Café Premier by Premier

Café Premier by Premier သဘာဝကော်ဖီစစ်စစ်အရသာ

Café Premier ဆိုတာဘာလဲ?

• Cafe Premier ဆိုတာ မြန်မာ့ ကော်ဖီစျေးကွက်မှာ ၁၅နှစ်ကျော် ရပ်တည်လာခဲ့တဲ့ ကော်ဖီချစ်သူတွေရဲ့ အသည်းစွဲ ပရီမီယာကော်ဖီ ကနေ ဖွင့်လှစ်လိုက်တဲ့ အဆင့်မြင် cafe ဆိုင်ဖြစ်ပါတယ်။

• မြန်မာ့နိုင်ငံ ရှမ်းပြည်တောင်ပိုင်းရွာငံဒေသ တွင် ကိုယ်ပိုင် စိုက်ခင်းဖြင့် စိုက်ပျိုးထားသည့် အာရေဗီးကား ကော်ဖီကို ခေတ်မှီစက်ကြီးများဖြင့် Roasting ပြုလုပ်ပြီး ကျွမ်းကျင်သော အဆင့်မြင့် နည်းပညာများဖြင့်

စနစ်တကျ ထုတ်လုပ်ထားသည့် လတ်ဆတ်ကောင်းမွန်သော သဘာဝကော်ဖီစစ်စစ် အရသာကို ပေးစွမ်းနိုင်ခြင်းကြောင့် ကော်ဖီချစ်သူများ ကြိုက်နှစ်သက်မှာ သေချာပါတယ်။

• Cafe Premier ဆိုင်မှာ အရည်အသွေးမြင့် လတ်ဆက်သော ကော်ဖီများကို လိုအပ်သည့် ပမာဏအတိုင်း ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး ရရှိနိုင်သော ကော်ဖီအမျိုးအစားများကတော့
(1) Roasted Coffee Beans - အသင့်လှော် ေကာ်ဖီေစ့ (Medium, Dark, Espresso)
(2) Ground Coffee Powder - ကော်ဖီအနုမှုန့် ၊ အကြမ်းမှုန့် (Fine, Coarse Powder)

• ပြည်တွင်းဖြစ် ၁၀၀% အာရေဗီးကား ကော်ဖီစစ်စစ်ကို ချက်ချင်းလှော် ချက်ချင်းကြိတ်ခွဲပြီး ချက်ချင်းဖျော်စပ်ပေးသည့်အတွက် လတ်ဆက်မွှေးပျံ့ပြီး အရသာကောင်းတဲ့ ကော်ဖီတစ်ခွက်သောက်ဖို့ Cafe Premier ကို လာခဲ့စေချင်ပါတယ်

• မိသားစုနဲ့ စျေးဝယ်ထွက်ရင်း အပန်းဖြေကော်ဖီသောက်မလား ၊ သူငယ်ချင်းနဲ့အတူ chill ကြ မလား၊ ချစ်သူနဲ့ စကားတွေ ပြောရင်း Coffee Date မလား ၊ ​တစ်ယောက်တည်း အလုပ်လုပ်ရင်း ကော်ဖီသောက်ဖို့ သန့်ရှင်းသပ်ရပ် ခေတ်မီတဲ့ အပြင်အဆင်များနှင့်အတူ သဘာဝကော်ဖီ အနံ့လေးအမြဲမွှေးပျံ့နေတဲ့ Cafe Premier ကိုသာ လှမ်းလာခဲ့ပါ။

18/06/2026

မိုးအေးအေးလေးနဲ့ ကော်ဖီပူပူလေး သောက်ရတာ တစ်မျိုးလေး ပိုပြီး Cozy ဖြစ်ပြီး စိတ်ထဲမှာ ကော်ဖီနံ့လေးက ပုံမှန်ထက် ပိုမွှေးနေသလိုမျိုး ခံစားဖူးကြတယ်မလားရှင်? ♨️🤎

