MCC-Monyo

MCC-Monyo လစဉ် သင်တန်းခွဲများဖွင့်လှစ်သင်ကြာ

🍀 ကွန်ပျူတာ System Speed မြန်ဆန်စေဖို့🍀 အမြဲတန်းအသုံးဝင်လို့   ထားကြပါ။Computer ကို မြန်မြန်လေးအသုံးပြုနိုင်စေဖို့ Syste...
24/12/2020

🍀 ကွန်ပျူတာ System Speed မြန်ဆန်စေဖို့
🍀 အမြဲတန်းအသုံးဝင်လို့ ထားကြပါ။

Computer ကို မြန်မြန်လေးအသုံးပြုနိုင်စေဖို့ System Speed မြန်အောင် လုပ်ဆောင်တဲ့ နည်းလေးတွေကို တင်ပေးလိုက်ပါတယ်။ System Speedကို မြန်ဆန်စေရန်အတွက် အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။

(၁) ကွန်ပျူတာတွင် Application တစ်ခုကိုအသုံးပြုပြီးတိုင်း Desktop ပေါ်တွင် Right Click ဖြင့် Refresh ပြုလုပ်ပေးရပါမည်။ Refresh ပြုလုပ်ပေးခြင်းအားဖြင့် RAM အတွင်းမလိုအပ်သည့် File များကိုဖယ်ထုတ်ပေးနိုင်ပြီး System Speed ကိုမြန်ဆန်စေပါသည်။

(၂) File Size ကြီးမားသောပုံများကို Wallpaper အဖြစ်အသုံးမပြုသင့်ပါ။ Wallpaper ကို File Size ကြီးမားသောပုံကိုအသုံးပြုခြင်းအားဖြင့် RAM ၏လုပ်ဆောင်မှုကို နှေးကွေးစေပါသည်။

(၃) Desktop ပေါ်တွင် Shortcuts များကိုထားရှိပြီး အသုံးပြုခြင်းမှရှောင်ကျဉ်ရပါမည်။ Desktop ပေါ်ရှိ Shortcuts တစ်ခုသည် RAM အတွင်း ၌ ၅၀၀ Bytes နေရာယူအသုံးပြုစေပါသည်။

(၄) Recycle Bin ကိုနေ့တိုင်း Empty ဖြစ်စေရန်ရှင်းလင်းပေးရပါမည်။ Recycle Bin ကို Empty မပြုလုပ်သေးသမျှ မိမိ Delete လုပ်လိုက် သည့် File များသည် Hard Drive တွင်နေရာယူနေပါသည်။ Delete လုပ်ရန်သေချာသည့် File များကို Shift + Delete ဖြင့် Recycle Bin အ တွင်းမရောက်စေပဲ တိုက်ရိုက် Delete လုပ်နိုင်ပါသည်။

(၅) Temporary Internet File များကို ပုံမှန် Delete ပြုလုပ်ပေးရပါမည်။

(၆) Defragment ပြုလုပ်ခြင်းကို ၇ ရက်လျင်တစ်ကြိမ်ခန့်ပြုလုပ်ပေးရပါမည်။ Defragment ပြုလုပ်ပေးခြင်းအားဖြင့် Hard Drive အတွင်း Free Space ကိုတိုးမြင့်လာစေပြီး File များကိုပြန်စီပေးသည့်အတွက် ကွန်ပျူတာကိုအသုံးပြုရာတွင် ပိုမိုမြန်ဆန်စေပါသည်။

(၇) ကွန်ပျူတာတွင် Partition ကိုအနည်းဆုံးနှစ်ခုထား၍ အသုံးပြုသင့်ပါသည်။ File Size ကြီးမားစွာအသုံးပြုရမည့် Photoshop၊ 3DS Max ကဲ့သို့သော Software များကို Run ၍အသုံးပြုသည့်အခါတွင် Window တင်ထားသည့် Partition ကိုအသံုးမျပဳပဲ၊ ဒုတိယ Partition တွင် Run ၍အသုံးပြုရပါမည်။ Window တင်ထားသည့် Partition တွင် Data များထားရှိခြင်း၊ Software များ Run ၍အသုံးပြုခြင်းများကို တက်နိုင်သမျှရှောင်ကျဉ်၍ Free space များစေရန်ဆောင်ရွက်ရပါမည်။ Window တင်ထားသည့် Partition တွင် Free space နည်းနေပါက ကွန်ပျူတာလုပ်ဆောင်မှုကိုနှေးကွေးစေပါသည်။

(၈) Software တစ်ခုကိုအသုံးပြုရန်အတွက် Run ၿပီးပါက Tray Icon များထားရှိ အသုံးပြုခြင်းကို မပြုလုပ်သင့်ပါ။ ထို Tray Icon များထားရှိ အသုံးပြုခြင်းသည် RAM ကို ပိုမိုအလုပ်လုပ်စေပြီး ကွန်ပျူတာ System ကိုနှေးကွေးစေနိုင်ပါသည်။

