12/02/2026
Valentine's Day ဆိုတာ ပန်းစည်းကြီးတွေ၊ လက်ဆောင်အထုပ်ကြီးတွေထက် တစ်ယောက်နဲ့တစ်ယောက် အေးအေးလူလူ မျက်နှာချင်းဆိုင်ထိုင်ပြီး အတူတူ မုန့်စားကြတဲ့ အခိုက်အတံ့တွေက ပိုပြီး Quality ဖြစ်တာပေါ့ ... 🤭❤️
💞 ဒီနှစ်မှာတော့ အချစ်တွေကို စကားလုံးနဲ့တင်မဟုတ်ဘဲ အရသာရှိတဲ့ Ramen တွေနဲ့ ချစ်ကြောင်းပြဖို့ ဟောဒီမှာ Valentine's Set (၃) မျိုး
🍜 "နက်ရှိုင်းတဲ့ အချစ်" အတွက် Special Ramen Set
( Special Ramen + Japan Fried Chicken + Lemon Tea )
အနှစ်သာရ ပြည့်ဝတဲ့ ဟင်းရည်ပူပူလေးရယ်၊ အပြင်က ကြွပ်ပြီး အထဲက နူးညံ့အိစက်နေတဲ့ Japan Fried Chicken ရယ်က တကယ့်ကို အပေးအယူ အမျှဆုံးပဲ။ အရသာရှိတဲ့ အစားအသောက်တွေကြားမှာ ပိုပြီး နက်ရှိုင်းတဲ့ စကားတွေ ပြောဖြစ်ဖို့ ဒီ Set လေးကို ရွေးချယ်စေချင်တယ်နော်
🌶️ "ရင်ခုန်စိတ်လှုပ်ရှားစရာ" အချစ်အတွက် TanTan Set
( TanTan + ဖက်ထုပ် + Lemon Tea )
အချစ်ဆိုတာ တစ်ခါတလေမှာ ထုံ၊ စပ်၊ ငန်၊ စိမ့် အရသာစုံနေမှ ပိုပြီး ရင်ခုန်ဖို့ကောင်းတာ။ ရှူးရှဲပွင့်ထွက်မယ့် TanTanMen ကို နူးညံ့အိစက်တဲ့ ဖက်ထုပ် (Gyoza) လေးနဲ့ တွဲစားရင်း အချစ်ရဲ့ ရသစုံကို ခံစားဖို့အတွက်ဆို ဒီ Set လေးကို လုံးဝ Recommend တယ်
🍲 "အေးချမ်းတဲ့ နွေးထွေးမှု" အတွက် Miso Set
( Miso + Japan Fried Chicken + Lemon Tea )
ဘဝရဲ့ ပင်ပန်းမှုတွေကို Miso ရဲ့ စိမ့်အိနေတဲ့ အရသာနဲ့ ကုစားလိုက်ပါ။ ကြွပ်ရွနေတဲ့ ဂျပန်ကြက်ကြော်လေးကို ကိုက်ရင်း၊ ကိုလာအေးအေးလေး သောက်ရင်းနဲ့ နှစ်ယောက်ကြားက နွေးထွေးမှုတွေကို ပြန်လည် လန်းဆန်းစေဖို့ ဒီ Set လေးက ကူညီပေးနိုင်တာပေါ့ဗျာ
အချစ်ဆိုတာ အတူတူထိုင်ပြီး အားရပါးရ စားသောက်ရတဲ့ ပျော်ရွှင်မှုလေးတွေမှာလည်း ရှိတတ်တာဖြစ်လို့ ချစ်ရသူရဲ့ လက်ကိုတွဲပြီး YAMATO မှာ အမှတ်တရတွေ လာဖန်တီးလိုက်ပါ 👨🍳
အချစ်တွေ ပိုအသက်ဝင်စေဖို့ YAMATO Ramen ရဲ့ Valentine's Set ❤️
📍 Yamato Japan Ramen
📌 63 လမ်း, 41(A) လမ်းထောင့်, မဟာအောင်မြေမြို့နယ်, မန္တလေးမြို့
📱 09 950 123 274