11/11/2025
November လ အတွက် Barista Class လေး ထပ်လာပြီနော် 📣📣
👉Coffee ဆိုင်လေးဖွင့်ချင်လို့ သင်တန်းကောင်း
လေးရှာနေတာပဲ ဖြစ်ဖြစ် ၊ ပြည်ပမှာ Baristra အနေနဲ့ သွားရောက်လုပ်ကိုင်ချင်တာပဲ ဖြစ်ဖြစ် မန္တလေးမြို့မှာ ဖွင့်လှစ်မယ့် Venus ရဲ့Barista သင်တန်းလေးနဲ့ မိတ်ဆက်ပေးပါရစေ
Barista ပညာရပ်ကို အမှန်တကယ်တတ်မြှောက်ချင်သူများအတွက် ကော်ဖီဖျော်နည်းများကို စနစ်တကျသင်ကြားပေးပြီး ထိရောက်မှုရှိဆုံး သင်တန်းလေးပဲဖြစ်ပါတယ်။
ကိုယ်ပိုင်ဆိုင်ဖွင့်ချင်သူများ၊ Barista အလုပ်နှင့် အသက်မွေးဝမ်းကျောင်းပြုချင်သူများအတွက် နည်းစနစ်မှန်မှန် စနစ်တကျ သင်ကြားပေးသွားမှာပါ။
ကော်ဖီဆိုင်ဖွင့်ဖို့ စိတ်ဝင်စားသူများ၊ကော်ဖီနှင့်ပတ်သက်ပြီး အခြေခံကျကျ သိရှိလိုသူများ၊ကော်ဖီကောင်းကောင်းတစ်ခွက်ကို ကိုယ်တိုင်ကိုယ်ကျ ဖျော်သောက်ချင်သူများအတွက် အခြေခံကစပြီး စနစ်တကျသင်ကြားပေးသွားမယ့် Venus ရဲ့ Barista သင်တန်းကိုတက်ရောက်ချင်သူများ ကြိုတင်ပြီးစာရင်းပေးသွင်းနိုင်ပါပြီ
သင်ကြားပေးမယ့် အကြောင်းအရာတွေကတော့
✅ ကော်ဖီ သမိုင်းကြောင်း
✅coffee knowledge
✅ processing များ အကြောင်း
✅ Barista အကြောင်း
✅ ကော်ဖီဖျော်တဲ့ လုပ်ငန်းစဉ်တစ်ခုနဲ့တစ်ခု အရသာ ဘယ်လိုကွာခြားလဲ။
✅ ကော်ဖီစေ့လှော်ခြင်းအဆင့် ( Roast Level) သည် အရသာကို အကျိုးသက်ရောက်ပုံအကြောင်း
✅ ကော်ဖီအမှုန့်ဆိုဒ်များ အကြောင်း
✅ ကော်ဖီ ထားသို သိမ်းဆည်းပုံ
✅Espresso နဲ့ Latte အကြောင်း
✅ Espresso ကို စနစ်တကျ ထုတ်ယူပုံ
✅Basic Latte Art (Heart, Tulip, Rosetta, Swan) သင်ကြားပေးမည်
✅ကော်ဖီဖျော်စက်နှင့်ကြိတ်စက်တို့ကို သန့်ရှင်းသပ်ရပ်စွာအသုံးပြုခြင်းနှင့်သန့်ရှင်းရေးလုပ်ခြင်း
✅ ကော်ဖီဆိုင်ဖွင့်ဖို့ ကုန်ကျစရိတ် တွက်ပေးခြင်း
✅ ကော်ဖီဆိုင်အတွက် Menu ဆွဲပေးခြင်း
စသည့်အချက်လက်များကို စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
😊ကော်ဖီဆိုင်တခုမှာ လိုအပ်တဲ့ Other Drink Menu များစွာကိုလည်း သင်ကြားပေးမှာ ဖြစ်လို့ မြန်မြန်လာ Join လိုက်တော့နော် 😊
သင်တန်းရက် - 17 NOV 2025 မှ 23 NOV 2025ထိ
သင်တန်းချိန် - Class 1. မနက် 8:00 - 12:00 ထိ
Class 2. နေ့လည် 1:00 - 5:00 ထိ
သင်တန်းကြေး - 500000 ကျပ်
📌Private သင်ချင်သူများလည်း စုံစမ်းနိုင်ပါသည်📌
သင်တန်းပြီးဆုံးချိန်တွင် အရည်ချင်းစစ်စာမေးပွဲဖြေဆိုရပါမည်။သတ်မှတ်ထားသော အမှတ်ပြည့်မှီပါက သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်သွားမည် ဖြစ်စ်ပါသည်။