(၉) Software များကို ကွန်ပျူတာစဖွင့်သည်နှင့်တပြိုင်နက်တည်း Automatically အလုပ်လုပ်စေခြင်းမပြုလုပ်သင့်ပါ။ ထိုသို့ပြုလုပ်ရန်အတွက် Window+R (သို့မဟုတ်) Run တွင် msconfig ဟုရိုက်ပြီး Startup Tab ကိုနှိပ်ပါ ။အဲဒီနောက်တွင် မိမိကွန်ပြူတာ / Laptop Brand အမျိုးအစားနာမည်များမှလွဲပြီး ကျန်သောအခြားအရာများကို Mouse ဖြင့် Select (အမှတ်လေးလိုက်လုပ်ပေး) လုပ်ပေးပါ။ ထို့ နောက် Disable All ကို Click ပြုလုပ်၍ ကွန်ပျူတာကို Restart ပေးရပါမည်။ (မှတ်ချက်- အကယ်လို့ မိမိ အသုံးပြုနေသော Laptop မွာ Lenovo ၿဖစ္ပါက Lenovo နဲ့စသော စာသားများပါသည်များကို အမှတ်မခြစ် (မရွေးချယ် ၊ Select) မပြုလုပ်ပါနှင့်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများသည်မိမိကွန်ပြူတာအတွက်အရေးကြီးပါသည်။ ထိုအရာများကို အမှတ်လုပ်ပြီး Disable လုပ်ခဲ့မယ်ဆိုရင်တော့ အင်တာနက်တို့ ၊ Bluetooth တို့ အပြင် အခြားသော Fn+F1 => F9 ကီးခလုတ်တွေအသုံးပြုလို့ရမှာမဟုတ်တော့ပါဘူး။တနည်းအားဖြင့် Function Keys များလို့ ခေါ်ဝေါ်ပါတယ်။

(၁၀) ကွန်ပျူတာတွင်း ဖုန်များဝင်ရောက်ခြင်းကိုကာကွယ်ပေးရပါမည်။ ဖုန်များသည် ကွန်ပျူတာ Cooling Fan ကိုနှေးကွေးလာစေကာကွန်ပျူတာ CPU ကိုတဖြည်းဖြည်းချင်း ပူလာစေပါသည်။ ထိုသို့ပူလာသည်နှင့်အမျှ ကွန်ပျူတာ၏ ပုံမှန်စနစ်တကျလုပ်ဆောငမှုများကို ထိခိုက်လာစေကာ System Speed ကိုနှေးကွေးလေးလံလာစေနိုင်ပါသည်။ ကွန်ပျူတာ CPU အတွင်းရှိဖုန်များကိုဖယ်ရှားရန်အတွက် ဖုန်စုပ်စက်များကို လုံးဝအသုံးမပြုရပါ။ နူးညံ့သောအဝတ်စများ၊ ကွန်ပျူတာဖုန်သုတ်သည့် အဝတ်စများကိုသာ အသုံးပြုရပါမည်။

(၁၁) ကွန်ပျူတာကို System Restore Function ကိုဖွင့်ထားခြင်းသည် CPU ၏ စွမ်းဆောင်မှုကိုအသုံးပြုမှုများပြားစေပါသည်။ ထို့ကြောင့် System Restore ကိုပိတ်ထားသင့်ပါသည်။ System Restore ကိုပိတ်ထားရန်အတွက် My Computer ၊ Properties သို့ဝင်ရောက်၍ ၎င်းမှ System Restore Tab သို့ဝင်ရောက်ကာ Turn off system restore on all drives ကို Select လုပ်၍ ပိတ်ထားနိုင်ပါသည်။

(၁၂) Search Indexing ကို Disable ပြုလုပ်ထားခြင်းသည် ကွန်ပျူတာ System Speed ကို မြန်ဆန်စေပါသည်။ Search Function ကိုပိတ်ထားရန်အတွက် My Computer မွ Window တင်ထားသည့် C Drive ကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ Allow indexing Services to index this disk ကို uncheck ပေး၍ Apply ပေးရပါမည်။

(၁၃) Error Checking Utility ကိုအသုံးပြုခြင်းဖြင့် ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။ Error Checking Utility ကိုအသုံးပြုရန်အတွက် ကွန်ပျူတာအတွင်းဖွင့်ထားသော File များကိုပိတ်ရပါမည်။ My Computer မွ Drive တစ္ခုကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Tools Tab သို့ဝင်၍ Check now ကို Click ၍ Scan for and attempt recovery of bad sectors ကို Check ေပး၍ Start ကို နှိပ်ရပါမည်။

