Housewife

Housewife Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Housewife, Food stall, Pyay.

ကြာဇံချက်နည်း အလွယ်နည်းရှိတာလေးနဲ့ အလွယ်ချက်နည်းလေးပါ🍲🍲🍲ပြုလုပ်နည်းပုံအောက်မှာပါပါတယ်👇👇👇ပါ၀င်ပစ္စည်းများ ကြက်သားကြက်သွန်...
24/02/2025

ကြာဇံချက်နည်း အလွယ်နည်း

ရှိတာလေးနဲ့ အလွယ်ချက်နည်းလေးပါ🍲🍲🍲
ပြုလုပ်နည်းပုံအောက်မှာပါပါတယ်👇👇👇

ပါ၀င်ပစ္စည်းများ

ကြက်သား
ကြက်သွန်နီ
ကြက်သွန်ဖြူ
ဂျင်း
မိုကြွက်နားရွက်
ပဲပြား
ငုံးဥ
ကြာဇံ
ဆား
ဟင်းခတ်မှုန့်
ပဲငံပျာရည်
အရောင်တင်မှုန့်
နနွင်းမှုန့်
ငရုတ်ကောင်းမှုန့်

#ဟင်းချက်နည်း
san myint htay

အသီးအနှံလေးတွေစားပြီးဝိတ်ချချင်တဲ့သူများအတွက်     #ဝိတ်ကျအဆီကျလှပစေဖို့
07/09/2022

အသီးအနှံလေးတွေစားပြီးဝိတ်ချချင်တဲ့သူများအတွက်




#ဝိတ်ကျအဆီကျလှပစေဖို့

ဒီညနေ ကြက်သားဆီချက်ခေါက်ဆွဲပါကြက်သား ၁၅ ကျပ်သားအသားသက်သက်တုံးထားတာကိုသန့်စင်ရေဆေးပြီးအိုးတလုံးမှာထည့်ရေမြုပ်အောင်ထည့်ပြီ...
06/09/2022

ဒီညနေ ကြက်သားဆီချက်
ခေါက်ဆွဲပါ
ကြက်သား ၁၅ ကျပ်သား
အသားသက်သက်တုံးထားတာကိုသန့်စင်ရေဆေးပြီးအိုးတလုံးမှာထည့်ရေမြုပ်အောင်
ထည့်ပြီးချင်းထူထူသုံးပြား
ကြက်သွန်ဖြူဥ တလုံး ဆားအချိုမှုန့်
နဲနဲထည့်ပြီးနူးအောင်ပြုတ်ပါ ကြက်သားပြုတ်ထားတာရရင်အတုံးသေးသေးလှီးပြီးပန်းကန်တခုမှာထည့်ပါ
အိုးထဲကိုရေနဲနဲထပ်ထည့်ပြီးဟင်းချိုရည်တည်ထားပါ
မြန်မာကြက်သွန်ဖြူဥသေးကိုနွှာပြီးစင်းလှီးကာဆီချက်
ချက်ထားပါ ကြက်အဆီနှင့်ဆီချက် ချက်တာမကြိုက်လို့
မချက်ပါဘူး
အိမ်မှာစိုက်ထားတဲ့ကြက်သွန်မိတ်ကိုပဲဖြတ်ပြီးရေဆေးပြီးလှီးထားပါတယ်
အိုးတလုံးမှာရေများများ
ထည့်ပြီဆူအောင်တည်ပြီးငွေကြယ်ဖြူတံဆိပ်ခေါက်ဆွဲ
အစည်းတဝက်ကိုပြုတ်ပြီးစကာနှင့်စစ်ထားပါ
စတီးဇလုံတခုမှာဟင်းခတ်ဇွန်း
နှင့်ခရုဆီ ၁ ဇွန်း ပဲငံပြာရည်အကြည် ၃ ဇွန်း ကြက်သွန်ဖြူ
ဆီချက် ၄ ဇွန်း အချိုမှုန့်ဇွန်းထိပ်ဖြားလောက်ထည့်ပြီးသမ
နှံ့စပ်အောင်မွှေပြီးခေါက်ဆွဲပြုတ်ရေစစ်ထားတာထည့်ပါ
သမနှံ့စပ်အောင်အထက်
အောက်လှန်ပြီးမွှေပေးပါ
အရသာမြည်းကြည့်ပါ
အနေတော်ဆိုရင်ပန်းကန်ပြား
တခုမှာထည့်ပြီးကြက်သား
ပြုတ်လှီးထားတာဖြူးထည့်ပါ
ကြက်သွန်မိတ်ဖြူးထည့်ပါ
ကြက်သွန်ဖြူဆီချက်အဖတ်
ဖြူးထည့်ပါ ကြက်သားဆီချက်ခေါက်ဆွဲရပါပြီ
တည်ထားတဲ့ကြက်ပြုတ်ရည်ကိုဆားအချိုမှုန့်ထည့်ပြီးအရသာမြည်းကြည့်ပါ အနေ
တော်ဆိုရင်ဟင်းချိုပန်းကန်
လုံးထဲလောင်းထည့်ပြီးကြက်သွန်မိတ်လှီးထားတာဖြူးထည့်ပါ ငရုတ်ကောင်းမှုန့်ဖြူးပေးရင်ဟင်းချိုရပါပြီ
အချဉ်ကသခွားသီးကိုရေဆေးပြီးအမျှင်လှီးကာပန်းကန်တခုမှာထည့် ချီတို
ငရုတ်ဆီဆမ်းပေးရင်အချဉ်ရပါပြီ
စားကောင်းကြပါစေရှင်
C. R. D
U Kyaw Shwe

အာလူးပီဇာ (potato pizza)🥔🍕🍕🥔အမြန်ဆုံး နဲ့ အလွယ်ဆုံး အာလူးပီဇာလုပ်နည်းလေး 😋Oven မလို ဂျုံနယ်စရာမလိုပဲ ပူပူနွေးနွေးလေး စား...
30/08/2022

