07/08/2025
Bamboo Pyin Oo Lwin ကိုချစ်သော Bamboo Fan လေးများကို စိတ်မကောင်းစွာဖြင့် အသိပေးအပ်ပါသည် ရှင်😔
Bamboo Pyin Oo Lwin ကို ဝန်ထမ်း အခက်အခဲ တခြားသော အကြောင်းလေးများကြောင့် အကန့်အသတ်မရှိ ပိတ်လိုက်ရကြောင်း အသိပေးလိုက်ပါတယ်ရှင်😔
Bamboo ရဲ့ အသားနှပ်အရသာကို ကြိုက်တဲ့ Bamboo Fan လေးတွေ Bamboo ကို သုံးဆောင်ချင်တယ်ဆိုရင်တော့ Bamboo Mandalay ဆိုင်ခွဲ မှာတော့ အရသာမပျက် ဆက်လက် သုံးဆောင်နိုင်ကြောင်း ကိုလဲ လက်တို့ပရစေနော်🥰
ကဲ ဒါဆို Bamboo ဆိုင်နေရာလေးမှာ ဘာလေးများ အသစ် အသစ် လာမလဲဆိုတာကတော့ ရှေးမူမပျက် Dim Sum အရသာတွေ ကောင်းလှပြီး ယခုချိန်ထိ အရသာရှိလှတဲ့ Oriental House မှ Dim Sum အရသာများကို မေမြို့တွင် Oriental House ရဲ့ အရသာ အတိုင်း Dim Sum အမျိုးပေါင်း ၃၀ ကို မနက်ဖြန် သောကြာနေ့ (၈.၈.၂၀၂၅) မှ စတင်၍ ဖွင့်လှစ်တော့မှာမို့ လာရောက်သုံးဆောင်နိုင်လို့ ရတော့မည် ဖြစ်ကြောင်း အသိပေး ကြေညာလိုက်ပါသည်ရှင့်🥰
Bamboo ကို ချစ်သလိုပဲ DimSum House(May Myo)🥟 လေးကိုလဲ ချစ်ပေးကြပါဦးလို့💖
အသေးစိတ် အချက်အလက်များကို DimSum House(May Myo) Page လေးမှာ ဆက်လက် ကြေညာသွားပေးပါ့မယ်ရှင့်🥰
ယခုအချိန်ထိ Bamboo Korea BBQ Pyin Oo Lwin ကို ချစ်ပေးကြသော ဧည့်သည်တော်တယောက်ချင်းစီတိုင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း နှုတ်ဆက် စကားလေး ပြောပရစေရှင်💖
စိတ်ချမ်းသာ ကိုယ်ကျန်းမာ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝနိုင်ကြပါစေလို့ Bamboo Korea BBQ Pyin Oo Lwin မိသားစုများမှ ဆန္ဒပြုလိုက်ပါသည်ရှင်🙏🏻