(၁၄) ကွန်ပျူတာအတွင်းရှိ Spyware များသည် ကွန်ပျူတာသုံးစွဲသူ၏ Personal Data များကို ခွင့်ပြုချက်မရှိပဲခိုးယူရုံသာမက ကွန်ပျူတာသုံးစွဲရာတွင် ကွန်ပျူတာကိုနှောင့်နှေးစေပြီး မကြာခဏရပ်တန့်စေခြင်းခြင်းများကိုပါဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ကွန်ပျူတာအတွင်းရှိ Spyware များကိုရှင်းလင်းပေးရပါမည်။ Antivirus Software ကိုအသုံးပြုခြင်းမရှိသေးပါက Online Free Service တစ်ခုဖြစ်သော http://onecare.live.com/ သို့ဝင်ရောက်၍ ကွန်ပျူတာ ကိုစစ်ဆေးခြင်းဖြင့် Virus များကိုဖယ်ရှားနိုင်ပါသည်။

(၁၅) Window တင်ရာတွင် NTFS အမျိုးအစား File Type ကိုအသုံးပြုရပါမည်။ FAT32 ကို အသုံးမပြုရပါ။ မိမိအသုံးပြုနေသည့် Window တွင်မည်သည့်အမျိုးအစားကိုအသုံးပြုထားသည်ကို သံသယဖြစ်ပါက Window တင်ထားသည့် C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်၍ကြည့်ရှုနိုင်ပါသည်။ အကယ်၍ FAT32 ဖြစ်နေပါက NTFS File Type သို့ပြောင်းလဲပေးရပါမည်။ ထိုသို့ပြောင်းလဲရန်အတွက် ပထမဆုံးအရေးကြီးသည့် Data များကို Back Up ပြုလုပ်ထားရပါမည်။ ထို့နောက် Start \ Run တွင် CMD ဟုရိုက်နှိပ်၍ Prompt တွင် CONVERT C: /FS:NTFS ဟုရေး၍ Enter ပေးရပါမည်။ ထို့နောက် ခေတ္တ စောင့်ပေးရပါမည်။ NTFS ကိုအသုံးပြုခြင်းအားဖြင့် Security မြင့်မားခြင်း၊ Folder ပမာဏကို ကြီးမားစွာအသုံးပြုနိုင်ခြင်းနှင့် Computer System Speed ကိုမြန်ဆန်စွာအသုံးပြုနိုင်ခြင်းနှင့် အခြားအကျိုးရလဒ်များကို ရရှိစေပါသည်။

(၁၆) ကွန်ပျူတာကို တစ်လလျှင်အနည်းဆုံးတစ်ကြိမ်ခန့် Disk Cleanup ပြုလုပ်ပေးသင့်ပါသည်။ Disk Cleanup ပြုလုပ်ပေးခြင်းဖြင့် Temporary Files များကိုဖယ်ရှားပေးနိုင်ပြီး ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။ C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်ပြီး Disk Cleanup Bottom ကိုနှိပ်၍ ပြုလုပ်နိုင်ပါသည်။

(၁၇) ကွန်ပျူတာအတွင်းမလိုအပ်သည့် Program များကိုဖယ်ရှားပေးရပါမည်။ ဖယ်ရှားရာတွင် Window တွင်ပါရှိသည့် Add or Remove Program မှတစ်ဆင့်ဖယ်ရှားနိုင်သကဲ့သို့ Your Uninstaller ကဲ့သို့ Uninstaller တစ်မျိုးမျိုးကိုအသုံးပြု၍ဖယ်ရှားနိုင်ပါသည်။ Software ကို အသုံးပြု၍ဖယ်ရှားပါက Add or Remove Program ကိုအသုံးပြု၍ဖယ်ရှား၍ ပျက်သွားခြင်း မရှိသည့် Registry အတွင်းရှိ File များကိုပါ ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။

🍀🍀🍀🍀
Credit to -မူရင်း
(Monyo)

Laptop တစ်လုံးဝယ်ပြီဆိုရင် လူတော်တော်များများသိချင်တဲ့အချက်က Battery ဘယ်လောက်အသုံးခံလဲဆိုတာဖြစ်ပြီး အမေးအများဆုံးကလည်း အ...
16/12/2020

Laptop တစ်လုံးဝယ်ပြီဆိုရင် လူတော်တော်များများသိချင်တဲ့အချက်က Battery ဘယ်လောက်အသုံးခံလဲဆိုတာဖြစ်ပြီး အမေးအများဆုံးကလည်း အဲ့အကြောင်းအရာပဲဖြစ်ပါတယ်..

