Azure Internet Access

Azure Internet Access Welcome To Azure Internet

ခေါင်းဆောင်လုပ်ပါ  /  ဆရာကြီးမလုပ်ပါနဲ့=========================ဆရာကြီးက အရာရာကျွမ်းတယ်ခေါင်းဆောင်က အမှားကိုဝန်ခံတယ်ဆရာက...
08/08/2024

ခေါင်းဆောင်လုပ်ပါ / ဆရာကြီးမလုပ်ပါနဲ့
=========================
ဆရာကြီးက အရာရာကျွမ်းတယ်
ခေါင်းဆောင်က အမှားကိုဝန်ခံတယ်
ဆရာကြီးက လုပ်ရမှာကိုပြောတယ်
ခေါင်းဆောင်က လုပ်ပြတယ်
ဆရာကြီးက အပြစ်ရှာတယ်
ခေါင်းဆောင်က အကြံပြုတယ်
ဆရာကြီးက အပြောနဲ့စတယ်
ခေါင်းဆောင်က နားထောင်ခြင်းနဲ့စတယ်
ဆရာကြီးက အမိန့်ပေးတယ်
ခေါင်းဆောင်က လမ်းညွှန်ပြတယ်
ဆရာကြီးက အရိုသေကြိုက်တယ်
ခေါင်းဆောင်က ရိုသေထိုက်တယ်
ဆရာကြီးက စည်းမျဉ်းနဲ့အုပ်ချုပ်တယ်
ခေါင်းဆောင်က မေတ္တာဂရုဏာရှေ့ရုူတယ်
ကိုယ်ရှိနေတဲ့နေရာမှာခေါင်းဆောင်ဖြစ်နေပါစေ

ဒေါသဖြေလျှော့နည်းကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။ကျားငယ်က မေးပါတယ်။" အဖေက ခြင်္သေ့...
17/07/2024

ဒေါသဖြေလျှော့နည်း

ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။
ကျားငယ်က မေးပါတယ်။
" အဖေက ခြင်္သေ့ကိုလည်းတိုက်ရဲတယ်။
ကျားသစ်ကိုလည်း နိုင်ရဲတယ်။ ဘာမှမဟုတ်တဲ့
ခွေးရူးကျတော့ ရှောင်ပုန်းတယ်။
သိက္ခာမကျဘူးလား အဖေ " တဲ့ ၊
ကျားကြီးက သူ့သားကိုပြန်မေးလိုက်ပါတယ်။
" ခွေးရူးကိုနိုင်တော့
ဂုဏ်ယူစရာ ကောင်းသလား သား " ၊
ကျားငယ်ခေါင်းခါပါတယ်။
" ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား "
ကျားငယ်က ခေါင်းခါပြန်တယ်။
" ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို သွားရန်စရမှာလဲ၊
ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင်၊ တွေ့ကရာ
လျှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ
ငါတို့ကို ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး၊ အဲဒါ သား
မြဲမြဲမှတ်ထား၊ လူတွေလိုမလုပ်ပါနဲ့ ၊
လူတွေတော်တော်များများက ခွေးရူးနဲ့ ပြိုင်တူ
ကိုက်နေကြတာ " တဲ့။
တစ်စုံတစ်ယောက်၏ စော်ကားမော်ကား
အပြုမူ အပြောအဆိုတွေကြောင့် ဒေါသထွက်
တုန့်ပြန်ချင်စိတ်ပြင်းပြနေသော သင့်အား
ဒီ ပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။

03/12/2023

တကယ်တမ်းကျတော့ ကျွန်မတို့က လူတွေနဲ့ဆက်ဆံရတဲ့အခါ…ကိုယ်ကောင်းနေရင်..သူ့ဘက်ကလည်း ကောင်းမှာပဲဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ဆက်ဆံမိတတ်ကြပါတယ်..။

သူကောင်းဖို့ မကောင်းဖို့ဆိုတာ..ကိုယ်ထိန်းချုပ်ကိုင်တွယ်လို့ရတဲ့ကိစ္စမျိုး မဟုတ်ပါဘူး..။ ကိုယ့်ဘက်က သူဘာပဲဖြစ်ဖြစ် ကိုယ်ကကောင်းမယ်ဆိုတဲ့စိတ်မျိုးထားနိုင်ဖို့ ကြိုးစားရပါမယ်..။ အဲဒါမှ မကောင်းတဲ့သူနဲ့ ဆုံရတဲ့အခါမှာ သင်ခန်းစာရယူနိုင်ပါလိမ့်မယ်..။

