Mandalay Food O'clock

Mandalay Food O'clock စျေးသက်သာပြီးအရသာရှိသော အစားအသောက်များနှင့် အအေးများ စိတ်ကြိုက် သုံးဆောင်နိုင်ပါသည်

သီတင်းကျွတ် အခါသမရမှာစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ 🙏Mandalay food O'clock
29/10/2023

သီတင်းကျွတ် အခါသမရမှာ
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ 🙏

Mandalay food O'clock

"သင့်ကိုသင် ယုံကြည်မှုရှိပါ''အရွယ်ကောင်းတုန်းမှာ ကြိုးစားပါမဟုတ်ရင်အိုသာသွားတယ် သာမန်ဘဝနဲ့သူလို ငါလိုအခြေအနေ ဖြစ်မယ်မင်း...
24/07/2022

"သင့်ကိုသင် ယုံကြည်မှုရှိပါ''

အရွယ်ကောင်းတုန်းမှာ ကြိုးစားပါ
မဟုတ်ရင်
အိုသာသွားတယ် သာမန်ဘဝနဲ့
သူလို ငါလိုအခြေအနေ ဖြစ်မယ်
မင်းကို အကောင်းမမြင်တဲ့ လူတွေကို
ဂရုမစိုက်လေလေ မင်းဘဝက
ပိုပြီး အဆင်ပြေလာလေလေပဲ

ငါ လုပ်နိုင်လား မလုပ်နိုင်ဘူးလား
ဆိုတာ မရှိပါဘူး
ငါ အရ ယူမလား မယူဘူးလား
ဆိုတာပဲ ရှိတာပါ
ရော်နယ်ဒို ဘောလုံး စကန်တုန်းက
သူအောင်မြင်မယ်လို့ ဘယ်သူမှ မယုံခဲ့ကြပါဘူး

အောက်မြင်မှု အလာနှေးတာ မဟုတ်ပါဘူး
သင်ကြိုးစားတာ မပြင်းထန်သေးလို့ပါ
တွင်းထဲမှာ ရေမရှိတာ မဟုတ်ပါဘူး
သင်တူးတာ မနက်သေးလို့ပါ

အောင်မြင်အောင် ကြိုးစားပြလိုက်ပါ
ပြီးရင် အထင်သေးတဲ့ သူတွေကို အပြုံးနဲ့ အနိုင်ယူ
ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့
အောင်မြင်တဲ့သူတိုင်းရဲ့ နောက်ကွယ်မှာ
မအောင်မြင်ခဲ့တဲ့ အချိန်တွေ အများကြီးရှိခဲ့တယ်။

ဆိုင်ကအနှစ်လေးတွေသုံးပြီး  🧑‍🍳ချစ်ခင်ရသော customer လေးတွေရဲ့ ကိုယ်တိုင်လုပ်လက်ရာလေးတွေပါ 😍🥘စားချင်စရာလေး😋ဝယ်ယူအားပေးကြသေ...
23/07/2022

ဆိုင်ကအနှစ်လေးတွေသုံးပြီး 🧑‍🍳ချစ်ခင်ရသော customer လေးတွေရဲ့ ကိုယ်တိုင်လုပ်လက်ရာလေးတွေပါ 😍🥘စားချင်စရာလေး😋

ဝယ်ယူအားပေးကြသော မိတ်ဆွေများကို ချစ်ခင်ကျေးဇူးတင်လျက်ပါ🥰

မာလာရှမ်းကောအနှစ်၊ မာလာအသုပ်စုံအနှစ်၊ ယိုးဒယားအထောင်းရည်လေးတွေ ဝယ်ယူနိုင်ပါတယ်ရှင့်

#မာလာရှမ်းကောအနှစ်
#ဟောပေါ့အနှစ်



#မန်းလေး
#မာလာရှမ်းကော

#ယိုးဒယားအထောင်းရည်
#အထောင်းအရည်အနှစ်
#အသင့်စားအထောင်းရည်

#မာလာအသုပ်စုံအနှစ်

ယုံကြည်စိတ်ချစွာဖြင့် ၀ယ်ယူအားပေးကြသော အနယ်နယ်အရပ်ရပ်ကcustomer များကို အထူးကျေးဇူးတင်‌ရှိပါတယ်ရှင့်🥰အစစအရာရာ အဆင်ပြေပြီး...
15/07/2022

