Rubino Coffee

Rubino Coffee မြန်မာနိုင်ငံမှ ထွက်ရှိသော သဘာ၀ ကော်ဖီစစ်စစ်ဖြင့် ထုတ်လုပ်ထားပါသည်။

Rubino Coffee
23/03/2024

Rubino Coffee

10/02/2024
16/10/2023

သဘာဝစစ်စစ်အရသာဆိုကော်ဖီစစ်စစ် ✨RUBINO☕️ရာသီဉတုပူပူနဲ့ကော်ဖီအေး​အေးလေးကိုသောက်လိုက်ရတဲ့အရသာကဘာနဲ့မှမလဲနိုင်ဘူးမလား 💭ကော်ဖ...
10/05/2023

သဘာဝစစ်စစ်အရသာဆိုကော်ဖီစစ်စစ် ✨RUBINO☕️

ရာသီဉတုပူပူနဲ့ကော်ဖီအေး​အေးလေးကိုသောက်လိုက်ရတဲ့အရသာကဘာနဲ့မှမလဲနိုင်ဘူးမလား 💭

ကော်ဖီရဲ့ခါးသက်​မွှေးပျှံ့တဲ့အရသာ၊နို့ရဲ့ဆိမ့်သက်မှုနဲ့ရေခဲအေးအေးလေးပါထည့်သောက်လိုက်ရင်🧊😋

ဒီလိုအရသာရှိတဲ့ကော်ဖီလေးတစ်ခွက်ရဖို့ကတော့ ✨Rubino✨ရှိရင်ပြီးပြည့်စုံတယ်နော်။

အမြင့်ပေ 4000ကျော်မှာတည်ရှိသောရွာငံဒေသမှထွက်ရှိသော ✨Rubino Coffee ✨လေးမှာ

☕️ရွာငံဒေသ Arabica ကော်ဖီခြံမှာသဘာဝအတိုင်းစိုက်ပျိုးထားတဲ့ သဘာဝရဲ့အငွေ့အသက်" Original နှပ်ကော်ဖီ"။

🍫☕️ ချောကလက်နံ့သင်းသင်းလေးနဲ့ကော်ဖီရဲ့မွှေးပျှံမှုကိုအချိုးကျပေါင်းစပ်ထားတဲ့ "Mocha Blend"

☕️ခါးသက်တဲ့ကော်ဖီအရသာကိုသံပုရာသီးလေးညှစ်သောက်မှအရသာတွေ့တဲ့ Black Coffee fan တို့အတွက် "Drip Coffee "

ဆိုပြီး ၃မျိုး ရှိပါတယ်။

Rubino Coffee သဘာဝကော်ဖီ မှ

မြန်မာတစ်နိုင်ငံလုံးက ကိုယ်စားလှယ်ယူရောင်းချချင်သူများကိုလည်းနွေးထွေးစွာကြိုဆိုပါတယ်ရှင်💞

ဈေးနှုန်းလည်းသက်သာ/ဂါဝပြုဖို့လည်းထုတ်ပိုးမှုသပ်ရပ်/ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကော်ဖီလေးကိုခုပဲ မြည်းစမ်းကြည့်တော့နော်☕️💞

Rubino Arabica Coffee

📞09-402764631


#သဘာဝကော်ဖီ

Good morning🌞Just Wake up to drink a coffee ☕
29/03/2023

Good morning🌞

Just Wake up to drink a coffee ☕

01/03/2022

တနေ့တာကို လန်းလန်းဆန်းဆန်း နဲ့ စတင်ဖို့ RUBINO COFFEE က ကူညီပေးပါရစေ။

သဘာ၀ကိုမှ ခုံမင်နှစ်သက်တဲ့ မိတ်ဆွေတို့ သဘာ၀ကော်ဖီ စစ်မှ သောက်ချင်တယ်ဆိုရင်တော့ RUBINO COFFEE ရှိတယ်နော် ။

