Friend Mobile

Friend Mobile မိတ်ထီလာချည်စက်စက်ရုံဘေး ထီလာဦးရပ်ကွက်ပေါက်

တနိုင်စာရေဝယ်ချင်သူများအတွက် ရေကားလေးရပါပီဗျ မိတ်ဆွေတို့အိမ်တွေမှာ ရေလိုအပ်နေရင် ဆက်သွယ်ဝယ်ယူအားပေးပေးကြပါဦး တခါပို့ြေ...
02/05/2023

တနိုင်စာရေဝယ်ချင်သူများအတွက်
ရေကားလေးရပါပီဗျ
မိတ်ဆွေတို့အိမ်တွေမှာ ရေလိုအပ်နေရင်
ဆက်သွယ်ဝယ်ယူအားပေးပေးကြပါဦး
တခါပို့ ခြောက်ထောင်ပါ
ပို့ရတာဝေးရင်တော့ ဈေးလေးနဲနဲပိုပါ့မယ်
ကျေးဇူးပါဗျ
တွင်းရေ ရေချိုမှ လိုချင်တယ်ဆိုရင်လဲရပါတယ်
(မိတ်ထီလာ
ဆက်သွယ်ရန် 09694393300)

28/12/2022

မိတ်ထီလာ ထီလာဦးရပ်ကွက်ဘုန်းကြီးကျောင်းသို့
မနက်စာ ဆွမ်းအတွက်
ဆိုင်မှ လ္ဖက်ရည် စမူဆာ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်
28.12.2022

ဒိထပ်ပို ဒိထပ်ပိုသာ လှူနိုင်တန်းနိုင်ရပါလို၏ ။
🙏🙏🙏

FRIEND Tea House #အမေ့ဆိုင်

24/12/2022

သမီးလေး သဲရွှေရည်ထက်
ခြောက်လပြည့်မွေးနေ့ကုသိုလ်
ဆိုင်မှ ဆိတ်စွတ်ပြုတ်
မိတ်ထီလာမြို့ တောမ ခေမာသီရိ သီလရှင်ကျောင်း
မိဘမဲ့ကျောင်းသို့ 23.12.2022 တွင် နေ့ခင်းစာပို့ဆောင်
လှူဒါန်းဖြစ်ပါသည်

ဒိထပ်ပို ဒိထပ်ပိုသာ လှူနိုင်တန်းနိုင်ရပါလို၏ ။
🙏🙏🙏

FRIEND Tea House #အမေ့ဆိုင်

ကျတော့် idol ဦးကျား သီချင်းထဲကလိုဘဲ 🎼🎼🎼 အရာရာဟာဖြေးဖြေးလေးသွားနေ.....🎼🎼🎼ထမင်းရှင် ကျေးဇူးရှင်အပေါင်း ကျန်းမာကြပါစေ ချမ်...
20/12/2022

ကျတော့် idol ဦးကျား သီချင်းထဲကလိုဘဲ
🎼🎼🎼 အရာရာဟာ
ဖြေးဖြေးလေးသွားနေ.....🎼🎼🎼

ထမင်းရှင် ကျေးဇူးရှင်အပေါင်း
ကျန်းမာကြပါစေ ချမ်းသာကြပါစေဗျ .....

မိတ်ထီလာ သာစည်လမ်းမကြီး ချည်စက် စက်ရုံအနောက်ပေါက်
ထီလာဦးရပ်ကွက်ဆိုင်းဘုတ်နား
09679446001

ဆိုင်မှ စမူဆာသုပ်တောမ ခေမာသီရိမိဘမဲ့ကျောင်းသို့ ဤယ​​နေ့ နေ့ခင်းစာ ပို့ဆောင်လှူဒါန်းဖြစ်ပါသည်.....FRIEND Tea House  #အမေ့...
18/12/2022

ဆိုင်မှ စမူဆာသုပ်
တောမ ခေမာသီရိမိဘမဲ့ကျောင်းသို့
ဤယ​​နေ့ နေ့ခင်းစာ ပို့ဆောင်လှူဒါန်းဖြစ်ပါသည်.....