အခုနောက်ပိုင်းမှာတော့…ကိုယ်ကောင်းရင် သူများလည်း ကောင်းလိမ့်မယ်လို့ မျှော်လင့်ချက်ထားတတ်တဲ့ ကျွန်မက ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးရဲ့ ဆုံးမစကားတစ်ခွန်းကို နှလုံးသွင်းတတ်လာပါတယ်..။

“ လူတစ်ယောက် သဘောကောင်းနေတာ ပတ်ဝန်းကျင်ကကောင်းလို့ သဘောကောင်းတာကို မဆိုလိုဘူး..အဆိုးကြားထဲက အကောင်းဖြစ်ရမယ်..” ဆိုတဲ့ စကားလေးပဲဖြစ်ပါတယ်…။ ကိုယ်ကောင်းဖို့ပဲ လိုပါတယ်..။ သူကောင်းဖို့မလိုပါ..။

မြတ်ဗုဒ္ဓရဲ့ဆုံးမစကားတစ်ခွန်းရှိပါတယ်…။

“ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့…။ လူကောင်းတွေက သင့်ကို ပျော်ရွှင်စေလိမ့်မယ်…။ ဆိုးတဲ့လူက..အတွေ့အကြုံတွေ ပေးလိမ့်မယ်..။ အဆိုးဆုံးလူက သင်ခန်းစာပေးလိမ့်မယ်..။အကောင်းဆုံးလူကတော့ အမှတ်တရတွေ ပေးပါလိမ့်မယ်…” တဲ့…။

#လွန်းထားထား
#ကိုယ့်ဘဝကကိုယ့်လက်ထဲမှာ

အမေ့များနေ့မှသည် ကိုယ်ချစ်ရတဲ့အမေ့ကျေးဇူးများများဆပ်နိုင်ကြပါစေ …
12/05/2019

အမေ့များနေ့မှသည် ကိုယ်ချစ်ရတဲ့အမေ့ကျေးဇူးများများဆပ်နိုင်ကြပါစေ …

"ခင်​ဗျားစိတ်​ရှုပ်​ရင်​ဘာလုပ်​တတ်​လဲ..""ဘုန်းကြီး​ကျောင်းသွားတယ်​ဆရာ..""ဟာ ​ကောင်းတာ​ပေါ့တရား​တွေဘာ​တွေထို​​င်​တယ်ေ...
11/05/2019

"ခင်​ဗျားစိတ်​ရှုပ်​ရင်​ဘာလုပ်​တတ်​လဲ.."

"ဘုန်းကြီး​ကျောင်းသွားတယ်​ဆရာ.."

"ဟာ ​ကောင်းတာ​ပေါ့တရား​တွေဘာ​တွေထို​​င်​တယ်​​ပေါ့..."

"မဟုတ်​ဘူးဗျကျောင်းဝက ဖိနပ်​​တွေအကုန်​​ရော​မွေပစ်​တယ်​....ပြီးတော့ လူ​တွေဖိနပ်​ရှာ​နေကြတာကို
တစ်နေရာက​စောင့်ကြည့်​တယ်...
ကိုယ့်​ထက်​စိတ်​ရှူပ်​တဲ့လူ​တွေရှိပါ​သေးလားဆိုပြီး
ဖြေ​တွေးလိုက်​တယ်​...."
😂😂😂😂😂😂😂

ကိုယ်တို့ကျောင်းသားဘဝတုန်းက အင်တာနက် ဆိုတာလား?ဒီလို…Internet Cafe ဆိုတဲ့ ယဉ်ကျေးမှုဟာ ကိုယ်တို့လူငယ်တွေ အကြား သိပ်ခေတ်စား...
05/05/2018

ကိုယ်တို့ကျောင်းသားဘဝတုန်းက အင်တာနက် ဆိုတာလား?
ဒီလို…

Internet Cafe ဆိုတဲ့ ယဉ်ကျေးမှုဟာ
ကိုယ်တို့လူငယ်တွေ အကြား
သိပ်ခေတ်စားတယ်…
လူတစ်ကိုယ် အကောင့်တစ်ခုမှ
ဖွင့်မထားနိုင်ရင် မျက်နှာက XXS လောက် ငယ်တယ်…

