Cafe' Blue Mandalay

Cafe' Blue Mandalay we serve you with heart!

မင်္ဂလာအပေါင်း ခညောင်းတဲ့ ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့လေး ဖြစ်ပါစေကြောင်း Cafe Blue’ မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါ...
22/05/2024

မင်္ဂလာအပေါင်း ခညောင်းတဲ့ ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့လေး ဖြစ်ပါစေကြောင်း
Cafe Blue’ မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်.

ဘုရားဖူးပြီး ခဏနားဖို့ အောင်တော်မူ မျက်စောင်းထိုးထောင့်က Cafe Blue’ ကစောင့်မျှော် ကြိုဆိုလျှက်ပါရှင့်.

#မန္တလေး

မန္တလေးမြို့ရဲ့ နေ့အပူချိန် အမြင့်ဆုံး ၄၀ ဒီဂရီအထိ မြင့်တက်နေပါပြီ။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ရာသီဥတုပူလို့ ချွေးထွက်လ...
01/05/2024

မန္တလေးမြို့ရဲ့ နေ့အပူချိန် အမြင့်ဆုံး ၄၀ ဒီဂရီအထိ မြင့်တက်နေပါပြီ။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ရာသီဥတုပူလို့ ချွေးထွက်လွန်းတဲ့အခါ ရေနဲ့ ဆားတွေ အတူ ဆုံးရှုံးသွားတတ်ပါတယ်။ အဲ့လိုချိန်မှာ ခန္ဓာကိုယ်အတွက် လိုအပ်မဲ့ ရေဓာတ်ကို ဖြည့်တင်းဖို့ ရေနဲ့ ဓာတ်ဆား သတိတရသောက်သုံးဖို့ မမေ့သင့်ပါဘူးနော်။ ဒါ့အပြင် Cafe’ Blue ကို ရောက်ဖြစ်ရင်လဲ ရင်ထဲကို စူးရှသွားစေမဲ့ Soda လေးတွေနဲ့ မေလကို စတင်လိုက်ပါလို့ အကြံပြုပါရစေ။

Sparking soda နဲ့အတူ ကြိုက်နှစ်သက်ရာ အရသာ လေးမျိုးနဲ့ နွေနေပူပူကို အံတုဖို့ cafe’ blue က ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျာ …

📍Corner of 63 & 29 street,
🕚7am-8pm
📞09-971222544

’blue ’BlueMandalay #မန္တလေး

ဧပြီလရဲ့နွေနေအပူကြောင့် မင်္ဂလာပါ အစား ပူလိုက်တာနော် လို့ နှုတ်ဆက်နေကြရပြီမလား ခဗျာအခုလိုပူပြင်းနေတဲ့နွေနေပူပူမှာ တတ်နို...
28/04/2024

ဧပြီလရဲ့နွေနေအပူကြောင့် မင်္ဂလာပါ အစား ပူလိုက်တာနော် လို့ နှုတ်ဆက်နေကြရပြီမလား ခဗျာ

အခုလိုပူပြင်းနေတဲ့နွေနေပူပူမှာ တတ်နိုင်သလောက် အိမ်ပြင်မထွက်တာ အကောင်းဆုံးပါပဲ ခဗျာ
မတတ်သာလို့ထွက်လာခဲ့ရင်း Cafe’ Blue မှာ တထောက်ဝင်ရောက်အနားယူဖြစ်ခဲ့ရင်လည်း
ဗီတာမင်ဓာတ်ပြည့်ဝပြီး ရင်အေးစေမယ့် အသီးစစ်စစ်ဖျော်ရည်လေးတွေနဲ့ အပူဒဏ်ကို ကူညီအန်တုပေးပါရစေလား ခဗျာ

#မန္တလေး

အပူချိန်မြင့်မားခြင်းနှင့် အပူလှိုင်းရိုက်ခတ်မှု အန္တရာယ် ကြိုတင်ကာကွယ်ရန် 🔥❗️‼HeatStoke=အပူရှပ်ခြင်းယခုနှစ်နွေရာသီရဲ့ အ...
26/04/2024