အာလူးပီဇာ (potato pizza)🥔🍕🍕🥔

အမြန်ဆုံး နဲ့ အလွယ်ဆုံး အာလူးပီဇာလုပ်နည်းလေး 😋

Oven မလို ဂျုံနယ်စရာမလိုပဲ ပူပူနွေးနွေးလေး စားချင်တဲ့အချိန် လုပ်စားရုံပဲ

လုပ်နည်းလေး ပုံအောက်မှာရေးပေးထားပါတယ် 💝

​Credit : Poe Ei Mon Win

ဇလုံကြီးထမင်းနယ်============ပါဝင်ပစ္စည်းများ    ထမင်း    ခရမ်းချဉ်သီး ငပိချက် (မနက်ကချက်)    ငပိရည်    ကြက်အူချောင်း    ...
18/08/2022

ဇလုံကြီးထမင်းနယ်
============
ပါဝင်ပစ္စည်းများ

ထမင်း
ခရမ်းချဉ်သီး ငပိချက် (မနက်ကချက်)
ငပိရည်
ကြက်အူချောင်း
ကြက်သလုံး
ပဲပြားအချိုကြော်
တို့စရာအစုံ (သခွားသီး ၊ ခရမ်းသီးပြုတ် ၊ သရက်ရေစိမ် ၊ ကြက်သွန်နီတလုံး)

ပြုလုပ်ပုံ

ဇလုံကြီးးထဲမှာ ထမင်းထည့်ပြီး မနက်က ချက်တဲ့ ခရမ်းချဉ်သီး ငပိချက် များများရယ် ၊ ငပိရည်ရယ် ၊ သေချာနယ်ပါ ။
ပြီးလျင် ကြက်အူချောင်း ၊ ကြက်သလုံး ၊ ပဲပြားအချိုကြော်လေးကို ပုံပြီး ၊ တို့စရာ အစုံ ၊ သခွားသီး ၊ ခရမ်းသီး ပြုတ် ၊သရက်ရေစိမ် ၊ ကြက်သွန်နီ တလုံးနဲ့ ဇွန်းရတဲ့သူက မေ့ချင်ယောင် ဆောင်ပြီး ပြန်မပေးတော့ဘဲ အယ့်လို လုစားကြပါတယ် ။ သောက်ရေ မတ်ခွက်ကြီး အပြည့်ထည့်ပြီး ရေသောက်လိုက် ၊ စားလိုက် နဲ့ ရှုးရှဲ ရှုးရှဲပေါ့ ။



ဇလုံကြီးထမင်းနယ်
============
ပါ၀င်ပစ္စည်းများ

ထမင်း
ခရမ်းချဉ်သီး ငပိချက် (မနက်ကချက်)
ငပိရည်
ကြက်အူချောင်း
ကြက်သလုံး
ပဲပြားအချိုကြော်
တို့စရာအစုံ (သခွားသီး ၊ ခရမ်းသီးပြုတ် ၊ သရက်ရေစိမ် ၊ ကြက်သွန်နီတလုံး)

ပြုလုပ်ပုံ

ဇလုံကြီးးထဲမှာ ထမင်းထည့်ပြီး မနက်က ချက်တဲ့ ခရမ်းချဉ်သီး ငပိချက် များများရယ် ၊ ငပိရည်ရယ် ၊ သေချာနယ်ပါ ။
ပြီးလျင် ကြက်အူချောင်း ၊ ကြက်သလုံး ၊ ပဲပြားအချိုကြော်လေးကို ပုံပြီး ၊ တို့စရာ အစုံ ၊ သခွားသီး ၊ ခရမ်းသီး ပြုတ် ၊သရက်ရေစိမ် ၊ ကြက်သွန်နီ တလုံးနဲ့ ဇွန်းရတဲ့သူက မေ့ချင်ယောင် ဆောင်ပြီး ပြန်မပေးတော့ဘဲ အယ့်လို လုစားကြပါတယ် ။ သောက်ရေ မတ်ခွက်ကြီး အပြည့်ထည့်ပြီး ရေသောက်လိုက် ၊ စားလိုက် နဲ့ ရှုးရှဲ ရှုးရှဲပေါ့ ။

 #ပေါင်မုန့်အုန်းနို့ဆမ်း #ပေါင်မုန့်_အုန်းနို့_သာကူပါဝင်ပစ္စည်းများ အုန်းသီး၁လုံး (အုန်းနို့ညှစ်ထားပါ)သကြား - (၁၀ကျပ်သာ...
17/08/2022

#ပေါင်မုန့်အုန်းနို့ဆမ်း
#ပေါင်မုန့်_အုန်းနို့_သာကူ

ပါဝင်ပစ္စည်းများ
အုန်းသီး၁လုံး (အုန်းနို့ညှစ်ထားပါ)
သကြား - (၁၀ကျပ်သား)
ပေါင်မုန့် - (၁ထုပ်)
ဆား အနည်းငယ်
ရေ အနည်းငယ်
ပါဝင်ပစ္စည်းတွေကလဲနည်းတော့ အရမ်းကြီးအလုပ်မရှုပ်တော့ဘူးပေါ့😍
ဘယ်လိုလုပ်လဲ.....ကြည့်လိုက်ရအောင်နော်

သကြားကို အရင်ကျိုရပါမယ်။ပြီးလျှင် ရေထည့်ပါ။ (ရေသန့်ဘူးသေးရဲ့၃ပုံ ပုံရင် ၁ပုံထည့်ပါ။)

ထို့နောက်မီးဖိုပေါ်မှာတင်ထားပါ ရေပွက်လာလျှင် သကြားထည့်ပြီးကျေသည်အထိ ကျိုပေးပါ။

သကြားရည်ကျိုပြီးလျှင် အုန်းနို့ရည်တွေကို ရောထည့်ပြီးကျိုပေးပါ။ဆားအနဲငယ်ပါထည့်ရ်ျ ၁၅ မိနစ်ခန့်ကျိုပေးပါ။