သာမန် Laptop အများစုက Power Plug မတပ်ဘဲ ပုံမှန်အနေအထားနဲ့သုံးမယ်ဆိုရင် ၃ နာရီ နဲ့ ၄ နာရီကြားလောက်ခံပြီး ၊ Battery usage များတဲ့ software တွေသုံးမယ်ဆိုရင်တော့ ၂ နာရီဝန်းကျင်လောက်ခံပါတယ်...

Battery 10 နာရီအသုံးခံပါတယ်ဆိုပြီး ကြော်ငြာတဲ့ High end Laptop တွေမှာတောင် သာမန်အနေအထားနဲ့ သုံးမှသူပြောသလောက်အသုံးခံတာဖြစ်ပါတယ်..

နောက်ပြီး အချိန်ကြာကြာသုံးရတဲ့ Gaming Laptop တွေမှာလည်း အများဆုံးခံ ၃ နာရီ ၊ ၄ နာရီ ပါပဲ..

အချိန်တန်ရင် Power Plug တပ်ပြီး သုံးရတာပါ..

ဒီတော့ ပြောရရင် Laptop Battery ဘယ်လောက်အသုံးခံလဲဆိုတာက အရေးမကြီးပါဘူး..

အရေးကြီးတာက ကိုယ့် Laptop Battery ရဲ့သက်တမ်းကို ကြာကြာအသုံးခံအောင်လို့ ဘယ်အချက်တွေကို ရှောင်ကြဉ်ရမလဲဆိုတာပဲဖြစ်ပါတယ်..

ရှောင်ကြဉ်ရမယ့်အချက်လေးတွေကိုအောက်မှာဖော်ပြပေးထားပါတယ်..

ဆက်လက်ဖတ်ရှုပေးပါဦး..

1. Laptop ကို အပူချိန်လွန်ကဲတဲ့နေရာမျိုးမှာမထားပါနဲ့..
0 degrees Celsius ထက်နည်းပြီး 35 degrees ထက်များတဲ့နေရာမျိုးမှာမထားသင့်ပါဘူး

2. Laptop ကို နူးညံ့တဲ့မျက်နှာပြင်ရှိတဲ့နေရာမျိုးမှာထားမသုံးပါနဲ့..
ကော်ဇော ၊ စောင် ၊ ခေါင်းအုံး အစရှိတဲ့နေရာတွေမှာမသုံးသင့်ပါဘူး။ဘာကြောင့်လဲဆိုတော့ Laptop cooling system ရဲ့ လေဝင်လေထွက်ကို ပိတ်ထားသလိုဖြစ်ပြီး Laptop ကိုပူလာစေနိုင်လို့ပါ

3. Laptop ကိုအချိန်အကြာကြီးမသုံးဘဲမထားပါနဲ့..
မသုံးဖြစ်ဘူးဆိုရင်တောင် တစ်နေ့ကိုတစ်ခါလောက် အဖွင့်အပိတ်လုပ်ပေးသင့်ပါတယ်

4. မလိုတဲ့ ပစ္စည်းတွေတပ်ထားခြင်းမှ ရှောင်ကြဉ်ပါ
မလိုတဲ့ပစ္စည်းတွေဆိုတာ USB port မှာတပ်သုံးတဲ့ ပစ္စည်းတွေကိုပြောတာပါ..USB stick တွေ ၊ External HDD တွေ နဲ့ mouse တို့ဖြစ်ပါတယ်..ဒီပစ္စည်းတွေတပ်ထားပြီဆိုရင် motherboard ကနေ power ပေးရပါပြီ။ ဒါဆိုရင် battery power လည်းသုံးရပါပြီ။ ဒီနေရာမှာအကြံပေးချင်တာက mouse ထက်စာရင် laptop မှာပါတဲ့ trackpad ကိုသုံးဖို့ပါ..

5. အချိန်ပြည့်အားသွင်းထားတာမျိုးမလုပ်ပါနဲ့..
ဒီအချက်ကလည်းအရေးကြီးပါတယ်..Battery အားပြည့်တာနဲ့ အားသွင်းကြိုးကိုဖြုတ်ပါ..

Battery percent 40% လောက်ကျန်မှ ပြန်သွင်းပါ..ဒီလိုလုပ်ပေးခြင်းဖြင့် သင့် Laptop battery ကိုကြာရှည်ခံစေပါလိမ့်မယ်..

ဒီလောက်ဆိုရင် ကိုယ့် Laptop ရဲ့ battery ကို ဘယ်လိုကြာရှည်ခံအောင် သုံးရမလဲဆိုတာ သိသွားလောက်ပြီလို့ထင်ပါတယ်...