အပူချိန်မြင့်မားခြင်းနှင့် အပူလှိုင်းရိုက်ခတ်မှု အန္တရာယ် ကြိုတင်ကာကွယ်ရန် 🔥❗️

‼HeatStoke=အပူရှပ်ခြင်း

ယခုနှစ်နွေရာသီရဲ့ အပူချိန် ဒဏ် က အလွန်မြင့်မားလျက်ရှိသလို လက်ရှိမှာ မြန်မာနိုင်ငံ တွင် April လအတွင်းမှာ အပူလှိုင်း ရိုက်ခတ်မှု များ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ယခုလို ပူပြင်းတဲ့ နွေရာသီမှာ အပူလှိုင်း ရိုက်ခတ်မှုဒဏ် ကို ကြိုတင်ကာကွယ်နိုင်ဖို့က အရေးကြီးပါတယ် ။ အပူလှိုင်းရိုက်ခတ်မှုကြောင့် နေ့လည်ခင်းဘက်တွေမှာ အပူချိန်မြင့်မားမှုဒဏ်ကို သိသိသာသာ ခံစားရနိုင်ပါတယ်။
အပူချိန် အလွန်အမင်းမြင့်မားတက်လာတဲ့ အခါ ခန္ဓာကိုယ်က ပြင်ပမှ အလွန်မြင့်မားသော အပူချိန်ကို ထိန်းညှိနိုင်ခြင်းမရှိတော့ပဲ ပင်ပန်းနွမ်းနယ်ပြီး အရေပြားများခြောက်သွေ့ကာ ခေါင်းကိုက်ခြင်း ၊ ပျို့အန်ခြင်း ၊ နှလုံးခုံမြန်းခြင်းနှင့် သတိလစ်ခြင်း စတဲ့ လက္ခဏာတွေဖြစ်ပွားတတ်တဲ့ Heat Stoke လို့ ခေါ်တဲ့ အပူရှပ်ခြင်းကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်များနှင့် အသက်အရွယ်ကြီးတဲ့ လူကြီးများကို အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။
အပူချိန်မြင့်တက်ခြင်း နှင့် အပူလှိုင်းရိုက်ခတ်မှု အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ပြုလုပ်ဆောင်ရွက်ရမည့် နည်းလမ်းတွေကတော့ -

☀️အလွန်အမင်းပူပြင်းသော နေရောင်ခြည်ထိတွေ့ခြင်းကို ရှောင်ကျဉ်ပါ
☀️အပူချိန်မြင့်သည့် အချိန်များဖြစ်သည့် နံနက် ၁၀ နာရီမှ - ညနေ ၄ နာရီအတွင်း မလိုအပ်ပဲ အပြင်
ထွက်သွားလာခြင်းကို ရှောင်ကျဉ်ပါ
☀️ပေါ့ပါးချောင်ချိပြီး လေဝင်လေထွက်ကောင်းသော အဝတ်အစားများကို ဝတ်ဆင်ပါ
☀️အပြင်ထွက်သည့် အခါ နေရာင်ခြင်ကာကွယ်သော ( UV ) ပါဝင်ပြုလုပ်ထားသည့် ထီးဆောင်း
ခြင်းများ ၊ နေလောင်ကာ ( suncream ) များလိမ်းခြင်းကိုပြုလုပ်ပါ
☀️နေပူထဲတွင် ချွေးထွက်များစေသည့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းကိုရှောင်ကျဉ်ပါ
☀️အလွန်ပူပြင်းသည့် အခါမျိုးမှာ ခန္ဓာကိုယ် ချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံးမှုများဖြစ်လာနိုင်တာ
ကြောင့် ရေများများသောက်ပေးပါ။
☀️ပူပြင်းသော နေပူထဲမှ ပြန်လာသည့်အခါ အေးသောအခန်းထဲကိုချက်ချင်းဝင်ရောက်ခြင်း ၊ အေး
သောအခန်းမှ ချက်ချင်း ပူပြင်းသောနေပူထဲသို့ ထွက်ကာ သွားလာခြင်းများကို ရှောင်ကျဉ်ပါ။