ဒါဟာ စိတ်အထင်သက်သက် မဟုတ်ဘဲ သိပ္ပံနည်းကျ အကြောင်းရင်းလေးတွေ ရှိနေလို့ပါပဲရှင့်။ မိုးရွာခါနီး ဒါမှမဟုတ် မိုးရွာနေပြီဆိုရင် လေထုထဲမှာ စိုထိုင်းဆ (Humidity) က သိသိသာသာ မြင့်တက်လာတတ်ပါတယ်။ အဲဒီအခါ လေထဲမှာ ရှိတဲ့ ရေငွေ့မော်လီကျူးလေးတွေက ကော်ဖီရဲ့ အနံ့မော်လီကျူးတွေကို အဝေးကို လွင့်စင်မသွားအောင် ပွေ့ဖက်ပြီး ဖမ်းဆွဲထားပေးတဲ့အပြင် ကျွန်မတို့ရဲ့ နှာခေါင်းထဲက အနံ့အာရုံခံဆဲလ်လေးတွေကိုလည်း ပိုပြီး စိုစွတ်သွားစေလို့ အနံ့တွေကို ပုံမှန်ထက် ပိုပြီး အာရုံခံစားလွယ် (Sensitive) ဖြစ်သွားစေတာပါ။

ဒါတင်မကသေးဘူးနော်... မိုးရွာတဲ့နေ့တွေမှာ လေဖိအား ကျဆင်းသွားတဲ့အတွက် ကော်ဖီခွက်ထဲက အနံ့မော်လီကျူးလေးတွေဟာ အရည်ထဲကနေ လေထုထဲကို ပိုပြီး လွယ်လွယ်ကူကူနဲ့ အားကောင်းကောင်း ပျံ့လွင့်လာနိုင်တာ ဖြစ်ပါတယ်။ နောက်ပြီး မိုးစက်တွေ မြေကြီးပေါ်ကျရာကနေ ထွက်လာတဲ့ သဘာဝ မြေသင်းနံ့လေးနဲ့ ကော်ဖီရဲ့ သင်းပျံ့တဲ့ ရနံ့တို့ ပေါင်းစပ်သွားတဲ့အခါမှာတော့ ဦးနှောက်ကို ချက်ချင်း Relax ဖြစ်သွားစေပြီး စိတ်ကို အေးချမ်းသွားစေတာပေါ့။

ကဲ... ဒီလောက်ဆို ကော်ဖီသောက်ဖို့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိနေပြီမို့လို့ မိုးအေးအေးလေးမှာ အနံ့ရော အရသာပါ ပိုပြီး ပြည့်စုံနေမယ့် ကော်ဖီပူပူလေးတစ်ခွက်နဲ့ အပန်းဖြေဖို့ Cafe Premier ကို လှမ်းခဲ့လိုက်တော့နော်။ 😜☕🌧️

16/06/2026

ထရခက်ဆုံး မနက်ခင်းရဲ့ အိပ်ချင်မူးတူး ခံစားချက်တွေကို မောင်းထုတ်ပစ်ဖို့ အဆင်သင့်ပဲလား? 😴

မိုးလင်းလို့ မျက်လုံးပွင့်လာပေမဲ့ စိတ်က အိပ်ရာထဲက မထချင်သေးတဲ့ မနက်ခင်းမျိုးကို ကြုံတွေ့ဖူးကြမှာပါ။ အထူးသဖြင့် အလုပ်တွေ ပြန်စရတော့မယ့် မနက်ခင်းမျိုးမှာ အိပ်ချင်မူးတူး ခံစားချက်တွေနဲ့ မဖြတ်သန်းချင်ဘူးဆိုရင်တော့ Cafe Premier ရဲ့ ပြင်းရှရှ ကော်ဖီစစ်စစ် တစ်ခွက်က အကောင်းဆုံး အဖော်မွန်ပဲ ဖြစ်မှာပါနော်။ ☕♨️