Credit to original
(Monyo)

✅Google သုံးနည်း လမ်းညွှန်✅Google သုံးတတ်ရင် တော်ရုံကတော့ အေးဆေးပဲနော်လေ့လာကြည့်ကြပါဦး------------------------------ပြည်...
12/12/2020

✅Google သုံးနည်း လမ်းညွှန်✅

Google သုံးတတ်ရင် တော်ရုံကတော့ အေးဆေးပဲနော်

လေ့လာကြည့်ကြပါဦး
------------------------------
ပြည်တွင်းရှိ ကျောင်းသားများအတွက် Google သည် မရှိမဖြစ် အရာတစ်ခုဟုသာ အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။
သို့သော်လည်း ကျောင်းသားအများစုက မည်သို့အသုံးပြုရမည်ကို သေချာစွာ သိရှိခြင်း မရှိသေးပေ။ မိမိရှာဖွေလိုသည့်
အကြောင်းအရာ၊ အချက်အလက်များကို တိကျစွာရှာဖွေခြင်း၊ သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့ကို သေချာစွာ မသိရှိခြင်းကြောင့်
အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်ကြေးကျ များရသည့် အဖြစ်မျိုးနှင့်လည်း ကြုံနေရသည်။ ယင်းကဲ့သို့ အခြေအနေများရှိသည့်
အတွက် ပြည်တွင်းရှိ ကျောင်းသားတိုင်းအတွက် Google အသုံးပြုနည်း လမ်းညွှန်အနေနှင့် အချက်အလက်များ ရှာဖွေခြင်း၊
သိမ်းဆည်းမှတ်တမ်းတင်ခြင်းတို့အတွက် နည်းလမ်းများကို စုစည်းဖော်ပြပေးအပ်ပါသည်။

Google Web Search (Tips and Tricks)

၁။ စာအုပ်တစ်အုပ်ကို pdf file format နှင့် ရှာဖွေလိုပါက filetype:pdf ဟု ထည့်သွင်းရေးသားပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ ။ ။ electronics filetype:pdf

၂။ အချို့စကားလုံးများကို မိမိရှာဖွေသည့် အဖြေရလဒ်အတွင်း ထည့်သွင်းမဖော်ပြစေလိုပါက ” – ” ( အနုတ်လက္ခဏာ) ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ restaurant -japan (Japan စားသောက်ဆိုင်မရှာရန် လုပ်ဆောင်ခြင်း ဖြစ်သည်။)

၃။ တစ်မျိုးမဟုတ်တစ်မျိုး တစ်ခုခုကို ရှာဖွေမှုရလဒ်မှာ ထည့်သွင်းဖော်ပြစေလိုပါက ‘OR’ ခံပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ Drone OR UAV

၄။ Google တွင် အင်္ဂလိပ်ဘာသာမှ အင်္ဂလိပ်ဘာသာ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာဖွေလိုပါက "Define" ကို အသုံးပြုနိုင်မည် ဖြစ်သည်။ ဥပမာ။ define Drone

၅။ ကိုယ်ရှာဖွေလိုတဲ့ အကြောင်းအရာရဲ့ စာလုံးပေါင်းကို မသိဘူးဆိုရင် "*" ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ electroni*s

၆။ ရှာဖွေမှုရလဒ်မှာ ကိုယ်ရှာချင်တာကို ရေးထားတဲ့အတိုင်း အတိအကျရှာဖွေဖို့အတွက် ဆိုရင်တော့ " " ကို အသုံးပြုပြီး ရှာဖွေနိုင်မည် ဖြစ်သည်။
ဥပမာ။ “I am student”

၇။ Google မှာ Graph ရေးဆွဲလိုပါက ကိုယ်ရေးဆွဲမည့် Graph ၏ ညီမျှခြင်းကို ရိုက်ထည့်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်သည်။
ဥပမာ။ y=x^2+6x+9

၈။ Website တစ်ခုကနေ မိမိရှာဖွေလိုတာကို Google အသုံးပြုပြီး ရှာဖွေဖို့ဆိုရင် site:easy devboards.com Bluetooth ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်မည် ဖြစ်သည်။

၉။ အင်တာနက် ဆက်သွယ်မှု မရှိစဉ် ယခင်ရှာဖွေထားသည့် ရှိပြီး Cache များကို ပြန်လည်ကြည့်ရှုလိုပါက cache: ကို ခံပြီးရှာဖွေနိုင်မည် ဖြစ်ပါသည်။
ဥပမာ။ cache:easydevboards.com