အကယ်၍ အပူရှပ်ကာ သတိလစ်ခြင်းမျိုး ခံစားသူများရှိလာပါက အရေးပေါ်ပြုစုကုသနည်းတွေကတော့-

✅လူနာကိုအေး၍ အရိပ်ရသောနေရာသို့ဉီးစွာရွှေ့ပြောင်းပါ
✅ထူထဲသောအဝတ်အစားများကိုချွတ်ပါ ။
✅ရေပတ်တိုက်ပေးခြင်း ( လည်ပင်းတစ်ဝိုက် ၊ ခြေ ၊ လက်များ ) ၊ ရေချိုးပေးခြင်း များပြုလုပ်ပါ။
✅အပူချိန်မြင့်မားခြင်းကြောင့် ဆုံးရှုံးသွားသည့် ရေဓာတ်များကိုပြန်လည်ဖြည့်တင်းရန် ရေနှင့်
ဓာတ်ဆားများကို တိုက်ပေးပါ။
✅နီးစပ်ရာဆေးရုံဆေးခန်းများသို့ လူနာအားအမြန်ဆုံးပုံပေးပါ စတဲ့ အချက်လေးတွေကို လုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။
Source - ကျန်းမာရေးဝန်ကြီးဌာန ၊ Meteorological Center
#အပူချိန်မြင့်မားခြင်း

နှစ်သစ်အခါ သမယမှာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံပြီး ကျန်းမာအေးချမ်းပါစေကြောင်း Cafe' Blue မိသားစုမှ နှစ်ဦးဆုမ...
17/04/2024

နှစ်သစ်အခါ သမယမှာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံပြီး ကျန်းမာအေးချမ်းပါစေကြောင်း Cafe' Blue မိသားစုမှ နှစ်ဦးဆုမွန်ကောင်း တောင်းပေးပါရစေရှင်.

အားပေးချစ်ခင်ကြတဲ့ customer များအဆင်ပြေစွာ စားသုံးနိုင်ရန် သင်္ကြန်ရက်များကိုဖွင့်လှစ်ပေးအပြီး နှစ်ဆန်းနှစ်ရက်၊သုံးရက် (၁၈.၄.၂၀၄-၁၉.၄.၂၀၂၄) နှစ်ရက်တာ အနားယူခွင့်ပြုပါရန် လေးစားစွာ အသိပေးအပ်ပါတယ်ရှင့်.

၂၀.၄.၂၀၂၄ မှစတင်၍ ပုံမှန်အတိုင်း ပိတ်ရက်မရှိ ပြန်လည် အားပေးနိုင်ပါပြီရှင်.

“ဆိုင်ဖွင့်ရက် ကြော်ငြာခြင်း”မြန်မာ နှစ်သစ်ကူး အတာသင်္ကြန်ရက်အတွင်းမှာ မိတ်ဆွေတို့ အဆင်ပြေပြေ စားသုံးနိုင်စေဖို့ ကျွန်တေ...
12/04/2024

“ဆိုင်ဖွင့်ရက် ကြော်ငြာခြင်း”

မြန်မာ နှစ်သစ်ကူး အတာသင်္ကြန်ရက်အတွင်းမှာ မိတ်ဆွေတို့ အဆင်ပြေပြေ စားသုံးနိုင်စေဖို့ ကျွန်တော်တို့ရဲ့ Cafe’ Blue ဆိုင်ကို နေ့စဉ် ဖွင့်လှစ်ပေးထားမှာ ဖြစ်ပါတယ် ခင်ဗျာ။

