Cook with care by May Cho

Call Directions Contact the restaurant

Cook with care by May Cho ကျန်းမာရေးနဲ့ညီညွတ်ပြီး၊သန့်ရှင်း?

Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
18/01/2025

Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ဝက်နံရိုးကြော်🧆ပဲပင်ပေါက်ခဝဲသီးကြော်ချက်🥗ပုဇွန်ကင်ပွန်းချဉ်စပ်🍤  #ကိုယ်တိုင်ချက်လက်ရာ #ချက်စားကြည့်ပါ #ထမင်းမြိန်စေမှာ #...
20/09/2024

ဝက်နံရိုးကြော်🧆
ပဲပင်ပေါက်ခဝဲသီးကြော်ချက်🥗
ပုဇွန်ကင်ပွန်းချဉ်စပ်🍤

#ကိုယ်တိုင်ချက်လက်ရာ
#ချက်စားကြည့်ပါ
#ထမင်းမြိန်စေမှာ
#👩🏻‍🍳CookwithcarebyMayCho

Check out Sweet’s video.

ပုဇွန်ကင်ပွန်းရွက်ကြော်နည်း🦐🌱🦐🌱🦐🌱🦐🌱🦐ပါဝင်ပစ္စည်းများပုဇွန်  (၂၅)ကျပ်သားကင်ပွန်းရွက် (၁၀)ကျပ်သားကြက်သွနနီ ကြက်သွန်ဖြူငပိင...
22/03/2023

ပုဇွန်ကင်ပွန်းရွက်ကြော်နည်း
🦐🌱🦐🌱🦐🌱🦐🌱🦐

ပါဝင်ပစ္စည်းများ

ပုဇွန် (၂၅)ကျပ်သား
ကင်ပွန်းရွက် (၁၀)ကျပ်သား
ကြက်သွနနီ
ကြက်သွန်ဖြူ
ငပိ
ငရုတ်သီးစိမ်း/နံနံပင်
ဆီ
ဆား/ဟင်းခတ်မှုန့်
ဆနွင်း/ငရုပ်သီးအရောင်တင်မှုန့်

ပြုလုပ်ပုံ🦐🌱

ပုဇွန်ကိုရေဆေးသန့်စင်ပြီးအခွံ့ခွါထားပါ။

ကျောခွဲပြီးချီးထုတ်ပါ။

ကိုယ်အသုံးပြုတဲ့ပုဇွန်ပေါ်မူတည်၍လုပ်နည်းကွလွဲတတ်ပါသည်။

အခုချက်ပြထားတဲ့ပုဇွန်ကဘော့ချိတ်ကြီးပုဇွန်မို့ကျောကချီးထုတ်ထားတာပါ။

သန့်စင်ပြီးသားပုဇွန်ကို ဆနွင်း၊ဆား၊ဟင်းခတ်မှုန့်တို့နှင့်သမအောင်နယ်ပြီးထားပါ။

ကင်ပွန်းရွက်ကိုခြွေပြီးရေဆေးသန့်စင်ထည့်ပါ။

ကြက်သွန်နီကြီး(၂)လုံးကိုအခွံခွါရေဆေးပြီးလှီးထားပါ။

ကြက်သွန်ဖြူအမွှာကြီး(၅)မွှာကိုထောင်းထားပါ။
အရောင်အတွက်ငရုပ်ပွအကြီးကိုအစေ့ထုတ်၊ရေစိမ်ပြီးထောင်းထားပါ။
(သို့မဟုတ်)
ငရုပ်သီးအရောင်တင်မှုန့်သုံးပါ။

ငရုတ်သီးစိမ်း/နံနံပင်ကိုရေဆေးသန့်စင်ထားပါ။

ပြုလုပ်နည်း🦐🌱

ဒယ်အိုးထဲသို့ရေအနည်းငယ်ထည့်၍ရေဆူလာရင်ပုဇွန်ထည့်ပြီးရေကုန်သည်ထိလှော်ပေးပါ။

ပုဇွန်အသားကျစ်သွားတဲ့အခါပုဂံတစ်ခုမှာခပ်ထားပါ။

ကြော်မည့်အိုးထဲကိုဆီထည့်ပါ။ဆီပူလာရင်ဆနွင်းထည့်ပါ။

ကြက်သွန်နီထည့်ကြော်ပါ။

ကြက်သွန်နီနွမ်းသွားရင်ကြက်သွန်ဖြူထည့်ကြော်ပါ။

ကြက်သွန်နီ/ဖြူကျက်ရင်ငရုတ်သီးထောင်းထားတာထည့်ပါ။(သို့)အရောင်တင်မှုန်ထည့်ပါ။
ပြီးရင်ငပိထည့်ကြော်ပါ။

