Swel Taw Phoo Restaurant

Call Directions

Swel Taw Phoo Restaurant Myanmar, Chinese & Thai Foods Restaurant

27/08/2026

အိမ်ခြံမြေ လက်ကြီးဝယ်ရောင်းသမားများအား အခွန်ရှောင်မှုဖြင့် စစ်ဆေးနေ

ဧရာဝတီ၊ ဩဂုတ် ၂၇၊ ၂၀၂၆

အာဏာသိမ်းအစိုးရက ရန်ကုန်နှင့် နေပြည်တော်ရှိ အိမ်ခြံမြေ ရောင်းဝယ်နေသူ လက်ကြီးသမားတချို့ကို အခွန်ရှောင် တိမ်းမှု ရှိမရှိ အကြောင်းပြချက်ဖြင့် ယခုရက်ပိုင်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)က ခေါ်ယူ စစ်ဆေးနေသည်။

ထိုသို့ဖြစ်ရခြင်းမှာ ဝယ်သူမှ အခွန်ဆောင်သော်လည်း ရောင်းသူမှ အခွန်တိမ်းရှောင်မှုကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

“အခုအစစ်ခံရတာ ဝယ်/ရောင်းသမားတွေများတယ်။ အိမ်ခြံမြေဈေးကွက်ကလည်း အာဏာသိမ်းပြီးကတည်းက အမှန် အကန်ဝယ်မယ့်သူထက် ငွေရင်းပြီး စီးပွားရေးဝင်လုပ်သူများတယ်၊ ဥပမာ မြောက်ဒဂုံမှာ ပေ ၄၀x ၆၀ လောက်ဝယ်ထား မယ်၊ တလကြာရင် ကျပ်သိန်းတထောင်လောက် တင်ပြီးပြန်ရောင်းမယ်။ ဒီလိုလူတွေပဲ ဖြစ်တယ်။ ဘယ်နှစ်ယောက် လောက် ခေါ်စစ်ဆေးခံနေရတယ်တော့ သေချာမသိဘူး” ဟု ၎င်းက ပြောသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၌ မှတ်တမ်းတင်ထားသည့် ဝယ်သူ၊ ရောင်းသူ အမည်ပေါက် အမှုတွဲများအလိုက် ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ မြေကွက်တချို့ကို အမှန်တကယ်နေဖို့မဟုတ်ဘဲ အရောင်းအဝယ်လုပ်ရန် ကျပ်သိန်း ထောင်သောင်းချီ ရင်းနှီးဝယ်ယူထားခြင်းများရှိသဖြင့် ထိုအခြေအနေများကိုပါ စစ်ဆေးလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြော သည်။

အိမ်ခြံမြေ အဆောက်အအုံ၊ တိုက်ခန်းများ ဝယ်ယူရောင်းချရာ၌ ဝယ်သူက အမည်ပြောင်းလျှင် ဝင်ငွေခွန်စည်းကြပ် ပြီးစီးကြောင်း အထောက်အထားများ တင်ပြရသလို ရောင်းသူဘက်မှ အခွန်မဆောင်ပါက ဝယ်သူအမည်ပေါက် ပြောင်း မရကြောင်း၊ ရောင်းသူဝယ်သူ နှစ်ဖက်လုံးအခွန်ကင်းရှင်းကြောင်း တင်ပြနိုင်မှသာ အမည်ပေါက် မှတ်ပုံတင်ပေးမည့် လုပ်ငန်းစဉ်ကို လာမည့် စက်တင်ဘာ ၁ရက်က စ၍ လုပ်ဆောင်သွားမည်ဟု ပြည်တွင်းအခွန်များဦးစီး ဌာန၏ ထုတ်ပြန် ချက်အရ သိရသည်။

ယင်းအခြေအနေကြောင့် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် ကျဆင်းနိုင်ပြီး အကျိုးဆောင်များနှင့် ဝယ်ရောင်း သမားများအပေါ်လည်း သက်ရောက်မှုရှိလာနိုင်ကြောင်း ရန်ကုန်မြို့ရှိ နောက်ထပ်အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။

