Lashio Food Corner

Call Directions

Lashio Food Corner Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lashio Food Corner, Health Food Restaurant, Yangon Mandalay Street, Meiktila.

31 နှစ်ပြည့်သွားသောမင်မင်ပါ 💕🥰
25/10/2026

31 နှစ်ပြည့်သွားသောမင်မင်ပါ 💕🥰

Hello 👋 ချစ်ရပါသော customer များရှင့် ဒီနေ့ Admin ရဲ့၂၈နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ် 💕

🎂ဒီနေ့ဆိုင်ကိုလာသူ မွေးနေ့တူ customer အတွက် အထူးအခွင့်အရေးလေးတစ်ခုအနေနဲ့ 10 % Discount ပေးလိုက်ပါတယ် ဆိုင်လာတဲ့ မွေးနေ့ရှင်လဲ ပျော်ရွှင်ရသောမွေးနေ့ဖြစ်ပါစေရှင့် 💕

နောက်ထပ် အခွင့်အရေးတစ်ခုအနေနဲ့ ဒီပိုစ့်ကိုမြင်တဲ့ နောက်ထပ် မွေးနေ့ရှင်တစ်ယောက် 25.10 လမှာမွေးတဲ့မွေးနေ့ရှင်ကpage cb မှာ ခုည မှတ်ပံုတင်လာပြပီး 📣📣မာလာရှမ်းကော free 📣📣တစ်ပွဲ ကြိုက်နှစ်သက်ရာအသားနဲ့ လက်ဆောင်ယူပါရှင့်
✔️ပထမဆံုး လာရောက်ထုတ်ယူသူပဲရပါမယ်ရှင့်

နောက်ထပ်အခွင့်အရေးတစ်ခုအနေနဲ့ KBZ pay ကနေ ည 10:00 တိတိမှာ မုန့်ဖိုးလက်ဆောင်ပေးမဲ့ အစီအစဉ်လေး ထပ်ရှိ ဦးမှာမို့ page ကို see first လုပ်ထားဖို့ မမေ့ပါနဲ့နော်လို့ 💕💕💕🥰🥰😘😘😘

🙏🏻❤️ LASHIO Food Corner (လားရှိုး) မှ ဆာဝါဒီခဆိုင်မှ အစ်မအား အထူးကျေးဇူးတင်ရှိခြင်း ❤️🙏🏻ဒီနေ့မှာတော့ ကိုယ့်ရဲ့ဆိုင်နီးချ...
17/10/2026

🙏🏻❤️ LASHIO Food Corner (လားရှိုး) မှ ဆာဝါဒီခဆိုင်မှ အစ်မအား အထူးကျေးဇူးတင်ရှိခြင်း ❤️🙏🏻

ဒီနေ့မှာတော့ ကိုယ့်ရဲ့ဆိုင်နီးချင်း၊ စီးပွားရေးလုပ်ငန်းတူတဲ့ ဆာဝါဒီခဆိုင်မှ အစ်မကို တကယ်ကို ကျေးဇူးတင်မိပါတယ်ရှင့်။ 🥹❤️

ကိုယ့်ဝန်ထမ်းလေးတစ်ယောက်အတွက်ရော၊ ဆိုင်ရှင်တစ်ယောက်အနေနဲ့ပါ အစ်မရဲ့ စေတနာကို အတိုင်းမသိ ဝမ်းသာကြည်နူးမိသလို လေးလည်းလေးစားမိပါတယ်။

ဒီနေ့ ရန်ကုန်က ပန်ပန့်အမေက ကလောမှာ Shooting ရှိလို့ မိတ်ကပ်လိမ်းပေးတဲ့ ကလေးနဲ့အတူ သွားရမှာပါ။ တောင်ပေါ်လမ်းတွေကို နှစ်ယောက်တည်း မမောင်းရဲတာကြောင့် အမျိုးသားနဲ့ ဦးလေးတို့က ကားနောက်တစ်စီးနဲ့ လိုက်ပို့ပေးပြီး မနက်ဖြန်မှ ပြန်လာဖို့ စီစဉ်ထားခဲ့ပါတယ်။

ဖြစ်ချင်တော့ ဆိုင်မှာရှိတဲ့ နှလုံးရောဂါအခံရှိတဲ့ ညီမလေးက အမောဖောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကိုယ်ကလည်း အိမ်မှာ၊ ဆိုင်ကယ်လည်း မစီးတတ်၊ ကားကလည်း ကလောရောက်နေပြီ၊ ကလေးတွေကိုလည်း ထားခဲ့လို့မဖြစ်နဲ့။ အချိန်ကလည်း နောက်ကျနေပြီဆိုတော့ စိတ်ပူရသလို ဘယ်လိုလုပ်ပေးရမလဲဆိုတာလည်း အခက်တွေ့ခဲ့ရပါတယ်။