ယုံကြည်စိတ်ချစွာဖြင့် ၀ယ်ယူအားပေးကြသော အနယ်နယ်အရပ်ရပ်ကcustomer များကို အထူးကျေးဇူးတင်‌ရှိပါတယ်ရှင့်🥰

အစစအရာရာ အဆင်ပြေပြီး ကျန်းမာချမ်းသာ ကြီးပွားအောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

နယ်မှမှာယူလိုသူများ အတွက် ကားဂိတ်အရောက်ပို့ပေးပါတယ်နော်

#မာလာရှမ်းကောအနှစ်
#ဟောပေါ့အနှစ်



#မန်းလေး
#မာလာရှမ်းကော

#ယိုးဒယားအထောင်းရည်
#အထောင်းအရည်အနှစ်
#အသင့်စားအထောင်းရည်

#မာလာအသုပ်စုံအနှစ်

💥သင်ရော ဘယ်သူနှင့်အတူလုပ်စားမှာလဲ❓ချစ်ခင်ရတဲ့ customer စုံတွဲလေး👩‍❤️‍👨လုပ်စားကြတဲ့ အရသာရှိ မာလာရှမ်းကောပါတဲ့ရှင်😋အရမ်းကေ...
14/07/2022

💥သင်ရော ဘယ်သူနှင့်အတူလုပ်စားမှာလဲ❓

ချစ်ခင်ရတဲ့ customer စုံတွဲလေး👩‍❤️‍👨လုပ်စားကြတဲ့ အရသာရှိ မာလာရှမ်းကောပါတဲ့ရှင်😋

အရမ်းကောင်းတဲ့ မာလာရှမ်းကောအနှစ်နှင့် အတူလုပ်စားဖို့ စီစဉ်လိုက်ပြီး ချစ်ခင်ရင်းနှီးမှု့တွေကို အပြည့်အဝ ရယူလိုက်ပါ။

ချစ်တာက ချစ်တာပဲ အစားနှင့်ပတ်သက်ရင် အလျှော့မပေးနိုင်ဘူးဆိုတာမျိုး😁

ဝယ်ယူအားပေးကြတဲ့ customer များကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်

အနှစ်များ စိတ်ဝင်စားလို့ မှာချင်တယ်ဆိုရင် cb (သို့) comment(သို့) 09448395002 ကိုဆက်သွယ်မှာယူနိုင်ပါတယ်

ကိုယ်တိုင်ဝယ်ယူချင်ရင်‌ 118လမ်း ၊ 45 နှင့် 46လမ်းကြားမှာ လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

❣️Improve friendship& relationship❣️

#မာလာရှမ်းကောအနှစ်
#ဟောပေါ့အနှစ်



#မန်းလေး
#မာလာရှမ်းကော

၀ါဆိုလပြည့် ဓမ္မစကြာအခါ‌တော်နေ့မှာ ကျန်းမာချမ်းသာစွာဖြင့် ကုသိုလ်ထူး ကုသိုလ်မြတ်တွေ ရရှိကြပါစေ 🙏🙏🙏
12/07/2022

၀ါဆိုလပြည့် ဓမ္မစကြာအခါ‌တော်နေ့မှာ ကျန်းမာချမ်းသာစွာဖြင့် ကုသိုလ်ထူး ကုသိုလ်မြတ်တွေ ရရှိကြပါစေ 🙏🙏🙏

🥔အာလူးမာလာလုပ်နည်းပါဝင်ပစ္စည်းများကြက်သွန်ဖြူ၊ နံနံပင်၊ အာလူး၊ မာလာအသုပ်စုံအနှစ်၊ မြေပဲဆားလှော်၊ပူစီနံ🍟အာလူးကိုအချောင်းလ...
07/07/2022

