Multi-Arti Tree

Multi-Arti Tree Delivery Service

25/01/2021

MULTi-ARTi TREe

Coming soon 🤩🤩

နေကြာပန်းပင်လယ်ထဲကကျောက်ဆစ်ရုပ်တုတွေက မင်းအတွက်၊မင်းအတွက်အရေးမပါလှပေမဲ့မင်းအတွက်ပေါ့...ပိရမစ်ထဲကမံမီရုပ်အလောင်းတွေက မင်း...
09/01/2021

နေကြာပန်း

ပင်လယ်ထဲက
ကျောက်ဆစ်ရုပ်တုတွေက မင်းအတွက်၊
မင်းအတွက်အရေးမပါလှပေမဲ့
မင်းအတွက်ပေါ့...

ပိရမစ်ထဲက
မံမီရုပ်အလောင်းတွေက မင်းအတွက်၊
မင်းအတွက်အရေးမပါလှပေမဲ့
မင်းအတွက်ပေါ့...

ကြယ်စင်စုထဲက
သီချင်းလေး‌တစ်ပုဒ်ကလည်း မင်းအတွက်၊
မင်းအတွက်အရေးမပါလှပေမဲ့
မင်းအတွက်ပေါ့...

အကြင်နာစိုက်ခင်းထဲက
နေကြာပန်းတွေဖူးပွင့်လာဖို့တော့
မျှော်လင့်နေရတုန်းပဲ
မင်းအတွက်။ ။

K.M.M

08/01/2021

#အာကာသလမ်း

ဘဝဆိုတာ
အရူး မောင်းလာတဲ့
လေယာဉ်ပျံကို စီးလာရတာပဲ ။

ပိုပြီး
ပျော်ပျော်ရွှင်ရွှင်နေဖို့ စဉ်းစားတယ်
ပြန်ဆင်းလို့ မရတော့ဘူးကိုး ။ ။

#သုခမိန်လှိုင်

Manchester By The Sea(2016)အတိတ်ရဲ့ ရှိနေခြင်းဟာ လူတစ်ယောက်ကိုဝါးမျိုနေသလိုပါပဲ အတိတ်ဆိုးရဲ့ ဝါးမျိုခြင်းပေါ့တစ်ခါတစ်လေမ...
09/12/2020

Manchester By The Sea(2016)

အတိတ်ရဲ့ ရှိနေခြင်းဟာ လူတစ်ယောက်ကို
ဝါးမျိုနေသလိုပါပဲ အတိတ်ဆိုးရဲ့ ဝါးမျိုခြင်းပေါ့
တစ်ခါတစ်လေမှာ
အမှုမဲ့အမှတ်မဲ့ဖြစ်ရပ်တွေက
ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုတွေကို
အများကြီး ပြောင်းလဲသွားနိုင်တယ်
တစ်ရက်နဲ့တစ်ရက်အကြားမှာ
တစ်စက္ကန့်ပဲ ခြားသလိုပေါ့
အကောင်းနဲ့အဆိုးက ကြွေပြားစေ့ရဲ့ ခေါင်းနဲ့ပန်းပဲ
အဲ့ကြွေပြားစေ့ကို ကိုယ်တိုင်လည်း လှည့်ကြသလို
တစ်ခါတစ်လေမှာ သူ့ဘာသာလည်း လည်နေတာပဲ
အတိတ်ဆိုးရဲ့ ဝါးမျိုခြင်းဆိုတာလည်း
ကာလအတန် ကြာရင် ပြီးဆုံးသွားစမြဲပါ
အချိန်တန်ရင် နေထွက်လာတာကို မြင်တွေ့ကြရမှာပေါ့
အဆင်မပြေမှုတွေနဲ့ အဆင်ပြေအောင် နေတတ်သွားတာပဲ

ဇာတ်လမ်း အကျဉ်း

လီချန်စတာက တိုက်ခန်းတွေမှာ အလုပ်လုပ်တယ် ရေပိုက်ပြင်ပေးတယ် ဆေးသုတ်ပေးတယ်
လျှပ်စစ်မီးပြင်ပေးတယ် တိုက်ခန်းစောင့်ပေါ့
တစ်နေ့မှာ သူ့အကို ဂျိုးချန်စတာက နှလုံးရောဂါနဲ့
ဆုံးသွားတဲ့အခါမှာ သူ့ရဲ့ မွေးရက်မြေပြန်ပီး အသုဘအတွက် ပြင်ဆင်ပေးရတာပေါ့ ဂျိုးရဲ့ သေတမ်းစာမှာ ဂျိုးရဲ့ သား ပက်ထရစ်ရဲ့ အုပ်ထိန်းသူအဖြစ် လုပ်ပေးဖို့ ရေးခဲ့တယ် ပက်ထရစ်အသက်18မပြည့်ခင်ထိပေါ့
ဒီဇာတ်လမ်းမှာ အထီးကျန်မှုတွေ နောင်တတွေ ဝမ်းနည်းမှုတွေ အချင်းချင်းနွေးထွေးမှုတွေ ခံစားရတယ်
အဆုံးသတ်မှာ အတိတ်ဆိုးတွေ သတင်းဆိုးတွေကို
ထားခဲ့မို့ မေ့ပစ်လိုက်ဖို့က အကောင်းဆုံးပါပဲ
"Forget it" "Let it go"