အဲဒီလိုအချိန်မှာ မေတ္တာအေးကို သွားခိုင်းလိုက်တော့ ဆာဝါဒီခဆိုင်မှ အစ်မက ကိုယ့်ဝန်ထမ်းလေးကို သူ့ကားနဲ့ ဆေးရုံလိုက်ပို့ပေးခဲ့တယ်။ ဆေးရုံမှာလည်း အားလုံးပြီးဆုံးတဲ့အထိ စောင့်ပေးခဲ့တယ်။ ကိုယ်က KPay နဲ့ ငွေလွှဲပေးမယ်ဆိုပေမယ့် ဆေးရုံက လက်မခံတော့ အစ်မကပဲ အရင်စိုက်ရှင်းပေးပြီး ဆိုင်အထိတောင် ပြန်ပို့ပေးခဲ့ပါတယ်။

အစ်မရေ… တကယ်ကို ကျေးဇူးတင်ပါတယ်ရှင့်။ 🙏🏻🥹❤️

ကိုယ့်အခက်အခဲဖြစ်နေချိန်မှာ ကိုယ့်ဝန်ထမ်းလေးကို ကိုယ့်မိသားစုဝင်တစ်ယောက်လို သဘောထားပြီး ကူညီပေးခဲ့တဲ့ အစ်မရဲ့ စိတ်ထားကို တကယ်လေးစားမိပါတယ်။ တချို့အရာတွေက ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့မရသလို၊ တချို့စေတနာတွေကလည်း စကားလုံးတွေနဲ့ ဖော်ပြလို့တောင် မလုံလောက်ပါဘူး။

စီးပွားရေးလုပ်ငန်းချင်းတူကြတဲ့ ဆိုင်နီးချင်းတွေထဲမှာ ကိုယ့်အခက်အခဲကို ကိုယ့်အခက်အခဲလို သဘောထားပြီး ကူညီပေးမယ့် အစ်မလိုလူမျိုးရှိနေတာဟာ ကိုယ့်အတွက် တကယ်ကို ကံကောင်းခြင်းတစ်မျိုးပါပဲ။ 💕💓

ကိုယ်ကလည်း သူစိမ်းတွေ ဘယ်လိုပဲ ပြောပြော၊ ဘယ်လိုပဲ သွေးထိုးသွေးခွဲလုပ်လုပ် ဆိုင်နီးချင်းအချင်းချင်း သွေးကွဲခဲ့ဖူးတာ မရှိပါဘူး။ ကိုယ်နဲ့ကိုယ် နားလည်မှုရှိရှိ၊ မေတ္တာထားပြီး အပြန်အလှန် လေးစားမှုနဲ့ပဲ ရှေ့ဆက်ခဲ့ကြတာပါ။

တကယ်တော့ စီးပွားရေးဆိုတာ ကိုယ့်ဆိုင်တစ်ဆိုင်တည်း အောင်မြင်ဖို့ထက် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေနဲ့ပါ နားလည်မှုရှိရှိ၊ စိတ်ကောင်းစေတနာကောင်းတွေနဲ့ နေထိုင်နိုင်ဖို့ကလည်း အရေးကြီးတယ်လို့ ထင်မိပါတယ်။

ဒီနေ့ အစ်မရဲ့ လုပ်ရပ်လေးက ကိုယ့်ရင်ထဲမှာ အမှတ်တရတစ်ခုအဖြစ် ကျန်နေမှာပါ။ အခက်အခဲကြုံတဲ့အချိန်မှာ ကူညီပေးခဲ့တဲ့ ဒီစေတနာလေးကိုလည်း ဘယ်တော့မှ မမေ့ပါဘူးရှင့်။ ❤️🙏🏻

တစ်ဦးမေတ္တာ၊ တစ်ဦးစေတနာနဲ့ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း ဆိုင်နီးချင်းကောင်းတွေ အမြဲဖြစ်တည်နေနိုင်ကြပါစေ။

ဆာဝါဒီခဆိုင်မှ အစ်မနဲ့တကွ မိသားစုအားလုံး ကျန်းမာချမ်းသာပြီး စီးပွားလာဘ်လာဘများ ဒီထက်မက တိုးတက်အောင်မြင်ကြပါစေလို့ LASHIO Food Corner (လားရှိုး) မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။ 🙏🏻❤️

