03/11/2023
ထိုင်းမုန့်တီထောင်း ပြုလုပ်နည်း
•••••••••••••••••••••••••••••••••••••••
အကင်စက် အမျိုးမျိုး လက်လီ လက်ကားရောင်းဝယ်ရေး
(1) ငရုတ်သီးအနီတောင့်ကိုနွမ်းရုံသာပြုတ်ပေးပါ။ ( မပြုတ်ရင် ဗိုက်နာမှာစိုးလို့ )
(2) ပြုတ်ထားသောငရုတ်အနီတာင့် မြေပဲအနည်းငယ်နှင့်ထန်းလျက်အားကျေညက်အောင်ထောင်းထားပါ။
(3) ခရမ်းချဉ်သီးနှင့်သံပုရာသီး လှီးထားပေးပါ
(4) မုန့်တီဖတ်ပေါ်သို့ အပေါ်မှထောင်းထားသောအရာများထည့်ပါ။ လှီးထားသောခရမ်းချဉ်သီးလည်းထည့်ပါ။
(5) ထိုင်းငပိရည် အချိုမှုန့် ( သို့ ) ပုဇွန်ခြောက်မှုန့် ငံပြာရည်အနည်းငယ် သံပုရာသီးညှစ်ပေးပြီး နယ်ပေးပါ။ ( ထောင်းသည့် ငရုတ်ဆုံရှိပါက အသာလေးလိမ့်ထောင်းနိုင်ပါသည် ) ထို့နောက် အရသာ အစပ်အငန်အားမြည်းကြည့်ပြီး လိုအပ်သလို ပြင်ဆင်ပြီး စားနိုင်ပါပြီနော် ။ seafoodတို့ သင်္ဘောသီးတို့နဲ့လည်း တွဲစားလို့ရပါတယ်။ ထိုင်းငပိရည်ဝယ်မရရင် အရည်ရွဲရွဲလေးဖြစ်အောင် ထိုင်းငပိရည်အစား ရေနွေးအနည်းငယ် ထည့်ပြီးအစားထိုးပါ။
Credit : photos
🌶🌶🌶🌶🌶🌶🌶🌶🌶🌶
ယိုးဒယားအပ်မှိုထောင်း
---------------
အပ်မှိုကိုပျော့ပြဲပြဲမကြိုက်တဲ့အတွက် ရေကိုအရင်ပွက်ပွက်ဆူအောင်တည်ပြီးမှ အပ်မှိုအရင်းမာမာတွေကိုစင်အောင်လှီးထုတ်နဲနဲချင်းစီဖွပြီး ဇကာထဲထည့် ရေပွက်ပွက်ထဲကို နှစ်လိုက်ဖော်လိုက် 3 ခါလောက်လုပ်ရေအေးအေးလေးဆေးချလိုက်ပြီးရေစစ်ထားလိုက်တယ်...
ငရုတ်သီးစိမ်းကြက်သွန်ဖြူထောင်းမညက်တစ်ညက်ဆို ထန်းညက်ပျော့(သို့)သကြားထည့် ခရမ်းချဉ်သီး ခရမ်းကျွတ်သီးထည့်ထောင်း ငံပြာရည်နဲနဲ ရသာမူန့်ပါရုံ သံပုရာရည်ညှစ် ယိုးဒယားငပိရည်ခပ်များများထည့် ကုလားနံနံ ကြက်သွန်မြိတ် နံနံပင်တို့ထည့်ထောင်း ပြီးရင်အပ်မှိုထည့်ဇွန်းနဲ့နှံ့အောင်မွှေလိုက်ရပါပြီရှင်
Credit အမ်းသူလေး ချစ်မောင်
ယိုးဒယားပလာထိုမုန့်တီသုပ်
---------------
ပလာထူငါးပေါင်းကိုကြော်ပါ(မပေါင်းပဲကြော်လည်းရ) အသားနွှင်ထားမယ် ယိုးဒယားဝက်သားချောင်း(မူယော)လှီးထားပါ မုန့်တီကိုအဆင်သင့်ရွရွလေးဖွထားပါ ငရုတ်သီးစိမ်းလှီးထား ပဲသီးလှီးထား ကုလားနံနံ ကြက်သွန်မြိတ် နံနံပင်တို့ကိုရစ်ရစ်လေးလှီးထားပါ
ဆော့စပ်ပါမယ် ဆော့အတွက် ဇလုံထဲကို ငရုတ်လှော်မူန့် သံပုရာရည် ဆန်လှော်မူန့် ငံပြာရည် သကြား(သို့)ထန်းညက်ပျော့ရသာမူန့်ပါရုံထည့်ပြီးနှံ့အောင်မွှေပါ ပြီးရင် မုန့်တီ ပဲသီး ငရုတ်သီးစိမ်း ဝက်သားချောင်း နံနံပင်ကုလားနံနံကြက်သွန်မြိတ်တို့ထည့်ပြီး သမအောင်မွှေလိုက်ရင်ရပါပြီရှင်
Credit အမ်းသူလေး ချစ်မောင်
🌶🌶🌶🌶🌶🌶🌶🌶
ယိုးဒယားကင်းမွန်ထောင်း
---------------
ကင်းမွန်မျက်လုံးကိုဓါးလေးနဲ့အရာပေးပြီးထုတ် အထဲကမှင်တံလေးကိုဖယ် အရေခွံခွာဆွဲ သေချာသန့်စင်အောင်ဆေး ရေကိုရှောက်နူရွက် ပတဲကော စပါးလင်ထည့် ပွက်ပွက်ဆူအောင်အရင်တည် ဆူရင်ကင်းမွန်ထည့် အသားတင်းပြီးကျက်ရင်ဆယ် ရေအေးဆေးချ လိုသလိုလှီးထားပါ
ငရုတ်သီးစိမ်းကြက်သွန်ဖြူထောင်းပါ မညက်တစ်ညက်ဆို ယိုးဒယား ထန်းညက်ပျော့ထည့်ပါ ကျေရင် ငံပြာရည်နဲနဲ ဟင်းခပ်မူန့်ပါရုံထည့် ခရမ်းချဉ်သီးလှီးထည့် ကြက်သွန်မြိတ်နံနံပင် ကုလားနံနံ သံပုရာရည်ညှစ် ယိုးဒယားငပိရည်ခပ်များများထည့်မွှေထောင်းပါ ကင်းမွန်ထည့်နာနာလေးမွှေထောင်းမယ် ရပါပြီနော် မုန့်တီဖတ် ကြိုက်ရာအသီးရွက်နဲ့တွဲစားပါရှင်