🥔အာလူးမာလာလုပ်နည်း

ပါဝင်ပစ္စည်းများ

ကြက်သွန်ဖြူ၊ နံနံပင်၊ အာလူး၊ မာလာအသုပ်စုံအနှစ်၊ မြေပဲဆားလှော်၊ပူစီနံ

🍟အာလူးကိုအချောင်းလေးတွေလုပ်ပြီး ကြော်ထားပါ

ကြက်သွန်ဖြူအနည်းငယ်ရိုက်ပြားပြီး နုတ်နုတ်စင်းထားပါ

ပန်းကန်တစ်ခုထဲကို မာလာအသုပ်စုံအနှစ် ထမင်း စားဇွန်း၂ဇွန်းခွဲ (သို့)၃ဇွန်းခန့်ထည့်ပါ၊(အာလူးအနည်းအများအပေါ်မူတည်ပါတယ်နော်)

၎င်းပန်းကန်ထဲကို နံနံပင်အနည်းငယ်၊ ရိုက်ပြားထားသောကြက်သွန်ဖြူထည့်ပါ၊ မြေပဲဆားလှော် အနည်းငယ် ထောင်းပြီးထည့်ပါ

အားလုံးသမအောင်မွှေပါပြီးလျှင် အာလူးချောင်းကြော်ကို ထည့်ပြီးမွှေပါ

ပူစီနံအနည်းငယ်နှင့် တွဲဖက်ပြီး အရသာရှိရှိသုံးဆောင်နိုင်ပါပြီ

မာလာအသုပ်စုံအနှစ်လေးရှိထားမယ်ဆိုရင် အာလူးမာလာ၊ ပဲပြားမာလာသုပ်၊ ပင်လယ်စာမာလာသုပ်၊ ကြက်သား/ဝက်သား မာလာသုပ် တို့အပြင် အခြားအခြားသော မာလာအသုပ်တွေကို အိမ်မှာ အလွယ်တကူ လုပ်စားနိုင်ပါတယ်၊

💥 အသုပ်တစ်ပွဲကို 5မိနစ် လောက်နှင့် ပြုလုပ်နိုင်တာကြောင့် အချိန်မရတဲ့ အိမ်ရှင်မတို့ အတွက်ကွက်တိပါပဲနော်
💥 အချိန်တိုင်းအလုပ်များနေတဲ့သူတွေ အတွက် လွယ်ကူသက်သာတဲ့ ဒီအနှစ်လေးက အိမ်မှာရှိနေသင့်ပြီနော်

✅ FDA ရထားသော ကုန်ကြမ်းများနှင့် ပြုလုပ်ထားသောကြောင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်
🚫 ဆိုးဆေးနှင့် ကျန်းမာရေးထိခိုက်စေသော ဓာတုပစ္စည်းများ လုံးဝမပါဝင်ပါ၊
✅ ပိုပြီး ကြာရှည် အသုံးပြုချင်ရင်တော့ ရေခဲသေတ္တာထဲမှာသိမ်းဆည်းထားပါနော်၊

340g ပါ တစ်ဗူး ကို 3000 ကျပ် ဖြစ်ပါတယ်၊

စိတ်ဝင်စားလို့စုံစမ်းချင်တယ်ဆိုရင် cb (သို့) comment(သို့) 09448395002 ကိုဆက်သွယ်မှာယူနိုင်ပါတယ်

နယ်မှမှာယူလိုသူများ အတွက် ကားဂိတ်အရောက်ပို့ပေးပါတယ်

#အာလူးမာလာ
#အာလူးမာလာအနှစ်
#မာလာဆော့
#မန်းလေး

06/07/2022

ယိုးဒယားအထောင်းမျိုးစုံကို အလွယ်တကူ လုပ်စားလို့ရတဲ့ food O'Clock ရဲ့ အသင့်စား ယိုးဒယား အထောင်းရည်လေးရှိပါတယ်နော်

