Sadness Hub

Sadness Hub Lie

08/06/2023

နာကျင်စရာတွေ များလာတဲ့အခါ
တိတ်ဆိတ်ငြိမ်သက်ခြင်းဆိုတဲ့
အရာတစ်ခုအဖြစ်
ပြောင်းလဲသွားတတ်ပါတယ်🌺

08/06/2023

ဝေးသွားလို့ မဖြစ်ဘူး အချစ်ရဲ့
ဘဝမှာ မင်းနဲ့ဆိုပြီး
မက်ခဲ့တဲ့ အိမမက်တွေမှ အများကြီးပါ🥀

22/05/2023

အချစ်က ဘုရားလောင်းကိုတောင်
အနော်မာ မြစ်ဘေးရောက်စေခဲ့သေးတာပဲ
ကျုပ်တို့လိုကောင်တွေ ကျရှုံးတာ
မဆန်းပါဘူးလေ🥀

20/05/2023

Nothing?
ပိုင်ဆိုင်ဖို့ မဖြစ်နိုင်မှန်းသိသိကြီးနဲ့
ပေးဆပ်ခဲ့တဲ့ နှလုံးသားက🤍
ပိုလေးနက်လွန်းတယ်

ပြန်မလိုချင်လို့မဟုတ်ရပါဘူးလိုချင်တာပေါ့ဒါပေမယ့် ကျုပ်ရင်ခွင်ထဲမှာရှိတာထက် စာရင်တခြားသူရင်ခွင်ထဲမှာရှိနေတဲ့ သူမက ပိုပြီး...
19/05/2023

ပြန်မလိုချင်လို့မဟုတ်ရပါဘူး
လိုချင်တာပေါ့
ဒါပေမယ့် ကျုပ်ရင်ခွင်ထဲမှာရှိတာထက် စာရင်
တခြားသူရင်ခွင်ထဲမှာရှိနေတဲ့ သူမက
ပိုပြီးတင်တင့်ပါတယ်🥀

19/05/2023

🥀

08/05/2023

တစ်ခါတစ်လေကျတော့လည်းတွေးမိတယ် အချစ်ရယ်
နှစ်ရာတန်ဆေးလိပ်တွေသောက်နေတဲ့
ငါ့နှုတ်ခမ်းက
သောင်းချီတန်မိတ်ကပ်တွေလိမ်းခြယ်ထားတဲ့
မင်းပါးပြင်နဲ့ တောင် တန်မှတန်ပါ့မလားလို့😔

06/05/2023

မင်းနဲ့ ပြိုင်ရင်တောင်
အမြဲတမ်း ရှုံးနေတဲ့ကောင်ပါကွာ
နောက်တစ်ယောက်ဆိုတဲ့ စစ်ကူကြီးနဲ့
လာပြိုင်မှတော့
ဒူးထောက်ပေးရုံပဲရှိပါတော့တယ်
အချစ်ရယ်😔

03/05/2023

လွမ်းတယ်🌻
စကားလုံးလေး နှစ်လုံးတည်းမလို့သာပေါ့ကွယ်
စကားလုံးတွေသာများရင်
မောင့်ဘဝကြီး စုတ်ပြတ်နေမလားမသိ
♥️

01/05/2023

ပြုံးတာချင်းတူတာတောင်
မင်းပြုံးတာလေးက ပိုလှတယ်
ရယ်တာချင်း တူတာတောင်
မင်းရယ်သံလေးက ပိုချိုမြိန်တယ်
ချစ်ခြင်းမေတ္တာမှာ တရားမျှတမှုဆိုတာမရှိပါဘူး
အချစ်ရယ်......🌻
ဘက်လိုက်တယ်ပဲ ပြောချင်ပြောကြပါစေ
မင်းမှားနေရင်တောင် တရားပါတယ်♥️

30/04/2023

ချစ်တယ်ဆိုတာထက် မြတ်နိုးတယ်ဆိုတာက
ပိုလေးနက်တယ်တဲ့
လူတစ်ယောက်ကို မြတ်နိုးလားရင်
ပိုင်ဆိုင်ချင်လာရော သူရဲ့ ဆံချည်မျှင်ကစ
ခြေသည်းခွံကြည်ကြည်လေးတွေက အဆုံး
မြတ်နိုးမိနေရော
ကိုယ်လည်းမင်းကိုမြတ်နိုးမိနေပြီထင်ပါတယ်
ချစ်သောရေ......🥺

Address

Monyo

Website

Alerts

Be the first to know and let us send you an email when Sadness Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category