ငပိထည့်လှိမ့်ပြီးအနံ့လေးမွှေးလာရင်ကင်ပွန်းရွက်ထည့်ပါ။

ကင်ပွန်းရွက်နွမ်းသွားရင်လှော်ထားတဲ့ပုဇွန်ထည့်ပါ။

ဆား/ဟင်းခတ်မှုန့်ထည့်ပြီးအရသာမြည်းပါ။

ဟင်းအိုးချခါနီးမှာငရုတ်သီးစိမ်း/နံနံပင်အုပ်ပါ။

အခုဆိုရင်နေပူပူမှာထမင်းစားမြိန်မယ့်ပုဇွန်ကင်းပွန်းရွက်ကြော်ဟင်းတစ်ခွက်ရပါပြီ။

MayCho👩🏻‍🍳(ကိုယ်တိုင်ချက်လက်ရာ(ဟင်းလျာများနှင့်မုန့်များစုစည်းမှု

🔺လွတ်လပ်စွာShareနိုင်ပါသည်။

🔻ပုံနှင့်စာသားများအားတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

ဆိတ်သားခါးပတ်ကြော်နည်း🧆ဒီနည်းလေးကအိမ်မှာကျမကြော်စားတဲ့နည်းလေးပါ။ပါဝင်ပစ္စည်းများ1) ဆိတ်သား 🥩2)ကြက်သွန်နီ🧅3)ကြက်သွန်ဖြူ🧄4...
13/02/2023

ဆိတ်သားခါးပတ်ကြော်နည်း🧆

ဒီနည်းလေးကအိမ်မှာကျမကြော်စားတဲ့နည်းလေးပါ။

ပါဝင်ပစ္စည်းများ

1) ဆိတ်သား 🥩

2)ကြက်သွန်နီ🧅

3)ကြက်သွန်ဖြူ🧄

4)ဆီ

5)🍅ခရမ်းချဉ်သီး(အနည်းငယ်)

6)🌱ပူစီနံရွက်(ပူဒီနံရွက်လို့လဲခေါ်ကြတယ်)

7)မဆလာ

8)ဂျင်း

9)သံပုရာသီး🍋

10)ဆား၊ဟင်းခတ်မှုန့်

ပြင်ဆင်ပြုလုပ်ပုံ🥩🧅🍅🧄🍋🌱

ဆိတ်သားကိုသုံပုရာသီး/ဆားတို့နှင်နယ်ပြီးသန့်စင်အောင်အောင်ဆေးပေးပါ။

သန့်စင်ပြီးသားဆိတ်သားကိုဆနွင်း၊ဆား၊ဟင်းခတ်မှုန့်၊မဆလာ၊ငရုတ်ကောင်း၊ဂျင်းအရည်ညှစ်တို့နှင့်နယ်ပြီး(၁၅)မိနစ်ခန့်နှပ်ထားပေးပါ။

ပြီးလျှင်ထည့်ပြုတ်မည့်(Pressure Cooker)ထဲသို့နှပ်ထားသောဆိတ်သား၊ကရဝေးရွက်၊ရေအနည်းငယ်ထည့်၍ပြုတ်ပေးပါ။

(Pressure Cooker)အိုးမရှိသူများကအခြားဘယ်အိုးနှင့်မဆိုအသားနူးတဲ့အထိပြုတ်ပေးပါ။

ကြက်သွန်နီကိုအခွံံခွါရေဆေးပြီးအကွင်းလိုက်လှီးထားပါ။

ခရမ်းချဉ်သီးကိုလည်းရေဆေးအစေ့ထုတ်ပြီးအကွင်းလိုက်လှီးထားပါ။

ပူစီနံရွက်ကိုရေဆေးပြီးအရွက်ချွေထားပါ။

ပြုတ်ချိန်ပြည့်၍အသားနူးလာပြီဆိုရင်အနေတော်အရွယ်(မထူမပါး)လှီးထားပေးပါ။

ကြက်သွန်ဖြူဓါးပြားရိုက်ထားပါ။

ဆိတ်သားခါးပတ်ကြော်နည်း🧆

ကြော်မည့်အိုးထဲကိုဆီထည့်ပြီးဆီပူလာရင်ကြက်သွန်ဖြူဓါးပြားရိုက်ထားတာထည့်ပါ။
အနံမွှေးလာရင်လှီးထားသောကြက်သွန်နီထည့်ကြော်ပါ။