ခုဆိုရင်တော့ RUBINO COFFEE က 3 in 1 ကော်ဖီကို ထုတ်လုပ်လိုက်ပါပြီ။

RUBINO COFFEE ကို
– Original
– Mocha blend
– Drip coffee ဆိုပြီး 3မျိုး ထုတ်လုပ်ထားပါတယ်။

Original လေးကတော့ သဘာ၀နှပ်ကော်ဖီ ဖြစ်ပီး

Mocha blend လေးက‌တော့ Chocoကြိုက်တဲ့ သူတွေ အတွက် coffee နဲ့ choco ကို အချိုးကျ ရောစပ်ထားပါတယ်

Drip coffee လေးကတော့ black မှ ကြိုက်တဲ့ သူတွေအတွက် Black coffee လေးဖြစ်ပါတယ်။

ပြီးတော့ drip Coffee လေးကို ကြိုက်နှစ်သက်ရာ နို့ ၊သကြား ၊ creamer တို့လည်း ထည့်သုံး‌ဆောင် နိုင်ပါတယ်နော်။

RUBINO COFFEE 1 box – 25g × 10 sachets

09402764631

သဘာ၀ကော်ဖီစစ်လည်း သောက်ချင် ကော်ဖီမှုန့် အနှယ် ပါတာလည်း မကြိုက် ‌‌ေကာ်ဖီမှုန့် တွေကို တကူးတက စစ်ထုတ်စရာလည်း မလိုတဲ့ RUBI...
27/12/2021

သဘာ၀ကော်ဖီစစ်လည်း သောက်ချင် ကော်ဖီမှုန့် အနှယ် ပါတာလည်း မကြိုက် ‌
‌ေကာ်ဖီမှုန့် တွေကို တကူးတက စစ်ထုတ်စရာလည်း မလိုတဲ့ RUBINO Drip bag coffee လေး နဲ့ မိတ်ဆက်ပေးပါရစေ🤗

လွယ်ကူပီး အလုပ်ရှုပ်သက်သာ တဲ့ drip bag Coffee လေးကို 94°ရှိတဲ့ ရေနွေးနဲ့ 4 မိနစ် စိမ် လိုက်ရုံ နဲ့ သဘာ၀ ကော်ဖီ စစ်စစ် ကို သောက်သုံးနိုင်ပီပေါ့💜

မှာယူလိုပါက ☎️09402764631/09774472001

Rubino Coffee မိုးကုတ်မြို့ ရှမ်းတောရပ်ကွက် ကျောက်တိုင်ကွင်း မီးပွိုင့်နားက မျိုးမြန်မာ  မှာ ရပါပြီနော် ☕🤗◾ရူပီနို ကော်ဖ...
23/12/2021

Rubino Coffee မိုးကုတ်မြို့ ရှမ်းတောရပ်ကွက် ကျောက်တိုင်ကွင်း မီးပွိုင့်နားက မျိုးမြန်မာ မှာ ရပါပြီနော် ☕🤗
◾ရူပီနို ကော်ဖီမှ 100% pure coffee နဲ့ Drip bag coffee ဆိုပြီး ၂ မျိုး ထုတ်ထားပါတယ်။

◾Drip bag coffee ☕လေးကို ရေနွေး 94° သို့မဟုတ် ဓာတ်ဗူးထဲက ရေနွေး 160ml နဲ့ 4 မိနစ် စိမ်ပြီး ဇွန်းလေးဖြင့် အထုတ်လေးကို ကိုယ်လိုချင်တဲ့ အရောင် အရသာ ထွက်သည်ထိ အသာလေး ဖိပေးပါ။
ပြီးရင်တော့ သကြားလေးထည့်ပြီး သံပုရာသီး တစိတ်နဲ့ black coffee လေးပဲ သောက်မလား၊ ဒါမှဟုတ် နွားနို့ နို့ဆီ တခုခု ထညိ့ပီး နှပ်ကော်ဖီလေးပဲ သောက်မလား ကြိုက်နှစ်သက်ရာ ကော်ဖီကောင်းတခွက် သောက်လို့ရပါပြီနော် ။
ဓာတုဆိုးဆေး လုံး၀မပါ တဲ့ သဘာ၀ကော်ဖီစစ်စစ်ဖြစ်ပါတယ်။