နှစ်ဆန်း ၂-၃ ရက်နေ့ ( April 18,19 ) နှစ်ရက်တွင် ဆိုင်ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါတယ် ခင်ဗျာ။

ပျော်ရွှင်အေးချမ်းရတဲ့ သင်္ကြန်နှစ်သစ်ကူးလေးဖြစ်ပါစေကြောင်း Cafe’ Blue မိသားစုမှ ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာ။

Sadly announceအဆမတန်တိုးမြင့်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် April လမှစတင်၍ ဆိုင်ရှိ Menuများအား စျေးနှုန်း အနည်းငယ်ပြောင...
31/03/2024

Sadly announce

အဆမတန်တိုးမြင့်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် April လမှစတင်၍ ဆိုင်ရှိ Menuများအား စျေးနှုန်း အနည်းငယ်ပြောင်းလဲ ရောင်းချသွားမည့်အကြောင်း လေးစားစွာ အသိပေးအပ်ပါတယ် ခဗျာ😔

📍Corner of 63 & 29
🕖 7am-8pm
📞 09-971 222 544

Cafe' Blue ရဲ့ Menu Update လေးပါရှင့်နှစ်ပေါင်းနှစ်ဆယ်ကျော် ရပ်တည်နိုင်အောင် အားပေးခဲ့ကြတဲ့ Royal Customerများနဲ့ New Cu...
31/03/2024

Cafe' Blue ရဲ့ Menu Update လေးပါရှင့်
နှစ်ပေါင်းနှစ်ဆယ်ကျော် ရပ်တည်နိုင်အောင် အားပေးခဲ့ကြတဲ့ Royal Customerများနဲ့ New Customer များကို လာရောက်မြည်းစမ်းကြည့်ဖို့ Admin တို့ Cafe' Blue မိသားစုမှ ဖိတ်ခေါ်ပါတယ်ရှင့်

📍Corner of 63 & 29
🕖7am-8pm
📞09-971 222 544

#မန္တလေး

ရာသီပူပူကို အံတုဖို့ ချိုချိုအေးအေး အအေးစုံလေး လာပါပြီ။ ဟုတ်ပါတယ် ~ cafe’ blue ရဲ့ ဒီရက်တွေထဲ အသစ် ထွက်ရှိလာတာကတော့ မန္တ...
22/03/2024

ရာသီပူပူကို အံတုဖို့ ချိုချိုအေးအေး
အအေးစုံလေး လာပါပြီ။

ဟုတ်ပါတယ် ~ cafe’ blue ရဲ့ ဒီရက်တွေထဲ အသစ် ထွက်ရှိလာတာကတော့ မန္တလေးမြို့ရဲ့ နွေရာသီနဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ ရင်ထဲကို အေးချမ်းသွားမဲ့ အအေးလေးတွေပဲ ဖြစ်ပါတယ်။

ရာသီပေါ် အသီးအနှံဖြစ်တဲ့ ထောပတ်နဲ့ စတော် ပေါင်းစပ်ထားတဲ့ Cafe’ Blue ရဲ့ recommended menu
ထောစတော် ဖျော်ရည် ⭐️
ထောပတ်သီး ဖျော်ရည်
စတော်ဘယ်ရီသီး ဖျော်ရည်။

လူကြိုက်အများဆုံးဖြစ်တဲ့ နှပ်ကော်ဖီအေး၊ မိုင်လိုအေးနဲ့ လီမွန်တီးအေးအေးလေး။

ရင်ထဲကို အေးမြစူးရှသွားစေမဲ့ soda drinks။

နောက်ပြီး အသီးစစ်စစ်မှ သောက်ချင်ပြီး ဝိတ်ထိန်းချင်တဲ့ မိတ်ဆွေတို့အတွက် ပင်မှည့်၊ လိမ္မော်၊ သံပုရာနဲ့ ကမ္ဗလာ။