ကြက်သွန်နီတစ်ဝက်လောက်ကျက်ပြီဆိုရင်ငရုတ်သီးမှုန့်(အရောင်တင်)အနည်းငယ်ထည့်ပါ။

လှီးထားတဲ့ခရမ်းချဉ်သီးထည့်ပါ။

ချက်တာမဟုတ်တဲ့အတွက်ကြောင့်အနှစ်ကျအောင်ခေါက်ဖို့မလိုပါ။

ကြက်သွန်၊ခရမ်းချဉ်သီးကျက်ရင်လှီးထားတဲ့ဆိတ်သားထည့်ကြော်ပါ။

မဆလာထည့်ပါ။

ဆား၊ဟင်းခတ်မှုန့်စိတ်ကြိုက်ထည့်ပါ။

အရသာ အပေါ့၊အငံမြည်းပေးပါ။

စိတ်ကြိုက်အရသာဖြစ်တဲ့အခါနောက်ဆုံးမှာပူစီနံရွက်ထည့်ပါ။အဖုံးခဏအုပ်ထားပါ။

(၅)မိနစ်လောက်နေတဲ့အခါအဖုံးဖွင့်လိုက်ပါ။အနံ့အရသာနဲ့ပြည့်စုံတဲ့ဆိတ်သားခါးပတ်ကြော်လေးသုံးဆောင်လို့ရပါပြီ။

MayCho👩🏻‍🍳(ကိုယ်တိုင်ချက်လက်ရာ(ဟင်းလျာများနှင့်မုန့်များစုစည်းမှု)

🔺စိတ်ကြိုက်လွတ်လပ်စွာShareနိုင်ပါသည်။
🔻ပုံနှင့်စာသားများအားတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

ဝက်သုံးထပ်သားကြော်နည်း🥓🧆ပါဝင်ပစ္စည်းများဝက်သုံးထပ်သား ဂျင်းတရုပ်မဆလာငရုပ်ကောင်းမှုန့်ပဲငံပြာရည်(အကြည်)နာနတ်ပွင့်သကြားဆား...
03/10/2022

ဝက်သုံးထပ်သားကြော်နည်း🥓🧆

ပါဝင်ပစ္စည်းများ

ဝက်သုံးထပ်သား
ဂျင်း
တရုပ်မဆလာ
ငရုပ်ကောင်းမှုန့်
ပဲငံပြာရည်(အကြည်)
နာနတ်ပွင့်
သကြား
ဆား
ဟင်းခတ်မှုန့်(Dashi)
ဆီ(နေကြာဆီ)

ပြုလုပ်ပုံ

ဝက်သားကိုရေစင်အောင်ဆေးပြီးရေခဏစစ်ထားပေးပါ။
အတော်လေးရေစစ်ပြီးတဲ့အခါဆား၊သကြား၊ဂျင်း(အရည်)တရုပ်မဆလာ၊ငရုပ်ကောင်းမှုန့်တို့နှင့်သမအောင်နယ်ပြီး(၁၅)မိနစ်ခန့်နှပ်ထားပေးပါ။

နှပ်ထားတဲ့ဝက်သားကိုပြုတ်မည့်(ဒယ်)ထဲကိုဆီအနည်းငယ်ထည့်ပြီးအိုးပူတိုက်ပေးပါ။

ဝက်သားထဲကရေကုန်သွားတဲ့အခါပြုတ်ရန်ရေထည့်ပေးပါ။(ဝက်သားမြုတ်သည်ထိ)

ဝက်သားပြုတ်ထားသည့်အိုးထဲကိုနာနတ်ပွင့်(၅)ပွင့်ထည့်ပေးပါ။ပဲငံပြာရည်(အကြည်)အနည်းငယ်ထည့်ပေးပါ။

