You & Me Delivery Restaurant

You & Me Delivery Restaurant Wellcome to You&me

04/01/2025

Bye 2024
Welcome 2025

ဖတ်ထုတ်ပေါင်း & ဖက်ထုပ်ကြော်
09/05/2024

ဖတ်ထုတ်ပေါင်း & ဖက်ထုပ်ကြော်

30/11/2023
ယိုးဒယားငါးကင်👨‍🍳👨‍🍳👨‍🍳
22/09/2023

ယိုးဒယားငါးကင်👨‍🍳👨‍🍳👨‍🍳

ကြက်ကောင်လုံး ချိုစပ် 👨‍🍳👨‍🍳👨‍🍳
21/09/2023

ကြက်ကောင်လုံး ချိုစပ် 👨‍🍳👨‍🍳👨‍🍳

ငါးကုန်းဘောင်သီဟိုဍ်စေ့👨‍🍳👨‍🍳👨‍🍳
20/09/2023

ငါးကုန်းဘောင်သီဟိုဍ်စေ့👨‍🍳👨‍🍳👨‍🍳

ဝက်သားအချိုကင်လေး 👨‍🍳👨‍🍳👨‍🍳
19/09/2023

ဝက်သားအချိုကင်လေး 👨‍🍳👨‍🍳👨‍🍳

ငါးကြော်နှပ် နှင့် ငါးကြော်မွှေး
02/12/2022

ငါးကြော်နှပ် နှင့် ငါးကြော်မွှေး

🔸 မုန့်ဟင်းခါး အိုးကြီးချက်နည်း 🔸လမ်းထဲ ရပ်ကွက်ထဲ စတုဒီသာ အလှူလုပ်ချင်တဲ့အခါ လူအနည်းစာတော့ ချက်တတ်ကြပေမယ့် အများကြီးစာအတ...
08/07/2022

🔸 မုန့်ဟင်းခါး အိုးကြီးချက်နည်း 🔸

လမ်းထဲ ရပ်ကွက်ထဲ စတုဒီသာ အလှူလုပ်ချင်တဲ့အခါ လူအနည်းစာတော့ ချက်တတ်ကြပေမယ့် အများကြီးစာအတွက်ဆို ပါဝင်ပစ္စည်းအချိုးအစား မသိကြတာမျိုး ကြုံလေ့ရှိပါတယ်………

ဒါကြောင့် အလှူလုပ်ချင် တဲ့ အခါလဲ ကိုယ်တိုင် ဝယ်ပြီး ချက်လို့ရအောင် လူအများစာအတွက်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ် …….

ပါဝင်ပစ္စည်းအချိုးအစား 🔸🔸🔸🔸

- မုန့်ဖတ် (၃၀)ပိသာ
- ငါး (၁၂)ပိသာ
- ဆီ (၅)ပိသာ
- အချိုမှုန့် (၁)ထုပ်
- ကြက်သွန်နီ (၅)ပိသာ
- ကြက်သွန်ဖြူ (၇၅)ကျပ်သား
- ဂျင်း (၅၀)သား
- ငရုတ်ပွ (၂၅)သား
- ငရုတ်စိမ်းမှုန့်(အရောင်တင်မှုန့်) (၂၅)သား
- ကုလားပဲဆန် (၂)ပိသာ
- ဆန်မှုန့် (၁)ပိသာ
- စပါးလင် (၁၀)ပင်
- ငှက်ပျောပင် (၄)ပင်ခန့်
- ဘဲဥ (၅၀)လုံး
- နံနံပင် (၁)ပိသာ
- ရှောက်သီး (၁၀)လုံးခန့်
- ငံပြာရည် (၁)ပုလင်း
- ဆား (၃)ထုပ်ခန့်

ချက်ပြုတ်နည်း 🔸🔸🔸🔸

၁။ ပထမဆုံး ငါးတွေကို ခေါင်းတွေဖယ် ခုတ်ထစ် ပြီး ဆားများများ ငံပြာရည် အချိုမှုန့် နနွင်းမှုန့် စတာတွေနဲ့ နယ်ပြီနှပ်ထားပါမယ်။

၂။ ပြီရင် အိုးကြီးတစ်လုံးအောက်ခြေမှာ စပါးလင် ၅ပင်ခန့်ဖြန့်ခင်းပါ။ ပြီးရင်ငရုတ်အပွတောင့်တွေရေဆေးပြီးစပါးလင်ပေါ်ထပ်ပီး ဖြန့်ခင်းရပါမယ်စပါးလင်နှင့် ငရုပ်အပွ တောင့် တွေအပေါ်မှာ ငါးတွေကိုစီထည့်ပြီး ပြုတ်ပါမယ်။