မိတ်ထီလာ သာစည် လမ်းမကြီးဘေး
ချည်စက်စက်ရုံ အနောက်ပေါက်
ထီလာဦးရပ်ကွက် ဆိုင်းဘုတ်နား

29/11/2022

ကိုယ်သွားချင်တဲ့မြို့ကို သွားဖို့
လ္ဖက်ရည်လေးသောက်ရင်း စားစရာလေးတွေစားရင်း
ကားစောင့်စီးချင်ရင်တော့
FRIEND Tea House #အမေ့ဆိုင် ကို
အရောက်လှမ်းခဲ့ပါဗျ

ယခုလက်ရှိ ရနိုင်သည့် ကားလတ်မှတ်များကတော့

မိတ်ထီလာ တောင်ကြီး 15000 ( အေးသာယာ )
မိတ်ထီလာ တောင်ကြီး 17000
မိတ်ထီလာ နမ့်စမ် 35000
မိတ်ထီလာ မြင်းခြံ 10000
မိတ်ထီလာ နေပြည်တော် 12000
မိတ်ထီလာ မန်းလေး 12000
ကုန်ပစ္စည်းတန်ဆာများလဲ ပို့ဆောင်နိုင်ပါသည်ဗျ

ph no:
09679446001
09785424681
09400040073

မိတ််ထီလာ သာစည်လမ်းမ ချည်စက် စက်ရုံဘေး
ထီလာဦးရပ်ကွက် ဆိုင်းဘုတ်အကျော်
FRIEND Tea House
#အမေ့ဆိုင်

.....
29/11/2022

.....

ဗြဟ္မစိုရ်တရား လေးပါး
+++++++++++++
၁။မေတ္တာ – ချစ်ခင်ခြင်း။
၂။ ကရုဏာ – သနားကြင်နာခြင်း။
၃။ မုဒိတာ – ဝမ်းမြောက်ခြင်း။
၄။ ဥပေက္ခာ – လျစ်လျူရှုခြင်း။

*****************************

၁။ တန်းတူတွေ့လျှင် မေတ္တာဝင်၊ မဝင်နိုင်က ပြိုင်တတ်တယ်။ပြိုင်မည့်အစား မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပ့ါမယ်။

၂။ နိမ့်သူတွေ့လျှင် ကရုဏာဝင်၊ မဝင်နိုင်က နိုင်တတ်တယ်။နိုင်မည့်အစား ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

၃။ မြင့်သူတွေ့လျှင် မုဒိတာဝင်၊ မဝင်နိုင်က ရွဲ့တတ်တယ်။ရွဲ့မည့်အစား မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

၄။ မိုက်သူတွေ့လျှင် ဥပေက္ခာဝင်၊ မဝင်နိုင်က မဲ့တတ်တယ်။မဲ့မည့်အစား ဥပေက္ခာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မယ်။

၅။ စိတ်ကိုလည်းပြင် ရုပ်လည်းပြင်၊ ပြင်ဆင်တိုင်းရ ပြုတိုင်းရ သုခ နိဗ္ဗာန် တိုင်လိမ့်မယ်။

ကိုယ့်သမိုင်းကို ကိုယ်ရေးကြရတာပါ...
29/11/2022

ကိုယ့်သမိုင်းကို ကိုယ်ရေးကြရတာပါ...

