ယုံရှင်းအကင်ဆိုင်ဟာ ၁၉၉၆ခုနှစ်ကတည်းက မန္တလေးမြို့ ၈၂လမ်း ၁၈လမ်း နှင့် ၁၉လမ်းကြားတွင် ဖွင့်လှစ်လာခဲ့သည့်မှာ ၂၈နှစ်တိုင်တိုင်ရှိလာခဲ့ပြီဖြစ်ပြီး အမှတ်တရများစွာ၊ အတွေ့အကြုံပေါင်းမြောက်များစွာနှင့် ပြည့်နက်နေသည့် “ယုံရင်ရှင်း မယုံရင်မရှင်းနဲ့”ဆိုတဲ့ မန္တလေးက ၁၉လမ်းယုံရှင်း ဖြစ်ပါတယ်။
ယုံရှင်း၏ အများနှင့်မတူ တမူထူးခြားသည့် အကင်နှင့်ဟင်းပွဲများဟာ ချစ်ဧည့်သည်တော်များ၏ ယုံကြည်မှု၊ အသိမှတ်ပြုမှု၊ နှစ်ရှည
်လများအားပေးမှုတွေဟာ ဆယ်စုနှစ် (၃)ခုနီးပါး ရှိလာခဲ့ပြီဖြစ်ပါတယ်။
ချစ်ဧည့်သည်များ၏နှစ်ရှည်လများ ယုံကြည်အားပေးလာရသည့် အကြောင်းအရင်းများ နှင့် တုံပြန်ချက်များ၏ကောက်နှုတ်ချက်များအရ——
ယုံရှင်းမှ စံသတ်မှတ်ချက်နှင့်အညီ အရည်အသွေးပြည့်မိသော အစားသောက်ကုန်ကြမ်းများကိုသာ ရွေးချယ်အသုံးပြုထားခြင်းဖြစ်ကြောင်း နှင့် ကောင်းမြဲမပြောင်းလဲတဲ့ အရသာကောင်းတွေကို စဉ်ဆက်မပြတ်ဧည့်ခံပေးနိုင်ခြင်းဖြစ်ကြောင်းဆိုသည့်အချက်၂ချက်ကြောင့်ပင် ယုံရှင်းဟာ ယနေ့ထိတိုင် ခိုင်ခိုင်မာမာရည်တည်နိုင်လျက်ရှိပါတယ်။
ချစ်ဧည့်သည်တော်များ၏ ၂၈နှစ်တိုင်းတိုင်းယုံကြည်အားပေးလာကြသည့် မိတ်ဟောင်းမိတ်သစ်တစ်ဦးတစ်ယောက်ဆီတိုင်းကို ယုံရှင်းမိသားစုမှ ရိုသေလေးစားစွာ ကျေးဇူးတင်ရှိကြောင်းပြောကြားလိုက်ပါရစေ။
ယုံရှင်းမိသားစုမှလည်း ကောင်းမြဲမပြောင်းတဲ့အရသာကောင်းတွေကို စဉ်ဆက်မပြတ်
ထိန်းသိမ်းသွားမည်ဖြစ်ပြီး၊ ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေနဲ့အတူတကွ ဧည့်ခံပေးသွားမည်
ဖြစ်ကြောင်း အခိုင်အမှာထပ်လောင်းပြောကြားလိုက်ပါရစေ။
စာ/ ယုံရှင်းမိသားစု
Alerts
Be the first to know and let us send you an email when Yone Shin BBQ & Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.