အုန်းနို့ရည်တွေပျစ်ပျစ်လေးဖြစ်လာပြီဆိုရင်ရပါပြီ။

ထို့နောက်ပေါင်မုန့်ပေါ်သို့ အုန်းနို့ရည်တွေဆမ်းလိုက်ပါ။

😍ဒါဆိုရင်အရသာရှိပြီးစားကောင်းတဲ့ ပေါင်မုန့်အုန်းနို့ဆမ်းလေးကိုရရှိမှာဖြစ်ပါတယ်😍
အရမ်းလဲမခက် ပါဝင်ပစ္စည်းတွေလဲနည်းတယ်ဆိုတော့အခုပဲလုပ်စားလိုက်ရအောင်နော်

*******
နောက်တနည်း

ပါဝင်ပစ္စည်းများ

သာဂူ – ရေနွေးကြမ်းပန်းကန် ၁/၂ စာ

ကြိုက်နှစ်သက်ရာပေါင်မုန့်

စပျစ်သီးခြောက်

အုန်းနို့ – ၁ ဘူး

ဆား – အနည်းငယ်

သကြား – ထမင်းစားဇွန်း ၂ ဇွန်း

(အချိုလိုရင် စိတ်ကြိုက်ထည့်ပါ။ ကလေးအတွက်မို့ သကြားလျှော့ ထည့်ပြီး စပျစ်သီးခြောက်ကို သုံးထားတာပါ။)

ပြုလုပ်နည်း

၁။ အုန်းနို့ကို သကြားနှင့် ဆားထည့်၍ ဆူပွက်ပြီး အနည်းငယ်ပျစ်လာအောင် ကျိုပါ။ စပျစ်သီး ခြောက်ထည့်၍ မီးပိတ်ပြီး အအေးခံပါ။

၂။ သာဂူကို အစေ့ပျောက်အောင် ကျိုပြီး ရေအေးနှင့်လောင်းကာ အအေးခံရေခဲသေတ္တာထဲ

၁ နာရီခန့် ထည့်ပါ။

၃။ ပွဲပြင်လျှင် အုန်းနို့ပေါင်မုန့်သာဂူ ထည့်ပါ။

(၂) နှစ်အထက် ကလေးများအတွက်ပါ။

Crd😋

 #ထမင်းပေါင်းပြင်ဆင်ထားရန်**************ကြက်သွန်ဖြူ ကြိတ်ထားပါ။ကြက်ပြုတ်ရည် ထည့်ထားပါ။အသီးအရွက်များကို လှီးဖြတ်ထားပါ။ကြက...
15/08/2022

#ထမင်းပေါင်း

ပြင်ဆင်ထားရန်
**************
ကြက်သွန်ဖြူ ကြိတ်ထားပါ။
ကြက်ပြုတ်ရည် ထည့်ထားပါ။
အသီးအရွက်များကို လှီးဖြတ်ထားပါ။
ကြက်သား သို့ ဝက်သားကို အတုံးတုံးပီး ဆား,အချိုမှုန့်နယ်ထားပါ။
ခရုဆီကို ပန်းကန်ထဲ ထည့်ထားပါ။
မွှေး ကော်မှုန့် အရည်ဖျော်ထားပါ။

ကြက်သွန်ဖြူကိုကြိတ်၍ ဆီသတ်ပါ။ ( နွမ်းလျှင် )

အသား ထည့်ကြော်ပါ။ ( အသားကျက်သွားရင် )

ဥနီ,ရေပြောင်း,ရွှေပဲ,ပန်းဂေါ်ဖီ,မှို,ငုံးဥတို့ကို ထည့်ကြော်ပေးပါ။

ကြက်ပြုတ်ရည် ထည့်ပါ။ ( မရှိလျှင် ရေနွေးပူပူထည့်ပါ )

ကော်မှုန့်ကို ရေနဲ့ဖျော်ပီးထည့်ပါ။

ခရုဆီ ထည့်မွှေပါ။

အချိုမှုန့်,ဆား,ငရုတ်ကောင်း ထည့်ပါ။

ဟင်းရည် ပျစ်ချွဲချွဲ ဖြစ်လာပီး
အသီးအရွက်များကျက်ပီး ခပ်ကျွတ်ကျွတ်အနေအထားနဲ့
ဟင်းရည် ဆူပွက်နေချိန်မှာ
ပန်းကန်ထဲ အသင့်ခူးထားတဲ့ထမင်းဖြူပေါ် လောင်းချလိုက်ပါ။

ဒါဆို အရသာရှိလှတဲ့ ထမင်းပေါင်းပူပူလေး ရပါပြီ။

ဘိတ်ချဉ်ကတော့
ရှာလကာရည်
အချိုမှုန့်,ငံပြာရည်
ကြက်သွန်ဖြူ,ငရုတ်သီးစိမ်းနဲ့စပ်ရုံပါပဲ။

ခရုဆီကအငံမို့ ဆားကိုအနည်းငယ်သာထည့်ပီး လိုမှထပ်ထည့်ပါ။
အချို့ကတော့ ပဲပြား,ခရမ်းချဉ်သီး,ငရုတ်ပွထည့်ပါတယ်။

ထမင်းပေါင်းကို ပူတုန်းစားရပါတယ် အေးသွားရင် အရည်ကြဲသွားတတ်ပါတယ်။

Crd

**ရှမ်းခေါက်ဆွဲ** ကြိုက်သူများအတွက် ပြုလုပ်နည်းလေး ဝေမျှလိုက်ပါတယ်• #ရှမ်းခေါက်ဆွဲပြုလုပ်နည်း(ပါဝင်ပစ္စည်းများ)♨♨♨-ဆန်ခေ...
22/07/2022