ရေနွေးငွေ့တထောင်းထောင်းကြားကနေ နှာခေါင်းထဲ တိုးဝင်လာမယ့် ရွာငံကော်ဖီစစ်စစ်ရဲ့ ပြင်းရှရှရနံ့က အိပ်ချင်တဲ့ စိတ်တွေကို အဝေးဆုံးကို မောင်းထုတ်ပေးပါလိမ့်မယ်။ 🍃 တစ်ငုံသောက်လိုက်တာနဲ့ ကဖိန်းဓာတ်ရဲ့ တက်ကြွမှုကို ခံစားရစေပြီး အလုပ်ခွင်ထဲမှာ Performance အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ အကောင်းဆုံး တွန်းအားတစ်ခု ဖြစ်စေမှာပါ။ 💪

သာယာတက်ကြွတဲ့ မနက်ခင်း Routine လေးကို Cafe Premier နဲ့အတူ ဒီနေ့ပဲ ဖန်တီးလိုက်ရအောင်နော်။ 🥰☕

12/06/2026

နောက်ဆုံးတော့ စောင့်မျှော်နေတဲ့ သောကြာနေ့ညနေခင်းကို ရောက်ရှိလို့လာခဲ့ပြီမို့... TGIF ပါ မေမေတို့ ဖေဖေတို့ရေ! 🎒🥳✨

တစ်ပတ်လုံး ကလေးတွေကို မနက်အစောကြီးနှိုး၊ ကျောင်းပို့၊ ပြီးရင် အလုပ်ခွင်အထိ အပြေးအလွှား ရုန်းကန်ခဲ့ရသမျှ ဒီနေ့တော့ ခဏလောက် အသက်ရှူချပြီး အနားယူလို့ ရပါပြီနော်။ ❤️🤗 တစ်ပတ်လုံး အစွမ်းကုန် ကြိုးစားခဲ့ရတဲ့ မေမေတို့ ဖေဖေတို့ တကယ့်ကို တော်လွန်းပါတယ်ရှင်။

ကျောင်းပိတ်ရက်မတိုင်ခင် ဒီနေ့ညနေခင်းမှာတော့ ကလေးတွေကိုပါ တစ်ခါတည်းခေါ်ပြီး Cafe Premier မှာ မိသားစုလိုက် စိတ်အပန်းဖြေလိုက်ရအောင်နော်။ 👨‍👩‍👧‍👦

ကိုယ့်ကိုယ်ကိုယ် ကော်ဖီမွှေးမွှေးလေးရယ်၊ သားသားမီးမီးတို့ အကြိုက်တွေ့မယ့် Bakery မုန့်အရသာရှိရှိလေးတွေရယ်နဲ့ ဆုချပြီး Weekend ကို ပျော်ပျော်ရွှင်ရွှင် စတင်နိုင်မယ့် မိသားစု Quality Time လေးကို ပိုင်ဆိုင်ဖို့ Cafe Premierက နွေးထွေးစွာ စောင့်ကြိုနေပါမယ်ရှင်။ 🥰

ဒါကြောင့် ဒီနေ့ညနေခင်းမှာ အားလုံးပဲ ပျော်ပျော်ရွှင်ရွှင် ဆုံကြမယ်နော်... ☕🍰❤️

09/06/2026

ဇွန်လရဲ့ သည်းသည်းမည်းမည်း မိုးစက်တွေကြားထဲမှာ ကိုယ့်အကြိုက်ဆုံး ကော်ဖီပူပူလေး တစ်ခွက်ကို မိုးမစိုသွားအောင် ကာကွယ်ပေးဖို့ အဆင်သင့်ပဲလားရှင့်? ☕🌧️

မိုးရွာထဲ လျှောက်သွားနေတဲ့ ကော်ဖီခွက်လေး ထီးအောက်ကို ကွက်တိ ရောက်သွားမယ့်အချိန်မှာ မျက်စိအမြန်ဆုံး၊ လက်အသွက်ဆုံးနဲ့ ကွက်တိ Screenshot ရိုက်ပြီး ကွန်မန့် (Comment) မှာ လာပြခဲ့ဦးနော်။ ☔😉 ဘယ်သူတွေက အာရုံစူးစိုက်မှု အကောင်းဆုံးနဲ့ လက်အမြန်ဆုံးဖြစ်မလဲဆိုတာ ပြိုင်ကြည့်ရအောင်! 📸 👇 ✨

