13/05/2026
တကယ်ကို ခွန်အားဖြစ်ခဲ့ရသော Pageပါ
Noodle House ဆိုင်လေး ဖွင့်ဖို့ အရမ်းကို ကြိုးစားခဲ့ရပါတယ်💪💪💪💪💪
Social မကျွမ်းကျင်သော ကျွန်မအနေနဲ့ ဒီမောင်လေးရဲ့ ကူညီမူနဲ့
ကျွန်မတို့ Oppa Noodle House ဟာအခုဆိုရင် 2နှစ်တာ
ကာလကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ သူကို ယုံကြည်ခဲ့တာအတွက်
အခုချိန်မှာ Oppa Noodle House ဆိုင်လေးက အခုချိန်
ရောင်းအားမကျဘဲ Customer စိတ်တိုင်းကျ နေသော ဆိုင်လေး အဖြစ်တည်ရှိခဲ့တာပါ CFC page နဲ့ အခုလို ကိုယ်ပိုင် ရပ်တည်တော့မယ်ဆိုတော့ အတိုင်းမသိ ဝမ်းသာမိပါတယ် မောင်လေးရေ congratulations ပါ👏👏👏🎉🎉🎉🎊🎊🎊
ပြောဖို့မေ့သွားလို့ content service လိုချင်ရင်လည်း ဒီမောင်လေးဆီမှာ ရပါတယ်နော်
အရှိန်ပြင်းပြင်းနဲ့ပြေးနေတာထပ်စာရင် အချိန်ဘယ်လောက်ကြာပါစေ မဆုတ်မနှစ်ကြိုးစားနေပါ ကြိုးစားခြင်းတွေကိုမရပ်တန့်ပါနဲ့
လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျတော်
OPPA Noodle House page လေးမှာ မတောက်တစ်ခေါက်လေး content တွေရေးပေးဖြစ်ခဲ့ပါတယ် ။ ပြည်ကသူတွေဆိုရင်တော့ အိုပါး ကိုသိကြလိမ့်မယ်ထင်ပါတယ် ။ ခေါက်ဆွဲပြုတ် မျိုးစုံရတဲ့အပြင်ကိုမှ တခြား Menu တွေလည်းအများကြီးရှိပါတယ် ။ အဲ့ဒီတုန်းက ကျတော် ဘာသင်တန်းမှတက်မထားပါဘူး ။ content ဆိုတာ social media က တက်လာတဲ့စာတိုအနည်းငယ်နဲ့ video အနည်းငယ်ကိုသာကြည့်ပြီး content ဆိုတာဘာမှန်း ရေရေရာရာ မသိဘဲ တောင်ရေးမြောက်ရေးနဲ့ Page လေးက တစ်နှစ်အတွင်းမှာ Follower 1.1k ရရှိခဲ့ပါတယ် ။
ကျတော့်ရဲ့ skill ကို testing လုပ်ကြည့်တဲ့အနေနဲ့ အဲ့ဒီ Page လေးမှာ content အနည်းငယ်ရေးပြီး page လေးကို engagement ဖြစ်အောင် run ပေးဖြစ်ခဲ့ပါတယ် ။ ကျတော်ဟာ တကယ်ဘဲ content ကိုစိတ်ဝင်စားတာလား ဆိုတာကို testing လုပ်ကြည့်တော့ ကျတော့်အတွက်သေချာတဲ့ result ထွက်ခဲ့တာကြောင့် SFUX က ဖွင့်တဲ့ Content Writing 101 Class ကို join ဖြစ်ခဲ့တာပေါ့လေ ။ နောင်မှာလည်း skill development ဖြစ်ဖို့ content နဲ့ပတ်သတ်တဲ့ class တွေကို ထပ်ပြီး တက်ဖို့ရှိပါတယ် ။ ဘာမှမတတ်သေးတဲ့လူတစ်ယောက်ကို အစမ်းသပ်ခံသဘောမျိုးနဲ့ page လေးကို အပ်ထားတဲ့ အမကိုကျေးဇူးတင်ပါတယ် ။ ဒီနေ့ ဒီလိုမျိုးသင်တန်းတက် သင်တန်းကစစ်တဲ့ စာမေးပွဲအောင်ပြီး certificate ရအောင် စိတ်ဓါတ်ခွန်အားပေးခဲ့တာကလည်း အမပါဘဲ ။