**ရှမ်းခေါက်ဆွဲ**

ကြိုက်သူများအတွက် ပြုလုပ်နည်းလေး ဝေမျှလိုက်ပါတယ်•

#ရှမ်းခေါက်ဆွဲပြုလုပ်နည်း(ပါဝင်ပစ္စည်းများ)♨♨♨

-ဆန်ခေါက်ဆွဲ ၁ထုပ်🔰
-မြေပဲဆံလှော် ၅ကျပ်သား🔰
-ရှမ်းချဉ် ၅ကျပ်သား🔰
-ကြက်သွန်မိတ် ၁စည်း🔰
-ငရုတ်သီးဆီကြော်🔰
-ပဲငံပြာရည်အပျစ် အနည်းငယ်🔰
တို့ဖူးကြော်
-၀က်ခေါက်ကြော်🔰
-ပဲပုပ်စေ့လှော်ထောင်းပြီးသား🔰 အနည်းငယ် (optional)
ပဲရွက် အနည်းငယ်

-ကြက်သွန်ဖြူဆီချက်🔰
-ကြက်သွန်ဖြူ ၄မွှာ🔰
-တရုတ်မဆလာ ဇွန်းသေး ၂ဇွန်း🔰
-နှမ်းဖြူ အနည်းငယ်🔰

-ကြက်သားဟင်းအနှစ်🔰
-ကြက်သားရင်ပုံသား ၂ခု🔰
-ကြက်သွန်နီအနေတော် ၄လုံး🔰
-ခရမ်းချဉ်သီးအနေတော် ၆လုံး🔰
-ကြက်သွန်ဖြူ ၈မွှာ🔰
-ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း ၂ဇွန်း🔰
-ဆား အနည်းငယ်
-ပဲငံပြာရည်အကျဲ ၂ဇွန်း

Preparation Method: (ပြုလုပ်ပုံ)

၁) ကြက်သားရင်ပုံသားများကို သန့်စင်ပြီး အတုံးသေးသေးတုံးပါ။ နနွင်းနဲ့ဆားအနည်းငယ်တို့နှင့် ရောနယ်ပါ။

၂) ဟင်းအနှစ်အတွက် ခရမ်းချဉ်သီးကို အစေ့တွေ ဖယ်ပြီး ပါးပါးလှီးပါ။ ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ပါးပါးလှီးပါ။

၃) ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် ကြက်သွန်နီ ကြက်သွန်ဖြူငရုတ်သီးအစိမ်းမှုန့်တို့ထည့်ပြီး ဆီသတ်ပါ။

၄) အနံ့မွှေးလာလျှင် ခရမ်းချဉ်သီးတွေကို အရင်ကြေအောင် ချက်ပါ။ ပြီးမှ ကြက်သားတွေကို ထည့်လုံးပါ။ ၃မိနစ်ခန့်ကြာလျှင် ရေနွေးအနည်းငယ်ထည့်ပါ။

၅) ဆီပြန်အောင် ဆက်တည်ပါ။ ဆားအနည်းငယ် နှင့် ပဲငံပြာရည် ထည့်မွှေပါ။

၆) ဟင်းအနှစ်အရည်အတွက် ရေနွေးအနည်းငယ် ထပ်တည့်ပြီး ပွက်ပွက်ဆူအောင် တည်ထားပါ။

၇) ကြက်သွန်ဖြူဆီချက်အတွက် ကြက်သွန်ဖြူကို အရင်ဆီသတ်ပါ။ မီးပိတ်ပြီးမှ တရုတ်မဆလာထည့်မွှေပါ။ နှမ်းဖြူထည့်ပြီး ပန်ကန်လုံးထဲ ပြောင်းထည့်ပါ။

၈) ဆန်ခေါက်ဆွဲတွေကို ရေ နှစ်ရီခန့် ကြီုစိမ်ပါ။

၉) မြေပဲဆံလှော်ကို အခွံချွတ်ပြီး မညက်တညက်ထောင်းထားပါ။

၁၀) ကြက်သွန်မိတ်နှင့် ရှမ်းချဉ်ကို သေးသေးလှီးထားပါ။

၁၁) ဟင်းချိုအတွက် ကြက်ရိုးတွေကို ချင်း၊ကြက်သွန်ဖြူတို့နှင့် ပြုတ်ထားပါ။

၁၂) မုန့်ဖတ်ပြုတ်ရန်အတွက် အ၀ကျယ် ရေနွေးအိုးကို ပွက်ပွက်ဆူအောင် တည်ထားပါ။

ပြင်ဆင်ပုံ

စားနိုင်သလောက် မုန့်ဖတ်ကို ရှိးတံရှည်ဇကာထဲထည့်ပြီး ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲ စိမ်လိုက်ပါ။ ပြီးလျှင် တူဖြင့် အနည်းငယ်မွှေပေးပါ။ ရေစစ်ပြီး စားမည့်ပန်းကန်ထဲ ထည့်ပါ။ ကြက်သားဟင်းအနှစ်၊ မြေပဲဆံလှော်မှုန့် ၊ ကြက်သွန်ဖြူဆီချက်၊ စသော အစာပလာ အနည်းငယ်စီထည့်ပြီး ပြင်ပေးပါ။
ပဲငံပြာရည်အပျစ်ကို လက်ဖက်ရည်ဇွန်းဖြင့် ပါလေကာ ထည့်ပေးပါ။ ကိုယ်ကြိုက်သလို ချဉ်ငံစပ် ဖြစ်အောင် လိုတာထပ်ထည့်ပါ။

ဟင်းချိုအတွက် ကြက်ရိုးပြုတ်ရည်ကို ခပ်ထည့်ပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းအနည်းငယ် ထည့်လိုက်လျှင်ရပါပြီ။

