံကြော သမားတော်တွေနဲ့လည်းပြပါတယ် ဦးခေါင်းct ရိုက်တယိ လည်ပင်းctတော့မရိုက်လိုက်ရဘူး သွားပြတော့
စစ်သင့်တာစစ်ပါတယ်
ဒါမယ့် ဘာမှ မရှိပါဘူး အကုန်ကောင်းပါတယ် အာရုံကြောအားနည်းတာ ပါ ဆိုပြီး အာရုံကြောအားဆေးတွေပဲ ပေးပါတယ်
မျက်စိက ကြည့်မကောင်းဘူးဆရာ
ပါဝါ လည်း စစ်ကြည့်တယိ အဝေး၂၅ပဲ ဆရာ
မသက်သာပါဘူး ဆရာ နေ့တိုင်းဝေဒနါခံစားနေရပါတယ်
ကျွန်တော်ဘာလုပ်သင့်လဲဆရာ

ယခင်ကတော့ ရင်ဖတ်အောင့်ဖူးတယ်ဆရာ အဲတုံးက လည်းတော်တော်များစစ်တာပဲ အကုန်ကောင်းတယိ
ဝေဒနါက မပျောက်ဘူးဆရာ
နောက်မှ အားကစားလုပ်ဘာလုပ်နဲ့ နည်းနည်းသက်သာသွားတာ

ယခုလောလောဆယ်တော့ ဆေးခန်းမပြဖြစ်ဘူးဆရာ

သောက်တဲ့ဆေးလည်းမရှိပါဘူးဆရာ။
သင့်တော်မဲ့ ဆေးနည်းများညွှန်ကြားပေးပါဆရာ။

----------------------------------

ဖြေ။ ။ခေါင်းကိုက် ဖုန်းကြည့်များသူ

ဖုန်းကထွက်တဲ့ရောင်ခြည်တွေကြောင့်ဖြစ်တာပါ။
မသုံးပဲမနေနိုင်ရင် နေကာမျက်မှန်တတ်သုံးပါ။
တစ်ခါတရံမှာ အစာမစားပဲဖုန်းသုံးရင်လည်း အစာအိမ်ကပူပြီး နောက်ဆက်တွဲမှာ ခေါင်းကိုက်လာတတ်ပါတယ်။
အစားစားပြီးမှ ဖုန်းသုံးတာပိုကောင်းပါတယ်။
ခေါင်းကိုက်တာက တစ်ခါတရဲမှာ စိတ်ကြောင့်လည်းဖြစ်တတ်ပါတယ်။
အိပ်ရေးမဝသူများ ၊ အိပ်ယာထနောက်ကျသူများမှာလည်း ခေါင်းကိုက်ဝေဒနာဝင်လာတတ်ပါတယ်။
အစာကြေခဲတဲ့ အကြော်အလှော်၊ ကောက်ညှင်း၊ ဆန်စေး အစားများတဲ့သူများမှာလည်း ကြာရင်ခေါင်းကိုက်ဝေဒနာ ဖြစ်လာတတ်ပါတယ်။
အထက်ပါအချက်အလက်များကနေ မိမိဘာကြောင့်ခေါင်းကိုက်တယ်ဆိုတာ လေ့လာကြည့်ပါ။
ရှောင်ကြဥ်သင့်တာကိုရှောင်ကြဥ်ပါ။
ခေါင်းကိုက်ချိန်မှာ
အလွယ်နည်းကတော့၊ ချင်းတက်ကိုရေဆေး ပါးပါးလှီး နထင်နှစ်ဘက်မှာ ကပ်ထားပါ။
ခေါင်းကိုက်ပြီးဖျားချင်သလိုပါဖြစ်နေရင်.. ဒန့်သလွန်ရွက်ရှာပါ ရေဆေးပြီး အရွက်ကိုချေပြီး အရည်တစ်စက်နှစ်စက်ညှစ်ချ မျက်စဥ်းခပ်ပေးပါ။ အနည်းငယ်စပ်သည်။ မျက်ရည်ပူများကျလာပါလိမ့်မည်။ ခေါင်းကိုက်လည်းချက်ချင်းသက်သာသွားတာတွေ့ရဘူးပါသည်။
တိုင်းရင်းဆေးဝယ်ရရင်တော့
တိုင်းရင်းဆေးအမှတ်
(၄၃) အကင်းဆယ်ပါးဆေးမှုန့်ဝယ်
စက္ကူနဲ့လိပ်ပြီး မီးရှို့ ထွက်လာတဲ့အငွေ့ကိုရှူပေးပါ။ ခေါင်းကိုက် နှာစေး ဖျားချင်တာတွေအကုန်သက်သာပါတယ်။

ကြည်လွင်မြင့်(မုဒြာ)

