wai Aung

wai Aung စိတ်၏နားခိုရာ

06/05/2024

ပတ်ဝန်းကျင်က ကိုယ့်ကို ပုံသွင်းလို့မရဘူး။လှုံ့ဆော် ပြီး လမ်းကြောင်းပေးလို့ပဲရတာ။ တကယ်တမ်း ဘယ်လိုလူလည်းဆုံးဖြတ်တာက ကိုယ်တိုင်ပါပဲ။

22/07/2023

ချစ်လို့ခွင့်လွှတ်တာနှင့်(Chance)ပေးတာ

ခွင့်လွှတ်တာနဲ့(Chance)အခွင့်ရေးပေးတာက တူသလိုလိုနဲ့ မတူပါဘူး။

လူတွေကိုခွင့်လွှတ်ပေးတဲ့အကြိမ်အရေအတွက် များသွားခဲ့ရင် ငါဘာလုပ်လုပ်သူခွင့်လွှတ်မှာပဲ။သူက ငါ့ကိုချစ်တာ ခင်တာပဲဆိုပြီး ခင်ဗျားကိုတန်ဖိုးမထားဘဲလျှော့တွက်လာလိမ့်မယ်။
နောက်ပိုင်း စော်ကားတဲ့အဆင့်ထိဖြစ်လာလိမ့်မယ်။အဲ့ဒါကိုပေတေပြီး ခွင့်မလွှတ်ချင်နဲ့။ချစ်တာချစ်ပါ ခင်တာခင်ပါ။ နွားအကျမခံပါနဲ့။
တစ်ခါမှားတယ် ခွင့်လွှတ်တယ်။နှစ်ခါမှားတယ် သံယောဇဥ်ပေါ်မူတည်ပြီး ခွင့်လွတ်ချင်ခွင့်လွှတ်ဦးမယ်။ နောက်တစ်ခါကျ အခွင့်ရေးလောက်ပဲ ထပ်ပေးဖြစ်တော့တယ်။ထပ်မှားရင် စော်ကားတာဖြစ်သွားပြီ။စော်ကားရင်ကျတော့ ဘယ်လောက်ပဲ ချစ်ခင်ရသူဖြစ်ဖြစ် ဘဝထဲကထုတ်ပစ်နိုင်အောင်ကြိုးစားတယ်။
ချစ်သူရည်းစားပဲဖြစ်ဖြစ်၊သူငယ်ချင်းပဲ​ဖြစ်ဖြစ် မကောင်းရင်စွန့်ပစ်ပါ။မကောင်းမှန်းသိသိနဲ့ အားနာပြီးဆက်မပေါင်းနဲ့။အားနာပြီးဆက်ပေါင်းရင်ကိုယ်ပဲ ဆက်ပြီးခံနေရမှာပါ။
ကိုယ့်အပေါ်စော်ကားတဲ့လူတွေကိုမုန်းဖို့တော့မလိုအပ်ဘူး။မပတ်သက်ပဲနေနိုင်ဖို့ပဲလိုတာပါ။မစွန့်လွှတ်နိုင်သေးလို့၊သူတို့မရှိရင် မဖြစ်လောက်ဘူးလို့၊ခင်များထင်ကောင်းထင်လိမ့်မယ်။
မထင်ပါနဲ့။ဘဝထဲကထုတ်ပစ်လိုက်ပါ
တစ်ခါတစ်လေကျတော့ ကိုယ့်အနားမှာမကောင်းတဲ့သူတွေရှိနေရင်ကောင်းတဲ့သူတွေကပါ ကိုယ့်ကိုရှောင်သွားတက်ကြပါတယ်။ဒီတော့ ပိုကောင်းတဲ့သူတွေ အနားရောက်လာဖို့ကိုယ့်အနားကမကောင်းတဲ့လူတွေကိုဘဝထဲကထုတ်ပစ်လိုက်တာအကောင်းဆုံးပါပဲ။