နာရီဝက်ခန့်ကြာတဲ့အခါ ရေလည်းခမ်းပြီးအခေါက်ရောအသားပါနူးနေပါပြီ။

ကိုယ်ဝယ်တဲ့ဝက်သားပေါ်မူတည်ပြီးရေချင့်ချိန်ထည့်ပေးရမှာဖြစ်ပါတယ်။

အခုဝက်သားစကြော်ပါပြီ။

ဝက်သားကြော်ရန်အတွက်အိုးပူလာရင်ဆီထည့်ပါ။

အကြော်အိုးသည်မကပ်အိုးဖြစ်ရပါမယ်။(ဒါမှမဟုတ်)သံအိုးဆိုရင်ပိုကောင်းပါတယ်။

ဆီကိုဝက်သားမြုတ်အောင်ထည့်ပေးပါ။

အဲ့ဒီအတွက်ဆီမပေါက်စေပါဘူး။

ဝက်သားကိုမမြုတ်ရင်တော့ဆီပေါက်တတ်ပါတယ်။

ကြော်တဲ့အခါ (အဖုံးအုပ်ပြီးကြော်ပေးပါ)

မီးကိုသိပ်မပြင်းရပါ။

👩🏻‍🍳MayCho(ကိုယ်တိုင်ချက်လက်ရာ(ဟင်းလျာများနှင့်မုန့်များစုစည်းမှု)

🔺Share button ကိုနှိပ်ပြီးလွတ်လပ်စွာShareနိုင်ပါသည်။
🔹ပုံနှင့်စာသားများအားတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းသီးခံပါ။

ပုဇွန်ပေါင်မုန့်ကြက်ဥလိပ်ကြော်နည်း🍤🍞🥚🍤🍞🥚🍤🍞🥚🍤🍞🥚ဒီတစ်ခါမှာတော့လုပ်ရလွယ်ကူပြီးခလေး/လူကြီးအကြိုက်တွေ့စေမယ့်ပုဇွန်ပေါင်မုန့်က...
26/01/2022

ပုဇွန်ပေါင်မုန့်ကြက်ဥလိပ်ကြော်နည်း
🍤🍞🥚🍤🍞🥚🍤🍞🥚🍤🍞🥚

ဒီတစ်ခါမှာတော့လုပ်ရလွယ်ကူပြီးခလေး/လူကြီးအကြိုက်တွေ့စေမယ့်ပုဇွန်ပေါင်မုန့်ကြက်ဥလိပ်ကြော်နည်းလေးကိုပြောပေးမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ🍞🍤🥚

ပေါင်မုန့် (၁)ထုပ်
ကြက်ဥ(၂)လုံး
ပုဇွန် (၁၀)ကောင်
တန်ပူရာမုန့်ကျွတ်ခြောက်
ဆား
ဆီ

ပြုလုပ်နည်း🍤🥚🍞

ပုဇွန်ကိုရေဆေးသန့်စင်ပြီးခေါင်းဖြုတ်၊အခွံ့ခွာထားပါ။အမြှီးမချွတ်ရပါ။

ပေါင်မှုန့်ရဲ့ဘေးသားကိုလှီးထုတ်ပေးပါ။

ပြီးရင် ဒလှိမ့်တုံးဖြင့်ဖိလှိမ့်ပေးပါ။

ကြက်ဥကိုဆားအနည်းငယ်ထည့်ပြီးခေါက်ထားပါ။

တန်ပူရာမုန့်ကြွပ်ခြောက်ကိုအနည်းငယ်ပြန်ချေပေးပါ။

စလိပ်ပါမယ်။

ဖိလှိမ့်ထားတဲ့ပေါင်မုန့်ပြားကိုယူပြီးပုဇွန်ကိုတင်ပါ။
ကျန်ပေါင်မုန့်ပြားတစ်ဝက်ကိုကြက်ဥခေါက်ထားတဲ့အနှစ်ထဲကိုနှစ်ပေးပါ။