Photo Credit

အာ ကာ သ ထဲ က‌ပြေး ထွက် လာ တဲ့ ကြယ် စင် စု၊ပန်း တွေ လို ဖူး ပွင့်။K.M.M
08/12/2020

အာ ကာ သ ထဲ က
‌ပြေး ထွက် လာ တဲ့ ကြယ် စင် စု၊
ပန်း တွေ လို ဖူး ပွင့်။

K.M.M

ကောင်း ကင် ပြာ ထဲ မှာပျံ သန်း နေ တဲ့ ဝေ လ ငါး၊အ လွမ်း တွေ သည်း တယ်။K.M.Mpictures credit to Artem Chebokha
28/11/2020

ကောင်း ကင် ပြာ ထဲ မှာ
ပျံ သန်း နေ တဲ့ ဝေ လ ငါး၊
အ လွမ်း တွေ သည်း တယ်။

K.M.M

pictures credit to Artem Chebokha

ဘမ်ဘယ်ဘီးဘမ်ဘယ်ဘီး က ကျောက်ဖြစ်ရုပ်ကြွင်း၊ဘမ်ဘယ်ဘီး က သွေးစုပ်ဖုတ်ကောင်၊ဘမ်ဘယ်ဘီး က သစ္စာတရား၊ဘမ်ဘယ်ဘီး က သစ္စာသမား၊ဘမ်ဘ...
29/05/2020

ဘမ်ဘယ်ဘီး

ဘမ်ဘယ်ဘီး က ကျောက်ဖြစ်ရုပ်ကြွင်း၊
ဘမ်ဘယ်ဘီး က သွေးစုပ်ဖုတ်ကောင်၊
ဘမ်ဘယ်ဘီး က သစ္စာတရား၊
ဘမ်ဘယ်ဘီး က သစ္စာသမား၊
ဘမ်ဘယ်ဘီး က လိပ်ခုံးကား၊
ဘမ်ဘယ်ဘီး က စက်ရုပ်လူသား၊
ဘမ်ဘယ်ဘီး က မတ်တယ်လ်ဟတ်ဒ်၊
ဘမ်ဘယ်ဘီး က နေကြာခင်း၊
ဘမ်ဘယ်ဘီး က နေ့လယ်ခင်း၊
ဘမ်ဘယ်ဘီး က ကာမာရို၊
ဘမ်ဘယ်ဘီး က ဟိုက်ဝေးလမ်း၊
ဘမ်ဘယ်ဘီး က ရေဒီယို၊
ဘမ်ဘယ်ဘီး က သီချင်းဆို၊
ဘမ်ဘယ်ဘီး က သံယောဇဉ်၊
ဘမ်ဘယ်ဘီး က သူငယ်ချင်း၊
ဘမ်ဘယ်ဘီး က မွေးနေ့လက်ဆောင်။

KMM
May 29/2020

Coffeeကော်ဖီတစ်ခွက်မှာကဖင်းဓာတ်တွေ ဘယ်လောက်ထိ ပါနေလဲကဖင်း‌ဓာတ်က စွဲလမ်းတတ်တာမျိူး မဟုတ်ဘဲဦးနှောက်ကို လှုံဆော်ပေးတတ်တယ်လွ...
28/05/2020

Coffee

ကော်ဖီတစ်ခွက်မှာ

ကဖင်းဓာတ်တွေ ဘယ်လောက်ထိ ပါနေလဲ

ကဖင်း‌ဓာတ်က စွဲလမ်းတတ်တာမျိူး မဟုတ်ဘဲ
ဦးနှောက်ကို လှုံဆော်ပေးတတ်တယ်

လွမ်းတဲ့အခါလည်း ကော်ဖီသောက်မယ်

ကော်ဖီသောက်တိုင်းလည်း လွမ်းရတယ်

ကော်ဖီတစ်ခွက်မှာ

ချစ်ခြင်းတွေ ဘယ်လောက်ထိ ပါနေလဲ

အချစ်က အမြဲတမ်း ချိုမနေနိုင်ဘူး
တစ်ခါတစ်လေမှာ ခါးသက်တတ်တယ်

ချစ်၍လည်း ကော်ဖီသောက်မယ်

ကော်ဖီသောက်တိုင်းလည်း သတိရတယ်

မောင်ကိုးမတ်

25/05/2020

လူဘဝဆိုတာ တစ်ခါတစ်လေမှာ
တစ်စုံတစ်ရာ ပိုင်ဆိုင်ရတာ အရသာဖြစ်သလို
တစ်စုံတစ်ရာ စွန့်လွှတ်ရတာလည်း အရသာဖြစ်တယ်
ဒါပေမယ့် တချိူ့ ဟာတွေက စွန့်လွှတ်ရတာ
သိပ်မလွယ်လှဘူးရယ်

25/05/2020

အမှန်ပြောစကားသည် ချိုသာခဲ၏

တတ်သိနားလည်သူသည် ငြင်းခုံခဲ၏

စာနာတတ်သူသည် ရိုင်းရိုင်းပြပြ ပြောခဲ၏

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Multi-Arti Tree posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share