ဒီလို မိုးအေးအေးလေးမှာ Cafe Primer ရဲ့ ကော်ဖီမွှေးမွှေးလေးကို သောက်ရင်းနဲ့ အပျင်းပြေ Game လေး ဆော့လိုက်ကြရအောင်နော်... ကဲ... အခုပဲ စလိုက်တော့နော်! ☔🤎

မနက်ဖြန် တနင်္လာနေ့မနက်ခင်းမှာ အားအင်အပြည့်နဲ့ တက်ကြွလန်းဆန်းစွာ စတင်နိုင်ဖို့အတွက် အမိုက်စား သတင်းကောင်းလေးတစ်ခု ကြိုတင...
07/06/2026

မနက်ဖြန် တနင်္လာနေ့မနက်ခင်းမှာ အားအင်အပြည့်နဲ့ တက်ကြွလန်းဆန်းစွာ စတင်နိုင်ဖို့အတွက် အမိုက်စား သတင်းကောင်းလေးတစ်ခု ကြိုတင်ပြောပြပါရစေရှင်... 🥰🎉

Cafe Premier ရဲ့ ရန်ကုန်ဆိုင်ခွဲတွေဖြစ်တဲ့ Pun Hlaing (လှိုင်သာယာ) နဲ့ The Capital Mall Yangon ဆိုင်ခွဲတွေမှာ ကော်ဖီသောက်ရင်း ပိုက်ဆံပြန်ရမယ့် အစီအစဉ်ကြီး ရှိနေပါတယ်နော်။ 🤫💖

Cafe Premier မှာ ကိုယ့်ရဲ့ အကြိုက်ဆုံး ကော်ဖီနဲ့ မုန့်တွေကို အနည်းဆုံး ၅,၀၀၀ ကျပ်ဖိုး ဝယ်ယူပြီး CTZPay ရဲ့ MMQR ကို Scan ဖတ်ပြီး ငွေပေးချေရုံနဲ့... ကျသင့်ငွေထဲကမှ ၃,၀၀၀ ကျပ် တိတိကို Cashback အဖြစ် ရုံးဖွင့်ရက် (၂) ရက်အတွင်း အကောင့်ထဲ တန်းပြီး ပြန်လည်ရရှိမှာ ဖြစ်ပါတယ်ရှင်။ 🤩💵

၅,၀၀၀ ဖိုးဝယ်ပြီး ၃,၀၀၀ ပြန်ရမှာဆိုတော့ တကယ့်ကို အတန်ဆုံးပဲနော်! 😍

🙋‍♀️ ဘယ်သူတွေ ပါဝင်လို့ရလဲဆိုတော့...

CTZPay Level 2 (HKYC) စူပါစီတီဇင်များ အားလုံး ပါဝင်နိုင်ပါတယ်ရှင်။ ✨

🚨 ဒါပေမဲ့... တစ်ခုတော့ သတိပြုရမယ်နော်!

ဒီအစီအစဉ်လေးက ဇွန်လရဲ့ တနင်္လာနေ့တိုင်းအတွက်ပဲဖြစ်ပြီး၊ တစ်ရက်ကို "အယောက် ၃၀ သာ" ရရှိမှာဖြစ်လို့ လက်နှေးလို့ လုံးဝမဖြစ်ဘူးနော်။ 🏃‍♂️💨💨 Monday ရဲ့ တစ်နေ့တာကို လန်းလန်းဆန်းဆန်းနဲ့ စွမ်းအင်အပြည့် စတင်နိုင်ဖို့ မနက်စောစော ကော်ဖီလေး လာဝယ်မှ စိတ်ချရမယ်နော်။ 😉☕

📲 ကဲ... Cashback ရဖို့ အဆင်သင့်ဖြစ်ပြီလား?