“အိမ်ခြံမြေဈေးကွက်က အေးနေတာတော့ ကြာပြီ အခုရောင်းသူဝယ်သူ နှစ်ဖက်လုံးက အခွန်ဆောင်ရမယ်ဆိုတော့ သိန်းထောင်ချီ သောင်းချီနဲ့ လုပ်တဲ့အပိုင်းတွေကတော့ ငွေကျပ်သွားမှာပေါ့။ ရပ်ကွက်အကျိုးဆောင်တွေ၊ ဝယ်/ရောင်း သမားတွေတော့ အမြတ်နည်းသွားတော့ ထိခိုက်နိုင်တယ်။ ဒါကြောင့် အခုက ဝယ်စရာရှိတာ ဝယ်ရောင်းစရာရှိတာ မြန်မြန်ရောင်း” ဟု ၎င်းက ပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အိမ်ခြံမြေများကို တနှစ်အတွင်း ရောင်းချခြင်း၊ အခြားနည်းလမ်းဖြင့် လွှဲပြောင်းခြင်းလုပ်ပြီး ထိုမှရသည့် အမြတ်အစွန်းက ကျပ်သိန်း ၁၀၀ထက်ပိုပါက ရက် ၃၀အတွင်း သက်ဆိုင်ရာအခွန်ရုံး တွင် ဝင်ငွေကြေညာလွှာတင်သွင်း၍ ကျသင့်အခွန်ပေးဆောင်ရမည်ဖြစ်သည်။

ထို့ပြင်ရန်ကုန်တိုင်းအတွင်း အိမ်ခြံမြေ၊ အဆောက်အအုံ ရောင်းဝယ်ဆောက်လုပ်မှုအပေါ် အခွန်စည်းကြပ်ရန် သတ်မှတ် ထားစံနှုန်းများမှာ ယနေ့ခေတ်ပေါက်ဈေးနှင့် များစွာကွာဟနေကြောင်း အာဏာသိမ်းအစိုးရ၏ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဩဂုတ် ၄ ရက်က ထုတ်ပြန်ထားသည်။

ထို့အတွက် အိမ်ခြံမြေအရောင်းအဝယ်သမားများသည် အခွန်ဆိုင်ရာစည်းမျဉ်းများကို ထည့်သွင်းတွက်ချက်လာနိုင်ပြီး အရောင်းအဝယ်အေးနေသည့် အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်နိုင်သော်လည်း မြေဈေးနှုန်းမှမူ သိသိသာသာ ပြန်ကျနိုင်ဖွယ်မရှိကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းပြီးနောက် အိမ်ခြံမြေဈေးကွက်ကို စီးပွားရေးသဖွယ်လုပ်ကိုင်လာသူများနှင့် ငွေကြေး ခဝါချမှုအပေါ် ဝေဖန်မှုများရှိသည့် ခရိုနီလုပ်ငန်းရှင်များကပါ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်း များ သိသိသာသာ မြင့်တက်လာခဲ့သည်။

လက်ရှိ ရန်ကုန် မြောက်ဒဂုံမြေဈေးမှာ သိသိသာသာ တက်နေပြီး နေရာနှင့် အကျယ်အဝန်းပေါ်မူတည်၍ ကျပ်သိန်း ရာဂဏန်းမှ သိန်းသောင်းချီရှိနေကြောင်း သိရသည်။

အလားတူ အာဏာသိမ်းအစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင်လည်း မြေဂရန်အတုများလုပ်၍ ရောင်းချခြင်းနှင့် အာမခံ ထား ကာ ငွေချေးခြင်း လိမ်လည်မှုတို့ကြောင့် နစ်နာသူအများအပြားရှိနေပြီး စစ်တပ်အရာရှိကြီးအချို့ပင် အလိမ်ခံထားရကြောင်း လူမှုကွန်ရက်တွင် သတင်းများထွက်ပေါ်နေသည်။