21/07/2023

အရင်လူကို ပြန်လိုချင်သေးလားလို့မေးရင်
ဟင့်အင် ပြန်မလိုချင်တော့ဘူးလို့ပဲဖြေမယ်.....
တစ်ကယ်လို့ ပြန်လိုချင်ခဲ့ရင်တောင်မှ အတိတ်ကပျော်ရွင်ခဲ့တဲ့ ပျော်ရွှင်မူမျိုးကို အတွေးနဲ့ပဲ​​ ပြန်လိုချင်တယ်

နာကျင်မှုဆိုတာ အတော်အသင့်ပဲကောင်းတယ်

01/07/2023

𝘗𝘦𝘳𝘧𝘦𝘤𝘵 𝘵𝘪𝘮𝘦 𝘸𝘪𝘵𝘩 𝘯𝘢𝘵𝘶𝘳𝘦 ☕️💚🌿

23/05/2023
30/04/2023

ရည်ရွယ်ချက်နဲ့ အသက်ရှင်ပါ။

Photo Credit

30/04/2023

🍀 “ ပေါ့ပါးစွာ အိုမင်းကြမယ်…”🍀

မနေ့က ခင်ပွန်းဖြစ်သူက ပုံဟောင်းလေးတစ်ပုံ လာပြပါတယ်..။ လွန်ခဲ့သော ဆယ်နှစ်လောက်တုန်းဆီကပုံလေး…။ နှစ်ယောက်သားရဲ့ မျက်နှာလေးတွေက နုပျိုလန်းဆန်းပျော်ရွှင်လို့..။

“ ငယ်နုတုန်းက ချစ်စရာလေးတွေနော်..နုပျိုလန်းဆန်းနေတာပဲ..”

လို့ ခင်ပွန်းက လွမ်းမောသံကလေးနဲ့ ရေရွတ်တော့ နှစ်ယောက်သား အသံထွက်အောင်ပင် သဘောတကျ ရယ်မောလိုက်မိကြပါတယ်..။

“ အခုကျတော့ အဲ့ဒီတုန်းကလောက် မနုပျိုတော့ပေမယ့်..ရင့်ကျက်လာတယ်လေကွာ..အသိတရားတွေ ပိုရှိလာတယ်လေကွာ..နေရတာ ပိုပျော်လာတယ်လေကွာ..”

လို့ ကျွန်မက ပြောလိုက်တော့ သူက သဘောတူပါတယ်..။ ကျွန်မတို့ဘဝမှာ..အသက်ကလေး ရလာတာနဲ့အမျှ…အိုမင်းသွားမှာ..အရင်လို နုပျိုလတ်ဆတ်ခြင်းတွေ မရှိတော့မှာ..အရင်လို မလှပတော့မှာ…အရင်လို လွတ်လပ်ပေါ့ပါး ပျော်ရွှင်ခြင်းတွေ မရှိတော့မှာကို စိုးကြောက်မိတတ်ကြပါတယ်..။

အသိသာဆုံးက မျက်လုံးတွေပါပဲ..မျက်လုံးလေးတွေဟာ..ဟိုးအရင်က ဘယ်လောက်ပဲ လှပစိုလက်တောက်ပခဲ့ပေမယ့်..အခုတော့ မှုန်သီစ ပြုပြီ..။ မျက်မှန်မပါရင်..စာတွေဖတ်လို့ မရတော့ပါဘူး..။ ဒါဟာ..အိုမင်းခြင်း ဇရာရဲ့သဘောကို ပြနေတာပါပဲ..။ ဆံပင်လေးတွေ ဖြူလာလို့ ဆေးကူရပြီ..။ အရိုးအဆစ်လေးတွေ..ဟိုနားကနာလိုက်..ဒီနားကနာလိုက် နာချင်ပြီ..။ ကိုယ်နဲ့ ရွယ်တူတန်းတူ သူငယ်ချင်းတွေထဲက..သွားနှင့်ကြတဲ့သူတွေလည်း ရှိနေပြီ…။