​ပြီးရင် ပုဇွန်တင်ထားတဲ့အဖက်ကစပြီးလိပ်ပေးပါ။

လိပ်ပြီးသွားရင်ကြက်ဥခေါက်ထားတဲ့အထဲပြန်နှစ်ပေးပါ။

တန်ပူရာအကြွပ်မှုန့်ထဲကိုလူးပေးပါ။

ကြော်နည်း🥚🍤🍞

ကြော်မည့်အိုးကိုအပူပေးထားပါ။

အိုးပူလာရင်ဆီထည့်ပါ။

ပေါင်မုန့်လိပ်လေးများမြုပ်အောင်ဆီထည့်ပေးရပါမယ်။
စကြော်ပါမယ်။

မီးအလယ်အလတ်နဲ့ကြော်ပေးပါ။

ရွှေညိုရောင်သန်းလာပြီဆိုဆယ်လို့ရပါပြီ။

အအေးခံပြီးသုံးဆောင်ပါ။

ကြိုက်နှစ်သက်ရာဆော့စ်၊မရိုးနိစ်နှင့်တွဲဖက်စားသုံးပါ။

MayCho👩🏻‍🍳(ကိုယ်တိုင်ချက်လက်ရာ(ဟင်းလျာများနှင့်မုန့်များစုစည်းမှု)

🔹Share button ကိုနှိပ်ပြီးလွတ်လပ်စွာShareနိုင်ပါသည်။
🔻ပုံနှင့်စာများအားတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းသီးခံပါ။

ကောက်ညှင်းပဲကပ်ကြော်ပြုလုပ်နည်း😋         😋        😋       😋       😋              ပါဝင်ပစ္စည်းများကောက်ညှင်းမှုန့်ဆန်စိမ်...
01/10/2021

ကောက်ညှင်းပဲကပ်ကြော်ပြုလုပ်နည်း
😋 😋 😋 😋 😋

ပါဝင်ပစ္စည်းများ

ကောက်ညှင်းမှုန့်
ဆန်စိမ်းမှုန့်
ကုလားပဲခြမ်း
ဆား
ဂျင်း
Baking Powder(or)Baking Sodar
ရေ

ပြုလုပ်နည်း👩🏻‍🍳

ကုလားပဲနို့ဆီဗူးတစ်ဝက်ခန့်ကို တစ်ညကြိုပြီးရေစိမ်ထားပေးပါ။

ညကရေစိမ်ထားသောကုလားပဲကိုအတော်လေးနပ်အောင်ပြုတ်ပေးပြီးအအေးခံထားပေးပါ။အရမ်းမနူးပါစေနဲ့။

ကောက်ညှင်းမှုန့်(ပေါင်းအိုးဆန်ချိန်ခွက်(၃)ခွက်၊ဆန်စိမ်းမှုန့် (ထမင်းစားဇွန်း(၃)ဇွန်း
ဆား (လ္ဘက်စားဇွန်းဝက်)
Baking Powder (လ္ဘက်စားဇွန်းဝက်)တို့ကိုဇလုံတစ်ခုတွင်ထည့်၍အားလုံးသမသွားအောင်အရင်ပြုလုပ်ပေးပါ။

​ပြီးရင်ဂျင်းအနည်းငယ်ခြစ်၍ထည့်ပေးပါ။

အားလုံးသမသွားရင်ရေကိုနည်းနည်းခြင်းထည့်၍နယ်ပေးပါ။

စုစုပေါင်း ရေ ပေါင်းအိုးဆန်ချိန်ခွက်၁ခွက်နဲ့၄ပုံ၁ပုံခန့်ထည့်ရပါတယ်။

အဲ့ဒီနောက်၁နာရီခွဲခန့်နှပ်ထားပေးပါ။

အချိန်ပြည့်ရင်စကြော်လို့ရပါပြီ။

မီးကိုအလယ်အလတ်ထား၍ကြော်ပေးပါ။

မီးမများပါစေနဲ့။

မီးများရင်ကောက်ညှင်းကကျစ်ပြီးမာသွားတတ်ပါတယ်။

အခုအချိုးအစားအတိုင်းပြုလုပ်ပါကကောက်ညှင်းပဲကပ်ကြော်၁၃ခုရပါတယ်။

နေ့လည်ခင်းအဆာပြေလုပ်စားကြည့်ပါ။စားလို့အရမ်းကောင်းပါတယ်။

အဆိမ့်စားချင်ရင်ဒီအတိုင်းစားပါ။

အချိုကြိုက်ရင်ထန်းညက်ရည်နှင့်စားပါ။

ထန်းညှက်ကိုရေထည့်ပြီးကြွက်မြှီးတန်းအောင်ကြိုပေးပါ။
ပြီးရင်ဇကာနဲ့စစ်ပေးပါ။

MayCho👩🏻‍🍳(ကိုယ်တိုင်ချက်လက်ရာ(ဟင်းလျာများနှင့်မုန့်များစုစည်းမှု)