ဖုန်းထဲမှာ CTZ Pay App လေး မရှိသေးရင် အခုကတည်းက အမြန်ဆုံး Download ဆွဲ၊ Level 2 အဆင့်မြှင့်ပြီး အဆင်သင့် ပြင်ထားလိုက်တော့နော်။

တနင်္လာနေ့မနက်ခင်းရဲ့ အစောဆုံး အယောက် ၃၀ စာရင်းထဲ ပါဝင်နိုင်ဖို့ အခုပဲ နှိုးစက်လေးတွေ ပေးထားပြီး... Cafe Premier မှာ စောစော ဆုံကြမယ်နော်... ⏰❤️

ဒီနေ့ ဇွန်လ (၅) ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဖြစ်တယ်ဆိုတာ သိကြလားရှင်။ 🌍💚 ကျွန်မတိ...
05/06/2026

ဒီနေ့ ဇွန်လ (၅) ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ဖြစ်တယ်ဆိုတာ သိကြလားရှင်။ 🌍💚 ကျွန်မတို့ နေ့စဉ်မှီတင်းနေထိုင်ရာ ဒီကမ္ဘာမြေကြီးကို ချစ်ခင်တန်ဖိုးထားဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို အလေးထားထိန်းသိမ်းဖို့ဆိုတာ လူတိုင်းလူတိုင်းအတွက် တကယ့်ကို အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်နော်။

ကမ္ဘာမြေကြီးကို စောင့်ရှောက်တဲ့နေရာမှာ ကြီးကြီးမားမားတွေ လိုက်လုပ်နေရမှာမျိုး မဟုတ်ဘဲ ကိုယ်နှစ်သက်တဲ့ နေ့စဉ်အလေ့အထလေးတွေကနေတစ်ဆင့် အစပျိုးလို့ရပါတယ်ရှင်။ ☕✨ ဒါကြောင့်ပဲ ဒီနေ့မှာ Cafe Premier နဲ့အတူ ကမ္ဘာမြေကို တစ်ဖက်တစ်လမ်းကနေ ချစ်ခင်ပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်။

ကျွန်မတို့ Cafe Premier ကနေ နေ့စဉ်ထွက်ရှိနေတဲ့ ကော်ဖီမှုန့်အနှစ် (Coffee Grounds) လေးတွေကို မစွန့်ပစ်ဘဲ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးရှိမယ့် ဘဝသစ်တစ်ခု ပြန်လည်ဖန်တီးပေးလို့ ရတယ်ဆိုတာ သိကြလားရှင်။ ဒါဟာ ကော်ဖီကို ဒုတိယအကြိမ် အသက်သွင်းပေးလိုက်တာပါပဲရှင်။ 🥰🌱

ကော်ဖီဖျော်ပြီး ကျန်ခဲ့တဲ့ ကော်ဖီမှုန့်အနှစ်လေးတွေဟာ အိမ်စိုက်ပင်လေးတွေအတွက် အာဟာရပြည့်ဝတဲ့ သဘာဝမြေဩဇာ ဖြစ်စေသလို၊ အိမ်တွင်းမှာရှိတဲ့ မလိုလားအပ်တဲ့ အနံ့အသက်ဆိုးတွေကိုလည်း သဘာဝအတိုင်း ပျောက်ကွယ်စေဖို့အတွက် အသုံးပြုလို့ရပါတယ်ရှင်။ ကိုယ့်ရဲ့ စိုက်ပျိုးပင်လေးတွေလည်း ပိုမိုစိမ်းလန်းစိုပြည်လာပြီး ပတ်ဝန်းကျင်ကိုလည်း ကာကွယ်ရာရောက်တာမို့ တကယ့်ကို အဆင်ပြေတဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်နော်။ 🌸🏡

