25/02/2021
Foodpanda Application မှာ 15% discount အပြင် fpcare promotion လေးလည်ရှိတော့ ဒီအချိန် ဝယ်စားမယ်ဆို အရမ်းတန်တယ်နော်
[EN Version below]
foodpanda အနေနဲ့ မြန်မာနိုင်ငံမှာ စတင်လည်ပတ်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကစပြီး သုံးစွဲသူတွေအားလုံးကို လွယ်ကူလျင်မြန်တဲ့ အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
အစားအသောက် ပို့ဆောင်ရေး၀န်ဆောင်မှုကို မိတ်ဆက်ပေးပြီးနောက် အထူးသဖြင့် ကပ်ရောဂါဖြစ်ပွားနေချိန်မှာ သုံးစွဲသူများ အပြင်သွားစရာမလိုဘဲ ဘေးကင်းလုံခြုံစွာမှာယူနိုင်ဖို့ အစားအသောက်တွေအပြင် နေ့စဥ်လိုအပ်တဲ့ ကုန်စုံပစ္စည်းတွေကိုပါ တိုးချဲ့ပို့ဆောင်ပေးလျက်ရှိပါတယ်။
ယခုအထိ ဒီရည်ရွယ်ချက်ကို မပြောင်းလဲဘဲ သုံးစွဲသူတွေဆီကို အစားအသောက်နဲ့ ကုန်စုံပစ္စည်းတွေ ဆက်လက်ပို့ပေးဆောင်ပေးနိုင်ဖို့အတွက် နဲ့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကတစ်ဆင့် မိတ်ဖက်ဆိုင်များနဲ့ ပို့ဆောင်သူတွေရဲ့ အကျိုးစီးပွား တိုးတက်နိုင်ဖို့အတွက်လည်း ကြိုးစားဆောင်ရွက်နေပါတယ်။ ဒီလို အခက်အခဲကြုံတွေ့နေရတဲ့အချိန်မှာ စားသုံးသူတွေ၊ ပို့ဆောင်သူတွေနဲ့ မိတ်ဖက်ဆိုင်တွေအတွက် ကျွန်တော်တို့ အနေနဲ့ တတ်နိုင်တဲ့တစ်ထောင့်တစ်နေရာကနေ ဆက်လက်ပံ့ပိုးပေးနိုင်ဖို့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ယနေ့ကစပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ foodpanda မှ အောက်ပါ ပံ့ပိုးမှုတွေကို လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။
💢 အစားအသောက်နဲ့ကုန်စုံကို ပို့ဆောင်ခ အခမဲ့နဲ့ မှာယူနိုင်ဖို့အတွက် အော်ဒါမှာယူမှုအားလုံးကို ပို့ဆောင်ခကောက်ခံခြင်းများ ယာယီရပ်ဆိုင်းထားပါမယ်။
💢 ဖေဖော်ဝါရီလအတွင်း foodpanda နဲ့စတင်လက်တွဲလိုတဲ့ စားသောက်ဆိုင်အသစ်တွေအတွက် ဒီလက စပြီး မတ်လကုန်အထိ ကော်မရှင်ခပေးဆောင်ရန်မလိုဘဲ 0% Commission နှုန်းထားဖြင့် ဝန်ဆောင်မှုပေးသွားပါမယ်။
💢 သုံးစွဲသူမိဘပြည်သူတွေအနေနဲ့ မိတ်ဖက်စားသောက်ဆိုင်၊ လုပ်ငန်းများနဲ့ ပို့ဆောင်သူတွေကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ဖို့အပြင် ကုန်ကျစရိတ်သက်သာနိုင်စေဖို့အတွက် အထူးဘောက်ချာကုတ် FPCARES ကိုမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီဘောက်ချာကုတ်ကိုအသုံးပြုခြင်းဖြင့် သုံံးစွဲသူတွေက ၅၀% လျှော့ဈေး (အများဆုံး ၂,၅၀၀ ကျပ်အထိ) ကို ရယူနိုင်မှာဖြစ်ပါတယ်။ ဘောက်ချာနဲ့ပတ်သက်ပြီးအသေးစိတ်ကို foodpanda အက်ပ်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
💢 ယခုလိုကာလအတွင်း ကူညီပို့ဆောင်ပေးနေတဲ့ ပို့ဆောင်သူများကိုလည်း Special Batch Bonus စနစ်ဖြင့် အထူးအခေါက်ကြေးနှုန်းများသတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အားလုံး တန်းတူအဆင်ပြေစေဖို့ performance တိုင်းတာနှုန်းစနစ်တွေကိုလည်း ညှိနှိုင်းဖြေလျော့ပေးသွားမှာလည်းဖြစ်ပါတယ်။
💢 ပို့ဆောင်သူတွေရဲ့ လုံခြုံရေးကိုအလေးထားလျက် ပို့ဆောင်သူတွေအနေနဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့အချိန်မှာ အခက်အခဲနဲ့ကြုံခဲ့လျှင် ခေါ်ဆိုနိုင်မယ့် အရေးပေါ်ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေကိုလည်း စီစဉ်ပေးထားပါတယ်။
သုံးစွဲသူမိဘပြည်သူများအားလုံး ဘေးကင်းလုံခြုံကြပါစေလို့ foodpanda မြန်မာမှ တောင်းဆုပြုလိုက်ပါတယ်။ 🙏
When we launched foodpanda in Myanmar in December 2019, our goal was to make food delivery fast, safe and accessible for everyone. Since then, we have expanded our services to deliver groceries and daily essentials, so more people could stay home during the pandemic.
Our mission has not changed. Each delivery brings more value to our restaurant and rider partners’ lives. We will continue supporting our community of customers, riders, restaurant and shops partners through tough times.
Starting from today till 28th February 2021, foodpanda is offering the following:
💢 No delivery fees for all orders so that everyone can get food and daily essentials delivered safely.
💢 Free onboarding services and 0% commission fee for the first month to all new vendors that would like to join our delivery platform.
💢 A special support voucher code FPCARES to support our restaurants and rider partners. Customers get 50% off up to 2500 MMK orders from their favourite local businesses. More information can be found in the foodpanda app.
💢 Our riders’ safety is a priority for us. foodpanda is providing additional support measures for our riders to make sure that they are safe during the entire trip.
We hope everyone is staying safe during these hard times. 🙏
www.foodpanda.com.mm