စီးပွား​ရေး လုပ်တယ်ဆိုတာ အနုပညာ တစ်ရပ်ပါ
လူ​တွေရဲ့ စိတ်နှလုံးသားကို မသိမ်းပိုက်နိုင်ရင်
မဆုပ်ကိုင်နိုင်ရင် ​မေတ္တာ ရှိလာ​အောင် မလုပ်နိုင်ရင်
လူ​တွေအ​ပေါ် ရိုးရိုးသားသား မဆက်ဆံနိုင်ရင် မ​​အောင်မြင်နိုင်ပါဘူး
တစ်ပွဲ ထိုးနည်းနဲ့ တစ်ပွဲဘဲ လုပ်ပြီး လိမ်​ပြေးရင်​တော့ တစ်မျိုး​ပေါ့ ဒါကလည်း ထမင်းစားကြီးတဲ့ လူ​တွေထဲ တစ်ခါဘဲ ရမှာပါ ...
​ရေရှည်ရပ်တည်ဖို့က​​တော့ ကိုယ်ဘာ လုပ်ငန်း​လုပ်လုပ် လုပ်ငန်းခွင် ကျင့်ဝတ်နဲ့ ရိုးသားမှု ​လေးထည့်သွင်းရပါမယ်
လူ​တွေရဲ့ ချစ်ခင်​လေးစားမှုကို လိုချင်တယ် ဂုဏ်သိက္ခာ ရှိရှိ ​နေထိုင်ချင်တယ် ဆိုရင်​ပေါ့​လေ ....
ကျန်တာက​တော့ ကိုယ်တိုင်​ရွှေးချယ်တဲ့ ကိုယ့်သမိုင်းပါဘဲ ....
Ko James

လ္ဖက်ရည်ကောင်းကောင်းကြိုက်သူများအတွက် အဖျော် ကျွန်တော့လက်ရာအသစ်လေး လာရောက်မြည်းစမ်းသောက်ကြည့်ပါဗျာ...FRIEND Tea House မိ...
29/11/2022

လ္ဖက်ရည်ကောင်းကောင်းကြိုက်သူများအတွက်
အဖျော် ကျွန်တော့လက်ရာအသစ်လေး
လာရောက်မြည်းစမ်းသောက်ကြည့်ပါဗျာ...
FRIEND Tea House
မိတ်ထီလာ သာစည်လမ်းမ ချည်စက် စက်ရုံဘေး
ထီလာဦးရပ်ကွက်ပေါက်နားလေးမှာပါ
#အမေ့ဆိုင်

ထပ်တိုးရရှိလာသည့် စားစရာလေးတွေနဲ့ မနက်ငါးခွဲကစ လောလောဆယ် ညရှစ်နာရီထိ ရရှိနေပါပီနော် 😋😋😋မနက်စာ နေ့ခင်းစာ ညစာ စားရင်းဖြစ်ြ...
26/11/2022

ထပ်တိုးရရှိလာသည့် စားစရာလေးတွေနဲ့
မနက်ငါးခွဲကစ လောလောဆယ် ညရှစ်နာရီထိ
ရရှိနေပါပီနော် 😋😋😋

မနက်စာ နေ့ခင်းစာ ညစာ စားရင်းဖြစ်ဖြစ်
လ္ဖက်ရည်လေးသောက်ရင်းဖြစ်ဖြစ်

မိသားစုလိုက် အေးအေးဆေးဆေးထိုင်စကားပြောချင်
ကြသူတွေအတွက်ရော
ပေါင်းသင်းမိတ်ဆွေတွေနဲ့ စီးပွားရေးကိစ္စတွေပြောရင်း
အေးဆေးထိုင်ချင်သူများအတွက်လဲ
အထဲမှာ ဝိုင်းလေးတွေ လုပ်ပေးထားပါသည်ဗျာ...

ကားနဲ့လာလာ ဆိုင်ကယ်နဲ့လာလာ
စက်ဘီးနဲ့ဘဲလာလာ parking အတွက်လဲ
စိတ်ပူစရာမလိုတော့
ဘာလိုသေးလဲဗျာ...

အရသာကောင်း သန့်ရှင်းဈေးတန်စွာနဲ့
စားသုံးသူအပေါင်းကို
FRIEND Tea House မှ
နွေးထွေးစွာ ကြိုဆိုလျက်ပါဗျ.....