Cafe Premier ကို လာရင်းနဲ့လည်း အပင်စိုက်ဖို့ ကော်ဖီမှုန့်အနှစ်လေး လိုချင်တဲ့ ကော်ဖီချစ်သူတို့ရှိရင် ကျွန်မတို့ရဲ့ Barista လေးတွေကို အားမနာတမ်း တောင်းလို့ရပါတယ်ရှင်။ 🥰 ကမ္ဘာမြေကြီး ပိုမိုစိမ်းလန်းသာယာလာစေဖို့အတွက် Cafe Premier နဲ့အတူ ဒီနေ့ကစပြီး အစိမ်းရောင်လှုပ်ရှားမှုလေးမှာ အတူတူ ပါဝင်လိုက်ရအောင်နော်။ 💚☕

ကျောင်းဖွင့်ရာသီ ရောက်ပြီဆိုတော့ ကလေးတွေကို အစောကြီးနှိုး၊ ကျောင်းပို့ရတဲ့ ဖေဖေ မေမေတို့ရဲ့ မနက်ခင်း Morning Rush Routin...
03/06/2026

ကျောင်းဖွင့်ရာသီ ရောက်ပြီဆိုတော့ ကလေးတွေကို အစောကြီးနှိုး၊ ကျောင်းပို့ရတဲ့ ဖေဖေ မေမေတို့ရဲ့ မနက်ခင်း Morning Rush Routine ကြီးလည်း ပြန်စပြီပေါ့။ 🎒✨

သားသားမီးမီးတို့အတွက် အကောင်းဆုံး ပြင်ဆင်ပေးရတဲ့ ဖေဖေ မေမေတို့ရဲ့ မနက်ခင်းတိုင်းမှာ Cafe Premier က အနားမှာ ရှိနေပေးပါတယ်။ ☕✨ အိပ်ရေးမဝတဲ့ မနက်ခင်းတွေကို ချက်ချင်း လန်းဆန်းကြည်လင်သွားစေဖို့ Cafe Premier ရဲ့ ကော်ဖီပြင်းပြင်းတစ်ခွက်ထက် အားကိုးရတာ ဘာရှိဦးမလဲနော်။

ကလေးတွေအတွက် ပြင်ဆင်ပေးပြီးပြီဆိုတော့... ကိုယ့်ရဲ့တစ်နေ့တာ အားအင်တွေအတွက်လည်း အားဖြည့်ဖို့ မမေ့နဲ့ဦးနော်။ 🥰 Give Yourself A Break!

သားသားမီးမီးတို့ရဲ့ အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေရဲ့ နောက်ကွယ်မှာ အမြဲရှိနေပေးတဲ့ အဓိက Hero ကတော့ အုပ်ထိန်းသူ မိဘတို့ပါပဲ။ ဟီးရိုးကြီးတွေအတွက်လည်း သီးသန့် အနားယူချိန်လေးနဲ့ အမောဖြေဖို့ လိုအပ်ပါတယ်နော်။ ကိုယ်တိုင်လည်း ဟီးရိုးတစ်ယောက်ဖြစ်မှန်း မေ့နေတတ်တဲ့ မိဘတို့အနားမှာ Cafe Premier က ကော်ဖီပူပူလေးတစ်ခွက်နဲ့ အမြဲတမ်း ဂုဏ်ပြုလျက် ရှိနေပေးပါတယ်ရှင်။ 🧡🤗☕🏆

Cafe Premier ရဲ့ ရန်ကုန်ဆိုင်ခွဲတွေမှာ CTZPay နဲ့ပေးချေပြီး Cashback အမိအရ ယူလိုက်တော့နော်!! 🥳💸
03/06/2026

Cafe Premier ရဲ့ ရန်ကုန်ဆိုင်ခွဲတွေမှာ CTZPay နဲ့ပေးချေပြီး Cashback အမိအရ ယူလိုက်တော့နော်!! 🥳💸

