20/07/2021
ကျွန်တော်တို့ ဒေါ်ခင်သန်း(စားတော်ဆက်) ဆိုင်ပိတ်ထားတာ first wave ကတည်းက ပိတ်ထားတာပါခင်ဗျာ။
Third wave မလာခင်မှာ ငြိမ်သွားလောက်ပြီဆိုပြီး Take Away Only ရောင်းဖို့ အားလုံးပြင်ဆင်ခဲ့ပြီးပါပြီ။
ဒါပေမဲ့လည်း အခုလိုအခြေနေတွေ ဆိုးသထပ်ဆိုးလာခဲ့တာနဲ့ ခုချိန်ထိ စားသုံးသူမိသားစုနှင့် ကျွန်တော်တို့မိသားစု ကျန်းမာရေးကိုသာ အဓိကစဉ်းစားပြီး ခုချိန်ထိ ဆိုင်မဖွင့်ဖြစ်သေးပါဘူးခင်ဗျာ။
ခုချိန်ထိ ရင်ထဲကချစ်ရတဲ့ စားသုံးသူများက ဖုန်းနဲ့တစ်မျိုး ဆိုင်လိပ်စာမေးလိုက် မာလာရှမ်းကောလေးစားချင်လိုက် ၊ပဲချဉ်ဟင်းလေးရောင်းပေးပါဦးပြောလိုက်နဲ့
ကျွန်တော်တို့ မိသားစု အသည်းကွဲရပါတယ်။
သတိတရရှိတဲ့ စားသုံး
သူများအား အရမ်းလည်း မျက်ရည်ကျရလောက်အောင် ဝမ်းသာ ကျေးဇူးတင်မိပါတယ် ခင်ဗျာ။
ဒီနေ့ဟာထူးမြတ်တဲ့နေ့ ( အရ်ဖတ်နေ့) ဖြစ်တဲ့အတွက်
ဒီအခြေနေဆိုးကြီးကနေ ငြိမ်းချမ်းသာယာတဲ့ နေ့တစ်နေ့အဖြစ် မျက်စိတစ်မှိတ်အတွင်းပြောင်းလဲပေးဖို့ ဒိုအာတူတူလုပ်ကြရအောင်ခင်ဗျာ။