၃။ အရိုးနူးပြတ်ရင်တော့ ပိုကောင်းပေမယ့်
အချိန်ကြာမှာဖြစ်လို့ အိုးထဲကနေ စပါးလင် ငရုတ်သီး အနံ့နဲ့ငါးပြုတ် ငံပြာရည်အနံ့တွေလှိုင်တက်လာအောင်ပြုတ်ပါမယ်။

၎။ ငါးပြုတ်အသားကျက်ပြီး မာမာတင်းတင်း ဖြစ်သွားရင် အရိုးနွင်ပါမယ်။ အရိုးနွင်တဲ့အခါ ငါးအသားတွေကို နနွင်းမှုန့် နဲ့နယ်ပြီး အနည်းငယ်စီလုံးပြီး အရိုးရှာရပါမယ်။ နနွငိးဝါဝါကြားမှာ အရိုးဖြူဖြူလေးတွေမို့လို့ နွင်လို့လွယ်ပါတယ်။

၅။ တစ်ဖက်မှာလည်း ငါးပြုတ်ပြီးရင် ကုလားပဲ ဆန်တွေကို နူးအိနေအောင်ပြုတ် ထားရပါမယ်။
နူးသွားရင် လက်ဆုံနဲ့ပဲထောင်းထောင်း ဇကာနဲ့ပဲ တိုက်တိုက်အဆင်ပြေသလို အနှစ်ရအောင်လုပ် ထား ပါမယ်။

၆။ ငါးပြုတ်အိုးထဲက ငရုတ်ပွတောင့်တွေကို
ညက်နေအောင်ထောင်းရပါမယ်။
ငါးပြုတ်ရည်တွေကိုလည်း အိုးတစ်လုံးထဲသေချာ
စစ်ထည့်ထားရပါမယ်။

၇။ ကြက်သွန်နီ ၃ပိသာခန့်လှီးထားပါမယ်။
ကြက်သွန်ဖြူကိုလည်း အခွံခွါပြီးကြိတ်ထားပါ။
ဂျင်းလည်းအခွံနွာပြီးထောင်းထားရပါမယ်။
စပါးလင် ၅ပင်ခန့်လည်း ပါးပါးလှီးပြီးထောင်းထားပါ။

၈။ အားလုံးပြီးရင်တော့ ငါးဆီသတ်ပါမယ်။
ဒယ်တစ်ခုထဲကို ဆီများများထည့်ပြီး ငရုတ်သီးထောင်း ထားတာရော ငရုတ်အရောင်တင်မှုန့်ရေဖျော်တာရော ထည့်ပြီးဆီသတ်ပါမယ်။

၉။ ငရုတ်သီးကျက်လောက်ရင် ကြက်သွန်နီ ဖြူ ဂျင်း စပါးလင် ထည့်ကြော်ပါမယ်။
ခဏကြော်လို့အနံ့မွှေးလာရင် ငါးအရိုးထွင်ပြီး
သိပ်ထားတာတွေထည့်ကြော်ပြီး ဆီသတ်ရပါမယ်။

၁၀။ ငါးဆီသတ်တာ အဓိကပါ။ အိုးမကပ်အောင်
မပြတ်မွှေပေးနေရပြီးတော့ ငါးအသားတွေနဲ့ ဆီ ငရုတ်သီး ကြက်သွန်တွေ လုံးပြီး အနံ့တွေမွှေးကြိုင်လာပြီဆို ချလို့ရပါပြီ။

၁၁။ ဆီသတ်ကြော်တာနည်းရင် မုန့်ဟင်းရည်က ငါးပြုတ်အနံ့ကြီးထွက်ပြီး သိပ်မမွှေးသလို ကြော်တာများသွားရင်လည်း မုန့်ဟင်းရည်ထဲမှာ ကြက်သွန် ကြော်ဖတ်တွေက မပျော်သွားဘဲ ပေါလော ပေါ်နေတတ်တယ်။ အဲဒါကြောင့် အကြော်များလို့ မရသိပ် နည်းလို့လည်းမရပါ။

၁၂။ ငါးအသားတွေလုံးပြီး ကြက်သွန်ဖတ်တွေလည်း အိနေပြီးတော့ ငါးဆီသတ်အနံ့မွှေးလာတဲ့ အချိန်ကို ချိန်ဆပြီးချရပါမယ်။

၁၃။ အဲဒီမွှေးကြိုင်နေတဲ့ ငါးဆီသတ်က မုန့်ဟင်းခါးရဲ့အသက်ပါ။ ပြီးရင်တော့ ဟင်းရည်စချက်လို့ရပါပြီ။ ရေထမ်းပုံး ၄ပုံးလောက်ဆံ့တဲ့ ဒန်အိုးကြီး ရေ ၃ပုံး ခွဲခန့် ထည့်ပြီးကျိုထားပါ။