🔹Share button ကိုနှိပ်ပြီးလွတ်လပ်စွာShareနိုင်ပါသည်။
🔻ပုံနှင့်စာများအားတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းသီးခံပါ။

သရက်ပြင်ပြုလုပ်နည်း🥭   🥭   🥭   🥭   🥭  ပါဝင်ပစ္စည်းများ🥭သရက်သီးအမှည့်အရွယ်တော်(၅)လုံး(သို့)ခပ်လတ်လတ်(ကြိုက်ရင်)ရောထည့်ပါ။...
15/07/2021

သရက်ပြင်ပြုလုပ်နည်း
🥭 🥭 🥭 🥭 🥭

ပါဝင်ပစ္စည်းများ

🥭သရက်သီးအမှည့်အရွယ်တော်(၅)လုံး(သို့)ခပ်လတ်လတ်(ကြိုက်ရင်)ရောထည့်ပါ။

🌶ငရုတ်သီးမှုန့် (လ္ဘက်စားဇွန်း(၂)ဇွန်း)
သကြား (ထမင်းစားဇွန်း(၃)ဇွန်း(အချိုကြိုက်ကပိုထည့်ပါ)

ဆား (အနည်းငယ်)

မဆလာ (အနည်းငယ်)နှစ်သက်မှထည့်ပါ)

ဆီ (အနည်းငယ်)

ပြုလုပ်ပုံ

သရက်သီးကိုရေစင်အောင်ဆေး၍အခွံခွာပြီးအတုံးလေးများတုံးထားပေးပါ။

သရက်သီးအတုံးလေးများထဲသို့သကြား၊ငရုတ်သီးမှုန့်၊ဆား၊မဆလာတို့ကိုထည့်ပြီးကြိတ်စက်မှာကျေညက်သည်ထိကြိတ်ချေပေးပါ။

ကြိတ်စက်မရှိကလက်ဖြင့်ကျေညက်သည်ထိချေပေးပါ။(လက်အိတ်စွတ်၍)

သရက်ပြင်ပြုလုပ်မည့်လင်ဗန်း(သို့)ခွက်အတွင်းသို့ဆီအနည်းငယ်သုတ်ထားပေးပါ။

ကြိတ်ချေ၍ရလာသည့်သရက်ရည်များကိုမီးအေးအေးဖြင့်(၂၀မိနစ်ခန့်)ပျစ်လာသည်ထိကြိုပေးပါ။

သတိထားရမှာက မီးများရင်လက်ကိုသရက်ရည်လာစင်တတ်ပါတယ်။
ဒါကြောင့်အဆက်မပြတ်မွှေပေးနေရပါမယ်။

ရလာတဲ့သရက်ရည်များကိုဆီသုတ်ထားတဲ့လင်ဗန်း(သို့)အသင့်ပြင်ထားတဲ့ခွက်လေးများအတွင်းသို့လောင်းထည့်ပြီးနေပူပူမှာ(၂)ရက်ခန့်လှမ်းပေးရပါမယ်။

(၂)ရက်အကြာ မှာတော့အနံအရသာနဲ့ပြည့်စုံတဲ့သရက်ပြင်လေးရရှိပါပြီ။

🌱🌱 🌱🌱 🌱🌱 🌱🌱 🌱🌱

MayCho👩🏻‍🍳(ကိုယ်တိုင်ချက်လက်ရာ(ဟင်းလျာများနှင့်မုန့်များစုစည်းမှု)

🔹Share button ကိုနှိပ်ပြီးလွတ်လပ်စွာShareနိုင်ပါသည်။
🔺ပုံနှင့်စာများအားတစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းသီးခံပါ။

Address

67th Street , Bet 41 & 42 , Maharmyaing (1)
Mandalay

Telephone

+959973310025

Website

Alerts

Be the first to know and let us send you an email when Cook with care by May Cho posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Cook with care by May Cho:

Shortcuts

Share