လူတိုင်းက ကိုယ့်အပေါ် ကောင်းဖို့မလိုပါဘူး။ ဒါပေမဲ့ ကိုယ့်အပေါ် ကောင်းပေးခဲ့တဲ့သူတွေရဲ့ စေတနာကိုတော့ ဘယ်တော့မှ မမေ့တတ်တဲ့သူ ဖြစ်ချင်ပါတယ်။ ❤️


#ဆိုင်နီးချင်းကောင်း
#တစ်ဦးမေတ္တာတစ်ဦးစေတနာ
#စိတ်ကောင်းစေတနာကောင်းများဖြင့် 💕

04/08/2026

အသဲလေး စားဖို့တဲ့ ဘာမီနူးလေး ဖြစ်မယ်ထင်လဲ 🙈

မအိပ်သေးတဲ့သူတွေ ဝင်ဖြေကြည့်သွားပေးနော် မင်မင်တော့အူတက်နေပီ 😆
01/08/2026

မအိပ်သေးတဲ့သူတွေ ဝင်ဖြေကြည့်သွားပေးနော် မင်မင်တော့အူတက်နေပီ 😆

🌶️ မာလာရှမ်းကောကြိုက်တဲ့သူတွေ… ဒီ Post ကို ကျော်မသွားနဲ့နော်! 🤤🔥မွှေးမွှေးစပ်စပ် မာလာအရသာအနှစ်နဲ့ လတ်ဆတ်တဲ့ အသား၊ ပင်လယ်...
01/08/2026

🌶️ မာလာရှမ်းကောကြိုက်တဲ့သူတွေ… ဒီ Post ကို ကျော်မသွားနဲ့နော်! 🤤🔥

မွှေးမွှေးစပ်စပ် မာလာအရသာအနှစ်နဲ့ လတ်ဆတ်တဲ့ အသား၊ ပင်လယ်စာ၊ ဟင်းသီးဟင်းရွက်တွေကို အရသာပြည့်ပြည့်ဝဝ ပေါင်းစပ်ထားတဲ့ မာလာရှမ်းကော က တစ်လုပ် စားလိုက်တာနဲ့ “နောက်တစ်လုပ် " လို့ ထပ်စားချင်လာစေမယ့် အရသာပါ။ ❤️

အလုပ်ပင်ပန်းလို့ စိတ်ပင်ပန်းနေလား?
သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး စကားပြောရင်း စားချင်နေလား?
မိသားစုနဲ့ အရသာရှိတဲ့ အစားအစာကို ဝိုင်းဖွဲ့ပြီး ပျော်ပျော်ရွှင်ရွှင် စားချင်နေလား?

လားရှိုး က မာလာရှမ်းကောက သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုပါ။ 🥢✨

📍Lashio Food Corner
📍 မိတ္ထီလာမြို့ဈေးကြီးအနောက်ဘက် သံလမ်းအကျော် စာတိုက်အနီး

📞 Order & Reservation – 09 775 555 232

💬 မာလာရှမ်းကောဆို ဘယ်သူနဲ့ အရင်လာစားချင်လဲ? Comment မှာ Mention ခေါ်လိုက်ပါဦး။ 👇

❤️ အရသာကောင်းတဲ့ အစားအစာတွေကို စေတနာအပြည့်နဲ့ ဝန်ဆောင်မှုပေးနေတဲ့ လားရှိုး မှာ တွေ့ကြမယ်နော်။

01/08/2026

မနက်စာတွေအစုံအလင်ပြန်ရနေပါပီနော်

29/07/2026

လပြည့်နေ့ဆိုင်ဖွင့်ပါတယ်ရှင့် 🩵🩵🩵

24/07/2026

ဘဲနဲ့ပက်သက်ပီးရနိုင်တဲ့ menu 3မျိုးကိုပြောပြထားပါတယ်ရှင့် ❤️

゚

24/07/2026

အကင်ရတာလေးတွေပြပေးထားပါတယ်

LASHIO Food Corner

📍: မိတ္ထီလာစျေးကြီးအနောက်ဘက် သံလမ်းအကျော် မုန်တိုင်တိုက်တန်း

☎️ : 09-775555232

゚ ゚viralシ

Address

Yangon Mandalay Street
Meiktila

Telephone

+959799911143

Website

Alerts

Be the first to know and let us send you an email when Lashio Food Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby restaurants