အကောင့်တစ်ခု ပိုင်ဆိုင်ဖို့ ဆိုတာကလည်း ခုလို မလွယ်ဘူး…
လုပ်တတ် ကိုင်တတ်တဲ့ တစ်ယောက်ယောက်ကို ဆရာတင်ရတယ်…
ဂျီတော့လ် တို့ ဂျီမေးလ်တို့ဆိုတာ လာ မပြောနဲ့…
ကီးဘုတ်တောင် လက်ညှိုးနှစ်ချောင်းနဲ့ တောင်နှိပ် မြောက်နှိပ် နှိပ်တဲ့ခေတ်…😂😂😂

အဲ နာမည်ခပ်ကြောင်ကြောင် အနောက်က နံပါတ်တို့ မြို့နာမည်တို့နဲ့
ကိုယ်ပိုင်အကောင့်တစ်ခု ရပြီ ဆိုရင်တော့ အကောင်ပဲ…
အင်တာနက်ဖိုးနဲ့ မွဲတော့မယ့် အကောင်…

အကောင့်နာမည်တွေက
Pinky lay01 တို့ rabbit lay.ygn တို့ aung02.mdy တို့ maymyothulay တို့စသဖြင့်ပေါ့…
သူငယ်ချင်းတစ်ယောက်ဆို apyarlay ဆိုပြီး လုပ်လာလို့ ဒုက္ခရောက်ရသေးတယ်…😂😂😂
အပြာလေးတောင် ရိုးရိုးအပြာလေး မဟုတ်ဘူး
gtc.apyarlay ဆိုပဲ…😂😂😂

အကောင့်မှာ ပုံအစစ် တင်တဲ့သူတော့ ရှားသေးတယ်…
ကိတ်မုန့်ပုံ ကြွက်ပုံ သစ်ရွက်စိမ်းပုံ စသဖြင့် တင်ကြတယ်.…
ဒါလည်း မမြင်ရဘဲ တစ်ယောက်နဲ့တစ်ယောက် ဖီးတက်ပြီး ကြူကြတာပဲ…
အကောင့်မှာလည်း မီးသုံးခု ပါတယ်…
မီးစိမ်းနေရင် အားနေတယ်…
မီးဝါနေရင် တစ်ခုခု လုပ်နေတယ်…
မီးနီပြထားရင် လုံးဝမအားဘူး ဆိုတဲ့ ယဉ်ကျေးမှုနဲ့ သွားတယ်…

အဲ့ဒီခေတ်ကတော့ မြန်းဂလိ လို့ခေါ်တဲ့ အသံထွက်အင်္ဂလိပ်ဟာ အသုံးအများဆုံး ဘာသာစကားပဲ…
မြန်မာလို သိပ်မရိုက်တတ်ကြဘူး…
မြန်မာစာ ရိုက်တတ်သူဟာ
အမေရိကတိုက်ကို စတင်တွေ့ရှိသူထက် မျက်နှာပွင့်တယ်…

ခုခေတ် status ရေးသလိုပဲ
အကောင့်နာမည်နားမှာ
ကိုယ့်ခံစားချက်လေးတွေ ရေးထားလို့ရတယ်.…
တစ်ချို့က ကဗျာလေးတွေ
သီချင်းစာသားလေးတွေ
တစ်ချို့ကလည်း ဟာသလေးတွေ ဒါမှမဟုတ်
လန်ထွက်အောင် ဒန်ခွက်နဲ့ ဘာဖြစ်တယ်ဆိုလား အဲ့လိုမျိုး ပေါက်ကရလေးတွေလည်း ရေးလို့ရတယ်…

အံမယ် လျှော့တော့ မတွက်နဲ့…
VZO ဆိုတဲ့ ပုံထွက် ခပ်ညံ့ညံ့နဲ့ video call ရှိတယ်…
ကင်မရာကို ကိုယ့်မျက်နှာ တည့်တည့်ချိန်ပြီး ပြဲစကော မျက်နှာကြီးတွေနဲ့ ကြူတာ ကြူတာ ဆိုတာ…
အဲ့တုန်းကတော့ တကယ့်အနှစ်ပဲ…
VZO ဆိုတာ တကယ့် VIP ပုဂ္ဂိုလ်နဲ့မှ ပြောကြတာ…