ကျွန်မကတော့..မနက်မိုးလင်းလို့ မျက်နှာသစ်ရင်းမှန်ထဲကို ကြည့်ရင်း…” ငါ..တစ်နေ့ အိုရဦးမယ်..နာရဦးမယ်..သေရဦးမှာပဲ..” လို့ အိုနာသေခြင်းတရားသဘောလေးကို ဆင်ခြင်မိတတ်ပါတယ်…။ အဲ့ဒီလို မနက်ခင်းကတည်းက ဆင်ခြင်လိုက်တော့ ဒီနေ့တစ်နေ့တာမှာ..လောဘ..ဒေါသ..မာန်မာနတွေ ဖြစ်မလာအောင် ကြိုတင်သတိပေးဆင်ခြင်လိုက်ရာလည်း ရောက်ပါတယ်..။

ဘာတွေပဲဖြစ်လာဖြစ်လာ…” ဪ…လူတောင် တစ်နေ့သေချာပေါက် သေရဦးမှာပဲ…ဘာတွေကများ အရေးကြီးနေလို့လဲ..ဘာတွေကိုများ ဆုပ်တွယ်မက်မောနေရဦးမှာလဲ…” လို့ ကိုယ့်ဘာသာ ဆင်ခြင်နှလုံးသွင်းလိုက်တဲ့အခါ…တော်ရုံတန်ရုံ ပြဿနာလေးတွေအတွက်..သိပ်ပြီး ခေါင်းရှုပ်ခံစားမနေတော့ပါဘူး..။

ဒီနေ့တစ်နေ့တာလေးကို..ကိုယ်စိတ်ချမ်းသာရာ..ကြည်လင်ငြိမ်းချမ်းရာ..အလုပ်လေးတွေနဲ့ပဲ ဖြတ်သန်းမယ်လို့ တွေးမိပါတယ်..။ ကိုယ့်ကိုယ်ကိုယ်..စိတ်ချမ်းသာအောင်ပဲ ထားပါတယ်..။ ကိုယ်စိတ်ညစ်အောင်..စိတ်အနှောင့်အယှက်ဖြစ်စေမယ့်..အာရုံတွေ..လူတွေကို တတ်နိုင်သ၍ ကင်းအောင် ရှောင်နေလိုက်ပါတယ်..။

ကိုယ်ချစ်ခင်တန်ဖိုးထားတဲ့ သူတွေအတွက် အချိန်တွေ ရက်ရောစွာပေးထားလိုက်ပါတယ်..။ သူတို့နဲ့ စကားတွေပြောမယ်..သူတို့ကြိုက်မယ့် စားကောင်းသောက်ဖွယ်လေးတွေ ဖွယ်ဖွယ်ရာရာ ချက်ကျွေးမယ်..။ ကိုယ်ချစ်တဲ့ ခင်ပွန်းဖြစ်သူနဲ့ လက်ကလေးတွဲပြီး ညနေတိုင်း လမ်းလျှောက်ရတာဟာ..ကျွန်မအတွက်တော့..ဘာနဲ့မှ မလဲနိုင်တဲ့ ချိိုမြိန်သောညနေခင်းလေးတွေပါပဲ…။

သူ့ကို ချစ်တဲ့အကြောင်းပြောဖို့လည်း ကျွန်မ နှုတ်မတွန့်ပါဘူး…” ယောင်္ကျားရေ..ရှင့်ကို သိပ်ချစ်တာပဲ..သိလား..” လို့ ရယ်ရယ်မောမော ပြောလိုက်ရင်..သူကလည်း…သဘောတွေကျလို့..ကျွန်မကို သိပ်ချစ်ကြောင်း ပြန်ပြောတတ်ပါတယ်..။ ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်း..ဖွင့်ဟပြောပြရတာဟာ..ရှက်စရာ ကိစ္စမဟုတ်ပါဘူး..။ ကိုယ်ချစ်နေကြောင်း..သူသိဖို့ လိုပါတယ်..။