တစ်ဗူးကို 5ပွဲ 6ပွဲ ထိထောင်းနိုင်ပါတယ်နော်👏

သန့်ရှင်းလတ်ဆတ်ပြီး၊ FDA သိအမှတ်ပြုထားသောကုန်ကြမ်းများသာ အသုံးပြုထားလို့ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်။

လုပ်စားချင်လာလို့ မှာမယ်ဆိုရင် cb သို့ 09448395002 ကိုဆက်သွယ်မှာယူနိုင်ပါတယ်။

အထောင်းလုပ်နည်းလေးတွေကို comment ကွန်မန့် မှာ စုပေးထားပါတယ်နော်👇👇👇


#ယိုးဒယားအထောင်းရည်
#အထောင်းအရည်အနှစ်
#အသင့်စားအထောင်းရည်

04/07/2022

အရသာရှိတဲ့ ရှမ်းကောအနှစ်က ဒီမှာ 👇

Mandalay Food O'Clock မှာ ဝယ်လိုရတယ်နော်😋

💥 မာလာရှမ်းကောလုပ်စားမလား ?
💥 ဟော့ပေါ့လုပ်စားမလား?
ဘာပဲလုပ်စားစား အရသာ ဂွတ်‌နေတဲ့ ရှမ်းကောအနှစ်လေးက 230gပါ တစ်ဗူးကို 4800ကျပ် နှင့် ဝယ်ယူနိုင်ပါပြီနော်

အများယူရင်discountပေးမယ်နော် 🥰

#မာလာရှမ်းကောအနှစ်
#မာလာရှမ်းကောဟော့ပေါ့အနှစ်

🥘မာလာရှမ်းကောလုပ်နည်းလေး-မိမိနှစ်သက်သော ဟင်းသီးဟင်းရွက်များကို သန့်စင်ပြီး ရေနွေးဆူဆူထဲ ဆားအနည်းငယ်နှင့် ပြုတ်ပါ၊ ပြီးလျ...
01/07/2022

🥘မာလာရှမ်းကောလုပ်နည်းလေး

-မိမိနှစ်သက်သော ဟင်းသီးဟင်းရွက်များကို သန့်စင်ပြီး ရေနွေးဆူဆူထဲ ဆားအနည်းငယ်နှင့် ပြုတ်ပါ၊ ပြီးလျှင် ရေဇကာစစ်ထားပါ

-ကြိုက်နှစ်သက်ရာ ပင်လယ်စာ၊ အသားများကို မိမိနှစ်သက်သောအရသာဖြင့်နှပ်ထားပါ

-ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်၍ ကြက်သွန်ဖြူ၊ဂျင်းနှင့် ငရုတ်သီးခြောက်တောင့်တို့ကို ဆီသတ်ပြီးအသားနှင့်ပင်လယ်စာများကို ထည့်ကြော်ပါ

-Food O'Clock မာလာရှမ်းကောအနှစ် ကို သင့်လျော်သလိုထည့်ပြီးခဏကြော်ပါ၊ ပြီးလျှင် ပြုတ်ထားသောဟင်းသီးဟင်းရွက်တို့ကိုထည့်ပါ၊ ၂မိနစ်ခန့် သမအောင်ရောမွှေပြီးကြော်ပါ

-မြေပဲ၊နှမ်းနှင့် နံနံပင်ဖြူးပြီး အရသာရှိသော မာလာရှမ်း‌ကော သုံးဆောင်နိုင်ပါပြီရှင့်

မာလာရှမ်းကောလုပ်နည်းလေး update လုပ်ပြီး ဗူးမှာကပ်ပေးထားပါတယ်နော်

မာလာရှမ်းကောအနှစ်လေးနှင့် စားစရာတွေအများကြီး လုပ်စားနိုင်ပါတယ် တခြားလုပ်နည်းလေးတွေ page ထဲလေ့လာနိုင်ပါတယ်ရှင့်