အကောင့်တစ်ခု ရပြီဆိုတာနဲ့
နိုင်ငံတော်သမ္မတထက် အလုပ်ရှုပ်ပြီဆိုတာ ဗေဒင်မမေးနဲ့…
သမ္မတကမှ ရုံးပိတ်ရက် ရှိဦးမယ်…
ဂျီတော့ပ် ယူဆာတွေက ပိတ်ရက် မရှိဘူး…
အင်တာနက်ဆိုင်သွားပြီး တစ်နာရီ လေးရာမျိုး ငါးရာမျိုးပေးပြီး ချက်တင်ထုကြတာ…

လိုင်းကျတဲ့နေ့ဟာ ယူကြုံးမရ အပူလုံးကြွ ကြတဲ့နေ့ပဲ…
လည်နေတဲ့ အဝိုင်းကို တစ်နာရီ ငါးရာလောက်ပေးပြီး ဆင့်ဟွာ ခွေးမျှော်သလို စခရင်ကြီး ထိုင်ကြည့်ပြီး စောင့်ကြတာ စောင့်ကြတာ ဆိုတာ…
ဆိုင်ရှင်က ကျော်တတ် ခွတတ်ရင်တော့ ကိုယ့်စက်က ဝင်လို့ရတယ်…
ဒီတော့ လိုင်းကောင်းမယ့်ဆိုင်ကို တစ်မြို့လုံးပတ်ပြီး ရေကြည်ရာ မြက်နုရာ ရှာရတယ်…
ရွှေ့ပြောင်းကြူစိန် ဒုက္ခသည်တွေပေါ့…😂😂😂

အံမယ်… လာသေးတယ်
Gmail ဆိုတဲ့ဟာ…
တစ်နေ့တစ်ခါ မေးလ်စစ်ကြသတဲ့…
နေကောင်းလား စားပြီးပြီလား
ဒီသီချင်းလေး နားထောင်ကြည့်
ဒီစာလေးဖတ်ကြည့်ပြီး မျှဝေပါ ဆိုတဲ့ အီးမေးလ်တွေကို နေ့စဉ် စစ်ကြည့်ကြရတယ်…
မသိရင် သံရုံးက ဝန်ထမ်းတွေလိုပဲ
မေးလ်ကို အရေးတကြီး စစ်ကြ Forward တွေ လုပ်ကြရတာ…

ဒီကတစ်ဆင့်တက်ရင်တော့
အပြင်မှာ မိတ်ဖွဲ့ကြတယ်…
ဘယ်ဆိုင်မှာ ဘယ်နှနာရီမှာ အကျီ င်္ ဘာအရောင် ဝတ်ပြီး လာခဲ့ပါ ဆိုပြီး အချိန်းအချက် ပြုတယ်…
တစ်ဖက်လူက ချောနေမလား ရင်ခုန်မှုကလည်း တစ်မျိုးလေးပေါ့…
မချောလည်း ဘာမှ မဖြစ်ပါဘူး…
တွေ့တာနဲ့ ဝမ်းသာအားရ နှုတ်ဆက်ကြတယ်…
တစ်ချို့ ခြေလွန် လက်လွန် ပြောထား မိတဲ့သူတွေကတော့ တစ်ဖက်လူက ပုံမလာရင် ချောက်ထဲကျရန် လက်နှလုံးအလိုမှာ သူမမြင်ခင် တိတ်တိတ်လေးပြန်သွားပြီး အကောင့် ဘလော့တတ်ကြတယ်…

ကိုယ်တို့ခေတ်တုန်းက အင်တာနက် ဆိုတာ အမုန်းစကား မရှိဘူး…
Say Hi က စနှုတ်ဆက်မယ်…
အဆင်ပြေရင် စကားကြောရှည်မယ်…
ဟာသလေးတွေ ဗဟုသုတလေးတွေ သီချင်းလေးတွေကို တစ်ယောက်နဲ့တစ်ယောက် share ကြတယ်…
ကော်ဖီလေးတစ်ခွက်နဲ့ သီချင်းနားထောင်ရင်း လိုင်းသုံးတယ်…
လိုင်းကျရင် မျောက်လို မှိုင်တယ်…😂😂😂😂
ဒီလောက်ပဲ…