အိမ်ခြံမြေ လုပ်ငန်းရှင်တဦးက "မြေဂရန်အတုထွက်တာမျိုးတွေ ရှိတယ်။ ပြဿာနာ ကြီးကြီးမားမား ရှိလာနိုင်တယ်ဆိုရင် တော့ ခေါ်စစ်တာမျိုးတွေ ရှိလာနိုင်တယ်" ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ အလိမ်ခံရသော်လည်း နစ်နာသူများသည် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ၏ ခေါ်ယူ စစ်ဆေးခြင်းခံရပါက ငွေကြေးရင်းမြစ် စစ်ဆေးခံရမည်ကို စိုးရိမ်သဖြင့် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ ကြိတ်ခံနေရကြောင်းလည်း ဆိုကြသည်။

Website တွင် ဖတ်ရန် https://burma.irrawaddy.com/news/2026/08/27/415820.html

Tastes of the Golden Land 2026 MDY မြန်မာရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲကြီးမှာ ုရရှိ #ကျွန်တော့်ရဲ့စွယ်တော်ဖူးစားသောက်...
26/08/2026

Tastes of the Golden Land 2026 MDY
မြန်မာရိုးရာအစားအစာပြိုင်ပွဲနှင့်ပြပွဲကြီးမှာ
ုရရှိ

#ကျွန်တော့်ရဲ့စွယ်တော်ဖူးစားသောက်ဆိုင်”လည်းဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ရာ

#ဟင်ပွဲများTastes အရသာများကောင်းမွန်ပြီး၊သန့်ရှင်းသပ်ရပ်လှပ၍ဆွဲဆောင်မှုရှိခြင်း

#ပျဉ်းမနားဒေသအစားအစာဖြစ်တဲ့ပျဉ်းမနားကော်ပြန့်ကြော်သုပ်ကို ဖော်ထုပ်ပြသထားသည့်အတွက် ရိုးရာဒေသအစာအစားကိုဖော်ထုတ်ပြသနိုင်ခြင်း

#ပြိုင်ပွဲကြီး၏ခေါင်းစဉ်နှင့်ယှဉ်ပြိုင်ပြသသည့် ဟင်းပွဲ Menu များတထပ်တည်းကြခြင်း

#ဟင်းပွဲများကို ခင်းကျင်းပြသရာတွင်လည်း မြန်မာ့ရိုးရာယဉ်ကျေးမှု့အမွေအနှစ်များဖြစ်သည့် မြန်မာ့ဆိုင်းဝိုင်း၊ မြန်မာ့ရုပ်သေးများ၊ ဆီမီးခွက်များ၊ပွဲတော်တည်ဆွမ်းအုပ်များ၊ရှေးဟောင်းဆေလိပ်၊ပြာထည့်သော ကလပ်အလှအပများ၊သစ်သီးပန်းမံများဖြင့်
စနစ်တကျလှပစွာဖြင့် ဟန်ချက်ညီညီပါဝင်ယှဉ်ပြိုင်ခင်းကျင်းပြသထားခြင်းတို့ကြောင့်