◾Rubino coffee ကို မြန်မာနိုင်ငံ ရှမ်းပြည်တောင်ပိုင်း ဓနုဒေသ ရွာငံမြို့မှ ထွက်ရှိသော Aribica ကော်ဖီစစ်စစ်ဖြင့် ထုတ်လုပ်ထားပါသည်။

◾Coffee shop များမှာလည်း အမှုန့် သို့မဟုတ် ကော်ဖီစေ့ များကို kg လိုက် ၀ယ်ယူနိုင်ပါတယ်နော်။

ဒီစာကိုဖတ်ပြီး ကော်ဖီ သောက်ချင်စိတ်တွေတဖွားဖွားပေါ်လာတယ် ကိုယ်ဟာ ကော်ဖီ ချစ်သူတစ်ယောက်ပါကော်ဖီဟိုးရှေးရှေးတုန်းက ကော်ဖီသ...
22/12/2021

ဒီစာကိုဖတ်ပြီး ကော်ဖီ သောက်ချင်စိတ်တွေတဖွားဖွားပေါ်လာတယ် ကိုယ်ဟာ ကော်ဖီ ချစ်သူတစ်ယောက်ပါ

ကော်ဖီ

ဟိုးရှေးရှေးတုန်းက ကော်ဖီသောက်တာဟာ ပြစ်မှုမြောက်တဲ့ ခေတ်တစ်ခေတ် ရှိဖူးတယ်။ အကြောင်းရင်းကတော့ ကော်ဖီဟာ အလွန်မွန်မြတ်စင်ကြယ်တဲ့ သောက်သုံးစရာ တစ်ခုဖြစ်ပြီး လူသားတွေ သောက်ဖို့ မထိုက်တန်ဘူးလို့ သဘောထားကြလို့ပဲ။ နတ်ကွန်းတွေမှာ နတ်တွေကို ပူဇော်ပသစရာ ပစ္စည်းတစ်ခု အနေနဲ့ပဲ ထားတယ်။

တစ်နေ့မှာ နတ်ကွန်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ကိုးကွယ်တဲ့ နတ်မင်းဆီ ကော်ဖီဆက်ကပ်လိုက်တဲ့ အခါ ခွက်ကို မတော်တဆ ဆောင့်ချမိသွားပြီး သူ့ မျက်နှာနဲ့ နှုတ်ခမ်းတွေဆီ ကော်ဖီလာ စင်တယ်။ နှုတ်ခမ်းတစ်ဝိုက်က ကော်ဖီစက်တွေကို လျှာနဲ့ မတော်တဆ သပ်ချမိတဲ့ အခါ ကော်ဖီရဲ့ ခါးသက်နက်နဲမှုကို သူ အရသာ တွေ့သွားတယ်။ အဲဒီနေ့က စ ပြီး ဘယ်သူ့ကိုမှမပြောဘဲ ကော်ဖီတွေ ကိုယ်တိုင်ဖျော်ပြီး တစ်ယောက်တည်း ခိုးသောက်တယ်။

သူ့ ပုံစံကလေးက တက်ကြွပြီး အသက်ရှင်နေထိုင်ရတာ ပျော်ရွင်လာပုံရတဲ့ အခါ လုပ်ဖော်ကိုင်ဖက်တချို့က သူ့ကို မနာလိုဖြစ်လာတယ်။ ဒါနဲ့ လိုက်ချောင်းကြည့်တဲ့ အခါ ကော်ဖီခိုးသောက်နေတာကို မိသွားတယ်။