Diet မှ Diet ပဲဆိုတဲ့ မိတ်ဆွေ၊ ကျန်းမာရေးအတွက် အထောက်အကူလဲ ဖြစ်မဲ့ Cafe’ Blue ရဲ့ Organic ဒိန်ချဉ် နဲ့ စတော် ဒိန်ချဉ် အရောလေး။

နွေရာသီမှာ အေးမြမှုတွေကို Cafe’ Blue မှာ ရှာယူလိုက်ပါ။

📍Corner of 63 & 29 street,
🕚7am-8pm
📞09-971222544

’blue ’BlueMandalay #မန္တလေး

hello hello ~ something is coming for summer!!!နှစ် ၂၀ တိုင် ရပ်တည်နေခဲ့တဲ့ ကျွန်တော်တို့ရဲ့ Cafe’ Blue ဆိုင်လေးကို အမြဲ...
17/03/2024

hello hello ~
something is coming for summer!!!
နှစ် ၂၀ တိုင် ရပ်တည်နေခဲ့တဲ့ ကျွန်တော်တို့ရဲ့ Cafe’ Blue ဆိုင်လေးကို အမြဲ အားပေးနေတဲ့ မိတ်ဆွေတို့အတွက် နွေရာသီ အထူး special menu တွေ ပြင်ဆင်ထားပါတယ်ခင်ဗျ။

မကြာခင် မိတ်ဆွေတို့ ရှေ့မှောက် ရောက်ရှိလာတော့မှာမို့ ကျွန်တော်တို့နဲ့ အတူတူ menu items တွေကို comment box ခန့်မှန်းပေးခဲ့ကျပါဦး ~

📍Corner of 63 & 29 street,
🕚 7am - 8pm ( all menus )
🕚11am-8pm (for mookata menu only)
📞09-971222544

’blue ’BlueMandalay #မန္တလေး

Foodies တို့ရေ 👏🏻နွေပူပူမှာ အပြင်မထွက်ချင်တဲ့ မိတ်ဆွေတို့အတွက် ကျွန်တော်တို့ Cafe’ Blue ကနေ စားချင်တဲ့ အစားအစာ သောက်ချင်...
02/03/2024

Foodies တို့ရေ 👏🏻
နွေပူပူမှာ အပြင်မထွက်ချင်တဲ့ မိတ်ဆွေတို့အတွက် ကျွန်တော်တို့ Cafe’ Blue ကနေ စားချင်တဲ့ အစားအစာ သောက်ချင်တဲ့ လက်ဖက်ရည်၊ ကော်ဖီ အအေးများ ရှိရင်ဖြင့် လက်မနှေးပဲ အမြန် ဖုန်းဆက် မှာယူနိုင်ပြီ ဖြစ်ပါတယ် ခင်ဗျာ …

📍Corner of 63 & 29 street,
🕚7am -8pm
📞09-971222544

Hello Hello … Cafe’ Blue လေးရဲ့ ပထမဆုံး pop up store လေး အနေနဲ့ မနက် ၁၀ ရက်နေ့ကနေ ချစ်သူများနေ့ ၁၄ ရက်နေ့ အထိ ကျင်းပမဲ့ ...
09/02/2024

Hello Hello … Cafe’ Blue လေးရဲ့ ပထမဆုံး pop up store လေး အနေနဲ့ မနက် ၁၀ ရက်နေ့ကနေ ချစ်သူများနေ့ ၁၄ ရက်နေ့ အထိ ကျင်းပမဲ့ လူငယ် စျေးကွက်မှာ ဖွင့်လှစ်ရောင်းချတော့မှာမို့ လာရောက် အားပေးကျဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင် 🙏🏻

https://www.facebook.com/profile.php?id=100087496700690&mibextid=LQQJ4d

Address

Corner Of 63 Street And 29 Street
Mandalay

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+959971222544

Website

Alerts

Be the first to know and let us send you an email when Cafe' Blue Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Cafe' Blue Mandalay:

Share

Category