Credit_Original_uploader
Credit:photos
💙💗

ဂင်ချီကြိုက်တဲ့ Foodie လေးတွေရှိလား😍😍ကျနော်ကတော့ ဂင်ချီဆီုတာနဲ့ သရေယိုတာပဲ😁😁ဂင်ချီရှိရင်အိမ်မှာတင် တော်တော်များများလုပ်စ...
21/07/2022

ဂင်ချီကြိုက်တဲ့ Foodie လေးတွေရှိလား😍😍
ကျနော်ကတော့ ဂင်ချီဆီုတာနဲ့ သရေယိုတာပဲ😁😁
ဂင်ချီရှိရင်အိမ်မှာတင် တော်တော်များများလုပ်စားလို့ရတယ်။
မုန်ညှင်းဖြူ ဂင်ချီလုပ်နည်း🤤🤤

-မုန်ညှင်းဖြူတစ်ထုပ်
-ဂျင်း (ကြက်သွန်ဖြူ တစ်လုံးစာလောက်)

-ကြက်သွန်မိတ် အဖြူ ( ၃-၄ စည်း )
-ကြက်သွန်ဖြူ ( ၅-၆မွှာ )

-ဆား (အထုပ်သေးတစ်၀က်/တူစားထမင်းပန်းကန်လုံး လောက် )
-သကြား ဟင်းခတ်ဇွန်း ၂ဇွန်း

-မုန်လာဥဖြူ,မုန်လာဥနီ,သခွားသီး ( ဒါတွေက သင့်သလိုထည့်ပါ အရမ်းကြီးမများစေနဲ့ပေါ့)

-ငံပြာရည်

-ငြုတ်သီးအရောင်တင်မှုန့် or korean ငြုတ်သီးအနှစ်(city mart လိုနေရာမှာ ၀ယ်ယူနိုင်ပါတယ် )

-ရှာလကာရည်

-ဆန်မှုန့်/ကောက်ညှင်းမှုန့် လေး နည်းနည်း
-ထည့်စရာ ဘူးကြီးကြီး

(ဒါတွေက မုန်ညှင်းဖြူ တစ်ထုပ်စာ ပါ မုန်လာဥနီတွေဘာတွေကြိုက်တတ်ရင် ပိုထည့်လဲရတယ်ကျနော်ကတော့ ကိုယ့်အတိုင်းနဲ့ကိုယ် ကစ်တာပဲ :P )

- ပထမဆုံး မုန်ညှင်းဖြူကို ရေသေချာဆေးရမယ်
ဆားနဲ့ပါ ပွတ်ဆေးပါ အရင်းနားမှာ အကျိအချွဲလိုလေးတွေ ရှိတတ်တယ်

- ရေသေချာဆေးပီးဘီဆိုရင် အရွက်တွေကြားထဲကို ဆားတွေသိပ်ပါမယ်(အထုပ်လိုက်လေးပဲထားမယ်နော်) အရွက်တိုင်းကို ဆားနဲသိပ်ပီးရင်ဘူးလေးတစ်ခုနဲ့ ထည့် ၁၀ နာရီလောက်နပ်ထားရပါမယ် 😪😪
( ညအိပ်ခါနီး သိပ်ထားလိုက်ပေါ့)

- ပီးရင်တော့ ရေသေချာပြန်ဆေးရပါမယ်။

- မုန်ညှင်းဖြူကို တစ်လုပ်စာ size လေးတွေလှီးမယ် (အထုပ်လိုက်သိပ်ချင်လဲရတယ်)

- ဂျင်းလေးတွေက သေးသေးလေးတွေလှီး တစ်ပြားရိုက်ထား

-ကြက်သွန်မိတ်လေးတွေ 1cm လောက်လှီးမယ်။

-ကြက်သွန်ဖြူလေးတွေလဲ တစ်ပြားရိုက်

-မုန်လာဥ ဖြူနီ သခွားသီး လေးတွေကို အရှည်လေးတွေ ပါးပါးလှီးပီးတော့ ..........

-ဇလုံကြီးကြီးတစ်ခုထဲမှာ အကုန်လုံးကို ရောပီး အားရပါရနယ်ပါ ။

-ဆား ကို အငံအပေါ့ မြည်းကြည့်ပီးထည့်ပါ
သိပ်ပီးတော့ ကြာရင် ချဉ်လာပီး အငံလျော့သွားတတ်လို့ နည်းနည်းပိုထည့်တာကောင်းပါတယ်။ 😉

-အရောင်တင်ငြုတ်သီးမှုန့် ကလဲ များများထည့်ရမယ် ချိန်ဆပီးတော့ ထည့်လိုက်မြည်းလိုက်ပေါ့။

-ရှာလကာရည် ၅ဇွန်းလောက်နဲ့ ဆန်မှုန့်နဲ ကောက်ညှင်းမှုန့် ၂ဇွန်းလောက် (ဆန်မှုန့်နဲ့ကောက်ညှင်းမထည့်လဲရ)
ထည့်ရတာက မြန်မြန် အချဉ်ပေါက်စေချင်လို့ပါ

အရသာလဲ Oke နပေီ
(နည်းနည်းလေး ငံအောင်လုပ်နော်)စေးနေ အောင်နယ်ပီးပီ ဆိုရင်တော့ ထည့်စရာဘူးလေးထဲကိုထည့်လုံအောင်ပိတ် ရေခဲသေတ္တာထဲမှာ ၄ရက်ကနေ ၇ရက်ထားပေးလိုက်ပါ။

(၄ရက်လောက်ဆို စစားလို့ရပီ ၇ရက်လောက်ဆို အချဉ်ကောင်းကောင်းပေါက်နေပါပီ) 🤗🤗

Credit org..
Foodie အိမ်ချက်လက်ယာမှပြန်လည်မျှဝေသည်။

 #ကော်ပြန့်စိမ်းပြုလုပ်နည်း 🤤 ချလွတ် ကိုယ်တိုင်လုပ်စားလို့ရအောင်မျှဝေပေးလိုက်ပီနော်ပါ၀င်တဲ့ပစ္စည်းတွေကတော့ကော်ပြန့်စိမ်း...
13/07/2022