Monday တိုင်းရဲ့ မနက်ခင်းကို အားအပြည့်နဲ့ စတင်ဖို့ ကော်ဖီသောက်တဲ့အခါ အပိုကုန်ကျစရိတ်တွေအတွက် စိတ်ပူနေစရာ မလိုတော့ပါဘူး။

အခုဆိုရင် သတ်မှတ်ထားတဲ့ နာမည်ကြီး Cafe ဆိုင်တွေမှာ CTZPay ရဲ့ MMQR ကို အသုံးပြုပြီး Scan ဖတ်ကာ ငွေပေးချေရုံနဲ့ ကျသင့်ငွေထဲက ၃,၀၀၀ ကျပ်ကို Cashback အဖြစ် ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

Cafe ဆိုင်တွေကတော့

A Cafe

Alinkar Cafe

Cafe Innocent

Cafe Premier

House of Memories

Little Sweet

Min's Cafe

Nawaday Coffee

Orchard Cafe

Slow Sip Cafe ဆိုင်တွေမှာ CTZPay ရဲ့ MMQR ကို အသုံးပြုပြီး Scan ဖတ်ရုံနဲ့တင် ကျသင့်တဲ့ ကော်ဖီဖိုးကို CTZPay ကပေးသွားမှာပါ။

✅ ဘယ်သူတွေ ပါဝင်လို့ရလဲ?
CTZPay Level 2 (HKYC) စူပါစီတီဇင်များ အားလုံးပါဝင်နိုင်ပါတယ်။

အစီအစဉ်ကာလ - (ဇွန်လအတွင်းရှိ တနင်္လာနေ့တိုင်း)

အ‌ရေအတွက် အကန့်အသတ်ဖြင့်သာ ခံစားခွင့်ပေးသွားမှာဖြစ်လို့ CTZPay နဲ့ အခုပဲ MMQR Scan ဖတ်ပြီးအမြန်ဆုံး ပါဝင်လိုက်ပါ။

CTZPay App ဒေါင်းလုဒ်ဆွဲရန် - https://bit.ly/4kOnogw

“CTZPay”

#စီတီဇင်ပေး #ဘာပဲပေးပေးစီတီဇင်ပေး ိုင်းရဲ့ကော်ဖီဖိုးကိုCTZPayကရှင်းပေးမှာ #ပြန်အမ်းငွေလက်ဆောင်

မိုးရွာပြီဆို မိုးအေးအေးလေးနဲ့ အိပ်ရာထဲကွေးပြီး ဇိမ်ယူချင်တာ လူတိုင်းပါပဲနော်... 🌧️🛌ဒါပေမယ့်... တောင်လိုပုံနေတဲ့ ကျောင်း...
31/05/2026

မိုးရွာပြီဆို မိုးအေးအေးလေးနဲ့ အိပ်ရာထဲကွေးပြီး ဇိမ်ယူချင်တာ လူတိုင်းပါပဲနော်... 🌧️🛌

ဒါပေမယ့်... တောင်လိုပုံနေတဲ့ ကျောင်းက Assignments တွေ၊ ဒီနေ့ အပြီးသတ်ရမယ့် လုပ်ငန်းခွင်က Tasks တွေကတော့ မိုးရွာလို့ဆိုပြီး ရပ်တန့်မသွားဘူးလေ။ အိမ်မှာပဲ ဆက်နေရင် စောင်ပုံထဲ ပြန်ဝင်ပြီး အိပ်ပျော်သွားဖို့ ရာခိုင်နှုန်းက တော်တော်များနေပြီမလား? 😏

ဒီလို မိုးအေးအေးနဲ့ အိပ်ချင်စိတ်ကို အားပေးနေတဲ့ နေ့ရက်တွေမှာ ကိုယ့်ရဲ့ Productivity (အလုပ်လုပ်နိုင်စွမ်း) ကို ပြန်နှိုးပေးဖို့ Cafe Premier ကို လှမ်းခဲ့လိုက်တော့နော်။ 🥰

နွေးထွေးအေးချမ်းတဲ့ ဆိုင်ရဲ့ ပတ်ဝန်းကျင်အပြင်...