တောသားဆိုတာလည်း မရှိသေးဘူး…
ဘယ်ရှိမလဲ…
ကိုယ်တိုင်ကိုက တောသားလေ…
GTalk ဆိုတာကလည်း ကိုယ်ကျောင်းတက်တဲ့ မြို့ကြီးမှာပဲ သုံးခွင့်ရတာ…
ကျောင်းပိတ်လို့ နယ်ပြန်သွားရင်
ဟာတာတာကြီး…
သံယောဇဉ် အမျှင်တန်းသူတွေ ရှိရင်တော့ ဖုန်းနံပါတ် ပေးထားခဲ့ပြီး ဆက်သွယ်ကြတယ်…

ဘာပဲပြောပြောလေ…
အဲ့ဒီတုန်းက လိုင်းသုံးရတာ တကယ် ပျော်စရာ စိတ်လှုပ်ရှားစရာ အချိန်တွေပါပဲလေ…
တစ်ခါတစ်လေတော့လည်း
အဲ့ဒီ ခံစားမှုလေးကို ပြန်လွမ်းမိသား…
ယူတို့ရော တစ်ခေတ်တစ်ခါက ခင်တွယ်ခဲ့ရတဲ့ ဂျီတော့လ် အကောင့်လေးကို ပြန်မလွမ်းမိဘူးလား… ❤ ❤ ❤️

...

ကိုယ်တို့ကျောင်းသားဘဝတုန်းက အင်တာနက် ဆိုတာလား?ဒီလို…Internet Cafe ဆိုတဲ့ ယဉ်ကျေးမှုဟာ ကိုယ်တို့လူငယ်တွေ အကြား သိပ်ခေတ်စား...
28/01/2018

ကိုယ်တို့ကျောင်းသားဘဝတုန်းက အင်တာနက် ဆိုတာလား?
ဒီလို…

Internet Cafe ဆိုတဲ့ ယဉ်ကျေးမှုဟာ
ကိုယ်တို့လူငယ်တွေ အကြား
သိပ်ခေတ်စားတယ်…
လူတစ်ကိုယ် အကောင့်တစ်ခုမှ
ဖွင့်မထားနိုင်ရင် မျက်နှာက XXS လောက် ငယ်တယ်…

အကောင့်တစ်ခု ပိုင်ဆိုင်ဖို့ ဆိုတာကလည်း ခုလို မလွယ်ဘူး…
လုပ်တတ် ကိုင်တတ်တဲ့ တစ်ယောက်ယောက်ကို ဆရာတင်ရတယ်…
ဂျီတော့ပ်တို့ ဂျီမေးလ်တို့ဆိုတာ လာ မပြောနဲ့…
ကီးဘုတ်တောင် လက်ညှိုးနှစ်ချောင်းနဲ့ တောင်နှိပ် မြောက်နှိပ် နှိပ်တဲ့ခေတ်…😂😂😂

အဲ နာမည်ခပ်ကြောင်ကြောင် အနောက်က နံပါတ်တို့ မြို့နာမည်တို့နဲ့
ကိုယ်ပိုင်အကောင့်တစ်ခု ရပြီ ဆိုရင်တော့ အကောင်ပဲ…
အင်တာနက်ဖိုးနဲ့ မွဲတော့မယ့် အကောင်…

အကောင့်နာမည်တွေက
Pinky lay01 တို့ rabbit lay.ygn တို့ aung02.mdy တို့ maymyothulay တို့စသဖြင့်ပေါ့…
သူငယ်ချင်းတစ်ယောက်ဆို apyarlay ဆိုပြီး လုပ်လာလို့ ဒုက္ခရောက်ရသေးတယ်…😂😂😂
အပြာလေးတောင် ရိုးရိုးအပြာလေး မဟုတ်ဘူး
gtc.apyarlay ဆိုပဲ…😂😂😂