" ငါ့ page ကိုတောင် နင်သေချာ run နိုင်တာ Personal Branding ထောင်ကြည့်ပါလား နင်က communication ကောင်းပါတယ် "
ဆိုပြီး တိုက်တွန်း လှုံ့ဆော်ပေးမှုတွေကြောင့် ကျတော်ဒီလိုမျိုးဖြစ်လာခဲ့တာပါ ။ အမရေ ကျတော် တကယ်လုပ်နိုင်ခဲ့ပါပြီပေါ့ ။ အခုချိန်ထိ mental ပိုင်းရော physical ပိုင်းရော အဖက်ဖက်ကနေ caring လုပ်ပေးခဲ့တာတွေ အတွက်လည်းတကယ် ကျေးဇူးတင်ပါတယ် ။
လူဆိုတာ တစ်နေရာတည်းမှာ ရပ်တန့်နေမှာမဟုတ်ပါဘူး ။ အလုပ်မျိုးစုံကို Challange လုပ်ကြည့်ရတာ ကျတော့်ရဲ့ ဝါသနာမလို့ customer service အနေနဲ့ CMHL မှာ တစ်နှစ်ကျော် လုပ်ခဲ့ပြီး နောက် ၂ နှစ်ကြာတော့ YKKO မှာ ကျတော် waiter ဝင်လုပ်ခဲ့ပါတယ် ။ အလုပ်နှစ်ခုကရရှိခဲ့တဲ့ experience က ကျတော့်အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ knowledge box တစ်ခုပါဘဲ ။ အခုလည်း ကျတော် content writer အလုပ်ကို challange လုပ်ပြီး စလုပ်ပါတော့မယ်ဆိုတာ announce လုပ်ပါတယ်ပေါ့ ။
အခုလောလောဆယ်မှာတော့ ကျတော် Electronic Communication Engineering (EC) Major နဲ့ ကျောင်းတက်နေပါတယ် ။ ကျောင်းပြီးရင်အလုပ် ဝင်မဲ့ Professional Field က Engineering ဖြစ်ပြီး Content ကိုတော့ ကျတော့်ရဲ့ Personal Field အနေနဲ့ dual work လုပ်မယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် Challange ခေါ်ကာ ကျတော် Page လေးတစ်ခုထောင်လိုက်ပါတယ် ။ နာမည်ကိုတော့ CFC - Creative Friendly Content လို့ပေးထားပါတယ် ။ KFC နဲ့တော့ မမှားနဲ့အုန်းပေါ့ ။ KFC ကိုသွားရင် ကြက်ကြော်စားရပင်မယ့် ကျတော့်ဆီလာရင်တော့ Content တွေပဲစားရပါမယ် ။ စတာပါဗျာ Content တွေရမယ်ပြောတာ ။
ဒီတော့ ကျတော့်ဆီမှာ content နဲ့ ပတ်သတ်ပြီး service အပ်ချင်ရင် Briefing ယူပြီး စိတ်တိုင်းကျအပ်နှံလို့ရပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ ။ service မအပ်ဖြစ်ဘူးဆိုရင်တောင် ဗဟုသုတ ရစေမဲ့ content လေးတွေကို တင်ပေးမှာမို့ ကျတော့်ရဲ့ CFC page လေးကို Follow ခြင်းဖြင့် support ပေးခဲ့ပါအုန်းဗျာ ။ Follow ထားတဲ့လူတွေကို Giveaway ပေးဖို့လည်း စီစဥ်ထားပါတယ် ။
Cfc.
CFC - Creative Friendly Content