21/12/2021

ကယ်လိုရီပါဝင်မှု နည်းပြီး အမျှင်ဓာတ်နှင့် အင်တီအောက်ဆီဒင့် ကြွယ်ဝစွာ ပါဝင်သော ပန်းသီးကို တစ်နေ့တစ်လုံး နေ့စဉ် ပုံမှန်စားပေးပါ။ အနီရောင်ရင့်ရင့်၊ ခပ်ချဉ်ချဉ်၊ ခပ်ကျစ်ကျစ် ပန်းသီးကိုသာ ရွေးချယ်ဝယ်ယူ စားသုံးပါ။ ပန်းသီးမစားမီ ရေဖြင့် သေချာဆေးကြောပြီး အလုံးလိုက် အခွံပါ ဝါးစားပါ။ ပန်းသီးသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာရောဂါတို့ကို ကာကွယ်၊ ကုသရာတွင် အသုံးဝင်ရုံသာမက ပန်းနာရင်ကျပ်ရောဂါ၊ ယားယံခြင်းနှင့် ရောင်ရမ်းခြင်း ဝေဒနာများကိုလည်း လျောနည်းသက်သာစေသောကြောင့် ကျန်းမာရေးအတွက် များစွာ အထောက်အကူ ပြုပါသည်။

ပန်းသီးအခွံတွင် ဆေးဖက်ဝင် ဓာတ်ပစ္စည်းများဖြစ်သည့် ဖလေဗိုနွိုက်များ၊ ကယ်ရိုတီနွိုက်များ အဓိက ပါဝင်ပါသည်။ အခွံခွာပြီးစားလျှင် ဆေးဖက်ဝင်အာနိသင်များ ရရှိမည် မဟုတ်ပါ။ ထို့ကြောင့် အခွံကို ရေဖြင့် သေချာစွာဆေးကြောပြီး စားရပါမည်။

သဘာဝပန်းသီးအခွံကို ဖယောင်းလွှာ (Cuticle) နှင့် အုပ်ထားသောကြောင့် ပိုးသတ်ဆေးအကြွင်းအကျန်များသည် ရေဖြင့်ဆေးလျှင် အလွယ်တကူ ပါသွားနိုင်သော်လည်း ပန်းသီးတွင် အနာအဆာနှင့် ဓားရှရာများ ရှိနေမည်ဆိုလျှင် ပိုးသတ်ဆေးများ အတွင်းထိ ဝင်ရောက်သွားနိုင်သောကြောင့် မစားသုံးသင့်ပါ။

ပန်းသီးတွင် ကျန်းမာရေး အကျိုးကျေးဇူးများ ရှိသကဲ့သို့ ဆိုးကျိုးလည်း ရှိပါသည်။ အန္တရာယ်ရှိသော အပိုင်းမှာ ပန်းသီးအစေ့ ဖြစ်သည်။ ပန်းသီးအစေ့တွင် အဆိပ်တစ်မျိုးဖြစ်သည့် ဆိုင်ယာနိုဂျန်းနစ် ဂလိုင်ကိုဆိုက် (Cyanogenic glycoside) များကြွယ်ဝစွာ ပါဝင်ပါသည်။ ထို့ကြောင့် အမှတ်တမဲ့ ပါးစပ်ထဲ မဝင်စေရန် ဂရုပြုရပါမည်။ ပန်းသီးအစေ့ကို များများစားမိပါက ဆိုင်ယာနိုက် (Cyanide) အဆိပ်သင့်ပြီး သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပန်းသီးစားလျှင် အစေ့ကို မစားမိစေရန် ဂရုပြု၍ စားသုံးသင့်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "သစ်သီးများနှင့် ကျန်းမာရေး" စာအုပ်၊ အခန်း (၁) ပန်းသီး မှ ထုတ်နုတ်ဖော်ပြသည်။

👉https://t.me/famepharmaceuticals
👉https://t.me/famepharma

18/12/2021

ဦးဆောင်သူများ သဘောပေါက်ရန် .....
ကျဆုံးလေပြီးသော စွန့်ဦးတီထွင်တို့၏အမှားများ,

၁။ ဦးနာအောက်
ကျောင်းစာသင်ဘူးသူတိုင်း သိတယ်။
သင်္ဘောပြေးဆွဲရေးမှာ အင်္ဂလိပ်ကုမ္ပဏီတွေနဲ့ ပြိုင်တယ်။
သင်္ဘောစီးခကို အပြိုင်အဆိုင်လျှော့တယ်။
အလကားတင်ပေးတယ်။ လက်ဆောင်ပါ ပေးတယ်။
ဦးနာအောက်ရဲ့ အမျိုးသားစိတ်ဓာတ်ကို လေးစားပေမယ့် ခရီးသည်တွေကို အမျိုးသားရေးချမပြနိုင်ဘူး။
ခရီးသည်က သာရာ ကပ်တယ်။နောက်တော့ အင်အားတောင့်တင်းတဲ့ ကုမ္ပဏီတွေကို မယှဉ်နိုင်တော့ပဲ ပြိုင်ဘက်ဆီ လုပ်ငန်းလွှဲရောင်းလိုက်ရတယ်။