ဒီလိုနဲ့ အဲဒီနိုင်ငံရဲ့ တရားစီရင်ထုံးအတိုင်း ကောင်လေးကို သေဒဏ်ပေးဖို့ ဖြစ်လာတယ်။ သေဒဏ်မပေးခင် တစ်ည အချုပ်ခန်းထဲ ချုပ်ထားတဲ့ အချိန်မှာ မိန်းကလေးတစ်ယောက်က သူ့ကို လာခိုးတွေ့တယ်။ သူမကိုယ် သူမ နိုင်ငံ့အကြီးအကဲရဲ့ သမီးပါ လို့ မိတ်ဆက်တယ်။ " ရှင် သိလား ။ ဒီနိုင်ငံမှာ ကော်ဖီခိုးသောက်နေတာ ရှင်တစ်ယောက်တည်း မဟုတ်ဘူး။ အထက်တန်းလွှာဆိုတဲ့ လူတန်းစားတွေ အားလုံးပဲ ။ သူတို့က လူရှေ့သူရှေ့မှာသာ ကော်ဖီသောက်တဲ့ အလုပ်ကို ရှုတ်ချအပြစ်တင်နေကြတာ။ ကော်ဖီသောက်လို့ သေရမယ်ဆိုရင် သူတို့လည်း အကုန်သေသင့်တယ် " လို့ ပြောပြီး ကောင်လေးကို ထောင်က လွှတ်ပေးလိုက်တယ်။ နောက်ထပ် ဒဏ္ဍာရီ
မူကွဲတစ်ခုမှာတော့ နိုင်ငံ့အကြီးအကဲ ကိုယ်တိုင် ကောင်လေးကို ခိုးတွေ့ပြီး (လျှို့ဝှက်စွာ တွေ့ဆုံပြီး ) သူတို့တွေလည်း ကော်ဖီကို ခိုးသောက်နေရကြောင်း၊ ဒါပေမယ့် လူထု တစ်ရပ်လုံးဆီမှာ ကော်ဖီသောက်တာကို ဆန့်ကျင်ရမယ်ဆိုတဲ့ အသိတရားကြီး အားကောင်းနေတော့ ကော်ဖီသောက်တာကို ဥပဒေအရ ခွင့်ပြုပေးဖို့ သူ့တစ်သက်တာမှာတော့ မဖြစ်နိုင်သေးတဲ့ အကြောင်းပြောရင်း ကောင်လေးကို လွှတ်ပေးလိုက်တယ်။ လူတွေကိုတော့ တရားခံဟာ ထောင်ဖောက်ပြေးသွားပြီလို့ သတင်းလွှင့်လိုက်တယ်။

ဒီလိုနဲ့ ကောင်လေးဟာ တခြားနိုင်ငံကို ထွက်ပြေးသွားပြီး ကော်ဖီဖျော်နည်း တွေကို မျှဝေပေးတယ်။ အဲဒီနိုင်ငံမှာမှ ကော်ဖီကို လူကြိုက်များလာကြပြီး နှစ်တွေခေတ်တွေ ကြာလာတဲ့အခါ ကျနော်တို့ သောက်တဲ့ ကော်ဖီ ဖြစ်လာသတဲ့။ ။

ဏေသစ်

Good Morning 🌞နိုးထခြင်းရဲ့ အကောင်းဆုံးအပိုင်းကတော့ မင်းအကြိုက်ဆုံး ဖန်ခွက်ထဲက ကော်ဖီကောင်းတစ်ခွက်၊ စာအုပ်ကောင်းတစ်အုပ်န...
22/12/2021

Good Morning 🌞

နိုးထခြင်းရဲ့ အကောင်းဆုံးအပိုင်းကတော့ မင်းအကြိုက်ဆုံး ဖန်ခွက်ထဲက ကော်ဖီကောင်းတစ်ခွက်၊ စာအုပ်ကောင်းတစ်အုပ်နဲ့ မင်းအကြိုက်နေရာကနေ မြို့ကို ရှုခင်းပါပဲ။☕📕

Address

Mogok

Telephone

+959788062676

Website

Alerts

Be the first to know and let us send you an email when Rubino Coffee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Rubino Coffee:

Share