တစ်ခါတစ်လေ သူ့ကိုဖက်ပြီး သူ့ရင်ခွင်မှာ ပါးလေးမှီပြီးနေလိုက်မိတဲ့အချိန်လေးတွေလည်း ရှိတာပါပဲ..။ သူ့ပါးပြင်ကို နမ်းမွှေးဖို့လည်း ကျွန်မ မရှက်ပါဘူး..။ သူကလည်း အလားတူပါပဲ..။ တစ်ခါတစ်လေ..သမီးလေးက ကျွန်မတို့ အဘိုးကြီးအဘွားကြီးတွေ အသည်းပိုနေတာကို မြင်တဲ့အခါ..နှာခေါင်းလေးရှုံ့ပြီးရယ်မောတတ်ပါသေးတယ်..။ ဒါပေမယ့် ..သမီးလေးက အဖေနဲ့ အမေရဲ့ healthy relationship ကို အရမ်းသဘောကျ အတူယူချင်တယ်လို့ ဆိုပါတယ်..။

ကျွန်မတို့အတွက်တော့ အသက်ကြီးလာတာ..အိုမင်းလာတာဟာ…စိုးရိမ်ကြောက်ရွံ့စရာ..ဝမ်းနည်းစရာ မဟုတ်ပါဘုး..။ ဘဝရဲ့ အနိမ့်အမြင့် လောကဓံတွေကိုလည်း အတူတကွ ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်သန်းခဲ့ဖူးတာမို့ အတူတူ ရင့်ကျက်လာခဲ့သူတွေ ဖြစ်ပါတယ်..။ အဆိုးဆုံးအခြေအနေတွေထဲကနေ..အကောင်းဆုံးအနှစ်သာရကို ရှာဖွေရယူနိုင်ခဲ့သူတွေဖြစ်ပါတယ်…။ ဒါကြောင့် ဘဝမှာ ရင်ဆိုင်ကြုံတွေ့သင်ခန်းစာပေးခဲ့သူတိုင်းကိုလည်း ကျေးဇူးတင်မိပြန်ပါတယ်..။

ဘဝမှာ မျှော်လင့်ချက်ပန်းတိုင်လေးတွေ ထားရှိသူတွေအတွက် အိုမင်းလာခြင်းဟာ..ငြီးငွေ့အထီးကျန်ခြင်းဆီ..တရွေ့ရွေ့ ချဉ်းကပ်လာခြင်းလို့ မခံယူဘဲ…သမီးလေး သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်လာပြီဆိုတဲ့အချိန်မှာ ကျွန်မတို့နှစ်ယောက်အတွက်…ကြိုတင်ပြင်ဆင်စရာ စိတ်ကူးအိပ်မက်လေးတွေ ရှိနေတာမို့…ပျော်ရွှင်ငြိမ်းချမ်းခြင်းဆီ သွားနေတာလို့ ခံယူပါတယ်..။

ခရီးတွေထွက်မယ်..ရက်ရှည် တရားစခန်းတွေ ဝင်မယ်…စသဖြင့် နှစ်ယောက်သား အဲ့ဒီစကားတွေပြောကြရင်…အိုမင်းခြင်းဟာ..ကြောက်စရာမကောင်းဘဲ..ပျော်စရာသာ ကောင်းနေပါတော့တယ်…။ ကျွန်မတို့..ပေါ့ပါးစွာ အိုမင်းကြမယ်…။ ကျန်ရှိနေတဲ့ နေ့ရက်တိုင်းကို..နားလည်မှုလေးတွေ…သည်းခံမှုလေးတွေ…ချစ်ခင်မြတ်နိုးတန်ဖိုးထားခြင်းတွေနဲ့ ဖြတ်သန်းကြမယ်ဆိုရင်..ဘယ်လောက်များ ငြိမ်းချမ်းလိုက်မလဲဆိုတာ…ပြောပြဖို့တောင် မလိုတော့ပါဘူး…။

#လွန်းထားထား
#ပေါ့ပါးစွာအိုမင်းကြမယ်..
#ဖေဖော်ဝါရီ၂၀၂၃။

09/04/2023

Address

MDY
Mandalay

Website

Alerts

Be the first to know and let us send you an email when wai Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category