☕ စိတ်ကို လန်းဆန်းတက်ကြွသွားစေမယ့် လတ်ဆတ်တဲ့ ကော်ဖီရနံ့ သင်းသင်းလေး

☕ တစ်ငုံသောက်လိုက်တိုင်း ရင်ထဲအထိ နွေးထွေးသွားစေမယ့် ဆိုင်ရဲ့ Hot Signature Drinks လေးတွေနဲ့ဆို အလုပ်အပေါ် အာရုံစူးစိုက်မှုတွေ အပြည့်အဝ ပြန်ရလာမှာ အသေအချာပါပဲ။

Cafe Premier ရဲ့ သက်တောင့်သက်သာရှိတဲ့ထောင့်နေရာလေးက အမြဲအဆင်သင့်စောင့်ကြိုနေပါတယ်။

ဒီနေ့တော့ အိပ်ရာထဲမှာ အချိန်ဖြုန်းမယ့်အစား ကော်ဖီပူပူလေးတစ်ခွက်နဲ့အတူ အလုပ် Goal တွေကို Cafe Premier မှာ အတူတူ အကောင်အထည်ဖော်လိုက်ကြရအောင်။ 💻✨

မြန်မြန်စား ဗိုက်မြန်မြန်ပြည့်ဖို့... 😉ဆေးရုံကို ဆေးခန်းလာပြရင်းဖြစ်ဖြစ်၊ အလုပ်ကိစ္စနဲ့ ရောက်နေရင်ပဲဖြစ်ဖြစ်၊ ဗိုက်ဆာလို...
28/05/2026

မြန်မြန်စား ဗိုက်မြန်မြန်ပြည့်ဖို့... 😉

ဆေးရုံကို ဆေးခန်းလာပြရင်းဖြစ်ဖြစ်၊ အလုပ်ကိစ္စနဲ့ ရောက်နေရင်ပဲဖြစ်ဖြစ်၊ ဗိုက်ဆာလို့ အမြန်စားချင်တာပဲဖြစ်ဖြစ် Cafe Premier ကိုသာ လှမ်းခဲ့လိုက်တော့နော်။

အခုဆိုရင် အားလုံးကြိုက်နှစ်သက်ကြတဲ့ Star ပေါက်စီနဲ့ အသားပေါင်းလေးတွေကို ပူပူနွေးနွေး အဆင်သင့် ပြင်ဆင်ပေးထားပြီနော်။ 😋

နူးညံ့အိစက်နေတဲ့ ပေါက်စီပူပူလေးကိုမှ အစာသွပ်အပြည့်နဲ့မို့ တစ်လုံးစားရုံနဲ့ ဗိုက်အပြည့်ဖြစ်စေမှာပါ။ Cafe Premier ရဲ့ ကော်ဖီမွှေးမွှေးလေးတစ်ခွက်နဲ့ တွဲဖက်သုံးဆောင်ရင်တော့ အလိုက်ဖက်ဆုံးပဲပေါ့။ ☕✨

⚠️ Star ပေါက်စီနဲ့ အသားပေါင်းလေးတွေကို Cafe Premier ရဲ့ ပန်းလှိုင်ဆေးရုံ (လှိုင်သာယာ) ဆိုင်ခွဲတစ်ခုတည်းမှာပဲ အထူးသီးသန့် ဝယ်ယူရရှိနိုင်တာဖြစ်လို့ အမြန်ဆုံး လာရောက်မြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🥰

📍 နေရာ - Cafe Premier (ပန်းလှိုင်ဆေးရုံ၊ လှိုင်သာယာ)

ေါက်စီ

Address

Capital Mall @Mandalay Financial Center, 3rd Floor, 80th Street Between 27 X 28 Street, Chan Aye Thar San Township
Mandalay
05021

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959942190698

Website

Alerts

Be the first to know and let us send you an email when Café Premier by Premier posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category