🔳🔳🔳🔳🔳

Advanced Google Web Search

ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ နောက်ထပ်မံပြီး Webpage များတွင် ရှာဖွေခြင်းနှင့် ပတ်သက်သည့်
အချက်အလက်များကို သိရှိထားရန် လိုအပ်ပေသည်။
• စကားလုံးတိုင်းသည် ရှာဖွေမှုတိုင်းတွင် အရေးပါသည်ကို သတိပြုပါ။ who, the who, a who သုံးမျိုးကို ရှာဖွေကြည့်ပါက
ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။
• အကြောင်းအရာများကို ရှာဖွေရာတွင် စကားလုံး ရှေ့နောက်အထားအသိုသည်လည်း မှန်ကန်ရန် လိုအပ်ပါသည်။
ဥပမာအားဖြင့် blue sky, sky blue အထားအသို နှစ်ခုအပေါ်တွင် ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။
• မိမိရှာဖွေလိုသည့် စကားလုံးများကို စာလုံးအကြီးဖြင့်ဖြစ်စေ၊ စာလုံးအသေးဖြင့်ဖြစ်စေ ရေးသားနိုင်ပါသည်။ ရလဒ်ကွဲပြားမှု မရှိနိုင်ပါ။
•comma (,) ကဲ့သို့သော စာလုံးများကို မည်သို့ပင် ထည့်သွင်းစေကာမူ အရေးမကြီးလှပေ။
• သို့သော် အချို့သော C #, C++, Google+ စသည်ဖြင့် Programming language အမည်များ နောက်တွင် တွဲလျက်ပါသည့်
# သို့မဟုတ် + စသည်တို့မှာ အရေးပါသည်ကို သတိပြုရန် လိုအပ်ပေသည်။
ရံဖန်ရံခါ မိမိရှာဖွေသည့် အချက်အလက်များကို မတွေ့ဘဲ လည်နေခြင်းမျိုး ကြုံလာပါက Keyword လွဲမှားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ Keyword ကို ပြောင်းလဲရှာဖွေ ကြည့်နိုင်ပါသည်။
ရှာဖွေမှုရလဒ်များ
တစ်စုံတစ်ခုကို ရှာဖွေမည်ဆိုပါက ကြော်ငြာများကိုလည်း ရလဒ်များတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။
အဓိက မိမိရှာဖွေသည့် ရလဒ်အဖြေကိုသာ တိုက်ရိုက်ဖတ်ရှုဖို့ လိုအပ်မည် ဖြစ်ပါသည်။ Search Bar ၏ အောက်ဘက်ရှိ Filter တွင်
Web, image, maps, shopping စသည်ဖြင့် မိမိလိုအပ်သည့်အရာကို ရွေးချယ်နိုင်ပါသည်။ ပုံများကိုသာ ရှာဖွေလိုပါက image ကို
ရွေးချယ်နိုင်ပါသည်။ ရှာဖွေသည့် စကားလုံးကလည်း အတိအကျရှိမည်၊ Google ဘက်ကလည်း ရလဒ်ရှိမည် ဆိုပါက Knowledge
အနေနှင့် ဘေးဘက်တွင် သီးခြားပြသထားခြင်းမျိုးလည်း ရှိပါသည်။ အထူးသဖြင့် နေရာများကို ရှာဖွေရာတွင် သီးခြားပြသမှုများကို
မြင်တွေ့ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။

🔳🔳🔳🔳🔳

Advanced Searching

Advanced Searching ကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

၁။ Advanced Search page
ဒီနေရာမှာ ပုံတွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_image_search တွင် ရှာဖွေနိုင်မည် ဖြစ်ပြီး၊ Website တွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_search တွင် ရှာဖွေနိုင်မည် ဖြစ်ပါသည်။