#ကော်ပြန့်စိမ်းပြုလုပ်နည်း 🤤 ချလွတ် ကိုယ်တိုင်လုပ်စားလို့ရအောင်မျှဝေပေးလိုက်ပီနော်
ပါ၀င်တဲ့ပစ္စည်းတွေကတော့

ကော်ပြန့်စိမ်း ၂၀ ရွက် ( Supermarket များမှာ အလွယ်တကူ၀ယ်လို့ ရပါတယ် )
ကြက်သား ( ထည့်လိုလျင် ) အသား ၁၀ သား
ဂေါ်ဖီထုတ် ၁၅ ကျပ်သား
မုန်လာဥနီ ၁ လုံအနေတော်
တရုတ်နံနံ ၁ စီး
ှနှမ်းမွေးဆီ အနည်းငယ်
ကြ က် ဥ ၁ လုံး
တရုတ်မဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သွန်နီ ၂ လုံး
ကြက်သွန်ဖြူ ၁ လုံး
ပဲပိစပ်ဆီ စတီးဇွန်း ( ၁ ) ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

ကြက်သားကို နုတ်နုတ် စဉ်းပြီး ၊ ကြက်သွန်ဖြူ ၅ မွှာခန့်ထောင်းထည့်၊ အရသာမှုန့်ထည့်နယ်ကာ နှပ်ထားရပါမယ်။

ဂေါ်ဖီထုတ်ကို ပါးပါးလှီး၊ မုန်လာဥနီကို ပါးပါးလှီး၊ ကြက်သွန်နီကို အတုံးလေး တွေဖြစ်အောင်လှီး၊ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားရပါမယ်။

ဆီအိုးတည်ပြီး ပဲပိစပ်ဆီကျက်ရင် ကြက်သွန်ဖြူကို ဆီသပ်ပါမယ်။ နယ်ထားတဲ့ ကြက်သားကို ထည့်ပြီး ၅ မိနစ်ခန့်ရေကုန်အောင်လုံးရပါမယ်။ နုတ်နုတ်စဉ်းထားတဲ့အတွက် ၅ မိနစ် ကနေ ၇ မိနစ်ကြားရေကုန်ရင် ကျက်ပါပြီ။ ကြက်သွန်နီ ဂေါ်ဖီထုတ် မုန်လာဥနီ တို့ကို အစဉ်လိုက်ထည့်ရပါမယ်။ အရမ်းနူးသွားရင်စားမကောင်းတဲ့အတွက် အရသာမှုန့်ထည့်ပြီးတာနဲ့ ၂ မိနစ်ခန့်မွှေပြီး၇င်၊ ခေါက်ထားတဲ့ ကြက်ဥ ၁လုံး ၊ နှမ်းဆီမွှေး နဲ့ တရုတ်မဆလာ ထည့်ရပါမယ်။ ပြီးတာနဲ့ အနေတော်ညှပ်ထားတဲ့ တရုတ်နံနံထည့်အုပ်လိုက်ပြီး ရင် အအေးခံထားရပါမယ်။
တချို့ကလဲ အဲဒီ အချိန်မှာ ကော်မှုန့်စတီးဇွန်း ၁ဇွန်းစာလောက်ကို ခပ်ပြစ်ပြစ်ဖျော်ပြီး လောင်းထည့်တတ်ပါတယ်။ ကော်နဲ့ မကြိုက်ရင်တော့ မထည့်ပဲ ချထားပြီးအအေးခံထားလို့ ရပါပြီ။

၀ယ်ထားတဲ့ ကော်ပြန့်ဖတ်တွေကို တလွှာခြင်းဆီ ခွါထားရပါမယ်။ အကယ်လို့ ချက်ထားတဲ့ အစာမှာ ဆီ ကျန်နေသေးတယ်ဆိုရင် အိုးကို နဲနဲ စောင်းပြီး ဆီစစ်ထားရင် ပိုကောင်းပါတယ်။

ကော်ပြန့်ဖတ်ကိုခင်း၊ ချက်စားတဲ့အစာကိုထည့်ပြီး လိတ်လိုက်ရင် ကော်ပြန့်စိမ်းရပါပြီ။🍽
ကော်ပြန့်စိမ်းကို ခပ်နွေးနွေးလေး ကိုက်စားပြီး၊ အချဉ်ရည်တို့လို က တို့၊ မတို့ရင် ငရုတ်သီးစိမ်း လေးကိုက်စားကာ၊ ရေနွေးပူပူလေး မှုတ်သောက်လိုက်ရင်တော့ ၊ လိုက်ဖက်လွန်းတဲ့ ဟင်းလျာ တခု ဖြစ်မှာပါ။

Credit @မူရင်းတင်သူသို့

 #ဝက်စတူးချက်နည်း ( ၃ )နည်းဝက် စတူး(Stew)++++++++++++Stewဆိုတာကတော့ အသားတွေအသီးအရွက်တွေကို အတုံးကြီးကြီးတုန်း ရေမမြုပ်တမ...
06/07/2022