အကောင့်မှာ ပုံအစစ် တင်တဲ့သူတော့ ရှားသေးတယ်…
ကိတ်မုန့်ပုံ ကြွက်ပုံ သစ်ရွက်စိမ်းပုံ စသဖြင့် တင်ကြတယ်.…
ဒါလည်း မမြင်ရဘဲ တစ်ယောက်နဲ့တစ်ယောက် ဖီးတက်ပြီး ကြူကြတာပဲ…
အကောင့်မှာလည်း မီးသုံးခု ပါတယ်…
မီးစိမ်းနေရင် အားနေတယ်…
မီးဝါနေရင် တစ်ခုခု လုပ်နေတယ်…
မီးနီပြထားရင် လုံးဝမအားဘူး ဆိုတဲ့ ယဉ်ကျေးမှုနဲ့ သွားတယ်…

အဲ့ဒီခေတ်ကတော့ မြန်းဂလိ လို့ခေါ်တဲ့ အသံထွက်အင်္ဂလိပ်ဟာ အသုံးအများဆုံး ဘာသာစကားပဲ…
မြန်မာလို သိပ်မရိုက်တတ်ကြဘူး…
မြန်မာစာ ရိုက်တတ်သူဟာ
အမေရိကတိုက်ကို စတင်တွေ့ရှိသူထက် မျက်နှာပွင့်တယ်…

ခုခေတ် status ရေးသလိုပဲ
အကောင့်နာမည်နားမှာ
ကိုယ့်ခံစားချက်လေးတွေ ရေးထားလို့ရတယ်.…
တစ်ချို့က ကဗျာလေးတွေ
သီချင်းစာသားလေးတွေ
တစ်ချို့ကလည်း ဟာသလေးတွေ ဒါမှမဟုတ်
လန်ထွက်အောင် ဒန်ခွက်နဲ့ ဘာဖြစ်တယ်ဆိုလား အဲ့လိုမျိုး ပေါက်ကရလေးတွေလည်း ရေးလို့ရတယ်…

အံမယ် လျှော့တော့ မတွက်နဲ့…
VZO ဆိုတဲ့ ပုံထွက် ခပ်ညံ့ညံ့နဲ့ video call ရှိတယ်…
ကင်မရာကို ကိုယ့်မျက်နှာ တည့်တည့်ချိန်ပြီး ပြဲစကော မျက်နှာကြီးတွေနဲ့ ကြူတာ ကြူတာ ဆိုတာ…
အဲ့တုန်းကတော့ တကယ့်အနှစ်ပဲ…
VZO ဆိုတာ တကယ့် VIP ပုဂ္ဂိုလ်နဲ့မှ ပြောကြတာ…

အကောင့်တစ်ခု ရပြီဆိုတာနဲ့
နိုင်ငံတော်သမ္မတထက် အလုပ်ရှုပ်ပြီဆိုတာ ဗေဒင်မမေးနဲ့…
သမ္မတကမှ ရုံးပိတ်ရက် ရှိဦးမယ်…
ဂျီတော့ပ် ယူဆာတွေက ပိတ်ရက် မရှိဘူး…
အင်တာနက်ဆိုင်သွားပြီး တစ်နာရီ လေးရာမျိုး ငါးရာမျိုးပေးပြီး ချက်တင်ထုကြတာ…

လိုင်းကျတဲ့နေ့ဟာ ယူကြုံးမရ အပူလုံးကြွ ကြတဲ့နေ့ပဲ…
လည်နေတဲ့ အဝိုင်းကို တစ်နာရီ ငါးရာလောက်ပေးပြီး ဆင့်ဟွာ ခွေးမျှော်သလို စခရင်ကြီး ထိုင်ကြည့်ပြီး စောင့်ကြတာ စောင့်ကြတာ ဆိုတာ…
ဆိုင်ရှင်က ကျော်တတ် ခွတတ်ရင်တော့ ကိုယ့်စက်က ဝင်လို့ရတယ်…
ဒီတော့ လိုင်းကောင်းမယ့်ဆိုင်ကို တစ်မြို့လုံးပတ်ပြီး ရေကြည်ရာ မြက်နုရာ ရှာရတယ်…
ရွှေ့ပြောင်းကြူစိန် ဒုက္ခသည်တွေပေါ့…😂😂😂