၂။ ဒုတိယ နည်းလမ်းတစ်ခု အနေနှင့် Operator များကို အသုံးပြုပြီးလည်း ရှာဖွေနိုင်မည် ဖြစ်ပါသည်။ Operator List များကို https://support.google.com/websearch/answer/2466433 ဤလင့်ခ်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပြီး Operator များ အကြောင်းကို အထက်တွင် Tips and Tricks အနေနှင့် ဖော်ပြပြီး ဖြစ်ပါသည်။
စာအုပ်များ ရှာဖွေခြင်း
မိမိဖတ်ရှုလိုတဲ့ စာအုပ်တွေကို ရှာဖွေမည် ဆိုပါက Google Book မှတစ်ဆင့် ရှာဖွေပါက အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ယင်းအပြင် Google Book တွင် စာအုပ်တစ်အုပ်လုံးကို မဟုတ်သော်လည်း အချို့အစိတ်အပိုင်းများကို နမူနာဖတ်ရှုခွင့် ပေးထားသည့်အတွက် စာအုပ်ရှာဖွေ ဒေါင်းလုပ်ရယူမည့်သူများ အတွက် အထူးပင် အဆင်ပြေစေနိုင်မည် ဖြစ်ပါသည်။
https://books.google.com/ တွင် စာအုပ်များကို ရှာဖွေနိုင်မည် ဖြစ်ပါသည်။
နမူနာအနေနှင့် Wireless Communication နှင့် ပတ်သက်သည့် စာအုပ်စာတန်းများ ရှာဖွေလိုပါက အထက်ပါလင့်ခ်တွင် Wireless
Communication ဟု ရိုက်ထည့်ပြီး ရှာဖွေပါက စာအုပ်စာတမ်းများ ကျလာမည် ဖြစ်သည်။ ယင်းစာအုပ်များ၏ လင့်ခ်တွင်
https://books.google.com/books?isbn=_______” ဟု ဖော်ပြထားမည် ဖြစ်သည်။ ယင်းကွက်လပ်နေရာတွင် ဂဏန်းများပါရှိမည် ဖြစ်ပြီး
ယင်းနံပါတ်များသည် အပြည်ပြည်ဆိုင်ရာသုံး စာအုပ်နံပါတ် (ISBN) ဖြစ်သည်။
အကယ်၍ မိတ်ဆွေ၊ သူငယ်ချင်းများက စာအုပ်တစ်အုပ်ကို ညွှန်းပါက ISBN ကို ကွက်လပ်နေရာမှာ ရိုက်ထည့်ပြီး အလွယ်တကူ
ရှာဖွေနိုင်မည် ဖြစ်ပါသည်။
ISBNနံပါတ်တွေကို စာအုပ်တွေရဲ့ ရှေ့ဆုံးစာ မျက်နှာမှာလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။
စာအုပ်များကို ဖတ်ရှုပြီးပါကလည်း စာအုပ်ကို မိမိ Library တွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Google Account လိုအပ်မည်
ဖြစ်သော်လည်း ကျောင်းသားအများစုက gmail အသုံးပြုတာကြောင့် Google Account ရှိပြီး ဖြစ်ပေလိမ့်မည်။
Library အတွင်း သိမ်းဆည်းထားခြင်းဖြင့် မိမိဖတ်ရှုပြီး စာအုပ်များကို မှတ်သားထားနိုင်ပြီး ဖတ်ရှုရန် လိုအပ်သည့် စာအုပ်များကိုလည်း အ
လွယ်တကူ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
အထက်ပါအချက်များကို Google မှာ လေ့လာရှာဖွေမည့် ကျောင်းသူ/သားများအတွက် အထောက်အကူဖြစ်ရန်အတွက် အသုံးများသောအချက်များကို
ဖော်ပြလိုက်ရပါသည်။ တကယ်တော့ Google SE ကသင်တို့ထင်တာထက် အများကြီးကျယ်ပြန့်ပါတယ်။

Credit-မူရင်း
(Monyo)
.

Computer Keyboard ပေါ်မှာရှိတဲ့ F1 ကနေ F12 ထိ Function Key တွေကို ဘယ်နေရာတွေမှာ အသုံးချနိုင်မှန်း ကွန်ပျူတာ အသုံးပြုသူတိ...
10/12/2020

Computer Keyboard ပေါ်မှာရှိတဲ့ F1 ကနေ F12 ထိ Function Key တွေကို ဘယ်နေရာတွေမှာ အသုံးချနိုင်မှန်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိမယ်မထင်ပါဘူး... Function Key တွေရဲ့အသုံးအပြုအများဆုံး ယေဘုယျ လုပ်ဆောင်ချက် တွေကို ကျွန်တော် သိသလောက် ပြန်လည်မျှဝေလိုက်ပါတယ်...

🟩 F1 = Program အားလုံးနီးပါးမှာ အကူအညီလိုအပ်တဲ့အခါ အသုံးပြုနိုင်ပါတယ်.. F1 Key ကိုနှိပ်လိုက်တဲ့အခါ လက်ရှိ Active ဖြစ်နေတဲ့ Program ရဲ့ အကူအညီ ( Help ) Screen ပေါ်လာမှာဖြစ်ပါတယ်..

🟩 F2 = Select လုပ်ထားတဲ့ File သို့မဟုတ် Folder ကို Rename လုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်.. နောက်တစ်ခုက Windows Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်ရင် BIOS Setting ကိုရောက်ပါတယ်.. ဒါကတော့ ကွန်ပျူတာအားလုံးမှာ လုပ်ဆောင်နိုင်မှာမဟုတ်ပေမယ့် တော်တော်များများမှာတော့ Loading လုပ်နေစဉ်မှာ F2 ကိုနှိပ်လိုက်ရင် BIOS Setting ကိုရောက်ပါတယ်..

🟩 F3 = လက်ရှိ ဖွင့်ထားတဲ့ Program အတွက် Search Box ကိုဖေါ်ပြဖို့အတွက်သုံးပါတယ်...

🟩 F4 = Alter Key နဲ့ F4 Key ကိုတွဲနှိပ်လိုက်ရင် လက်ရှိဖွင့်ထားတဲ့ Program သို့မဟုတ် Windows Explorer Box ကို ပိတ်ပစ်နိုင်ပါတယ်..