#ဝက်စတူးချက်နည်း ( ၃ )နည်း
ဝက် စတူး(Stew)
++++++++++++
Stewဆိုတာကတော့ အသားတွေအသီးအရွက်တွေကို အတုံးကြီးကြီးတုန်း ရေမမြုပ်တမြုပ်ထည့်ပြီးမီးအေးအေးနဲ့ကြာကြာပြုတ်တာပါပဲ။ ဝက်စတူး/ဝက်လက်စတူး အတူတူပါပဲ။ ပါဝင်တဲ့ပစ္စည်းလေးတွေရှိရင်ပြုတ်ရုံပဲမို့ မိသားစုတစုစာလေးရေးပေးပါတယ်(ချက်နည်းကိုပုံလေးတွေမှာစာလေးရေးထားပါတယ်ရှင်)
🍁ဝက်သား....၂၅ကျပ်သား ၃၀သား
🍁ထိုင်ဝမ်မုန်ညင်း/🍁ကန်စွန်းရွက်
🍁ကြက်သွန်မြိတ်....၂ပင်
🍁ကြက်သွန်ဖြူ .. တစ်လုံး
🍁ဂျင်း...လက်တဆစ်
🍁သစ်ဂျပိုးခေါက်..လက်၂ဆစ်ခန့်
🍁နာနတ်ပွင့် ... ၂ပွင့်
🍁ပဲငံပြာရည်.အကြည်/အနောက်
🍁ဟင်းချက်အရက်
🍁တရုတ်မဆလာတို့လိုအပ်ပါတယ်🤩🤩🤩

ချက်နည်းကတော့ ပုံမှာရေးပေးထားပါတယ်။

မဒမ်ဇော်Homemade
***********
ဝက်ခြေထောက်စတူး

အရွက်မှာ လက်ဖတ် ၊ အသီးမှာ သရက် ၊ အသားမှာ ဝက်ဆိုတဲ့အတိုင်း ဝက်သားဆိုတာ လူတိုင်းနီးပါး ကြိုက်ကြတဲ့ အသားတစ်ခုဖြစ်ပါတယ်။ ဒီလိုပါပဲ ဝက်သားထဲမှာ ဝက်စတူးဆိုရင် ဒီလိုမိုးအေးအေးမှာ စားလို့ကောင်းလှတာမိုလို့ လူကြိုက်များလှပါတယ်။ ဒီလိုလူကြိုက်များတဲ့ ဝက်စတူးကို အိမ်မှာ လွယ်လွယ်ကူကူချက်ခြင်ရင်တော့ ....

ပါဝင်ပစ္စည်းများ

ဝက်ခြေထောက် - ၅၀သား
ပဲငံပြာရည်အနောက် - စာပွဲတင်ဇွန်း တစ်ဇွန်း
ပဲငံပြာရည် အကြည့် - စာပွဲတင်ဇွန်း တစ်ဇွန်း
ဟင်းချက်ဝိုင် - စာပွဲတင်ဇွန်း နှစ်ဇွန်း
သကြား - သုံးဇွန်း
ကြက်သွန်ဖြူ - သုံးမွှာ
ဂျင်း - အနည်းငယ်
ကြက်သွန်နီ - တစ်လုံး

ပြုလုပ်နည်း

Pressure cooker နဲ့ချက်မှာမို့လို့ ရေစင်စင်ဆေးပြီးသား ဝက်ခြေထောက်များကို အိုးထဲထည့်ပြီး ပဲငံပြာရည်အနောက် ၁ဇွန်း၊ ပဲငံပြာရည်အကြည် ၁ဇွန်း၊ ဟင်းချက်ဝိုင် ၂ဇွန်း၊ five spice powder တဇွန်း၊ သကြား ၃ဇွန်း တို့နဲ့နယ်ပြီး မိနစ်၃၀လောက် နှပ်ထားလိုက်ပါ။

ပြီးရင်ဆီနဲနဲနဲ့ အိုးကို အပူစပေးပြီး ဝက်ခြေထောက်ကိုလုံးပါ။အဲဒီအချိန်မှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ဂျင်း ထည့်ပြီး ၁မိနစ်လောက်လုံးတည်ပါ။ ပြီးပြီဆိုရင် ရေ(၁)လီတာခွဲခန့်ထည့်ပြီး မီးအနေတော်ထားကာ ၁နာရီခန့်ပေါင်းပါမယ်။ အောက်မကပ်အောင်လို့အိုးကို လှုပ်ပေးရပါမယ်။ မြည်းကြည့်လို့ အသားလေးတွေအိနေပြီဆိုရင် အိမ်မှာပဲ လွယ်လွယ်ကူကူ နဲ့ သန့်သန့်ရှင်းရှင်း ချက်ထားတဲ့ ဝက်စတူးရပါပြီ။

Credit : Yangon Directory
*******
ဝက်စတူး နှင့် မုန့်ညှင်း

ဝက်စတူးနှင့် မုန့်ညှင်းဟင်းသည် ချက်ရတာလွယ်ကူပါတယ်။ ဝတ်ရည် အိမ်သားတွေ ကြိုက်နှစ်သက်လို့ အမြဲတမ်းလိုလိုချက်လေ့ရှိပါတယ်။ ဝက်စတူး နဲ့ မုန့်ညှင်းကို အရသာကလည်း ကောင်းမွန်တာမို့ လုပ်စားကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ

၁။ ဝက်သား၃ထပ်သား – ၄၀ကျပ်သား
၂။ ခရုဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
၃။ ပျားရည် – စားပွဲတင်ဇွန်း ၃ဇွန်း
၄။ ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၂ဇွန်း
၅။ ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
၆။ နတ်နတ်ပွင့် – ၂ခု
၇။ မှိုခြောက်ပွင့်အမဲ – ၇ခု (အတုံးလေးများ တုံးပေးပါ) (ရေနွေးဖြင့် ပြုတ်ပေးပါ)
၈။ ကော်မှုန့်
၉။ မုန်ညှင်း – ၂စည်း (ရေနွေးဖြင့် ဖျော်ပေးပါ)

ချက်ပြုတ်နည်း

၁။ ဝက်သုံးထပ်သား များကို အတုံးကြီးကြီး တုံးပါ။ ဝက်သားကို ဆူးဖြင့်ထိုးပေးပါ။

၂။ ပြီးလျှင် ဝက်သုံးထပ်သားအားလုံးကို ( ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သကြား (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ပျားရည်၊ ရှာလကာရည်၊ နတ်နတ်ပွင့် ) ထည့်ရောနုယ်ပေးပြီး ၃နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။