#ဆုကြီးကို

ထိုက်ထိုက်တန်တန်ဆုခူးရရှိခဲ့သည့်အတွက်

များစွာဂုဏ်ယူဝမ်မြောက်မိပါတယ်ခင်ဗျာ🍒

💕Congratulations #စွယ်တော်ဖူးစားသောက်ဆိုင် Mandalay (Team)💕










13/07/2026

#စွယ်တော်ဖူးထမင်းဆိုင်မှာလာသုံးဆောင်တဲ့

ဇင်ဘာဘွေနိုင်ငံသားလေးက စွယ်တော်ဖူးအရမ်းကောင်းတယ်အရမ်းစျေးသက်သာပြီး

ဟင်းရည်ကအစအစားအသောက်တွေအားလုံးစားကောင်းလို့တဲ့သူအရမ်းကြိုက်တယ်

ကျေးဇူးတင်တယ်ဲ့တဲ့လေ

ကဲ သူပြောတာလေလည်းနားထောင်ကြည့်ပါအုံးချစ်ရတဲ့အမျိုးတို့ရေ #

#မြန်မာထမင်း #တရုတ်အစားအစာ
Ph-09443503773,09787517121

ယနေ့ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ
16/02/2026

ယနေ့ကြွလာမိတ်သဟာ

ချမ်းသာကိုယ်စိတ်မြဲပါစေ

16/02/2026

လတ်ဆတ်သန့်ရှင်း
အရသာကောင်းမွန်
စျေးနှုံးသင့်စွာ ရောင်းချပေးတာ
စွယ်တော်ဖူးပါ

မိုးကုတ်မြို့ ရွှေကျောင်းတိုက်ကြီး​၏ လွန်တော်မူပြီးသောရွှေကျောင်းဆရာတော်ဘုရားကြီး ((၇) ပြည့်အထိမ်းအမှတ်ကုသိုလ်ပြုလုပ် အမ...
19/01/2026

မိုးကုတ်မြို့ ရွှေကျောင်းတိုက်ကြီး​၏
လွန်တော်မူပြီးသော
ရွှေကျောင်းဆရာတော်ဘုရားကြီး (
(၇) ပြည့်အထိမ်းအမှတ်
ကုသိုလ်ပြုလုပ် အမျှပေးဝေသည့် အခမ်အနား အတွက် စွယ်တော်ဖူး စားသောက်ဆိုင်မှဆွမ်းကွမ်းများ စီစဉ်ဆောင်ရွက်ခွင့်ပေပါသော မြတောင်တိုက်သာယာဝင်းကျောင်းဆရာတော်ဘုရားကြီးနှင့်ဆရာတော်ဦးဝရဥာဏနှင့်ဆရာတော်သံဃာတော်တို့အား ဦးထိပ်ပန်ဆင်ကျေးဇူးတင်ရှိပါတယ်ဘုရား🙏🙏🙏

06/01/2026

2026နှစ်သစ်မှာချစ်ရတဲ့ Customer များအားလုံးစီးပွါးဥစ္စာများဒီရေလားကြီးပွါးတိုးတက်ကြပါစေရှင်

အမျိုးတို့ရေမိသားစုပျော်ပျော်ရွှင်ရွှင်စားသောက်သီဆိုရင်းအေးမြတဲ့ဆောင်းတစ်ညကိုအဓိပ္ပာယ်ရှိရှိ ဖြစ်စေဖို့ဆိုရင်ကျန်းမာရေးန...
21/12/2025

အမျိုးတို့ရေ
မိသားစုပျော်ပျော်ရွှင်ရွှင်
စားသောက်သီဆိုရင်း
အေးမြတဲ့ဆောင်းတစ်ညကို
အဓိပ္ပာယ်ရှိရှိ ဖြစ်စေဖို့ဆိုရင်
ကျန်းမာရေးနဲ့ကိုက်ညီတဲ့
ယူနန်ဟော့ပေါ့လေးတစ်အိုး
တော့လိုလိမ့်မယ်ထင်။

တစ်ခါမှာရင် ငါးအိုးခြောက်အိုး
အမြဲမှာယူအားပေးတဲ့ အကိုကြီး
soe lwinနှင့် ရှဲဒိုးကဖိီးမှ အစ်ကိုနဲ့အစ်မတို့ကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ရှင့်။
စီးပွါးဥစ္စာများဒီရေအလားကြီးပွါး
တိုးတက်ကြပါစေရှင်🙏🙏🙏

စားဖူးသူတိုင်းအကြိုက်တွေ့စေတဲ့စွယ်တော်ဖူး
ယူနန်ဟော့ပေါ့

31လမ်း(80&81)လမ်းကြား၊မန္တလေး
Ph.09443503773,09767829111

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
20/12/2025

Celebrating my 6th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Address

No. 173/A, 31 Street, Bet;80 & 81 Streets, Chan Aye Thar Zan Township
Mandalay
05023

Opening Hours

Monday 08:00 - 21:30
Tuesday 08:00 - 21:30
Wednesday 08:00 - 21:30
Thursday 08:00 - 21:30
Friday 08:00 - 21:30
Saturday 08:00 - 21:30
Sunday 08:00 - 21:30

Telephone

+959787517121

Website

Alerts

Be the first to know and let us send you an email when Swel Taw Phoo Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share