ကျတော်တို့ 1992 ဖွားတွေရဲ့ငယ်စဥ်ကလေးဘဝတော်တော်များများကတော့ဆောင်းတွင်းကာလတွေမှာ သူငယ်ချင်းတွေစုပီး သူ့အစုနဲ့သူ မနက်ဆို င...
23/11/2022

ကျတော်တို့ 1992 ဖွားတွေရဲ့
ငယ်စဥ်ကလေးဘဝတော်တော်များများကတော့
ဆောင်းတွင်းကာလတွေမှာ
သူငယ်ချင်းတွေစုပီး သူ့အစုနဲ့သူ
မနက်ဆို ငါးနရီထ မိတ္ထီလာချည်စက် စက်ရုံဘက်
လမ်းလျှောက်ထွက်ကြတယ်
ချည်စက်ရှေ့ထိရောက်အောင် ပြေးနိုင် လမ်းလျှောက်နိုင်သူတွေက ဆရာကျတယ်
တချို့ကတော့ ထောက်ပို့တပ်ပေါက်နားရောက်ရင်
ပြန်လှည့်ကျတယ် ဆက်မလျှာက်နိုင် မပြေးနိုင်တော့လို့ပေါ့

ဟုတ် ကျတော်အခုပြောချင်တာကတော့
FRIEND Tea House ဆိုတဲ့
လာသမျှလူတိုင်းကိုနွေးထွေးစေမယ့်
ကျွန်တော်အခုဖွင့်ထားတဲ့ လ္ဖက်ရည်ဆိုင်လေးက
ချည်စက်စက်ရုံပေါက်ကြီးမရောက်ခင်
ထီလာဦးရပ်ကွက်ပေါက် အကျော်နားလေးတင်မှာပါ

ဆောင်းတွင်းကာလ ကျန်းမာရေးနဲ့အညီ
လမ်းလျှောက်ထွက်ကြတဲ့ အန်တီ ဦး အဘိုး အဘွား
အကို အစ်မ ညီလေး ညီမလေး တို့အတွက်
လမ်းလျှောက်ကျန်းမာရေးလဲ အဆင်ပြေစေမယ်
အစာပြေကျန်းမာရေးနဲ့အညီ ဆိုင်မှာလဲဝင်စားနိုင်မယ်
အိမ်အပြန် မနက်စာ ဝယ်ဖို့လဲအဆင်ပြေမယ်
ထပ်ပီး ကျန်းမာရေးနဲ့ ပိုညီစေတာက
ကျတော့်ဆိုင်က ရောင်းသမျှ ရောင်းသမျှတိုင်းမှာ
ဟင်းချိုမှုန့်ကို လုံးဝ လုံးဝ မသုံးပါဘူးခင်ဗျာ
နောက်ထပ် ထပ်ပီးကလဲ လူတန်းစားမရွေး
စားသုံးနိုင်မယ့် အဆင်ပြေစေမယ့်
စျေးတန်းလေးတွေနဲ့ဘဲ ရောင်းချပေးနေတာဖြစ်တဲ့အတွက်
ပိုက်ဆံအကုန်အကျလဲ သက်သာမယ် ကျန်းမာရေးနဲ့လဲ
ညီစေမယ်ပေါ့ဗျာ
မနက် ငါးနာရီကျော်ဆိုရင်လဲ စားစရာသောက်စရာတွေ
စရနေပါပီခင်ဗျ

ဟုတ် ဆိုင်ဖွင့်တာမကြာသေးပေမယ့်
အားပေးကြသူအပေါင်း အားလုံး အားလုံးကို
ကျေးဇူးပါ ဗျ

FRIEND Tea House

Address

Meikhtila
Meiktila
100701

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00

Telephone

+959787777560

Website

Alerts

Be the first to know and let us send you an email when Friend Mobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Friend Mobile:

Share

Category