၃။ မချက်ခင် ရေခဲသေတ္တာထဲမှ နာရီဝက်ခန့် ကြိုထုတ်ထားပါ။

၄။ ပြီးမှ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့် နုယ်ထားသော ဝက်သုံးထပ်သားကို ထည့်မွှေပေးပါ။

၄။ ဆီပြန်လျှင် ရေကို ဝက်သုံးထပ်သားမြုပ်သည်အထိထည့် မီးပြင်းပြင်းဖြင့်တည်ထားပေးပါ။ ရေခန်းပြီး ဆီပြန်လာလျှင် မှိုခြောက်ပွင့်အမဲများ ထည့်မွှေပေးပါ။ ၃ကြိမ်ခန့် ရေထပ်ထည့်ပြီး တည်ပေးပါ။

၅။ ဝက်သုံးထပ်သားနူးအိလာပြီး ဆီပြန်လာပြီးဆိုလျှင် ဆော့ရည်အနည်းငယ်ချန်၍ မီးပိတ်လိုက်ပါ။

၆။ ဝက်သုံးထပ်သားကို ပါးပါးလှီးပြီး ပန်းကန်ပြားကြီးကြီးပေါ်တွင် စီထည့်လိုက်ပါ။ ပြီးလျှင် မှိုခြောက်များကို အပေါ်မှ စီထည့်ပါ။

၇။ ပြီးလျှင် ဆော့ရည်ကို ပြွက်ပြွက်ဆူအောင်တည်ပြီး ကော်ရည်၁ဇွန်းကို ရေဖြင့်ဖျော်၍ ဒယ်ထဲထည့်ပေးပြီး မွှေပေးပါ။

၈။ ဝက်သုံးထပ်သားထည့်ထားသော ပန်းကန်ပြားထဲသို့ မှိုခြောက်တုံးများထည့်လိုက်ပါ။

၉။ ပြီးနောက် ဆော့ရည်များကို လောင်းချလိုက်ပါ။

၉။ ပြီးလျှင် မုန့်ညှင်းများကို ပန်းကန်ဘေးတွင် စီထားလိုက်ပါ။

၁၀။ စားချင်စဖွယ်ကောင်းပြီး အရသာရှိသော ဝက်စတူး နှင့် မုန့်ညှင်းကို ရရှိပါပြီး။

Credit : Wutyee Foodhouse
***********
Credit to Original
Photo Credit

အလွယ်ကူဆုံံး  #ကွေ့တီယို အရည်ရော အသုပ်ရော ပြုလုပ်နည်း..😋😋😋အရိုးပြုတ်ရည်က အဓိကမို့ ကြက်အရိုး သို့ ဝက်အရိုးကို ကြက်သွန်ဖြူ...
01/07/2022

အလွယ်ကူဆုံံး #ကွေ့တီယို အရည်ရော အသုပ်ရော ပြုလုပ်နည်း..😋😋😋

အရိုးပြုတ်ရည်က အဓိကမို့ ကြက်အရိုး သို့ ဝက်အရိုးကို ကြက်သွန်ဖြူ အခွံခွာထားသောမုန်လာဥဖြူ၂လုံး ငရုတ်ကောင်းမှုန့် နံနံပင်အမြစ် ပဲငံပြာရည်အကြည် ခရုဆီ သကြား နှင့် ဆား အနည်းငယ် ထည့်ပြီး ၁နာရီခွဲခန့်ပြုတ်ပေးရပါမယ်။

အပေါ်မှ ဝေ့တက်လာတဲ့ အနှစ်ဖတ်အမည်းများကို ခပ်ထုပ်ပေးပါ။ ပြီးမှနှစ်သက်ရာ ပုဇွန် ပဲသွေး ကြက်သားလုံး ဝက်သားလုံး ငါးဖယ်လုံး များကို ထည့်ပြုတ်ပါ။

ကန်စွန်းရွက် ဆလက်ရွက် ပဲပင်ပေါက် အစိမ်းနံ့ပျောက်စေရန် တို့ကို ရေနွေးဖျောပေးထားပါ။ တွဲဖက်စားသုံးမယ့် ဆန်ပြားခေါက်ဆွဲကိုလည်း ၂မိနစ်ခန့်ပြုတ်ပြီး ပြန်ဆယ်ထားပါ။ အရမ်းပျော့နေအောင်ပြုတ်ဖို့မလိုပါဖူး။

ပြင်ဆင်ပုံကတော့ ပန်းကန်ထဲသို့ ဆန်ပြားခေါက်ဆွဲ အရွက်များ အသားလုံးများ ထည့်ပါ။ အရည်ဆမ်းပါ။ ငရုတ်သီးမှုန့် ထောင်းထားသောမြေပဲမှုန့် ထည့်ပါ။ ချဉ်ချဉ်စပ်စပ်လေးကြိုက်သူများအတွက် လိုအပ်ရင်ထည့်စားနိုင်စေဖို့ အချဉ်စိမ်ထားသော ငရုတ်သီးစိမ်းနှင့် သံပုရာသီးစိတ် ပြုလုပ်ထားပါ။ နံနံပင် ကြက်သွန်မြိတ် ဘဲဥ နှင့် ဝက်ခေါက်ကြော်ကိုလည်း ထည့်စားနိုင်ပါသည်။

ကွေ့တီယိုသုပ် အတွက်ကတော့ ဆန်ပြားခေါက်ဆွဲ အရွက် အသားလုံး မြေပဲလှော်မှုန့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူဖြင့်ချက်ထားသောဆီချက် အားလုံးပေါင်းပြီး နယ်လိုက်ရင် ကွေ့တီယိုသုပ်ရပါပြီ။

Credit : Daw San Thidar Htay

Photos @ Credit

Address

Pyay

Website

Alerts

Be the first to know and let us send you an email when Housewife posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category