၁၄။ ဆူလာရင် ငါးပြုတ်အိုးထဲမှာကျန်ခဲ့တဲ့
ငါးပြုတ်ရည် ရယ် ကုလားပဲဆန်အနှစ်တိုက်ထား တာ ရယ် ဆန်မှုန့် ရယ်ထည့်ပြီး မွှေပေးနေရပါမယ်။
ဆန်မှုန့်က ကပ်တတ်လို့ အောက်ခြေခြစ်ပြီးမွှေပေးပါ။

၁၅။ ခဏကြာလာရင်တော့ ငါးဆီသတ်ထားတာတွေလောင်းထည့်ပြီး ခဏမွှေပြီး အဖုံးအုပ်ထားပါ။
မွှေးကြိုင်နေတဲ့ မုန့်ဟင်းရည်အနံ့စရပါပြီ။

၁၆။ ဘဲဥပြုတ်ပြီး စိတ်ထည့်ပါ။
ဟင်းရည် အပျစ် အကျဲ အပေါ့ အချို အငံ လိုသလိုညှိပါမယ်။ ကြာကြာတည်ထားမှ ငါးဆီသတ်သား ရော ဆန်မှုန့်ရော ပွလာပြီး ဟင်းရည်က ခပ်ပျစ်ပျစ် လေး ဖြစ်လာမှာပါ။


၁၇။ ချခါနီးရင်တော့ ငှက်ပျောပင်လှီးထည့်ပါ။ကြက်သွန်နီ အလုံးလိုက်(၁)ပိသာလောက်ထည့်ပါ။
ဟင်းရည်လည်း အနေတော်ကြက်သွန်နီ ငှက်ပျော
ပင် တွေလည်း နူးလာပြီး ဂျင်း စပါးလင် အနံ့တွေနဲ့ မွှေးကြိုင်နေတဲ့ မုန့်ဟင်းခါး ကောင်းကောင်း တစ်အိုးရပါပြီ။

ကြက်သွန်ဖြူ ဆီချက်၊ နံနံပင်၊ ငရုတ်သီးမှုန့်စပ်စပ်လေးနဲ့ မိမိကြိုက်နှစ်သက်ရာ အကြော်ကို ထည့်ပီး သုံးဆောင်နိုင်ပါတယ်😋😋😋

Credits to
မူရင်းရေးသားသူ ပို့စ့်ပိုင်ရှင်

18.3.2022 သောကြာနေ့ အတွက် You & Me Delivery Restaurant မှ ပင်လယ်စာဗန်းသေး🦀🦑🦐🐙🐋 2 ပွဲ ရရှိ ပါ့မယ် ခင်ဗျာ တစ်ပွဲ မှာယူ ပြီ...
18/03/2022

18.3.2022 သောကြာနေ့ အတွက် You & Me Delivery Restaurant မှ ပင်လယ်စာဗန်းသေး🦀🦑🦐🐙🐋 2 ပွဲ ရရှိ ပါ့မယ် ခင်ဗျာ တစ်ပွဲ မှာယူ ပြီးသား ဖြစ်လို့ တစ်ပွဲ ပဲ ရရှိ ပါတော့ မယ် ခင်ဗျာ
You&Me မှ မှာယူ အားပေး ကြသော သူတိုင်း အရသာ အတွက် ကို တော့ ယုံကြည် စိတ်ချ စွာ မှာယူ အားပေး လို့ ရပါတယ် ခင်ဗျာ🙏🙏🙏
တစ်ပွဲ - 20000 ks
ရေဘဝဲ🐙
ပြည်ကြီးငါး🦑
ဂဏန်း🦀
မြစ်ပုဇွန်🦐
ကင်းမွန်🦑
ငုံးဥ
ပြောင်းဖူး Spicy Noodle က ပါသေးတယ် ဆိုတော့
အရမ်း ကို တန် နေပြီး နော်
တစ်ပွဲ ပဲ ရတော့ တာဆိုတော့
မြန်မြန် လေး ☎ Hello လိုက်ပါနော်
📞09.444873149
📞09.969377088
မှာ ယူလို့ ရပါပြီ ခင်ဗျာ
အားပေးမှု ကို အထူး ကျေးဇူ တင်ရှိပါတယ် ခင်ဗျာ

Address

Zfreeti Street, Nearly Zin Yaw May Store
Nyaungoo

Website

Alerts

Be the first to know and let us send you an email when You & Me Delivery Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category