25/07/2021
Daisy pageမှအားလုံးကိုကြိုဆိုလိုက်ပါတယ်နော်😚🙆♀️ Chocolate Brownieကိတ်လေးကိုအရင်နေ့တေကပြောပြထားပေးပါတယ်နော်
ဒီနေ့လည်းကိုယ်မနက်အိပ်ရာနိုးလာတာနဲ့ဘာစားရမလည်းဆိုပြီးစဉ်းစားစရာမလိုတော့ပါဘူးနော် အခုပြောပြပေးမယ့်Pan cake🥞လေးကို
မနက်စာlistထဲမှာထည့်ထားလို့ရပါတယ်နော်😊(Pancakeလေးက Ovenမလိုပါဘူးနော်) အိမ်မှာနေရင်းလည်းအပျင်းပြေလုပ်စားလို့ရပြီး ကိုယ့်ရဲ့သားသားမီးမီး👦👧လေးတေကိုလည်းအပြင်စာတွေဝယ်မကျွေးဘဲ ကိုယ်တိုင် လုပ်တဲ့Pan Cakeလေးကိုကျွေးလို့ရပါတယ်နော် ....ပါဝင်ပစ္စည်းလေးတွေကတော့
1. Oil. 24g
2. Cake Flour. 34g
3. Cornstarch. 5g
4. Egg White. 2 nos
5. Egg yolk. 2 nos
6. Sugar. 30g
7. Tart Tart. 1.5g
8. Milk. 26gတို့ဘဲဖြစ်ပါတယ်
လုပ်နည်းလေးကတော့..
1. Oil & Cake Flour and Cornstarch ကိုအရင်ဆုံးရောမွှေပေးရပါမယ်
2. မွှေထားတဲ့ထဲကိုMilk & Egg Yolkကိုထည့်ပြီးVideoမှာပြထားတဲ့အတိုင်းZပုံစံမွှေပါ
3. ပြီးရင်Egg Whiteထဲကို Sugar & Tart Tartကိုသုံးခါခွဲထည့်ပြီးကျိတ်ရပါမယ်
Egg Whiteကိုဆွဲကြည့်လိုက်လို့တောင့်တောင့်လေးဖြစ်ပြီဆိုရပါပြီ
4. အစောကရောမွှေထားတဲ့ထဲကိုအခုကျိတ်ထားတဲ့ Egg whiteကိုနည်းနည်းထည့်ပြီးမွှေရပါမယ် ပြီးရင်အခုမွှေထားတဲ့ဟာကိုကျန်တဲ့Egg whiteထဲကိုအားလုံးထည့်ပြီးနှံအောင်မွှေပေးရပါမယ်
5. မွှေထားတဲ့ဟာကိုPipping Bagထဲကိုထည့်လိုက်ပါ
6. နောက်ပြီးမီးဖိုပေါ်မှာဒယ်အိုးတစ်လုံးကိုတင်ပြီး အိုးကိုဆီသုတ်ထားပါ
7. ပြီးရင်Pipping Bagထဲကိုထည့်ထားတာတေကိုအိုးထဲမှာကိုယ်လိုချင်တဲ့Sizeကိုညှစ်လိုက်ပါ ပြီးရင်အဖုံးအုပ်ထားပါ
8. အပေါ်အောက်လှန်ပေးရပါမယ် ခနလောက်နေရင်ဆို နူးညံ့ပြီးအိစက်တဲ့Pan Cakeလေးကိုရလာမှာဖြစ်ပါတယ်🥞
Tips : Pan Cakeပေါ်မှာကိုယ်ကြိုက်နှစ်သက်ရာCreamကိုတင်ပြီးစားသုံးလို့ရပါတယ်နော်
Example : Chocolate Cream ,Wipping Cream ,Blueberry Cream ,Coconut Creamတို့ဘဲဖစ်ပါတယ် ကိုယ်စားချင်တဲ့အရသာလေးတင်ပြီးစားနိုင်ပါတယ်နော်
ပြောပြထားပေးတာတွေမရှင်းလို့ရှိရင် အောက်မှာလည်းလုပ်နည်းvideoလေးပြထားပေးပါတယ်နေိာ☺️
မသိတာရှိလည်း Commentမှာဝင်မေးလို့ရပါတယ်နော်💌