အရသာကောင်းပြီးသန့်ရှင်းလတ်ဆတ်သော မာလာရှမ်းကောအနှစ်လေးတွေ မှာယူနိုင်ပါပြီနော်


#မာလာရှမ်းကောအနှစ်
#ဟောပေါ့အနှစ်



#မာလာရှမ်းကောအနှစ်

#မန်းလေး

🧑‍🍳ချစ်ခင်ရသော customer လေးရဲ့ ဝက်အူမာလာရှမ်းကောချက်ပါတဲ့ရှင့် မာလာရှမ်းကောအနှစ်လေးနဲ့လုပ်စားတာ နည်းတွေကိုစုံလို့ပါ့လား😍...
30/06/2022

🧑‍🍳ချစ်ခင်ရသော customer လေးရဲ့ ဝက်အူမာလာရှမ်းကောချက်ပါတဲ့ရှင့် မာလာရှမ်းကောအနှစ်လေးနဲ့လုပ်စားတာ နည်းတွေကိုစုံလို့ပါ့လား😍 🥘စားချင်စရာလေး😋

ဝယ်ယူအားပေးကြသော မိတ်ဆွေများကို ချစ်ခင်ကျေးဇူးတင်လျက်ပါ🥰

မာလာရှမ်းကောအနှစ်လေးတွေ ဝယ်ယူနိုင်ပါတယ်ရှင့်

#မာလာရှမ်းကောအနှစ်



#မန်းလေး

အရသာကောင်းပြီးသန့်ရှင်းလတ်ဆတ်သော မာလာရှမ်းကောအနှစ်လေးတွေ ထပ်ရပါပြီမာလာရှမ်းကောလုပ်နည်းလေး updateလုပ်ပြီး ဗူးမှာကပ်ပေးထား...
13/06/2022

အရသာကောင်းပြီးသန့်ရှင်းလတ်ဆတ်သော မာလာရှမ်းကောအနှစ်လေးတွေ ထပ်ရပါပြီ

မာလာရှမ်းကောလုပ်နည်းလေး updateလုပ်ပြီး ဗူးမှာကပ်ပေးထားပါတယ်နော်

မာလာရှမ်းကောအနှစ်လေးနှင့် စားစရာတွေအများကြီး လုပ်စားနိုင်ပါတယ် လုပ်နည်းလေးတွေ page ထဲလေ့လာနိုင်ပါတယ်ရှင့်

အနံ့အရသာ ကောင်းနေဖို့ 💯အာမခံပါတယ်နော်
✅Goody ဆီသန့်ကိုသာ အသုံးပြုထားပါတယ်
✅ FDA ရထားသော ကုန်ကြမ်းများနှင့် ပြုလုပ်ထားသောကြောင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်ပါတယ်
🚫 ဆိုးဆေးနှင့် ကျန်းမာရေးထိခိုက်စေသော ဓာတုပစ္စည်းများ လုံးဝမပါဝင်ပါ

မာလာရှမ်းကောအနှစ် 230g ပါ တစ်ဗူး 4800 ကျပ်ပါရှင့်

နယ်မှမှာယူလိုသူများ အတွက် ကားဂိတ်အရောက်ပို့ပေးပါတယ်
စိတ်ဝင်စားလို့ မှာချင်တယ်ဆိုရင် cb (သို့) comment(သို့) 09448395002 ကိုဆက်သွယ်မှာယူနိုင်ပါတယ်

ကိုယ်တိုင်ဝယ်ယူချင်ရင်‌ 118လမ်း ၊ 45 နှင့် 46လမ်းကြားမှာ လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

#မာလာရှမ်းကောအနှစ်
#ဟောပေါ့အနှစ်



#မာလာရှမ်းကောအနှစ်

#မန်းလေး

Address

118 Street, Btw 45st And 46st
Mandalay

Opening Hours

Monday 10:00 - 21:00
Tuesday 10:00 - 21:00
Wednesday 10:00 - 21:00
Thursday 10:00 - 21:00
Friday 10:00 - 21:00
Saturday 10:00 - 21:00
Sunday 10:00 - 17:00

Telephone

+959448395002

Website

Alerts

Be the first to know and let us send you an email when Mandalay Food O'clock posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category