* ဘာတွေ ရလိုက်သလဲ?
---------------------
စျေးကွက်မှာအပြိုင်အဆိုင်လျှော့ရောင်းခြင်းသည်
ရေရှည် မအောင်မြင်နိုင်။

" အင်အားကြီးပြိုင်ဘက်ကို ထိပ်တိုက် မပြိုင်ပါနဲ့ "

Dont Break The Wall With Your Head-
--------------------------

၂။ မိုက်ကယ်ဂျက်ဆင်

ကမ္ဘာကျော် အဆိုတော် ၊ ခရီးသွားရင် လေယာဉ်သုံးစီး ၊
Bodyguard တွေနဲ့ ပွဲတစ်ပွဲ ဆိုပြီးရင်
ဒေါ်လာသန်းချီရတယ်။ ဘာကိုမှ မူစရာ မလို။
စိတ်ကြိုက် သုံးနိုင်တယ်။
ကမ္ဘာပတ်နိုင်ခဲ့တယ်။
နောက်တော့ ကုမ္ပဏီစာရင်းတွေ ဘဏ်စာရင်းတွေ ရှုပ်လာပြီး
ဒေဝါလီ ခံလိုက်ရတယ်။
သုံးမကုန်တဲ့ ငွေတွေ ဘယ်ရောက်သွားသလဲ။

* ဘာတွေ ရလိုက်လဲ?
----------------
စာရင်းဇယား မနိုင်သူ ၊ စာရင်းဇယားမရှိသူဟာ
ဘယ်လောက် အောင်မြင်သော်လည်း ကျရှုံးရတတ်တယ်။

" အသေးအဖွဲစာရင်းကအစ ဂရုစိုက်ပါ "

Make A Full By Drop By Drop!

-----------------------------

၃။ ဒေဝူး

မြန်မာတွေ တော်တော် သိလိုက်တယ်။
ဒေဝူးကိုရီးယားကုမ္ပဏီ ၊ အောက်ခြေက စကြိုးစားလိုက်တာ
ချေးဘိုလ်းလို့ ခေါ်တဲ့ လုပ်ငန်းစုံကုမ္ပဏီကြီးဖြစ်လာပြီး
စျေးကွက်ကို ရနိုင်သမျှ ချဲ့တယ်။
သင်္ဘောထုတ်လုပ်ရေးကနေ လျှပ်စစ်ပစ္စည်း၊ စပို့ရှပ်အထိ
အကုန်ထုတ်တယ်။ နောက်တော့ ပြိုလဲသွားတယ်။
လုပ်ငန်းကို အဆမတန်တိုးချဲ့ ကြိုးစားသော်လည်း
မိုးပျံပူပေါင်းလေမှုတ်သလို ကြီးလာပေမယ့်
တစ်နေရာမှာ ပေါက်တာနဲ့ ကျရှုံးတာပဲ။

* ဘာတွေ ရလိုက်လဲ?
-------------------
လုပ်ငန်းကို မနိုင်ပဲ အလောတကြီး မတိုးချဲ့ပါနဲ့။

" စားနိုင်သလောက်သာ မျိုပါ "
Bigger Is Danger!


အသိ သတိမျှဝေသည်
original writer

10/12/2021

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးသည် (၉-၁၂-၂၀၂၁) ရက်နေ့၊ နံနက် (၀၆:၀၀) နာရီအချိန်အထိ နိုင်ငံပေါင်း (၅၆) နိုင်ငံတို့တွင် ပျံ့နှံ့လျက်ရှိကြောင်းသိရှိရပြီး အာဖရိကနိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဩစတြေးလျနိုင်ငံ အစရှိသည် တို့တွင် အတည်ပြုတွေ့ရှိရပြီး ဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံများ ဖြစ်သော အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ ဒေသတွင်းနိုင်ငံများဖြစ်သော မလေးရှား နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ နီပေါနိုင်ငံနှင့် မော်လဒိုက်နိုင်ငံတို့တွင်လည်း တွေ့ရှိ ကြောင်း သိရှိရပါသည်။

Address

Sagaing

Telephone

+959444020599

Website

Alerts

Be the first to know and let us send you an email when Aung Hlan Moe - Tea House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Aung Hlan Moe - Tea House:

Share

Category