အံမယ်… လာသေးတယ်
Gmail ဆိုတဲ့ဟာ…
တစ်နေ့တစ်ခါ မေးလ်စစ်ကြသတဲ့…
နေကောင်းလား စားပြီးပြီလား
ဒီသီချင်းလေး နားထောင်ကြည့်
ဒီစာလေးဖတ်ကြည့်ပြီး မျှဝေပါ ဆိုတဲ့ အီးမေးလ်တွေကို နေ့စဉ် စစ်ကြည့်ကြရတယ်…
မသိရင် သံရုံးက ဝန်ထမ်းတွေလိုပဲ
မေးလ်ကို အရေးတကြီး စစ်ကြ Forward တွေ လုပ်ကြရတာ…

ဒီကတစ်ဆင့်တက်ရင်တော့
အပြင်မှာ မိတ်ဖွဲ့ကြတယ်…
ဘယ်ဆိုင်မှာ ဘယ်နှနာရီမှာ အကျီ င်္ ဘာအရောင် ဝတ်ပြီး လာခဲ့ပါ ဆိုပြီး အချိန်းအချက် ပြုတယ်…
တစ်ဖက်လူက ချောနေမလား ရင်ခုန်မှုကလည်း တစ်မျိုးလေးပေါ့…
မချောလည်း ဘာမှ မဖြစ်ပါဘူး…
တွေ့တာနဲ့ ဝမ်းသာအားရ နှုတ်ဆက်ကြတယ်…
တစ်ချို့ ခြေလွန် လက်လွန် ပြောထား မိတဲ့သူတွေကတော့ တစ်ဖက်လူက ပုံမလာရင် ချောက်ထဲကျရန် လက်နှလုံးအလိုမှာ သူမမြင်ခင် တိတ်တိတ်လေးပြန်သွားပြီး အကောင့် ဘလော့တတ်ကြတယ်…

ကိုယ်တို့ခေတ်တုန်းက အင်တာနက် ဆိုတာ အမုန်းစကား မရှိဘူး…
Say Hi က စနှုတ်ဆက်မယ်…
အဆင်ပြေရင် စကားကြောရှည်မယ်…
ဟာသလေးတွေ ဗဟုသုတလေးတွေ သီချင်းလေးတွေကို တစ်ယောက်နဲ့တစ်ယောက် share ကြတယ်…
ကော်ဖီလေးတစ်ခွက်နဲ့ သီချင်းနားထောင်ရင်း လိုင်းသုံးတယ်…
လိုင်းကျရင် မျောက်လို မှိုင်တယ်…😂😂😂😂
ဒီလောက်ပဲ…

တောသားဆိုတာလည်း မရှိသေးဘူး…
ဘယ်ရှိမလဲ…
ကိုယ်တိုင်ကိုက တောသားလေ…
GTalk ဆိုတာကလည်း ကိုယ်ကျောင်းတက်တဲ့ မြို့ကြီးမှာပဲ သုံးခွင့်ရတာ…
ကျောင်းပိတ်လို့ နယ်ပြန်သွားရင်
ဟာတာတာကြီး…
သံယောဇဉ် အမျှင်တန်းသူတွေ ရှိရင်တော့ ဖုန်းနံပါတ် ပေးထားခဲ့ပြီး ဆက်သွယ်ကြတယ်…

ဘာပဲပြောပြောလေ…
အဲ့ဒီတုန်းက လိုင်းသုံးရတာ တကယ် ပျော်စရာ စိတ်လှုပ်ရှားစရာ အချိန်တွေပါပဲလေ…
တစ်ခါတစ်လေတော့လည်း
အဲ့ဒီ ခံစားမှုလေးကို ပြန်လွမ်းမိသား…
ယူတို့ရော တစ်ခေတ်တစ်ခါက ခင်တွယ်ခဲ့ရတဲ့ ဂျီတော့ပ် အကောင့်လေးကို ပြန်မလွမ်းမိဘူးလား…

24/03/2017
24/03/2017

Address

29st, Bet 62st & 63st, ChanAyeThaZan Tsp
Mandalay

Opening Hours

Monday 08:30 - 22:00
Tuesday 08:30 - 22:00
Wednesday 08:30 - 22:00
Thursday 08:30 - 22:00
Friday 08:30 - 22:00
Saturday 08:30 - 22:00
Sunday 08:30 - 22:00

Telephone

+95261217

Website

Alerts

Be the first to know and let us send you an email when Azure Internet Access posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Azure Internet Access:

Share