🟩 F5 = Windows Desktop ကို Refresh လုပ်ဖို့ အသုံးပြုနိုင်ပါတယ်.. အင်တာနက် Browser မှာ ဖွင့်ထားတဲ့ Page ကို Reload လုပ်ဖို့အတွက်လည်းအသုံးပြုနိုင်ပါတယ်... Microsoft Office Ward မှာတော့ Find and Replace Dialog Box ပေါ်လာပြီး Go To မှာ Active ဖြစ်နေပါမယ်...

🟩 F6 = အင်တာနက် Browser ကိုအဖွင့်ပြီးအသုံးပြုနေစဉ်မှာ F6 ကိုနှိပ်လိုက်ရင် Address Bar မှာ Active ဖြစ်သွားပါမယ်... Adobe Pagemaker မှာတော့ Bold Type ကိုပြောင်းဖို့သုံးပါတယ်...

🟩 F7 = Microsoft Office Word မှာတော့ Spelling and Grammar Check လုပ်ဖို့သုံးပါတယ်..

🟩 F8 = Windows Loading လုပ်နေစဉ်မှာ F8 ကိုဖိထားရင် Safe Mode ကိုရောက်ပါတယ်.. ဖိမထားဘဲ တစ်ချက်တည်းနှိပ်လိုက်ရင်တော့ Boot Menu ကိုရောက်ပါတယ်..

🟩 F9 = Microsoft Office Word မှာ Document ကို Refresh လုပ်ဖို့သုံးပါတယ်.. Microsoft Office Outlook မှာတော့ Send and receive email ကိုရောက်သွားပါမယ်...

🟩 F10 = ဖွင့်ထားတဲ့ Program ရဲ့ Menu ကို Active လုပ်ဖို့သုံးပါတယ်.. နောက်တစ်ခုက Shift Key နဲ့ F10 ကိုနှိပ်ရင် Mouse ရဲ့ Right Click နဲ့ အတူတူဖြစ်ပါတယ်..

🟩 F11 = Full Screen Mode ကိုပြောင်းတာဖြစ်ပါတယ်.. ဘယ် Program မဆို F11 ကိုနှိပ်လိုက်ရင် Full Screen မြင်ရမှာဖြစ်ပါတယ်..

🟩 F12 = Microsoft Office Word မှာတော့ Save as Dialog Box ပေါ်စေပါတယ်..File Name, File Type, File Location တွေကိုပြောင်းလဲသိမ်းဆည်းလိုတဲ့အခါ အသုံးပြုပါတယ်......

 #1:00PM_to_3:00PM_Class. .
28/07/2020

#1:00PM_to_3:00PM_Class.
.

 #10:00AM to 12:00PM Class.
27/07/2020

#10:00AM to 12:00PM Class.

 #8:00AM - 10:00AM_Class. .
24/12/2019

#8:00AM - 10:00AM_Class.
.

  Second hand Laptop များ၀ယ်ယူလိုပါကဆက်သွယ်နိုင်ပါသည်။ CPU – i3 Ram – 4GBGraphics - intel(R)HD HDD – 300GB Screen - 14" ...
06/11/2019

Second hand Laptop များ၀ယ်ယူလိုပါကဆက်သွယ်နိုင်ပါသည်။


CPU – i3
Ram – 4GB
Graphics - intel(R)HD
HDD – 300GB
Screen - 14" HD
DVD Drive
Finger Print

Warranty - ၆လ + တစ်သက်တာ Software အာမခံ

ပေါ့ပေါ့ပါးပါး သယ်သွားလိုရပြီး design အနေအထားကလဲ ဝယ်ချင်စရာလေးပါ။
ကိုယ်တိုင်ကြည့်ရှု့၀ယ်ယူလိုပါက - MCC Computer Training Center ၊ ရွှေဥဒေါင်းရပ်ကွပ်၊ရွှေဝါလေးလမ်း၊မိုးညိုမြို့၊ ဖုန်း - 09968686455

 #1:00PM - 3:00PM Class. .
16/08/2019

#1:00PM - 3:00PM Class.
.

 . #10:00PM to 12:00PM Class.
19/07/2019

.
#10:00PM to 12:00PM Class.

10:00AM - 12:00PM Class.
14/05/2019

10:00AM - 12:00PM Class.

 .4:00PM to 6:00PM Class
07/02/2019

.
4:00PM to 6:00PM Class

Address

ပြည်တော်အေးလမ်း နှင့် ရွှေဝါလေးလမ်းထောင့်, မိုးညိုမြို့။
Monyo
0007

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00

Telephone

09968686455

Alerts

Be the first to know and let us send you an email when MCC-Monyo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share